Thursday, April 30, 2015

သစ်ထူးလွင် သတင်းစုစည်းမှု (၃၀-၄)

သစ်ထူးလွင်


Posted: 30 Apr 2015 06:59 AM PDT
၂၀၁၁ မှာ အာဏာ ရလာပြီးကတည်းက ပြည်ပ ခရီး မထွက်ခဲ့သေး။ လာမယ့် သီတင်းပတ် အတွင်း မော်စကို မြို့မှာ ကျင်းပမယ့် ဒုတိယ ကမ္ဘာစစ် အောင်မြင်ခြင်း နှစ်လည် အခမ်းအနားကို တက်ရောက်ဖို့ ရှိတဲ့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းက အဲဒီ ခရီးစဉ်ကို ဖျက်သိမ်း လိုက်တယ်လို့ ရုရှား အစိုးရက ပြောပါတယ်။ ကင်ဂျုံအန်း ဟာ ပြည်တွင်းရေး ကိစ္စတွေကြောင့် အခုလို မြောက်ကိုရီးယား ကနေ မထွက်ခွာဖို့ ဆုံးဖြတ် လိုက်တာလို့ ကရင်မလင် န
Posted: 30 Apr 2015 06:09 AM PDT
ထိုင်းနိုင်ငံတောင်ပိုင်း ခိုတောင်ကျွန်း (လိပ်ကျွန်း) မှာ  ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံခဲ့ရတာနဲ့ ပတ်သက်ပြီး အမှုနဲ့ သက်ဆိုင်တဲ့ မျိုးဗီဇ ဒီအန်အေတွေကို စစ်ဆေးဖို့ ထိုင်း အမျိုးသားမှုခင်းဆေးသိပ္ပံဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဖွန်းထစ်ထံ ပေးပို့ဖို့ ကော့စမွီခရိုင် တရားသူကြီးက ညွှန်ကြားလိုက်ပါတယ်။ ဒီကနေ့ ဧပြီ ၃၀ ရက် မနက်က ကော့စမွီခရိုင်တရားရုံးမှာ တရားလိုပြသက်သေတွေ စစ်ဆေးစဉ် ခုလို ညွှန်ကြားလိုက်တာ
Posted: 30 Apr 2015 06:04 AM PDT
သူရဦးရွှေမန်းရဲ့ သြစတြေးလျ ခရီးစဉ်အတွင်း မခင်မာဝင်းက တွေ့ဆုံမေးမြန်းစဉ် (Credit: ABC)   မြန်မာနိုင်ငံရဲ့ ​လွှတ်တော်နာယက ​သူရ ​ဦးရွှေမန်းက ​အမေရိကန် ​ဒုနိုင်ငံခြားရေး ​ဝန်ကြီး ​Anthony ​Blinken ​နဲ့ ​တနင်္လာနေ့မှာ ​တွေ့ဆုံဖို့ ​ရှိတယ်လို့ ​သိရပါတယ်။ သူရဦးရွှေမန်းဟာ ​အမေရိကန်နိုင်ငံရဲ့ ​လွှတ်တော် ​ပြောခွင့်ရပုဂ္ဂိုလ် ​John ​Boehner ​ရဲ့ ​ဖိတ်ခေါ်ချက်အရ ​အမေရိကန်ကို ​ရောက်ရှိနေတာ ​ဖြစ်ပြီး ​ကွန်ဂရက်လွှ
Posted: 30 Apr 2015 06:01 AM PDT
