သစ်ထူးလွင် သတင်းစုစည်းမှု (၁၇-၄)
သစ်ထူးလွင် |
- တောင်အာဖရိကမှာ ဆိုင်တွေ လုယက် ဖျက်ဆီးခံရ
- NLD သက်ကြီးပူဇော်ပွဲ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ဂါရဝပြု
- ဒေါ်အောင်ဆန်းစုကြည် ပြောကြားသော နှစ်သစ် ဆုတောင်းစကား
- လားရှိုး-မူဆယ်လမ်းပေါ် ဆွဲမိုင်းပေါက်ကွဲ၊ ၁ ဦး သေဆုံး ၄ ဦး ဒဏ်ရာရ
- မြန်မာအရေးတွေ ဆိုပေးဖို့ အစိုးရက လော်ဘီငှားရမ်း
- အိမ်ရှင်ကရိုက်နှက်သဖြင့် အိမ်ဖော်တဦး ဒဏ်ရာများဖြင့် ထွက်ပြေးလာ
- လောက်ကိုင်ဒေသ တိုက်ပွဲပေါင်း ၂၅၀ ကျော်ဖြစ်ပွား၊ ကိုးကန့် ၇၀ ကျော်သေဆုံး
- နားချစည်းရုံးမယ့် အဖွဲ့တစ်ခု မြန်မာအစိုးရ ဌားရမ်း
- မောင်တောမြို့ကို နယ်ခြားစောင့်ရဲတွေ တောင်းပန်မယ်
- ဒီဂျစ်တယ် နည်းပညာ နိမ့်ကျ စာရင်းထဲ မြန်မာ ပါဝင်
- ခရစ်ယာန် ၁၂ ဦးကို လှေပေါ်ပစ်ချသူ မွတ်စလင်တွေကို ဖမ်းထား
- မြေထဲပင်လယ်ကို ဖြတ်ကျော်သူတွေ တစ်ပတ်အတွင်း သောင်းချီရှိ
- ဆီးရီးယားရဲ့ ဓာတ်ငွေ့တိုက်ခိုက်မှုကို ကြည့်ပြီး ကုလကိုယ်စားလှယ် ငို
- ရုရှားလိုလားသူ ယူကရိန်း စာနယ်ဇင်းသမား တဦး အသတ်ခံရ
- ရမာဒီကို ထိန်းချုပ်နိုင်ဖို့ တိုက်ပွဲတွေ ဖြစ်နေ
- ကိုးကန့်မှာ တိုက်ပွဲတွေ ဖြစ်နေသေးလို့ ဒုက္ခသည်တွေ အိမ်မပြန်နိုင်သေး
- ဗျူဟာကုန်း သိမ်းယူမှု ကိုးကန့်ငြင်းဆန်
- ကိုးကန့်သောင်းကျန်းသူများ အခြေပြု ခံစစ်ဆင်နေသော ရှင်ခုတ်ထန်ဒေသနှင့် စန်တအိုက်ရှန် ကုန်းမြင့်ဒေသအား တပ်မတော် စစ်ကြောင်းများက သိမ်းပိုက်ထိန်းချုပ်
- အနက်ရောင်ဖဲကြိုးလှုပ်ရှားမှု မိုးကုတ်မြို့မှာ ပြုလုပ်
- နိုင်ငံခြားသားတွေကို တိုက်ခိုက်မှု တောင်အာဖရိက ဆန္ဒပြ
- ဖြူးမြို့နယ်နှင့် အုတ်တွင်းမြို့နယ်တို့တွင် သင်္ကြန်နှစ်ရက်အတွင်း ယာဉ်တိုက်မှုကြောင့် လေးဦးသေဆုံး
- ဧပြီလ (၁၇)ရက်နေ့ ထုတ် မြန်မာ့အလင်း နေ့ စဉ် သတင်းစာ
- မြန်မာသင်္ကြန်နောက်ဆုံးရက် စည်ကား
- မောင်တောမှာ နယ်ခြားစောင့်ရဲ ၂၁ ဦးကို ဖမ်းဆီး
- ကိုးကန့်ဒေသတိုက်ပွဲ အစိုးရ တပ်မတော်ဘက်က ၁၆ ဦး ထပ်မံကျဆုံး
Posted: 17 Apr 2015 06:48 AM PDT
ဂျိုဟန် နက်စ်ဘာ့ဂ် မြို့က နိုင်ငံခြားသားပိုင် ဆိုင်တွေ တိုက်ခိုက်ခံရ
