Wednesday, January 6, 2016

ဟာသစုစည်းမှု (၆-၁)

#‎ပေါပါတယ်‬

တစ်ခါက ဂျပန်တစ်ယောက်၊ အင်ဒိုနီးရှားတစ်ယောက်နှင့် ပြင်သစ်တစ်ယောက်တို့ ပင်လယ်တွင်းရှိ လှေတစ်စီးပေါ် ရောက်နေကြသည်။ လှေမှာ သေးငယ်နေ၍ ၀န်ပေါ့သွားစေရန်အတွက် မလိုအပ်သည့် ပစ္စည်းများကို ပင်လယ်တွင်း ပစ်ချခဲ့ရန် ဆုံးဖြတ်လိုက်ကြသည်။
ပထမဆုံး ကိုဂျပန်က သူဝတ်ထားသည့် ရိုးရာဝတ်စုံ၊ စီဒီကက်ဆက်၊ ဟိုင်ဖိုင်ရေဒီယို၊ ကင်မရာ စသည်တို့ကို ချွတ်ယူ၍ ပင်လယ်ထဲ စွန့်ပစ်လိုက်သည်။

အင်ဒို+ပြင်သစ်။ ခင်ဗျား ဘာလို့ ဒီအဖိုးတန်ပစ္စည်းတွေ လွှင့်ပစ်လိုက်ရတာလဲ။
ဂျပန်။ အို ဒီပစ္စည်းတွေက ဘာလုပ်ဖို့လဲဗျာ။ ကျွန်တော်တို့နိုင်ငံမှာ ပေါလွန်းလို့။
နောက် ကိုအင်ဒိုက သူဝတ်ထားသည့် ပါတိတ်အင်္ကျီနှင့် ပါတိတ်ပုဆိုးကိုချွတ်ကာ ရေထဲလွှင့်ပစ်ပြန်သည်။
ဂျပန်+ပြင်သစ်။ အဖိုးတန်ပါတိတ်တွေဗျာ။ ဘာဖြစ်လို့လဲ။
အင်ဒို။ ပါတိတ်ဆိုတာများဗျာ။ ကျွန်တော်တို့တိုင်းပြည်မှာ ပေါမှပေါ။
ကိုပြင်သစ် မတ်တတ်ထရပ်လိုက်သည်။ ဘောင်းဘီဇစ်ကိုဖွင့်ကာ ပင်လယ်ထဲ အပေါ့စွန့်ပစ်လိုက်သည်။
ဂျပန် + အင်ဒို။ ဟာ... ခင်ဗျား ဘာလုပ်တာလဲ။
ပြင်သစ်။ ကျွန်တော်တို့ဆီမှာ ရှူးရှူးက အပေါဆုံး။
Credit- KO NYAN

တခြားသူလည်းပျော်ရအောင်ပါ
စားသောက်ဆိုင်တစ်ဆိုင်မှာ လင်မယားနှစ်ယောက် မင်္ဂလာနှစ်ပတ်လည်နေ့ ကျင်းပနေတယ်။ ရိုမန်တစ်ဆန်တဲ့ဝန်းကျင်မှာ မယားက ချိုချိုသာသာလေးနဲ့ ယောက်ျားကိုပြောပါတယ်။
"ယောက်ျားရေ... နောင်ဘဝကျရင် ငါ့ကိုနင်ယူဦးမလားဟင်း...!"
ဒါကို ယောက်ျားက အားတက်သရော ပြန်ဖြေပါတယ်။
"မိန်းမရေ.. ဒီဘဝမှာ နင်နဲ့ဆုံရတာ ငါ့အတွက် ပျော်ရွှင်ခြင်းတစ်မျိုးပါ။ ဒါပေမဲ့ တစ်ကြိမ်ပဲ ပျော်ပါရစေတော့။ တစ်ခြားလူလည်း ပျော်ရအောင်လို့ နောင်ဘဝကျရင် ဒီပျော်ရွှင်တဲ့အခွင့်အရေးကို တခြားလူဆီ ငါလွှဲခဲ့မယ်"
Credit- No Name


ငါးပိရည်ခပ်ဖို့
တစ်ခါတုန်းက ရွာတစ်ရွာမှာ ငါးရောင်းတဲ့ ငါးစိမ်းသည်မိန်မတစ်ယောက်ရှိတယ်။အဲဒီမိန်းမကြီးက ယောက်ျား (၂) ယောက်ယူထားပြီး သူကငါးရောင်းပြီးရှာကျွေးထားတယ်။ ယောက်ျား (၂) ယောက်ကလည်း သူ့ကို တုန်နေအောင်ကြောက်ရတယ်။တစ်နေ့ (၃) ယောက်သားထမင်းစားနေတုန်း ငပိရည် ကုန်သွားတော့ မိန်းမကြီးကငပိရည်သွားခပ်ခိုင်းတယ်။ အဲဒါကို သူ့ယောက်ျား (၂) ယောက်က တွက်ကပ်ပြီးသူခပ်မလိုလို ငါခပ်မလိုလိုနဲ့ အချိန်တော်တော်ကြာသွားတယ်။ဒါနဲ့ မိန်မကြီးက စကားတစ်ခွန်းပြောလိုက်မှ (၂) ယောက်သား
ငပိရည်ခွက်ကလေးအတူတူကိုင်ပြီး ကုပ်ကုပ်ကလေး ထသွားကြတယ်။မိန်းမကြီးပြောလိုက်တာကတော့ .."အင်း .. ဒီပုံနဲ့ဆို ငပိရည်ခပ်ဖို့ ယောက်ျားတစ်ယောက်လောက် ထပ်ယူမှထင်တယ်"
Credit-no name 

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...