Tuesday, April 21, 2015

ခါးအောက်ပိုင်း နာကျင်ကိုက်ခဲခြင်း (သို့မဟုတ်) Low Back Pain


ခါး အောက်ပိုင်း နာတာ အကြောင်းအမျိုးမျိုး ကြောင့် ဖြစ်နေတတ်ပါတယ်။ အဖြစ်လည်း များကြပါတယ်။ ဘာမှန်းမသိလို့ခါးနာတာ ကို လျစ်လျူရှုမိတာလည်း ရှိတတ်သလို အစိုးရိမ်လွန် နေရတာလည်း ရှိတတ်ကြတာမို့ ခါးနာရတဲ့အကြောင်း ရင်းလေးတွေကို လေ့လာကြည့်ရအောင်။
ဘာကြောင့် ခါးအောက်ပိုင်း Low Back Pain ရတတ် တာလဲ။

ခါးမှာပါဝင်တဲ့ ခါးဆစ်ရိုးတွေတစ်ခုနဲ့တစ်ခု ကို Intervertebral Disk ခေါ် ဒစ်စ်ပြားလေးတွေလို အရိုးနုပြား မာမာလေးတွေက ခြားပေးထားပါတယ်။ ခါး အောက်နားမှာရှိတဲ့ Intervertebral Disk တွေကို တော့ Lumbar Disk လို့လည်းခေါ်ပါတယ်။
မြေဆွဲ အား Gravity ကိုဆန့်ကျင်ပြီး ကြောရိုးမကြီး တည့်မတ် စေဖို့ကိုတော့ ပတ်ပတ်လည်က ကြွက်သားတွေနဲ့အရွတ် တွေကထောက်ကူပေးထားပြီး ကျောရိုးမကြီးရဲ့ခါးဆစ် ပိုင်းလေးတွေရဲ့ တစ်ဖက်တစ်ချက်ဆီအပေါက်လေးတွေ ကနေ အာရုံကြောမျှင်လေးတွေ တောက်လျှောက်ရှိပြီး ဦးနှောက်နဲ့ဆက်သွားပါတယ်။
ခါးဆစ်ရိုးတွေရဲ့အလယ် မှာတော့ အခေါင်းပေါက်ကျယ်တစ်ခုရှိပြီး ဦးနှောက်နဲ့ ဆက်တဲ့ အာရုံကြောမကြီး တစ်ခုဖြစ်တဲ့ Spinal Cord ကို တွေ့ရမှာပါ။ ခါးအောက်ပိုင်းရဲ့ ရှေ့ပိုင်းပတ်ဝန်းကျင် မှာတော့ အတွင်းကလီစာတွေ( Visceral Organs) ရှိ မှာဖြစ်ပြီး ခါးနာရခြင်းအကြောင်းရင်းတွေထဲမှာထည့် သွင်း စဉ်းစားရမှာဖြစ်ပါတယ်။
(၁) LumbarDisk ရောဂါဖြစ်နေတာ (သို့မဟုတ်) ခါး အောက်ပိုင်းရှိ အရိုးနုပြားမာမာ Inter-vertebral Disk ပြားလေးများပုံမှန်မဟုတ်ဘဲ ရောဂါဖြစ်နေတာဟာ Low-back pain ဖြစ်တာရဲ့ အဖြစ်များရတဲ့အကြောင်းရင်း တစ်ခုထဲမှာပါပါတယ်။ Disk ပြားမကောင်းလို့ အာရုံ ကြောတွေ Nerve Roots တွေပါ နာတာရှည်ဖိခံနေရ ပြီးခါးနာတာမျိုးဖြစ်တတ်ပါတယ်။