တောင်အာဖရိက နိုင်ငံမှာ အခုတလော နိုင်ငံခြားသားတွေ အပေါ် တိုက်ခိုက်မှုတွေ
ဖြစ်ပွား နေရာမှာ ဂျိုဟန် နက်စ်ဘာ့ဂ်မြို့ အရှေ့ပိုင်းက
နိုင်ငံခြားသားပိုင် ဆိုင်တွေလည်း တိုက်ခိုက် လုယက် ခံခဲ့ရတယ်လို့
သိရပါတယ်။
အဲဒီ တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး လူ ၁၂ ယောက်ကို ဖမ်းဆီး ခဲ့တယ်လို့
ဆိုပြီး၊ ရဲစခန်းမှာလည်း နိုင်ငံခြားသား အယောက် ၂၀၀ ခန့်
|
Posted: 17 Apr 2015 06:28 AM PDT
ဒီနေ့ကျရောက်တဲ့ မြန်မာသက္ကရာဇ် ၁၃၇၇ ခုနှစ် မြန်မာနှစ်ဆန်း တစ်ရက်နေ့မှာ
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ဝါရင့်နိုင်ငံရေး သမားကြီးတွေကို
ကန်တော့ပွဲ ပြုလုပ်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ဂါရဝပြု
ကန်တော့ခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဟာ ငွေကြေး အရ
ချောင်လည် တောင့်တင်းတဲ့ အဖွဲ့မဟုတ်ပေမဲ့ ပြည်သူတွေရဲ့ ထောက်ခံမူကြောင့်သာ
အခုအချိန်ထိ ရပ်တည်နိုင်ခဲ့တာ ဖြစ်တဲ့အတွက် ကျေး
|
Posted: 17 Apr 2015 06:10 AM PDT
မြန်မာသက္ကရာဇ် ၁၃၇၆- ၁၃၇၇ ခုနှစ် မြန်မာနှစ်ဆန်း တစ်ရက်နေ့ အတွက်
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ပြောကြားသော
နှစ်သစ် ဆုတောင်းစကား
တစ်နှစ်ထက် တစ်နှစ်ပြောင်းသွားတဲ့ အခါကျတော့ နှစ်သစ်ကူးခြင်း နှစ်သစ်ကူး
ခြင်းကမတူပါဘူး ဒါပေမယ့်တစ်ခု တူတာဘာလဲဆိုတော့ နှစ်သစ်ကူးအချိန်မှာ
အားလုံးကနေပြီးတော့ ဒီနှစ်သစ်ဟာ နှစ်ဟောင်းထက်ပိုပြီးတော့ ချမ်းမြေ့ပါစေ
နှစ်ဟောင်းထက်ပိုပြီးတော့ ကောင်းမွန်ကြ
|
Posted: 17 Apr 2015 05:51 AM PDT
ရှမ်းပြည်မြောက်ပိုင်း လားရှိုး-မူဆယ်ပြည်ထောင်စုလမ်း
|
Posted: 17 Apr 2015 12:40 AM PDT
(Credit: ABC)
မြန်မာနိုင်ငံ အစိုးရက နိုင်ငံတကာမှာ သူတို့အတွက် အရေးဆိုပေးမယ့်
လော်ဘီသမားတွေကို ဒေါ်လာ ရှစ်သိန်းခွဲနီးပါး ပေးပြီး
ငှားရမ်းခဲ့တယ်လို့ သိရပါတယ်။
Podesta Group ဆိုတဲ့ အဖွဲ့ကို ငှားရမ်းခဲ့တာ ဖြစ်ပြီး မြန်မာ
အစိုးရ ကောင်းကြောင်းတွေကို နိုင်ငံတကာက သိအောင် အရေးဆို
