Tuesday, April 14, 2015

အမူးသမား ၄၃ ပါး..အများ..သိစေအပ်


* ၁) ခွေးမူး.... မူးလာသည်နှင့် အခြားသူများကို ဒေါသထွက်ကာ ရန်ရှာတတ်သူ***
* ၂)ဆိတ်မူး..... တွေ့သမျှ စားစရာများ အမြည်းများကို တယောက်တည်း ဒိုင်ခံအားပေးသူ****
* ၃)ကြက်မူး.... ရေချိန်မှန်လာလျှင် မိန်းကလေးများကိုသာ စိတ်ဝင်စားတော့သူ****

* ၄)မျောက်မူး....ခုန်ချင်ပေါက်ချင် ကချင်လာသူ****
* ၅)၀က်မူး....တွေ့ရာနေရာတွင် ထိုးအိပ်တတ်သူ****
* ၆)ဆက်ရက်မူး..... အဆက်မပြတ် တော်ကီလွှတ်သောသူ**
* ၇)တောက်တဲ့မူး.....ခွါမရတော့အောင် ကပ်ရစ်၍ တိုင်ပတ်သောသူ****
* ၈)နွားမူး....မူးလာလျှင် ချည်တိုင်ကို သတိရ၍ ပြန်ရန်ပြင်တတ်သူ****
* ၉)ဖွတ်မူးပုတတ်မူး.... အမူးပြေသွားလျှင် မူးနေစဉ် လုပ်သည်များကိုဘာမျှ မမှတ်မိဟု ပြောတတ်သူ****
* ၁၀)မြွေမူး... မည်မျှသောက်သောက် တွင်းဝင်ဖြောင့်သူ (လုပ်စရာရှိသည်များကို
မမှားဘဲလုပ် နိုင်သူဟု ဆိုလိုသည်****
* ၁၁) သာလိကာမူး... နှစ်ပက်လောက်သောက်ပြီးတိုင်း ငါမူးနေပြီကွ ဟု အမြဲပြောတတ်သူ
၁၂) ခိုမူး ....မူးလာရင် မပြေလည်တဲ့အကြောင်းတွေပြောပြီးညည်းတတ်သူ****
၁၃)ငုံးမူး ......ကြက်မူးလောက်မဆိုးပေမ ယ့် မူးလာရင် အနှိပ်ခန်းလေး ၊ကေတီဗီလေးသွားဖို. စည်းရုံးတတ်သူ.....****
၁၄) ကြွက်မူး.....မူးလာရင် သူများပစ္စည်းတွေ..ကားသော. ၊ဟန်းဖုန်း၊ ဖိနပ်စသည်တို.ကို လိုက်ဖွက်ထားတတ်သူ....****
၁၅)ဥသြမူး...မူးလာလျှင်နာမည်တခုကိုထပ်ခါထပ်ခါခေါ်ကာငိုချင်းချတတ်သူ... ****
( ၁၆ ) မျောက်မှုး - မှုးလာရင် ဟိုဆိုင် ဒီဆိုင် ၊ ဟိုဟာ မှ ဒီဟာ သို့ကူးချင်သူ****
( ၁၇ ) ကြွက်မှုး - မှုးလာရင် အိမ်ကမိန်းမမသိအောင် ၊ ဟိုစပ်စပ် ဒီစပ်စပ်အကုန်လုပ်ချင်သူ ( ခိုးစားချင်သူ ) *
(၁၈) ခြင်္သေ့မှုး - မှုးလာပါက လူတကာကို ဟိန်းလားဟောက်လား နှင့် သတ္တိကောင်းလာသူ**
(၁၉) ခွေးအမှုး - မှုးလာပါက ကေတီဗွီ ဆိုင်ကို သွားပြီး အူချင်သူ (အိမ်မပြန်ချင်ဘူး ၀ူး ၀ူးးးးး )****
(၂၀) ကြောင်မှုး - မှုးလာပါက မိန်းခလေးများနှင့် ပွတ်သီးပွတ်သပ် နေချင်သူ****
(၂၁) လဒမှုး - မှုးလာလေလေ မှိုင် လာလေလေ ဖြစ်လာသူ****
(၂၂) တောခွေးမှုး - မှုးလာပြီး ဘော်ဒါစုံပါက အဖွဲ့အားကိုး နဲ့ မိုက်ချင်သူ****
