Monday, April 13, 2015

#‎မှတ်သားဖွယ်ရာ‬ မဆိုမမိန့်များ


၁။ တစ်ကိုယ်ကောင်းဆောင်ရွက်ပါ။ အချောင်ရလျှင် ဝေစုခွဲပေးစရာမလိုတော့။
၂။ ဆုံးဖြတ်ချက်များသည် အကောင်အထည်ဖော်ရန်မဟုတ်။ နာမည်ဖော်ရန်အတွက်သာဖြစ်သည်။
၃။ အမြင်ကျဉ်းပါ။ အမြင်ကျယ်လျှင် မျက်စိညောင်းသည်။
၎။ ပညာမာန်တက်ပါ။ ပညာတကယ်မရှိသော်လည်း မာန်တက်လျှင် ပညာရှိဟုအထင်ခံရမည်။
၅။ ရှုပ်ရှုပ်ထွေးထွေးနေပါ။ ရိုးရှင်းမှုသည် ဖြောင့်တန်းသောကြောင့် သင်ဘယ်ကိုဦးတည်နေသည်ကို သိနိုင်သည်။

၆။ လုပ်သင့်တာထက် လုပ်ချင်တာကိုဦးစားပေးပါ။ လုပ်သင့်တာကို သူများတွေလုပ်ကြပါလိမ့်မည်။
၇။ ဆုံးဖြတ်ချက်ချမထားပါနှင့်။ ဟိုလိုလို ဒီလိုလို လွင့်မျောခွင့်ပျောက်ဆုံးသွားလိမ့်မည်။
၈။ ကိုယ့်လမ်းကိုယ်မထွင်ပါနှင့်။ တောရှင်းရတာ အန္တရာယ်များလှသည်။
၉။ တာဝန်ယူစိတ်မထားပါနှင့်။ တာဝန်ယူစိတ်ရှိခြင်းသည် ကိုယ့်ကိုကိုယ်တရားခံရှာခြင်းဖြစ်သည်။
၁၀။ များများပြောပြီး နည်းနည်းနားထောင်ပါ။ နားနှစ်ဖက်ပါခြင်းသည် ဒီဘက်နားမှဝင်ပြီး ဟိုဘက်နားမှပြန်ထွက်စေရန်ဖြစ်သည်။
၁၁။ ယနေ့ပြီးနိုင်သောအလုပ်ကို မနက်ဖြန်သို့ရွှေ့ပါ။ အလုပ်များသူဟုအထင်ကြီးခံရမည်။
၁၂။ သူများစကားပြောနေလျှင် စိတ်ဝင်စားဟန်မပြပါနှင့်။ သူ့စကားအောင်မြင်မှုရရန် အခွင့်အလမ်းနည်းသွားမည်။
၁၃။ အရည်မရအဖတ်မရစကားကို များများပြောပါ။ ယခုအခါတွင် ကွမ်းယာသည်များအဆင်ပြေနေသည်။
၁၄။ စာများများမဖတ်ပါနှင့်။ အစာနှစ်မျိုးအနက် စိတ်၏အစာဟုခေါ်ဆိုကြသော စာဖတ်ခြင်းသည် စာအုပ်ဖိုး၊ ငှားခနှင့် ၀င်ကြေးများကုန်ကျသော်လည်း ဗိုက်မ၀။
၁၅။ အနည်းငယ်ဖတ်ပါက အပျင်းပြေ၊ အပျော်ဖတ်၊ အရည်မရအဖတ်မရစာများကိုသာ ရွေးဖတ်ပါ။ စကားဝိုင်းများကို သင်စိုးမိုးထားနိုင်လိမ့်မည်။
@ Funny World

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...