ညနေ
 ၃။ အစား အသောက်ဆင်ခြင်ပါ
Ref:womenshealthmag
Today Bago New Version အား Download ပြုလုပ်ခြင်းဖြင့်
ပိုမိုဆန်းသစ် ပြီးပြည့်စုံ တဲ့ သတင်းများနှင့် အကြောင်းအရာများကို
နေ့စဉ်အခမဲ့ ဖတ်ရှုလိုက်ပါ။
Download for blow link
www.todaybago.com/todaybago.apk
-------------------------------------------------
Unicode Version
နေ့လည်ပိုင်း အိပ်ငိုက် တတ်တဲ့ အကျင့်ကို ဘယ်လို ဖျောက်မလဲ
ညနေ ၃ နာရီထိုးရင်သင်ဟာ အမြဲတမ်းကော်ဖီဖျော်ဖို့ ကြိုးစားပါတယ်။ ဒါမှမဟုတ်လည်း ဘေးချင်းကပ်ရက် ထိုင်တဲ့ လုပ်ဖော်ကိုင်ဖက်ကို Meme လုပ်ပြီး နောက်ပါတယ်။ သီချင်းနားထောင်ရင် နားထောင်ပါတယ်။ ဘာလို့လည်းဆိုတော့ အလုပ်လုပ်ချင်စိတ် မရှိတော့ပဲ အိပ်ချင်လာလို့ပါ။ ၀မ်းမနည်းပါနဲ့။ သင်တစ်ယောက်တည်းမဟုတ်ပါဘူး။ နေ့လည် ၁ နာရီကနေ ၃ နာရီအတွင်းမှာ အိပ်ငိုက်လာတတ်တာဟာ လူတွေရဲ ့ သွေးလည်ပတ်မှု အချိန်စက်ဝိုင်းကြောင့်ဖြစ်တယ်လို့ National Sleep Foundation က ဖော်ပြထားပါတယ်။ Hum Nutrition အဖွဲ့က လူဦးရေ တစ်သောင်းခန့်ကို စစ်တမ်းကောက်ယူခဲ့တာကတော့ အမျိုးသမီးတွေဟာ နေ့လည် ၂နာရီ ၅၅ မိနစ်မှာ စွမ်းအင် အလျော့နည်းဆုံး အချိန်ကို ရောက်သွားကြတယ်လို့ သိရပါတယ်။
သတင်းကောင်းတစ်ခုကတော့ နေ့လည်ခင်း ဆို အိပ်ငိုက်လာတတ်တဲ့ အကျင့်ကို ဖျောက်ဖျက်ဖို့အတွက် နည်းလမ်းတစ်ချို ့ရှိနေပါတယ်။ အဲဒါတွေကတော့
၁။ ရေသောက်ပါ
ဒီ စကားကို ခဏခဏ အပြောခံနေရလို့ အာရုံနောက်မသွားပါနဲ့။ ရေဓါတ်ခမ်းခြောက်ခြင်းဟာ စွမ်းအင်ကုန်ဆုံးမှုကို ပို ဖြစ်စေပါတယ်။ ရေတစ်ခွက်လောက် ထသောက်လိုက်ခြင်းဟာလည်း အိပ်ငိုက်ပြေသွားစေပါတယ်။ ရေ ထသောက်ဖို့ မေ့နေတတ်တယ်ဆိုရင်တော့ ရေဗူးတစ်ဗူးလောက် အနားမှာ ဆောင်ထားပါ။
၂။ အကြောဆန့်ပါ
တစ်ရုံးလုံးရှေ ့မှာ အကြောထဆန့်ရတာ မရှက်ပါနဲ့။ လူတိုင်း အိပ်ငိုက်နေမှန်းသိရက်နဲ့ ဘာမှ မဖြစ်သလို ဟန်ဆောင်နေတာက ပိုဆိုးပါတယ်။ အကြောဆန့်လိုက်ခြင်းဟာ အာဟာရ နဲ့ သွေးသား လည်ပတ်မှုတွေကို လျင်မြန်စွာ ဖြစ်ပေါ်လာစေပါတယ်။ ဒါဟာလည်း စွမ်းအင် ရယူခြင်းတစ်မျိုးပါပဲ။
၃။ အစား အသောက်ဆင်ခြင်ပါ
အိပ်ငိုက်တတ်တာ အစားအသောက်နဲ့မဆိုင်ဘူးလို့တော့ ပြောလို့မရပါဘူး။ ဖိုက်ဘာပါ၀င်မှု များတဲ့အစားအစာ တွေ ၊ အသီးအရွက်တွေ နဲ့ ပရိုတိန်းတွေပါ၀င်တဲ့အစားအစာ တွေကို ပိုမို ရွေးချယ်စားသုံးပေးပါ။ ဖိုက်ဘာ နဲ့ ပရိုတိန်း မျှတမှုဟာ စွမ်းအင် လျော့နည်းမှုကို ထိန်းသိမ်းပေးနိုင်ပါတယ်။
၄။ လေကောင်းလေသန့်ရှုရှိုက်ပေးပါ
အပြင်ထွက်ပြီး လေကောင်းလေသန့် ရှုပေးပါ။ ပြင်ပလေကို ရှုရှိုက်ခြင်းဟာ စိတ်ဖိစီးမှု ပမာဏကို လျော့နည်းသွားစေပြီး ဦးနှောက်ရဲ ့မောပန်းနွမ်းနယ်မှုကို ဖယ်ရှားပေးနိုင်ပါတယ်။ ၂၀၁၀ ခုနှစ်က ပြုလုပ်ခဲ့ဖူးတဲ့ သုတေသန အရတော့ တစ်နေ့ကို မိနစ် ၂၀ လောက် အပြင်ထွက်ပြီး လေကောင်းလေသန့် ရှုရုံနဲ့တင် စွမ်းအင်တွေ အသစ်တစ်ဖန်ဖြစ်စေတယ်လို့ သိရပါတယ်။ ဒါဟာလည်း ပတ်ဝန်းကျင်ရဲ ့စိမ်းလန်းမှုနဲ့တော့ ဆိုင်ပါတယ်။
0 comments:
Post a Comment