#ဘူလေးလဲ
တစ်ခါက တာဝန်နဲ့ ရပ်ဝေးကိုရောက်နေတဲ့စစ်သားတစ်ဦးစီကို သူ့မိန်းမ ပို့လိုက်တဲ့ စာရောက်လာတယ်။
“မောင်ရေ။ မောင်နဲ့မတို့ အရမ်းတောင့်တနေတဲ့ရင်သွေးလေးကို အောင်မြင်စွာ မွေးဖွားနိုင်ခဲ့ပြီသိလား။ မောင်သိပ်လိုချင်တဲ့ သားသားပေါ့ မောင်ရဲ့။ မောင်အရမ်းပျော်သွားပြီမဟုတ်လား။ ဒါပေမယ့်မောင်ရယ် မကနို့မထွက်တော့ နီဂရိုးမတစ်ယောက်ရဲ့နို့ကို တိုက်လိုက်ရတယ်သိလား။ ဒါကြောင့်ထင်ပါတယ် မောင်ရယ် ကလေးက အသားမည်းတယ်”

စစ်သားက စာဖတ်ပြီးတော့ သူ့အမေစီကို စာပို့တယ်။
“အမေ။ အမေမြေးချီရပြီသိလား။ အမေ့ချွေးမက အမေ့အတွက် မြေးလေးမွေးပေးတယ်။ ဒါပေမယ့် အမေ့ချွေးမက နို့မထွက်တာနဲ့ နီဂရိုးမတစ်ယောက်ရဲ့နို့ကို တိုက်လိုက်ရလို့ အမေ့မြေးလေးက အသားမည်းသွားရှာတယ်”
သူ့အမေက သူ့သားပို့တဲ့စာဖတ်ပြီး သူ့သားစီစာပြန်တယ်။
“ငါ့သား မင်းမွေးတုန်းက အမေလည်း နို့မထွက်ဘူး သားရဲ့။ ဒါနဲ့ ငါ့သားကို နွားနို့ပဲ တိုက်ခဲ့ရတယ်။ ငါ့သားအခု နင့်ဖင်နင်စမ်းကြည့်စမ်း။ အမြှီးပေါက်ပြီလားလို့”
စစ်သားက စာဖတ်ပြီးတော့ သူ့ဖင်သူစမ်းကြည့်တယ်။ အမြှီးပေါက်ပြီလားလို့။ သူ့မိန်းမပြောတဲ့အတိုင်းဆိုရင် နီဂရိုးမနို့သောက်လို့ အသားမည်းတယ်ဆိုရင် နွားနို့သောက်တဲ့ သူလည်း အမြှီးပေါက်ရမှာပေါ့။ အခုသူက အမြှီးမှ မပေါက်တာ။ အဲဒီတော့သူစဉ်းစားကြည့်တယ်။ “အင်း အမေပြောပုံအရဆိုရင် ငါ့သားလေး အသားမဲတာ နို့နဲ့တော့မဆိုင်ပါဘူး။ ဟင် ဒါဆို ဒါကငါ့သားမှ ဟုတ်ရဲ့လား။ ဒါဆိုရင် ဒါလေးက
ဘူလေးလဲ။ အဲဒါ ဘူလေးလဲ။ ဘူလေးလဲ။ အဲဒါ ဘူလေးလဲ။ ဘူလေးလဲ။ အဲဒါ ဘူလေးလဲ”
Credit-U Myo

0 comments:
Post a Comment