Gorkha ဒေသရှိ ရွာတစ်ရွာ (Credit: Reuters)   ငလျင်ဒဏ်ကို ​အများဆုံး ​ခံရတဲ့ ​Gorkha ​(ဂေါ်ရခါ) ​ဒေသမှာ ​အစားအသောက်နဲ့  ​နေရာထိုင်ခင်း ​အကူအညီတွေ ​မရသေးဘူးလို့ ​သိရပါတယ်။ ငလျင်ဗဟိုပြု ​လှုပ်ခတ်ခဲ့တဲ့ ​Gorkha ​ဒေသကို ​သွားဖို့ ​ခက်ခဲပြီး ​အဲဒီဒေသဟာ ​မြို့တော် ​Kathmandu ​နဲ့ ​ကီလို ​မီတာ ​၂၀၀ ​အကွာမှာ ​ရှိနေတာပါ။ အဲဒီဒေသမှာ ​ကျေးရွာပေါင်း ​တစ်ထောင်လောက်ရှိပြီး ​လူပေါင်း ​၂၇၀၀၀၀ ​လောက် ​နေထိုင်
Posted: 30 Apr 2015 06:10 AM PDT
လူပေါင်း ၅ ထောင်ကျော် သေဆုံးခဲ့တဲ့ နီပေါ ငလျင်ကြီး လှုပ်ခတ်အပြီး ၅ ရက်အကြာမှာ အဆောက်အဦး ပျက်တွေကြားမှာ အသက်ရှင်နေတဲ့ ဆယ်ကျော်သက် ယောက်ျားလေး တစ်ဦးကို ကယ်တင်နိုင်ခဲ့ပါတယ်။ ဒီလူငယ်ကို ခတ္တမန္ဒူ မြို့ရဲ့ အဆောက်အဦးပျက်တွေကြားက ကယ်ဆယ်ရေး ၀န်ထမ်းတွေက တွေ့ရှိခဲ့တာ ဖြစ်ပြီး ကွင်းပြင်မှာ ဖွင့်လှစ်ထားတဲ့ ဆေးရုံရှိရာကို ပို့ဆောင်လိုက်ပြီ ဖြစ်ပါတယ်။ အခုလောလောဆယ်မှာ ရာသီဥတု ဆိုးရွားနေတာကြောင့် ဝေးလံခေါင်
Posted: 30 Apr 2015 05:39 AM PDT
 မန္တလေးမြို့ အမရပူရမြို့ နယ် တောင်သမန်အင်းမှာ ဒီကနေ့ ငါးတွေအစုလိုက်အပြုံလိုက် သေဆုံးတာတွေ့ရပါတယ်။ အခုလိုငါးတွေ သေဆုံးတာဟာ အင်းထဲကို ရေဆိုးရေညစ်တွေ ဝင်ရောက်တာတွေ များပြားလာတဲ့အတွက်ဖြစ်တယ်လို့ ဒေသခံ တံငါသည်တွေက ပြောပါတယ်။ အခုလို ငါးတွေအစုလိုက်အပြုံလိုက် သေဆုံးတာကို မြင်ရတာ ဒုတိယအကြိမ်ဖြစ်ပါတယ်။ Photo: Nay Thwae/RFA https://www.facebook.com/pages/RFA-Burmese
Posted: 30 Apr 2015 05:16 AM PDT
 စစ်တပ်က ဖမ်းဆီးထားစဉ် သေနတ်ဒဏ်ရာနဲ့ သေဆုံးသွားခဲ့တဲ့ အလွတ်သတင်းထောက် ကိုပါကြီးအမှုနဲ့ ပတ်သက်ပြီး မွန်ပြည်နယ် ကျိုက်မရောမြို့နယ် တရားရုံးမှာ ဒီကနေ့ ရုံးထုတ်စစ်ဆေးပါတယ်။ ဒီအမှုကို ကျိုက်မရောမြို့မ ရဲစခန်းမှူး ဒုရဲမှူး  ဦးတင်ဦးက တရားလိုလုပ်ပြီး သေမှုသေခင်းအနေနဲ့ အမှုဖွင့်  စစ်ဆေးတာလို့  ကိုပါကြီးရဲ့ ဇနီး ဒေါ်သန္တာကပြောပါတယ်။ “ဒါကတော့ သေမှုသေခင်းပါ။ ဓမ္မတာအတိုင်း သေတာ ဟုတ်မဟုတ်ဆိုတာ တရားသူကြီးက အမိ
Posted: 30 Apr 2015 05:14 AM PDT