လှုံ့ဆော်ဖို့အတွက် ငှားရမ်းလိုက်တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံအတွက် အရေးကြီးလှတဲ့ ရွေးကောက်ပွဲ မ
|
Posted: 17 Apr 2015 12:32 AM PDT
ဧရာဝတီတိုင်း လေးမျက်နှာမြို့နယ်မှ ရန်ကုန်မြို့တွင် အိမ်ဖော်အဖြစ်
လာရောက်လုပ်ကိုင်သူ အသက် ၁၇ နှစ် အရွယ် မိန်းကလေးတဦးသည် အိမ်ရှင်မှ
ရိုက်နှက်သဖြင့် ထွက်ပြေးခဲ့ရသည့် ဖြစ်စဉ် တခု ဧပြီ ၁၇ ရက် က
ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မအိအိဖြိုးဆိုသူသည် ၎င်းနေ့ မနက်ပိုင်း ၆ နာရီခန့်က
သူမအလုပ်လုပ်ကိုင်သည့်နေအိမ်မှ ထွက်ပြေးလာခဲ့ရာ လမ်းခရီးတွင် သုဝဏ္ဏ ၂၉
ရပ်ကွက် မြကန်သာလမ်းမှ လမ်းသူလမ်းသားများနှင့် ဆုံတွေ့ခဲ့သည်ဟု သိ
|
Posted: 16 Apr 2015 09:33 PM PDT
လောက်ကိုင်ဒေသတွင် တိုက်ပွဲတွေ စတင်ဖြစ်ပွားတဲ့ ဖေဖော်ဝါရီ ၉ ရက်မှ ဧပြီလ
၁၆ ရက်အထိ နှစ်ဖက် ထိတွေ့တိုက်ပွဲပေါင်း ၂၅၃ ကြိမ် ဖြစ်ပွားခဲ့ပြီး
ကိုးကန့် ၇၄ ဦး သေဆုံး တယ်လို့ အစိုးရက သတင်း ထုတ်ပြန်ပါတယ်။
ဒါ့အပြင် လက်နက်မျိုးစုံ ၂၂၆ လက်၊ ကျည်မျိုးစုံ ၂၄၆၂၇ တောင့်၊
ဗုံးသီးမျိုးစုံ ၂၈၉ ကာလတန်ဖိုး ကျပ်သိန်းပေါင်း ၂၇၇၆၁၆ ကျော် တန်ဖိုးရှိ
မူးယစ်ဆေးဝါးမျိုးစုံလည်း သိမ်းဆည်းရမိခဲ့ပြီး ဖမ်းမိ/ အလင်းဝင်တဲ့
|
Posted: 16 Apr 2015 09:15 PM PDT
ဓါတ်ပုံ - google images
မြန်မာအစိုးရက အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့အခြေစိုက် Podesta
Group ဆိုတဲ့အဖွဲ့ကို သူတို့ကိုယ်စားနိုင်ငံတကာ အသိုင်းအဝိုင်းကြားမှာ
နားချစည်းရုံးရေးလုပ်ပေးဖို့ အမေရိကန်ဒေါ်လာ ၈ သိန်း ၄ သောင်းနဲ့ တနှစ်စာ
ငှားရမ်းစာချုပ်ချုပ်လိုက်တယ်လိ
|
Posted: 16 Apr 2015 09:10 PM PDT
ကျုးလွန်ခဲ့တဲ့ ရဲမှုးတစ်ဦးအပါအဝင် ၂၁ ယောက် ကို ဖမ်းဆီးထား။
ရခိုင် ပြည်နယ် မှာ အစိုးရ ရဲ့ နယ်ခြားစောင့်တပ် ရဲတွေ က မောင်တော
မြို့ထဲကို ဝင်ရောက် ပြီး ရမ်းကား ရိုက်နှက် ဖျက်စီး မှု တွေ လုပ်ခဲ့တဲ့
အတွက် ဒီနေ့ နှစ်ဆန်း တစ်ရက် နေ့ မှာ မြို့ ကို ပြန် တောင်း ပန် မယ်
ဆိုပြီး နယ်ခြားစောင့် ရဲ ရဲ့ ကွပ်ကဲ ရေးမှုး ချုပ် က ပြောဆို ခဲ့တယ် လို့
ရခိုင် အသိုင်းအဝိုင်း က ပြောပါတယ်။
ဒီ ကိစ္စ ကို ကျူးလွန် ခဲ့တဲ့ ရဲ