တော်တော်ရောဂါ ဆိုးရင်တော့ disk ပြားပါကျွံထွက်ပြီး အာရုံကြောမကြီး (SpinalCord)ကိုပါ ဖိတာမို့ ဆီးသွားတာ၊ ဝမ်းသွားတာ ကိုပါ အနှောင့် အယှက်ဖြစ်နိုင်ပြီး Cauda Equina Syndrome ဖြစ်တတ်ပါတယ်။ ဒီလို Disk Herniation ခေါ် ဒစ်စ်ပြားကျွံထွက်ရင်တော့ အရေးပေါ်ခွဲစိတ်ရဖို့လိုအပ် နိုင်ပါတယ်။
(၂) ခါးအောက်ပိုင်းမှာ Spinal Cord ဖြတ်သန်းရတဲ့ ခါးဆစ်ရိုးလေးတွေရဲ့ အလယ်အခေါင်းပေါက်လမ်း ကြောင်း (Spinal Canal) ကျဉ်းနေတာမျိုး ဖြစ်တတ်ပါ တယ်။ Spinal Steno-sis (စပိုင်နယ်စတီနိုးစစ်စ်) လို့ ခေါ်ပါတယ်။
ဒီလိုလမ်းကြောင်းကျဉ်းကျဉ်းမှာ ဖြတ်ရ တဲ့ Spinal Cord ဟာ ဖိခံရသလိုဖြစ်တာမို့ လက္ခဏာ အနေနဲ့ ခါးအောက်ပိုင်းနှင့်တင်ပါး၊ ခြေထောက်တွေ မှာနာကျင်ကိုက်ခဲမှုဖြစ်ပြီး လမ်းလျှောက်ရာမှာ မတ်တတ် ရပ်ရာမှာ ကောင်းကောင်းမရပ်နိုင်ဖြစ်တတ်ပါတယ်။ ထိုင်နေရင်တော့ သက်သာတတ်ပါတယ်။ မွေးရာပါ Spinal Steno sis ဖြစ်တာလည်း ရှိတတ်ပေမယ့် နောက် ပိုင်းမှလမ်းကြောင်းကျဉ်းလာတတ်တာ ရာခိုင်နှုန်းပိုများ ပါတယ်။
(၃) ခါးနာရတာဟာ ဒဏ်တစ်ခုခုဖြစ်တာ Low back Strain or Trauma ကြောင့်လည်း ဖြစ်နေနိုင်ပါတယ်။ တစ်ခါတလေ အလေးအပင်မလိုက်တာမျိုး၊ ခါးကိုတစ် ခုခုနဲ့ဆောင့်မိလိုက်တာမျိုးကြောင့် နောက်မှခါးနာနေ တတ်ပါတယ်။
ဒဏ်ရာမဆိုးရင်တော့ နာတာရှည် ခါး နာနေတာမျိုးမဖြစ်ဘဲ အချိန်အတိုင်းအတာ တစ်ခုရောက် ရင် ပြန်ပျောက်သွားတတ်ပါတယ်။ ဒီလိုမဟုတ်ဘဲ ဒဏ် ရာကြောင့် အောက်ပိုင်းခါးဆစ်အစိတ်အပိုင်းလေးတွေ ကျိုးသွားမယ်၊ မကျိုးရင်လည်း အကြောင်းအမျိုးမျိုး ကြောင့် ခါးဆစ်လေးတွေကိုကြာရှည်ဖိမိနေမယ်ဆိုရင် တော့ ခါးနာရုံသာမကဘဲ တခြားအာရုံကြောတွေကို ပါထိခိုက်တာမို့ သက်ဆိုင်ရာ ထိခိုက်ခံရတဲ့အာရုံကြော ရဲ့လက္ခဏာတွေကိုပါ မြင်ရမှာဖြစ်ပါတယ်။ ဒီလိုအရိုး ကျိုးတတ်တာဟာ အရိုးပွရောဂါရှိသူတွေ၊ အသက်ကြီး သူတွေမှာ ပိုဖြစ်တတ်ပါတယ်။
(၄) ခါးအောက်ပိုင်း အရိုးအဆစ်ရောင်ရမ်းတဲ့ ဥျအနသမေ-အ့မငအငျ မှာလည်း ခါးအောက်ပိုင်းတွေ နာတတ်ပါတယ်။ ခါးဆစ်ရိုးသာမကဘဲ တခြားအရိုးအဆစ်တွေပါရောင် ရမ်းကိုက်ခဲတတ်ပြီး နာတတ်ပါတယ်။
