Wednesday, January 6, 2016

ထက်မြက်တဲ့ မိန်းကလေးဖြစ်ချင်သူများအတွက် အကြံဉာဏ်အချက် (၂၀)

နည်းစနစ်ကျကျအတွေးအခေါ်

(၁) စာဖတ်ဝါသနာရှိပါစေ
(၂) အဆင့်အတန်းရှိပါစေ
(၃) ဘဝထဲကအလှတွေကို ရှာဖွေတတ်ပါစေ
(၄) အတွေးအခေါ်ကောင်းသူတွေနဲ့ မိတ်ဆွေဖွဲ့တတ်ပါစေ
(၅) အနှစ်သာရမရှိတဲ့ ရုပ်ရှင်ကားတွေကို ဝေးဝေးရှောင်နိုင်ပါစေ
(၆) သည်းခံခွင့်လွှတ်တတ်ဖို့ သင်ယူနိုင်ပါစေ
(၇) ကျန်းမာတဲ့စိတ်နှလုံး မွေးမြူနိုင်ပါစေ


(၈) လှပတင့်တယ်ခြင်းက သင်ရဲ့ရင်းနှီးမြှပ်နှံမှုဖြစ်ပါစေ
(၉) ဘယ်ယောက်ျားကိုမှအားမကိုးတဲ့ ကိုယ့်ကိုယ်ကိုရှင်သန်နိုင်သူ ဖြစ်ပါစေ
(၁ဝ) ငွေရေးကြေးရေး စီမံခန့်ခွဲတတ်အောင် သင်ယူနိုင်ပါစေ
(၁၁) အချစ်နဲ့ အိမ်ထောင်ရေး အတူတကွပူးတွဲနေပါစေ
(၁၂) ယောက်ျားတွေနဲ့ တန်းတူညီမျှ ရင်ဘောင်တန်းနိုင်ပါစေ
(၁၃) သင့်စိတ်ကူးအိပ်မက်ကို အားပေးထောက်ခံပေးမယ့် ယောက်ျားကိုရှာယူနိုင်ပါစေ
(၁၄) နုပျိုခြင်းကို စွန့်လွှတ်ရသည့်တိုင် အပြုံးကိုချိတ်ဆွဲထားနိုင်ပါစေ။
(၁၅) သိက္ခာရှိရှိ ရှင်သန်အသက်မွေးနိုင်ပါစေ
(၁၆) မိမိကြောင့် သူတပါးအသိုက်အမြုံ ချစ်ခင်ရင်းနှီးမှုတွေ မပျက်စီးပါစေနဲ့
(၁၇) ဘယ်လောက်ပဲ ပြည့်စုံချမ်းသာပါစေ ပိုက်ဆံ မလိုသည့်တိုင် မိမိအရည်အချင်းကို အမြဲ တိုးတက်နေစေဖို့ အလုပ်အကိုင် ကောင်းကောင်းတစ်ခုရှိပါစေ
(၁၈) ဘဝမှာ မိဘတွေလောက် ဘယ်သူမှ မကောင်းနိုင်ဘူးဆိုတာ နားလည်ယုံကြည်ပါစေ
(၁၉) မိမိကို ကျွေးမွေးပျိုးထောင်ပေးခဲ့တာတွေထက် မပိုတောင် တန်းတူ မိဘကို ပြန်ထောက်ပံ့နိုင်ပါစေ
(၂၀) နှလုံးသားကို အမြဲ ဦးနှောက်နဲ့ ယှဉ်တွဲ အသုံးပြုတတ်ပါစေ.။
ငွေတာရီ + Beauty Advisor
K.K(ကနောင်)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...