|
Posted: 16 Apr 2015 09:09 PM PDT
အများသုံးဆက်သွယ်ရေး။
မြန်မာနိုင်ငံ အပါအ၀င် ကမ္ဘာတ၀ှမ်းမှာ နည်းပညာ ကွာဟမှုကြောင့် ဖွံ့ဖြိုးမှုတွေ
အားနည်းနေတဲ့ အကြောင်း ကမ္ဘာ့စီးပွားရေးဖိုရမ် (WEF) ရဲ့ အစီရင်ခံစာသစ် က
ဖော်ပြပါတယ်။ ဒဂျစ်တယ်နည်းပညာ အားနည်းမှုကြောင့် ကမ္ဘာတ၀ှမ်း စီးပွားရေးနဲ့
လူမှုရေးအရ ထိခိုက်နစ်နာမှုတွေ ရှိနေတယ်လို့လည်း ၂၀၁၅ ခုနှစ် ကမ္ဘာ့သတင်းနဲ့
နည်းပညာဆိုင်ရာ အစီရင်ခံစာ ဒီကနေ့ ထုတ်ပြန်ရာမှာ ပြောဆိုခဲ့တာပါ။
ကမ္ဘာပေါ်က နိုင်ငံပေါင်း ၁၄၃
|
Posted: 16 Apr 2015 09:09 PM PDT
အီတလီနိုင်ငံကို လှေတွေနဲ့ ရောက်ရှိလာတဲ့ ခိုလှုံခွင့် တောင်းလိုသူများ
(Credit: AFP)
မြေထဲပင်လယ်မှာ ခရီးသွားနေတုန်း လှေပေါ်မှာ အတူတူ လိုက်ပါလာတဲ့
ခရစ်ယာန် ၁၂ ယောက်ကို မွတ်စလင်တွေက ပစ်ချခဲ့တယ် ဆိုတဲ့
စွပ်စွဲချက်နဲ့ မွတ်စလင် ၁၅ ယောက်ကို အီတလီရဲတွေက ဖမ်းဆီးလိုက်ပါတယ်။
ဘာသာရေး အငြင်းပွားကြရာက နိုင်ဂျီးရီးယားနဲ့ ဂါနာနိုင်ငံက လူ ၁၂
ယောက်ကို မွတ်စလင်တွေက ပစ်ချခဲ့တာကို လှေပေါ်
|
Posted: 16 Apr 2015 09:09 PM PDT
အာဖရိကနဲ့ အရှေ့အလယ်ပိုင်း ဒေသက သူတွေ ဟာ အသက်နဲ့ရင်းပြီး မြေထဲပင်လယ် ကို
လှေတွေ ကျော်ဖြတ်လို့ ဥရောပကို ဦးတည် လာနေကြပါတယ်။
ဥရောပ ကို ပြောင်းရွှေ့ ဝင်ရောက် ဖို့ မြေထဲပင်လယ် အား အသက်နဲ့ ရင်းပြီး
ကျော်ဖြတ် ကြသူ တွေ ကို ကယ်တင် ထားရတဲ့ အရေ အတွက် ဟာ ပြီးခဲ့တဲ့ သီတင်းပတ်
ထဲ မှာတင် ၁ သောင်း နီးပါး ရှိ တယ် လို့ အီတလီ ကမ်းစောင့်တပ် က ပြောပါ တယ်။
မနေ့ ကလည်း လူ ၉၀ဝ ကို ကယ်ခဲ့ရပါတယ်။
အာဖရိက ကနေ ဥရောပ ဆီကို
|
Posted: 16 Apr 2015 09:09 PM PDT
ကလိုရင်း ဓာတ်ငွေ့တိုက်ခိုက်မှုကနေ ပြန်ကောင်းလာသူ လူငယ်တစ်ဦး (Credit:
AFP)
ဆီးရီးယား နိုင်ငံ ပဋိပက္ခအတွင်း ဓာတ်ငွေ့နဲ့ တိုက်ခိုက်မှုတွေ
ဖြစ်ပေါ်ခဲ့ပြီး အဲဒီလို တိုက်ခိုက်မှုမှာ ဓားစာခံ ဖြစ်သွားတဲ့ ကလေးငယ်
၃ ယောက်ကို ဆရာဝန်တစ်ဦးက အသက်ကယ်ဖို့ ကြိုးစားတဲ့ ဗီဒီယိုကို
ကြည့်ပြီး ကုလသမဂ္ဂ ကိုယ်စားလှယ်တွေ ငိုယိုခဲ့ကြပါတယ်။
အသက် ၁ နှစ်၊ ၂ နှစ်နဲ့ ၃ နှစ် အရွယ် ကလေးငယ်နဲ့ ကလေးေ