 တနင်္သာရီတိုင်း ထားဝယ်မြို့ အိုးလုပ်ရပ်ကွက်မှာ ဧပြီ ၃၀ ရက်မွန်းလွဲပိုင်းက မီးလောင်ကျွမ်းပြီး ရပ်ကွက်ရှိ မူလတန်းကျောင်းတကျောင်းအပါအ၀င် အိမ်ခြေ ၆၀ ကျော် မီးလောင်သွားတယ်လို့ ရပ်ကွက်နေပြည်သူတဦးဖြစ်တဲ့ ကိုရဲထွဋ်က ပြောပါတယ်။ အိုးလုပ်ရပ်ကွက် နေအိမ်တလုံးမှာ ၀ါယာရှော့ဖြစ်ပြီး မီးစတင်လောင်ကျွမ်းခဲ့တာ ညနေ ၄ နာရီခွဲလောက်မှာ မီးညွန့်ကျိုးသွားတယ်လို့ သူက ပြောပါတယ်။ “ရပ်ကွက်ထဲက အိမ်တလုံးမှာ မီးရှေြာ့
Posted: 30 Apr 2015 12:21 AM PDT
နီပေါနိုင်ငံမှာ ငလျင်လှုပ်ခတ်ခဲ့ပြီးတဲ့နောက် ငလျင်ဒဏ်ဆိုးဆိုးရွားရွား ခံရတဲ့ ရွာအချို့မှာ ကယ်ဆယ်ရေး အထောက်အပံ့တွေ မရရှိကြသေးဘဲ ကယ်ဆယ်ရေး ကြိုးပမ်းမှု အရှိန်အဟုန်တွေနဲ့ ပတ်သက်ပြီး ဝေးလံခေါင်သီတဲ့ နေရာ ဒေသတွေမှာ စိတ်ပျက်ဒေါသထွက်မှုတွေ တိုးပွားလာနေပါတယ်။ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုနဲ့ ကြုံတွေ့နေရသူ တချို့ဟာ ဒေါသထွက်နေကြပြီး သူတို့ထံ ဆေးဝါးနဲ့ အစားအသောက်တွေ ဘာမှ မရောက်လာသေးဘူးလို့ ဘီဘီစီ ကို
Posted: 30 Apr 2015 12:21 AM PDT
 နေပြည်တော် ၊ ဧပြီ ၃၀  ရှမ်းပြည်နယ်မြောက်ပိုင်း ၊ ကွတ်ခိုင် - နမ့်ဖက်ကာ ပြည်ထောင်စုလမ်းမကြီး ပေါ်ရှိ နမ့်ဖလွန်းကျေးရွာနှင့် အနီး ပတ်ဝန်းကျင်များ၌ ဧပြီ ၂၉ ရက်တွင် TNLA အဖွဲ့မှ အင်အား ၅၀ ဦးခန့်သည် အဖွဲ့ ၂ ဖွဲ့ခွဲကာ ကားလမ်း အတက်/အဆင်း ယာဉ်များအား ယာဉ်ငယ်တစ်စီးလျှင် ကျပ်တစ်သောင်း မှ နှစ်သောင်းအထိ၊ ယာဉ်ကြီး တစ်စီးလျှင် ကျပ်ငါးသိန်း ဆက်ကြေးကောက်ခံ လျက်ရှိကြောင်း သိရှိရသည်။ ထိုသို့ ဆက်ကြေးကော
Posted: 29 Apr 2015 11:19 PM PDT
 ဖမ်းဆီးခံ သပိတ်မှောက်ကျောင်းသားတွေနဲ့ ၀န်းရံပြည်သူတွေကို ဒီကနေ့ သာယာဝတီမြို့နယ် တရားရုံးမှာ စတင်ရုံးထုတ်ပြီး အမှုမစစ်ဆေးသေးပဲ ရုံးချိန်းထပ်ပေးလိုက်ပါတယ်။ ဒီကနေ့ ရုံးထုတ်ရာမှာ  ကျောင်းသားတွေရဲ့ အမှုနဲ့ပတ်သက်ပြီး စစ်ဆေးမှုတွေမလုပ်သေးဘဲ ရှေ့နေပါဝါ ယူတာတွေ လုပ်ပြီး လာမယ့် မေ ၁၂ ရက်နေ့ကို ရုံးပြန်ချိန်းလိုက်တယ်လို့ ဒီကနေ့ ရုံးထုတ်လာတဲ့ ကျောင်းသား ကိုရန်ပိုင်စိုးက ပြောပါတယ်။ “အခုချိန်ထိတော့ ခဏခဏရုံး