(၅) ခါးရိုးကျီးပေါင်းတက်ခြင်း ခေါ် Osteoarthritis ဟာလည်း ရံဖန်ရံခါမှာ ခါးကိုက်တတ်ပေမယ့် များသောအားဖြင့် လက္ခဏာမပြဘဲရှိတတ်ပါတယ်။ အ သက်ကြီးလာတာနဲ့အမျှ ပိုဖြစ်တတ်မှာဖြစ်ပြီး အရိုးအ တက်လေးတွေ ရှိနေခြင်းကြောင့် အာရုံကြောတွေရဲ့ ပုံ မှန်ဖြတ်သန်းမှုအလုပ်လုပ်မှုကို အနှောင့်အယှက်ဖြစ် စေနိုင်ပါတယ်။
(၆) ကင်ဆာရောဂါတစ်ခုခုကနေ ခါးရိုးကိုပျံ့နှံ့ပြီး ခါး နာနေတတ်ပါတယ်။ နားလည်းမပျောက်၊ လှုပ်ရှားလည်းမပျောက်တဲ့ ခါးနာတာ မျိုးဖြစ်တတ်ပါတယ်။ ကင်ဆာဆဲလ် တွေဟာ အရိုးကိုပြန့်ပြီး ဒုက္ခပေးတတ် တာပါ။ Metastasis ဖြစ်တယ်လို့ခေါ် ပါတယ်။ ဥပမာပြောရရင် ဆီးကျိတ် ကင်ဆာဖြစ်ရာကနေ နောက်ပိုင်းမှာ ခါးအောက်ပိုင်း တွေ ကိုက်လာတတ်တာမျိုးပါ။
(၇) ကိုယ်ခံအားနဲ့ပတ်သက်တဲ့ အရိုးအဆစ်ရောင်ရော ဂါတစ်ခုခု (Immune Disorders) ရှိနေတတ်တဲ့သူတွေ မှာလည်းခါးနာတတ်ပါတယ်။
ရောဂါအမျိုးအစားအ လိုက် ခါးကိုက်ရုံတင်မကဘဲ တခြားအရိုးအဆစ်တွေကို ပါထိခိုက်တတ်ပြီး လက္ခဏာတွေ မတူညီတတ်ပါဘူး။ ဥပမာအားဖြင့် အသက် ၄ဝထက်ငယ်သူ ယောက်ျား လေးတွေမှာဖြစ်တတ်ပြီး ခါးဆစ်ရိုးတွေတောင့်ပြီးဆက် သွားတတ်တဲ့ Ankylosing Spond-ylitisမှာဆိုရင် ညဘက်ခါးနာတတ်တာ (Nocturnal Back Pain)၊ မနက်ဘက်ဆိုရင် ခါးကြီးတောင့်နေတတ်တာ (Morning Stiffness)ဖြစ်ပြီး နားလိုက်ရင် ပိုဆိုးနေတတ်ပါတယ်။ လေ့ကျင့်ခန်းလေးလုပ်ပြီး သွေးနွေးသွားမှ သက်သာလာ တတ်ပါတယ်။
(၈) အရိုးပွရာကနေလည်း ခါးနာတတ်ပါတယ်။ Osteoporosis လို့ခေါ်ပြီး အရိုးရဲ့သိပ်သည်းကျစ်လျစ်မှု Bone Mineral Density တွေ ကျဆင်းနည်းပါးလာခြင်းကြောင့် ဖြစ်ပါတယ်။ ဒီလိုအရိုးပွရတာဟာ အသက်ကြီးလို့ ဟော် မုန်းအပြောင်းအလဲကြောင့်လည်းဖြစ်တတ်ပေမယ့် တ ခြားရောဂါတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ အရိုး အတွက် ကယ်လ်ဆီယမ်ဓာတ် ပုံမှန်လည်ပတ်ဖို့အရေး ပါတဲ့ ပါရာသိုင်းရွိုက်ဟော်မုန်း ဓာတ်တွေ ပုံမှန်မဟုတ် တော့တဲ့ Hyperthyroidism ရောဂါကြောင့် အ ရိုးပွလာတတ်သလို စတီးရွိုက်ပါတဲ့ဆေးတွေကို ရေ ရှည်သုံးစွဲနေရသူတွေ၊ လှုပ်ရှားမှုနည်းပါးသူတွေ (ဥပမာ ဘီးတပ်ကုလားထိုင်ကိုအားကိုးနေရသူများ)နဲ့ အသက် ကြီးသူတွေမှာ အရိုးပွတယ်ဆိုတာ ဖြစ်တတ်ပါတယ်။
