ရှင်နှစ်ပါး
တစ်ချိန်က အသက်အရွယ်ကြီးသော ရဟန်းကြီးတစ်ပါးနှင့် အသက်ငယ်သော ရဟန်းငယ်တစ်ပါးတို့ အတူ ခရီးထွက်လာကြသည်၊ မြစ်ကမ်းပါးတနေရာ ရောက်သော် ကျန်းမာဟန်မတူသော ချောမောလှပသော အမျိုးသမီးတစ်ယောက်ကို တွေ့ရသည်၊
ထိုအမျိုးသမီးက သူ့အား တခြားဖက်ကမ်းသို့ ကူညီပို့ဆောင်ပေးပါရန် မေတ္တာရပ်ခံသည်၊
ရဟန်းကြီးလည်း မနေသာတော့၍ အမျိုးသမီးကို ကျောပိုးကာ သယ်ဆောင်ပေးလေသည်၊ တဖက်ကမ်းရောက်သောအခါ
အမျိုးသမီးအား သင့်တော်သောနေရာတွင် အသာအယာ ချထားခဲ့ပြီး ခရီးဆက်ကြလေသည်၊ ခရီးတစ်လျောက်လုံးတွင် ရဟန်းငယ်လေး၏ စိတ်ထဲတွင် ရဟန်းကြီးသည် မလုပ်သင့်သော အလုပ်ဖြစ်သည့် အမျိုးသမီး တစ်ဦးကို မိမိ၏ ခန္တာကိုယ်ပေါ်တွင် တင်ဆောင်ပြီး သယ်ဆောင်သည့်အလုပ်ကို လုပ်မိသည့်
အတွက် ခွင့်မလွှတ်နိုင်သော အပြစ်ကြီးတစ်ခုကို ကျုးလွန်ထားသည် ဟု ထပ်ကာထပ်ကာ တွေးနေလေတော့
သည်၊
နာရီအတော်ကြာ ခရီးဆက်လာပြီးနောက် အနားယူရန် ရပ်တန့်ကြသောအခါ ရဟန်းငယ်က
မမျို သိပ်နိုင်တော့ဘဲ "ရဟန်းကြီး၊ အသင်ကား ရဟန်းကျင့်ဝတ်နှင့် ညီညွတ်သော ရဟန်းတစ်ပါး မဟုတ်တော့ပေ၊ ချောမောလှပသော အမျိုးသမီးတစ်ဦးကို ထိကိုင်ခဲ့ရုံမျှမက ကျောပိုး၍ပင် တဖက်ကမ်းသို့ ပို့ပေးခဲ့မိလေပြီ၊"
ဟုကဲ့ရဲ့ဝေဖန်စကားဆိုလိုက်သည်၊
ထိုအခါ ရဟန်းကြီးက "ရဟန်းငယ်၊ ထိုအမျိုးသမီးအား ကျွန်ုပ်သယ်ပိုးပြီးချထားခဲ့သည်မှာ နာရီပေါင်းများစွာ ကြာခဲ့ပေပြီ၊ အသင်က အဘယ်ကြောင့် ယခုအချိန်ထိ ဆက်လက် သယ်ဆောင်နေရသေးသနည်း၊" ဟု မိန့်လိုက်လေသည်။
----------
Credit to original foreign author.

0 comments:
Post a Comment