Posted: 29 Apr 2015 11:10 PM PDT
ခတ္တမန္ဒူ ဧပြီ ၂၉ နီပေါနိုင်ငံ ခတ္တမန္ဒူတွင် လှုပ်ခတ်ခဲ့သည့်ငလျင်ကြောင့် မိသားစုတစ်စုမှ မိသားစု ဝင် ၁၈ဦး သေဆုံးခဲ့ကြောင်း အေပီသတင်းဌာနကဖော်ပြထားသည်။ အဆိုပါမိသားစု သည် နေအိမ်တစ်လုံးတွင် ဆွေမျိုးသားချင်း ၃ဝခန့် စုပေါင်းနေထိုင်ခဲ့ကြောင်းနှင့် ငလျင်ကြောင့် အိမ်ပြိုကျစဉ်တွင် ၁၈ဦး သေဆုံးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ယနေ့ အတည်ပြုချက်အရ နီပေါငလျင်ကြောင့် သေဆုံးစာရင်းမှာ ၅ဝဝဝ ခန့်ရှိလာခဲ့ပြီး ရှာဖွေမှု
Posted: 29 Apr 2015 10:49 PM PDT
နီပေါငလျင်ကယ်ဆယ်ရေးတပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ ဧပြီ ၂၆ ရက်နေ့က  အဆောက်အဦပျက်ကြား ၂၂ နာရီကြာ ပိတ်မိခဲ့တဲ့ ၄ လသားအရွယ် ကလေးငယ်တဦးကို အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ကြပါတယ်။ Kathmandu Today သတင်းစာရဲ့ ဖော်ပြချက်အရ ငလျင်လှုပ်ခတ်ခဲ့တဲ့ ဧပြီ ၂၅ ရက်နေ့က အဆောက်အဦပျက်တွေကြားမှာ ကလေးငယ်ကို ကယ်ဆယ်ရေးအဖွဲ့တွက ရှာဖွေခဲ့ကြပေမယ့် ညသန်းခေါင်ရောက်တဲ့အထိ မတွေ့ခဲ့လို့ လက်လျော့ပြန်လာခဲ့ကြတာပါ။ အဲဒီညပိုင်းမှာ ကလေးငိုသံ
Posted: 29 Apr 2015 10:49 PM PDT
ခတ္တမန္ဒူ ၊ ၃၀-၄-၂၀၁၅ နီပေါနိုင်ငံတွင် အင်အားပြင်း ငလျင်လှုပ်ခတ် ပြီးနောက် အပျက်အစီး များအကြား နာရီပေါင်း ၈ဝ ကြာ ပိတ်မိနေခဲ့သည့် အမျိုးသား တစ်ဦးကို ပြင်သစ် ကယ်ဆယ်ရေး အဖွဲ့က အောင်မြင်စွာ ကယ်ဆယ် နိုင်ခဲ့ကြောင်း သိရသည်။ ရီရှီခါနာ အမည်ရှိ အမျိုးသား သည် ခတ္တမန္ဒူ မြို့တော်မှ မိုင် ၅ဝ အကွာတွင် လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် မြို့တော် အပြင်ဘက်ရှိ အပျက်အစီးများ အောက်၌ ပိတ်မိ နေခဲ့ခြင်း ဖြစ်ပြီး ၄င်းကို ပြင်
Posted: 29 Apr 2015 10:10 PM PDT
 အမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်ပုံ။ Photo: RFA  အမျိုးသားလွတ်တော်ဥက္ကဌ ဦးခင်အောင်မြင့် က နိုင်ငံတော်ရဲ့ အကျိုးစီးပွားကို အဓိကထားစဉ်းစားတဲ့ အနေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်သမ္မတ အဖြစ် ရွေးချယ်ခွင့်ပြုသင့်တယ်လို့ မနေ့က ပြောကြား လိုက်ပါတယ်။ တောင်ကိုးရီးယားနိုင်ငံကို ရောက်ရှိနေတဲ့ ဦးခင်အောင်မြင့်က ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတအဖြစ် ရွေးချယ်ခွင့်ကနေ
Posted: 29 Apr 2015 10:07 PM PDT
ရန်ကုန် ဧပြီ ၂၉ သရုပ်ဆောင် မင်းအုပ်စိုး၏ အမှုနှင့်ပတ်သက်၍ ယနေ့နံနက် ပိုင်းတွင် ရန်ကုန် အနောက်ပိုင်း ခရိုင်တရားရုံး၌ ဆက်လက်စစ်ဆေး မှုကိုပြုလုပ်ခဲ့ရာ တရားခံဘက်မှ သက်သေအဖြစ် ၄င်း၏ မိသားစု ဆရာဝန်အား စစ်ဆေးမေးမြန်မှု များ ပြုလုပ်ခဲ့ကြောင်း သက်ဆိုင်ရာ ခရိုင်တရားရုံးမှ သိရသည်။ စစ်ဆေးမေးမြန်းမှုတွင် ၄င်းတို့ ၏မိသားစုဆရာဝန်၏ထွက်ဆိုချက် မှာ အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိချိန်တွင် သေဆုံးသူမတေး နုယဉ်မှာ သရု
Posted: 29 Apr 2015 09:46 PM PDT
ကိုးကန့် တပ်ဖွဲ့ ဝင် တချို့   ကိုးကန့်တပ်က ဖမ်းမိထားတဲ့ အစိုးရတပ်ဖက်က စစ်သုံ့ပန်း ၅ ယောက်ရှိနေပြီး၊ အဲ့ဒီလူတွေကို မကြာခင်ပြန် လွှတ်ပေးမယ်လို့ သိရပါတယ်။ သူတို့ထဲကတစ်ယောက်က ဒဏ်ရာရထားလို့ကုပေးနေပြီး၊ စစ်ဆေးမေးမြန်းပြီးတဲ့အခါ ပြန်လွှတ်မယ်လို့ MNDAA ပြောခွင့်ရပုဂ္ဂိုလ် ဦးထွန်းမြတ်လင်းက RFA ကို ပြောပါတယ်။ "၅ ဦးမှာ တစ်ဦးက ဒဏ်ရာနည်းနည်းပြင်းထန်လို့ ပခုံးမှာဒဏ်ရာလည်းရတယ် ပေါင်မှာလည်း ဒဏ်ရာရတယ်ဆိုေ
Posted: 29 Apr 2015 09:00 PM PDT
ရန်ကုန်၊ ဧပြီ ၃၀  ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်မှ ရန်ကုန်သို့ ပြန်လာသူ ရခိုင်အမျိုးသမီး တစ်ဦးထံမှ တက်စီဒရိုင်ဘာနှင့် အပေါင်းအပါတစ်ဦးတို့မှ သူမ ၀တ်လာသော လက်ဝတ်ရတနာများကို လုယူသွားသည်ဟု သိရသည်။ အလုခံရသည့် အမျိုးသမီးမှာ ရမ်းဗြဲမြို့နယ် အောင်လှပြင်ကျေးရွာမှ မချစ်စုထွေး (၃၂) နှစ် ဖြစ်ပြီး ဧပြီလ ၂၉ ရက်နေ့ နံနက် ၃ နာရီခွဲတွင် အောင်မင်္ဂလာ အဝေးပြေးကားဂိတ်မှ တက်စီ တစ်စီးဖြင့် ပြန်လာစဉ် လုယက်ခံခဲ့ရခြ