လှုပ်လှုပ်ရှားရှားလုပ်လိုက်ရင် ခါးနာနေတတ်ပါတယ်။ ခါးအောက်ပိုင်းသာမကဘဲ ခါးအထက်ပိုင်းကိုလည်း ထိခိုက်တတ်ပါတယ်။ ဆိုးဆိုးရွားရွား အရိုးပွရင်တော့ အရိုးကျိုးလွယ်တာမို့ အင်မတန်ဂရုစိုက်သင့်ပါတယ်။
(၉) ဝမ်းတွင်းကလီစာနဲ့ပတ်သက်တဲ့ရောဂါတစ်ခုခု၊ ရောဂါ မဟုတ်လည်း အကြောင်းတစ်ခုခုကြောင့်ဖြစ်ရင်လည်း ခါးနာ၊ ခါးကိုက်တတ်ပါတယ်။
မူလရောဂါဖြစ်တဲ့နေရာ နဲ့ ခါးတစ်ဝိုက်အာရုံကြောဆက်စပ်နေမှုကြောင့် Refer Pain လို့သာခေါ်လေ့ရှိပါတယ်။ ခါးရိုးဆစ်ရောဂါ တစ်ခုခုကြောင့် ရတာမဟုတ်တာမို့ ခါးလှုပ်ရှားမှုမှာတော့ အခက်အခဲမရှိဘဲ လှုပ်ရှားမှုကြောင့် နာတာ၊ ကိုက်တာ မရှိတတ်ပါဘူး။ ဥပမာဆိုရရင် အမျိုးသမီးများဓမ္မတာ လာစဉ်မှာ ခါးကိုက်တတ်ပါတယ်။ ရောဂါကြောင့်ဖြစ် တယ်လို့ ပြောလို့မရနိုင်ပါဘူး။ ဒါပေမဲ့ Refer pain ရတတ်တဲ့ ကလီစာရောဂါတွေ အများအပြားလည်းရှိပါ တယ်။ သားအိမ်မကောင်းတာ၊ သည်းခြေအိတ်မကောင်း တာ၊ ဆီးကျိတ်ရောင်တာ၊ ကျောက်ကပ်မကောင်းတာ အစရှိတဲ့ရောဂါတွေမှာ ခါးကိုက်တတ်ပါတယ်။
ခါးကိုက်တာကို ဘယ်လိုကုသသင့် သလဲ အသက်ကြီး လာတာနဲ့ အမျှ ခါးကိုက်တဲ့ဝေ ဒနာဟာ လူတော်တော်များများဖြစ်တတ်ကြပါတယ်။
အဖြစ်များသလောက် ထိရောက်စွာကုသနိုင်ဖို့လည်း ခက်ခဲတတ်ပါတယ်။
ခါးကိုက်တဲ့လူနာတော်တော်များ များဟာ အကြောင်းအမျိုးမျိုးကြောင့် အကိုက်အခဲပျောက် ဆေးကိုသာအားကိုးတတ်ကြပြီး ရောဂါရှာဖွေရေး၊ စစ် ဆေးရေးပိုင်းမှာနှောင့်နှေးတတ်ကြတာမို့ ရောဂါကြီး ကြီးမားမားဖြစ်နေရင်တောင် မသိလိုက်ဖြစ်တတ်ပါတယ်။ ဒီလိုမဖြစ်ရအောင်လို့ ခါးကိုက်တာကို နားလည်တတ် ကျွမ်းသူဆရာဝန်နဲ့ အချိန်မီပြသဖို့ တိုက်တွန်းသင့်ပါတယ်။