|
Posted: 16 Apr 2015 09:09 PM PDT
ပစ်သတ်ခံလိုက်ရတဲ့ Segodnya (Today) စာရဲ့အယ်ဒီတာချုပ် Oles Buzina။
ရုရှားကိုလိုလားတဲ့ သူ့ရဲ့အမြင်တွေကို ထုတ်ဖေါ်လေ့ရှိတဲ့
လူသိများထင်ရှားတဲ့ ယူကရိန်း သတင်းသမား တဦးဟာ သေနတ်နဲ့
ပစ်သတ်တာကိုခံလိုက်ရပါတယ်။
Segodnya (Today) သတင်းစာရဲ့အယ်ဒီတာချုပ် Oles Buzina ကို မျက်နှာဖုံးစွပ်
သေနတ်သမား ၂ ဦးက သူ့ရဲ့အိမ်အနီးမှာ ပစ်သတ်သွားတဲ့ အကြောင်း
ယူကရိန်းပြည်ထဲရေးဝန်ကြီးဌာနက Online ကနေ ထုတ်ပြန်တဲ့ ကြေညာချက်မှာ
|
Posted: 16 Apr 2015 09:08 PM PDT
ရမာဒီ တိုက်ပွဲတွေ ပြင်းထန်နေ။
အီရတ် နိုင်ငံ အဲန်ဘာ ပြည်နယ် ရဲ့ မြို့တော် ရမားဒီ ကို ထိန်းချုပ်
နိုင်ဖို့ တိုက်ပွဲ တွေ ဖြစ်ပေါ် နေပါတယ်။
ပြီးခဲ့တဲ့ ဗုဒ္ဓဟူး နေ့ က အစ္စလာမ်မစ် လက်နက် ကိုင် တွေ သိမ်းပိုက်ခဲ့တဲ့
ရွာ ၃ ရွာ ကို အမေရိကန် ဦးဆောင် တဲ့ မဟာမိတ် အဖွဲ့ က လေကြောင်း တိုက်
ခိုက်မှု တွေ လုပ်ခဲ့ ပါတယ်။
ရမားဒီ မြို့ ပေါ် အီရတ် အစိုး ရ တပ်တွေ လည်း ထိုးစစ်ဆင် လာတဲ့ IS တပ် တွေ
ကို ပြန်လည် တိုက်ခိုက်ေ
|
Posted: 16 Apr 2015 01:08 PM PDT
ကိုးကန့် ဒေသ တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့် ထွက်ပြေးကြသူ
သောင်းချီရှိနေ
မြန်မာအစိုးရ တပ်မတော်နဲ့ ကိုးကန့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တို့
သင်္ကြန်တွင်း ကာလအထိ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေရာမှာ အစိုးရဘက်က
အရေးပါတဲ့ တောင်ကုန်း တချို့ကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ မြန်မာ့
ရုပ်မြင်သံကြားကနေ သတင်းထုတ်ပြန်ကြေညာ ပါတယ်။
ကိုးကန့်ဘက်က အလောင်း ၂ လောင်း ရရှိပြီး အစိုးရဘက်က ၁၆ ယောက် ကျဆုံးတယ်လို့
|
Posted: 16 Apr 2015 01:04 PM PDT
မြန်မာအစိုးရတပ်အနေနဲ့ ကိုးကန့် အခိုင်အမာ စစ်စခန်းတခုကို သင်္ကြန်တွင်း
ပြင်းပြင်း ထန်ထန် တိုက်ပြီး သိမ်းလိုက်တယ်လို့ ဆိုချိန်မှာ ကိုးကန့်နဲ့
တအာင်း တပ်ဖွဲ့ဖက်ကတော့ ငြင်းဆိုထားဆဲဖြစ်ပါတယ်။ ဒါ့အပြင် ဝဒေသမှာ
ကျင်းပမယ့် တနိုင်ငံလုံး အပစ်ရပ်ရေး နောက်ဆုံး ဆုံးဖြတ်ချက်ချမယ့်