Posted: 29 Apr 2015 09:00 PM PDT
ထိုင်းနိုင်ငံ တောင်ပိုင်း ကော့သောင်ကျွန်းမှာ ဗြိတိန် နိုင်ငံသား နှစ်ဦး အသတ်ခံခဲ့ရမှုနဲ့ ပတ်သက်လို့ လူသတ်မှုနဲ့ စွဲချက်တင်ခံထားရတဲ့ မြန်မာနှစ်ဦးရဲ့အမှုကို ခေါ့စမွီး ခရိုင် တရားရုံးမှာ တရားလိုပြ သက်သေတွေကို ဒီကနေ့ ဧပြီလ ၃၀ ရက်နေ့မှာ စစ်ဆေး ကြားနာမှာ ဖြစ်ပါတယ်။ ဒီအမှုမှာ မျက်မြင်သက်သေရယ်လို့ တယောက်မှ မရှိဘဲ အခုတရားလို သက်သေတွေဟာ အမှုနဲ့ ပတ်သက်လို့ ဖြစ်နိုင်ခြေ ရှိတယ် ဆိုတဲ့ အမှုကို စစ်ဆေးသူတွေ၊ CCTVြ
Posted: 29 Apr 2015 09:00 PM PDT
 ဗဟို အာဖရိက သမ္မတနိုင်ငံမှာ တာဝန်ထမ်းဆောင်နေစဉ် ပြင်သစ် ငြိမ်းချမ်းရေး တပ်ဖွဲ့ဝင်တွေက ကလေးငယ်တွေကို လိင်ပိုင်းဆိုင်ရာ မတော်မတရား ပြုကျင့်ခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ ပြင်သစ် အစိုးရ ရှေ့နေတွေက စုံစမ်း စစ်ဆေးနေပါတယ်။ ပြစ်မှု ထင်ရှားတဲ့ ဘယ်စစ်သားကိုမဆို အပြင်းထန်ဆုံး ပြစ်ဒဏ်နဲ့ အရေးယူ အပြစ်ပေးဖို့ တောင်းဆိုမယ်လို့ ပြင်သစ် ကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လက ကုလသမ
Posted: 29 Apr 2015 09:00 PM PDT
 ၂၀၁၃ ခုနှစ်က အီဂျစ်နိုင်ငံ မြို့တော် ကိုင်ရိုက ခရစ်ယာန်ဘုရားကျောင်းတကျောင်းကို မီးရှို့မှုနဲ့ စွပ်စွဲခံရသူ မွတ်စလင်ညီအကိုတော်များပါတီ ထောက်ခံသူ ၆၉ ဦးကို အီဂျစ်တရားရုံးက ဧပြီ ၂၉ ရက်နေ့က ထောင်ဒဏ်တသက်တကျွန်းချခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်က ရွေးကောက်ခံ သမ္မတ မိုဟာမက်မော်စီ အဖြုတ်ချခံရအပြီး ဆန္ဒပြပွဲတွေအတွင်း ကျေးရွာဘုရားကျောင်းတကျောင်းကို မီးတင်ရှို့ခဲ့ကြတယ်လို့ စွပ်စွဲခံကြရတာပါ။ ဒီမတိုင်ခင်ကလည်း မွတ်စလင်
Posted: 29 Apr 2015 09:00 PM PDT