ရောဂါရာဇဝင်၊ ဖြစ်လေ့ရှိတဲ့အရိုးအဆစ်နေရာတွေနဲ့ သက်ဆိုင်ရာ လက္ခဏာတွေပေါ်မှာမူတည်ပြီး လိုအပ် ရင်လိုအပ်သလို ရိုးရိုး အရိုး ဓာတ်မှန်ရိုက်ကြည့်မယ်၊ သွေး စစ်ကြည့်မယ်၊ ဒါနဲ့မှ အဖြေမပေါ်နိုင်သေးရင် ပိုပြီးအ ရိုးအဆစ်တွေကို ရှင်းရှင်းလင်းလင်းမြင်ရတဲ့ ဓာတ်မှန် တွေနဲ့ ရိုက်ကြည့်ရတတ်ပါတယ်။
အကိုက်အခဲပျောက်ဆေးများကို သောက် ဆေး သို့မဟုတ် လိမ်းဆေးအနေနဲ့ ဘေးထွက်ဆိုးကျိုး များကိုချိန်ဆကြည့်ပြီး ဆရာဝန်ကလိုအပ်သလိုညွှန်ကြား မှာဖြစ်ပါတယ်။ လိုအပ်ရင်လိုအပ်သလို သက်ဆိုင်ရာ လေ့ကျင့်ခန်းများကိုလည်း ပြုလုပ်ရတတ်ပါတယ်။ နောက် တစ်ချက်ကတော့ အကြောင်းရင်း ခိုင်ခိုင်လုံလုံမရှိရင် တော့ ခါးကိုက်လို့ဆိုပြီး အိပ်ယာထဲမှာ ရက်ပေါင်းများ စွာကြာ ရှည်လဲလျောင်းမနေသင့်ပါဘူး။ နာတာရှည်ခါး ကိုက်ရောဂါသည်တွေ အတွက်ဆိုရင် သက်သာတာ ပို ပြီး နှောင့်နှေးတတ်ပါတယ်။
ယခုခေတ်စားနေတဲ့ကုထုံး တွေကတော့ အပ်စိုက်ကုသခြင်း (Acupuncture) နဲ့ နှိပ်နယ်ပေးခြင်း (Massage) တွေဖြစ်ပေမယ့် ဒီကုထုံး တွေဟာ အမှန်တကယ် အကျိုးရှိ၊ မရှိစာတမ်းအထောက် အထားတွေသိပ်မပြနိုင်ကြသေးပါဘူးလို့ပဲ ပြန်လည်မျှ ဝေရင်း စာရေးသူဆောင်းပါးလည်းရှည်ပြီမို့ ဒီမှာပဲ နိဂုံး ချုပ်လိုက်ပါတယ်။
အားလုံးပဲ ကျန်းမာရွှင်လန်းကြပါစေ။

- နေခြည်၊ ဆေး (၁) ။
References;
Walker et al. (2014). Davidson’s Principles & Practice of Medicine. 22nd edn. China: Elsevier. Longo et al. (2013). Harrison’s Manual of Medicine. 18th edn. McGraw-Hill.
Kumar and Clarks. (2012). Clinical Medicine. 8th edn. Spain: Elsevier. Deyoç R.A and Wein-steinç J.N. (2001). “Low Back Pain”, The New England. Journal of Medicine, 344(5)
‪#‎TheFlowerNews‬
|───────────Yangon Media Group ──────────|
www.facebook.com/YangonMediaGroup
www.yangonmedia.com
|───────────Yangon Media Group ──────────|

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...