Friday, April 24, 2015

မဲပေးမယ်

သေနတ်တွေကို ငါကြောက်တယ်။
သေနတ်ပစ်ခံရပြီး မချိမဆန့်သေသွားတဲ့
ပြည်သူရာချီ ငါမြင်ဘူးထားတယ်။
ဒါ့ကြောင့် …
သေနတ်မကိုင်သူတွေကိုပဲ မဲပေးမယ်။

မီးလောင်ဗုံးတွေကို ငါကြောက်တယ်။
မီးလောင်ဗုံးပစ်ခံရပြီး
မချိမဆန့်တွန့်လိတ်နေတဲ့ ဒါဏ်ရာဗရပွနဲ့
ရဟန်းတော်တွေ ငါမြင်ဘူးထားတယ်။
ဒါ့ကြောင့် …
မီးလောင်ဗုံးမပစ်တတ်သူတွေကိုပဲ မဲပေးမယ်။

နံပါတ်တုတ်တွေကို ငါကြောက်တယ်။
လဲကျ လက်မြှောက်နေတာတောင်
နံပါတ်တုတ်ကွေးအောင် ဆင့်ကာဆင့်ကာ
အရိုက်ခံနေရရှာတဲ့
ကျောင်းသားလေးတွေ ငါမြင်ဘူးထားတယ်။
ဒါ့ကြောင့် …
နံပါတ်တုတ်မကိုင်တတ်သူတွေကိုပဲ မဲပေးမယ်။

စွမ်းအားရှင်တွေကို ငါကြောက်တယ်။
ဆံပင်နီကြောင်ကြောင် ကလေကချေရုပ်နဲ့
ပေရေစုတ်ပြတ်နေတဲ့
လက်ပတ်နီပတ်ထားသူတွေက
လမ်းမလည်ခေါင် လည်ပင်းညှစ်ဖမ်းတာ
ငါမြင်ဘူးထားတယ်။
ဒါ့ကြောင့် …
စွမ်းအားရှင်နဲ့ ဆန့်ကျင်ဘက်ကိုပဲ မဲပေးမယ်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...