(၂၃) ဖားကပ်မှုး - မှူးသာမှုးပြီး အိပ်ထဲက ပိုက်ဆံကို မထုတ်သူ****
ှု( ၂၄ ) အိမ်မြှောင်မှုး - မှုးလာပါက ဆုံးရှုံးခဲ့သမျှကို စုတ်သတ်ပြီး ညည်းညူတတ်သူ****
( ၂၅) တောဝက်မှုး - မှုးလာပါက မြင်မြင်သမျှ အစွယ်နှင့် လိုက်ပက်သကဲ့သို့ရန်ရှာတတ်သူ****
(၂၆)ပုတ်သင်မူး...မူးလာလျှင်ဘယ်သူပြောပြောမပြောပြောခေါင်းတညိမ့်ညိမ့်လုပ်နေတတ်သူ...****
(၂၇)-ဖားပြုတ်မူး...မူးလာလျှင် မျက်ခွံတ၀က်စင်းထားကာ ပါးစပ်ကိုပြုံးဖြီးဖြီးကြီးလုပ်- ဆရာလိုလို သဘာလိုလို**** မိန့်မိန့်ကြီးထိုင်နားထောင်နေတတ်သူ။****
(၂၈)-ခွေးမူးနောက်တမျိုး-မူးလာလျှင် မြင်မြင်ရာကားဘီး လမ်းဘေးသစ်ပင်****
ဓါတ်တိုင် ၊အခန်းထောင့်တို့ကိုရှူရှူးပေါက်တတ်သူ။****
(၂၉) မြင်းမှုး - မှုးလာလျှင် တဟီးဟီး တဟားဟား ရယ်တတ်သူ****
(၃၀) ဌက်မှုး - မှုးလာရင် ဌက်ကဲ့သို ပျံတော့မတတ် တက်ကြွသူ****
၃၁။ ပုရွက်ဆိတ်မှုး - မှုးလာလျှင် အလုပ်ကို မရပ်မနားတန်း လုပ်တတ်သူ****
(၃၂) ဆင်မှုး - မှုးလာလျှင် လမ်းမှန်းမသိ ခြုံမှန်းမသိ တိုးချင်းရာ တိုးသူ****
(၃၃) ကျွဲမှုး - မှုးလာရင် မကြာခဏဂုတ်ပိုးရေဆွတ် မျက်နှာသစ် လုပ်တတ်သူ****
(၃၄) သမင်မှုး - မှုးလာပါက သမင်ချိုခက် တ၀င့်ဝင့် လုပ်သကဲ့သို့ပိုင်ဆိုင်သမျှကြွားတတ်သူ ****
(၃၅) လိပ်မှုး - မှုးလာပါက လိပ်ကဲ့သို့ လုပ်သမျှ ပြောသမျှ နှေးကွေးသွားသူ ****
(၃၆) ပက်ကျိမှုး - မှုးလာရင် ဂျီကျ ချွဲနွဲ့တတ်သူ ****
(၃၇) ပိုးဖလံမှုး - မှုးသွားပါက ကိလေသာ မီး တိုးချင်သောသူ****
(၃၈) စပါးကြီးမြွေမှုး - သောက်ဖော်သောက်ဖက်များကို ရစ်ပတ်ပြီး ပြသနာရှာသောသူ **
(၃၉) သာလိကာမှုး - မှုးလာလေ စကားပြောလာလေလေ ဖြစ်သောသူ****
(၄၀) ဆော်လမွန် ငါးမှုး - ဘယ်လောက်မှုးမှုး အိမ်ပြန်ချိန်တွင်
အိမ်ကိုအရောက်ပြန်သူ ****
(၄၁) ချေမှုး - မှုးလာပါက ချေ ( ဂျီ ) တစ်ကောင်ကဲ့သို့ အရာရာကို ကြောက်လာတတ်သူ *
(၄၂) ဇီးကွက်မှုး - မှုးလာလျှင် မျက်လုံးပြူးပြူး နှင့်ကြောင်တောင်တောင်
လိုက်ကြည့်နေတတ်သောသူ****
(၄၃) လင်းဆွဲမှုး - မှုးလာပါက ထိုင်နေလျှက် ကြမ်းပြင်ပေါ် ခေါင်းစိုက် သွားတတ်သူ*

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...