တိုင်းရင်းသားထိပ်သီးဆွေးနွေးပွ
|
Posted: 16 Apr 2015 01:04 PM PDT
နေပြည်တော် ၊ ဧပြီ - ၁၆
ကိုးကန့် သောင်းကျန်းသူများသည် ပါစင်ကျော်ကျေးရွာ အရှေ့မြောက်ဘက်ရှိ
ရှင်ခုတ်ထန်ဒေ သနှင့် အရှေ့ဘက်ခြမ်းရှိ စန်တအိုက်ရှန် ကုန်းမြင့်ဒေသတွင်
ခံစစ်ယူ၍ တပ်မတော်စစ် ကြောင်းများ၏ ထိုးစစ်ကို ခုခံတိုက်ခိုက်လျက်
ရှိသော်လည်း တပ်မတော်သားများ၏ အသက်ကို ပဓာနမထားဘဲ စွန့်လွှတ်စွန့်စားသော
စိတ်ဓာတ်ဖြင့် ရွပ်ရွပ်ချွံချွံ တိုက်ခိုက်မှု ကြောင့် အဆိုပါ
ကုန်းမြင့်ဒေသရှိ စစ်ဗျူဟာအရ အရေးကြီးသော တော
|
Posted: 16 Apr 2015 01:01 PM PDT
ကျောင်းသားသပိတ်က ဖမ်းဆီးထားသူတွေကို လက်ပံတန်းမြို့မှာ မတ်လ ၁ဝ ရက်နေ့က
ရုံးထုတ်လာစဉ်။ Photo: Aung Ko Ko/RFA
လက်ပံတန်း ကျောင်းသား သပိတ် ဖြိုခွဲခံရမှု အပါ အ၀င် မြန်မာနိုင်ငံမှာ
ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်ဖြစ် ရပ်တွေအတွက် ၀မ်းနည်းတဲ့ အထိမ်းအမှတ်အဖြစ်
ဗမာနိုင်ငံလုံးဆိုင်ရာ လူငယ်သမဂ္ဂများအဖွဲ့က အနက်ရောင်ဖဲကြိုး လှုပ်ရှားမှုကို
မန္တလေးတိုင်း ဒေသကြီး မိုးကုတ်မြို့မှာ ပြုလုပ်ခဲ့ပါတယ်။
အများအကျိုး ဆောင်ရွက်ချ
|
Posted: 16 Apr 2015 01:01 PM PDT
နိုင်ငံခြားသားတွေ အပေါ် တိုက်ခိုက်မှုတွေ အခု သီတင်းပတ်တွေ အတွင်း
ပျံ့နှံ့လာခဲ့။
တောင်အာဖရိက နိုင်ငံမှာ မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ နိုင်ငံခြားသားတွေ
အကြမ်းဖက် တိုက်ခိုက်ခံခဲ့ရမှုနဲ့ ပတ်သက်ပြီး နိုင်ငံ အရှေ့ပိုင်းက ဒါဘန်
မြို့မှာ လူ ငါးထောင်နီးပါး ချီတက် ဆန္ဒပြခဲ့ကြပါတယ်။
နိုင်ငံခြားသားတွေ အပေါ် ရန်လို တိုက်ခိုက်မှုတွေကြောင့် ပြီးခဲ့တဲ့
သီတင်းပတ်က စပြီး ခုချိန်အထိ လူ ငါးယောက်ထက် မနည်း သေဆုံးခဲ့ပြီး
|
Posted: 16 Apr 2015 12:42 PM PDT
တောင်ငူ ဧပြီ ၁၆
သင်္ကြန်အကြိုနေ့ဖြစ်သော ဧပြီ ၁၄ ရက်နှင့် သင်္ကြန်အကျနေ့ဖြစ်သည့် ဧပြီ ၁၅
ရက်များတွင် ဖြူးမြို့နယ်၊ အုတ်တွင်းမြို့နယ်များ၌ ရေပက်ခံ ထွက်လာရင်း
ဆိုင်ကယ်တိုက်မိမှု ကြောင့် လူငယ်သုံးဦး သေဆုံးခဲ့ ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဧပြီ ၁၄ ရက် ညနေ ၅ နာရီခန့်က အုတ်တွင်းမြို့နယ်