 မေလလလယ်လောက်မှ မုတ်သုန်လေ၀င်ရောက်နိုင်မှာဖြစ်လို့ တောင်သူတွေ အနေနဲ့ သတိပြုထွန်ယက်စိုက်ပျိုးကြဖို့ မိုးလေ၀သဌာနက ဒုတိယညွှန်ကြားရေးမှုးချုပ် ဦးကျော်မိုးဦးက ပြောပါတယ်။ “မုတ်သုန်အ၀င်က နောက်ကျပါတယ်။ မြန်မာတောင်သူတွေက မြန်မာနှစ်ကိုယူပြီးတော့ တန်ခူးလပြီးရင် ထွန်ယက်စိုက်ပျိုးကြတယ်ဆိုတာမျိုးရှိတယ်။ မေလဆို စိုက်ပျိုးကြဖို့လုပ်တော့ အဲ့ဒီအချိန်မှာ မိုးကပြတ်သွားတော့ ပျိုးပင်တွေ သေကုန်တတ်ပါတယ်၊စိုက်ပျိုး
Posted: 29 Apr 2015 05:35 PM PDT
ဧပြီ ၂၉  ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ၀ဲကြီးထောင့် လင်းစင် ရွာသစ် ရွာသားများကို စစ်တပ်က ဖမ်းဆီးနှိပ်စက်မှုများ ရှိနေသည်ဟု ကျေးရွာသားများက နိရဉ္စရာသို့ ပြောကြားသည်။ ဧပြီလ ၂၃ ရက်နေ့မှ ၂၈ ရက်နေ့ထိ ဖမ်းဆီးခံရသူ ၇၀ နီးပါးခန့်ရှိပြီး နှိပ်စက် ညှဉ်းပမ်းမှုများ ရှိနေသဖြင့် ကျေးရွာသားများအနေဖြင့် အထူး ဒုက္ခရောက်နေကြသည်ဟု ကျေးရွာသားများက ပြောဆိုသည်။ “ ကျွန်တော်တို့ကို ရက္ခိုင့်တပ်မတော်ကို အားပေးတယ်
Posted: 29 Apr 2015 04:44 PM PDT
ဧပြီ ၂၉ ရက် ၂၀၁၅ သျှမ်းပြည်မြောက်ပိုင်း မန္တလေး လားရှိုး မူစယ် တရုတ်နယ်စပ် ကို ဆက် သွယ်ထားသည့် ပြည်ထောင်စုလမ်းမ မူစယ်-ကွတ်ခိုင်လမ်းပိုင်းအား TNLA ခေါ် တအာင်း(ပလောင်)တပ်မတော်က ယနေ့မနက်ပိုင်းက ယာယီထိန်းချုပ်လိုက်သည်။ TNLA လက်နက်ကိုင်တပ်ဖွဲ့မှ ပြည်ထောင်စုလမ်း၏ ကွတ်ခိုင် - မူစယ် လမ်း ပိုင်း အား ယနေ့ ဧပြီ ၂၉ ရက် နံနက်ခင်းပိုင်းတပိုင်းလုံး ထိန်းချုပ် ကာ ဖြတ် သန်း သွားလာသည့် ခရီးသွားကားများ ကု
Posted: 29 Apr 2015 04:42 PM PDT
Photo: ကန်ချနပူရီ တွင်ထိုင်းရဲများဖမ်းမိသော မြန်မာနိုင်ငံသားများ  ဧပြီလ ၂၉ ရက် ၂၀၁၅ ထိုင်းနိုင်ငံတောင်ပိုင်း ကန်ချနပူရီခရိုင် ဘန့်ကောဝ်အုပ်စုအနီးတွင် ထိုင်းနိုင်ငံသို့ ခိုးဝင်သည့် မြန်မာနိုင်ငံသား ၃၀ ခန့်အား ထိုင်းရဲများက ယနေ့ဖမ်းဆီးလိုက်သည်။ ဧပြီလ ၂၉ ရက် နံနက် ၅ နာရီက ကန်ချနပူရီ မြို့တွင်းမြို့နယ်ဖြစ်သည့် ဘန့်ကောဝ်ရွာ အနီးတွင် လူအပြည့်တင်ဆောင်သော Isuzu Mu-7 ဗင်ကားတစီးအား မသင်္ကာသဖြင့် လြုံ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...