ဥယျာဉ်တော်ကျေးရွာအုပ်စု ညောင် ကြပ်ကျေးရွာအနီး ရန်ကုန်-မန္တလေးကားလမ်း
မိုင်တိုင် ၁၆၉/၆ တွင် တောင်မှမြောက်သို့ ကျော်စွာ ဝ
|
Posted: 16 Apr 2015 12:26 PM PDT
ဧပြီလ (၁၇)ရက်နေ့ ထုတ် မြန်မာ့အလင်း နေ့ စဉ် သတင်းစာ
သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ
|
Posted: 16 Apr 2015 08:25 AM PDT
ဒီကနေ့ သင်္ကြန်နောက်ဆုံးရက် အတတ်နေ့မှာတော့ ရန်ကုန် သင်္ကြန်မဏ္ဍပ်တွမှာ
လူပိုစည်ကားသလို၊ ခိုက်ရန်ဖြစ်ပွားမှုတွေလည်း ပိုရှိခဲ့ပါတယ်။
သင်္ကြန်နောက်ဆုံး ရက် အခြေအနေ စုံစမ်းမေးမြန်းထားတဲ့ ကိုသားညွန့်ဦး
အကြောင်းစုံ ပြောပြပါမယ်။
အခု သင်္ကြန်နောက်ဆုံးရက်မှာတော့ လူစည်ကားတဲ့ ကမ္ဘာအေဘုရားလမ်း ဆီဒိုနား
ဟိုတယ် အနီးမှာ နေ့လည်ပိုင်းက ဂတ်စ်အိုးကွဲမှုဖြစ်တာကြောင့်၊ သတင်းတွေ
တဆင့်နဲ့ တဆင့် ချဲ့ကားပြီး သင်္ကြန်ရေကစားသူတွေအြ
|
Posted: 16 Apr 2015 08:12 AM PDT
ရခိုင်ပြည်နယ် မောင်တောမြို့မှာ သင်္ကြန်ရေပက်ခံ ထွက်တဲ့ မြို့ခံလူငယ်တွေနဲ့
နယ်ခြားစောင့် ရဲတပ်ဖွဲ့တို့ အကြား ရိုက်နှက်မှုတွေ ဖြစ်ပွားခဲ့မှုနဲ့
ပတ်သက်လို့ နယ်ခြားစောင့်ရဲ ၂၁ ဦးကို ဖမ်းဆီးထားပြီး တရားစွဲဆိုဖို့
ပြင်ဆင်နေ ပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ ရခိုင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး
ဗိုလ်မှူးကြီး ထိန်လင်းကိုယ်တိုင် မောင်တော မြို့ကို
သွားရောက်စစ်ဆေးခဲ့ကြောင်း ရခိုင်ပြည်နယ် အရေးပေါ်
|
Posted: 16 Apr 2015 08:09 AM PDT
ဧပြီလ ၁၅ ရက်နေ့က ကိုးကန့်ဒေသမှာ အစိုးရတပ် သိမ်းပိုက်နိုင်ခဲ့တဲ့ ပွိုင့်
၁၅၈၄ တောင်ကုန်းပြ မြေပုံ။ Photo: MOI Facebook
ကိုးကန့်ဒေသမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်း မဟာဗျူဟာကျတဲ့
တောင်ကုန်းတွေကို အစိုးရတပ်တွေ က သိမ်းပိုက်နိုင်ခဲ့ကြောင်း၊
တိုက်ပွဲတွေအတွင်း အစိုးရ တပ်ဘက်က ၁၆ ဦးကျဆုံးပြီး ထိခိုက်ဒါဏ်ရာရသူ ၁၁၀
ဦးရှိကြောင်း တပ်မတော်ပိုင် မြ၀တီသတင်းဌာနက ထုတ်ပြန်ပါတယ်။
MNDAA ကိုးကန့်တပ်ဖွဲ့ ပြော
|
0 comments:
Post a Comment