သစ်ထူးလွင် သတင်းစုစည်းမှု (၂၀-၄)
သစ်ထူးလွင် |
- ကျောက်တော်မြို့နယ် စစ်ဘေးဒုက္ခသည်များအတွက် ရိက္ခာလို
- ခေါင်းဆောင်များ လွတ်မြောက်ရေး အလုပ်သမားများ ဆုတောင်းပွဲလုပ်
- လျှပ်စစ်ရေနွေးအိုးမှ အပူလွန်ကဲ၍မီးလောင်မှုဖြစ်ပွား
- ပန်းဆေးပြည်သူ့စစ်နှင့် တအာင်းတပ် ပစ်ခတ်မှုဖြစ်ပွား
- ပြန်ကြားရေး အမြဲတမ်းအတွင်းဝန်အဖြစ် ဦးတင့်ဆွေကို ခန့်အပ်
- ၄၆ ဘီလျံ မြှုပ်နှံဖို့ တရုတ် သမ္မတ ပါကစ္စတန် ရောက်ရှိ
- အခြေခံ ဥပဒေမူကြမ်းကို ထိုင်းအစိုးရ စတင် ဆွေးနွေး
- ထိုင်းနိုင်ငံ ချင်းမိုင်တွင် မုန်တိုင်း သတိပေးချက်ထုတ်ပြန်
- မန္တလေးတွင် အိမ်ခြေ ၂၀ ကျော် မီးလောင်
- မြန်မာကြောင့် သံဖြူဈေးတွေ ကျဆင်း
- ဌာနေပြည်သူ့စစ်များ ဦးဆောင်ပြီး သင်္ကြန်ပွဲတော်နေ့များ၌ မူစယ်မြို့တွင် လောင်းကစားဝိုင်းများ ဖွင့်လှစ်
- နိုင်ဂျီးရီးယားမှာ လူ ၁၈ ဦး အဆိပ်အတောက်ဖြစ် သေဆုံး
- တောင်အာဖရိက လူမျိုးရေးပဋိပက္ခ သေဆုံးသူ ၈ ဦးရှိ
- ကိုးကန့်တိုက်ပွဲ အကျအဆုံး အစိုးရ စစ်တပ် ထုတ်ပြန်
- မလေးရှားရောက် ဒုက္ခသည် ကလေးငယ်တွေ ပညာရေး အခက်တွေ့
- လစ်ဗျားနားမှာ လှေကြီးမှောက် ၇၀၀ လောက်သေ
- သံတွဲမှာ ဒေသခံ တွေနဲ့ ရွှေ့ပြောင်း ရေလုပ်သားတွေ ခိုက်ရန် ဖြစ်ပွား
- လူသတ်မှုကျူးလွန်သူ လေးဦးအနက် နှစ်ဦးကို ဖမ်းဆီးရမိ
- ရွှေကျင်မြို့၌ ဓာတ်ဆီဖြည့်စဉ် မီးလောင်မှုဖြစ်ပွား
- ပြည်သူ့ရဲတပ်ဖွဲ့ ဖြစ်လာဖို့
- မေလထဲ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ လုပ်နိုင်လောက်ဖွယ် မရှိ
- စက်မှုဇုန်မှစွန့်ပစ်သော ရေဆိုးများကြောင့် တောင်သမန်အင်းအတွင်း ငါးများသေဆုံးမှုဖြစ်ပေါ်
- လှေမှောက်သေဆုံးနေမှု ကိုင်တွယ်ဖို့ အီးယူအပေါ် ဖိအားတိုး
- လုံးခင်းကျေးရွာအုပ်စုအတွင်း တိုက်ပွဲများ ဖြစ်ပွားနေစဲ
- နတ်တလင်း၌ မြေတူးဖော်စဉ်တွေ့ရှိသည့် စေတီ နှစ် ၂၀၀ ကျော် သက်တမ်းရှိ
Posted: 20 Apr 2015 07:45 AM PDT
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှာ အစိုးရတပ်နဲ့ AA ရက္ခိုင့်တပ်မတော်တို့ ပြီးခဲ့တဲ့ရက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာ အနီးတဝိုက်က ကျေးရွာလေးရွာက ဒေသခံ ၄၅၀ လောက်ဟာ မလှမ်းမကမ်းရှိ စပါးဆိပ်ကျေးရွာကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ စစ်ဘေးဒုက္ခသည်တွေဟာ စပါးဆိပ်ကျေးရွာက စာသင်ကျောင်းမှာ ခိုလှုံနေပြီး စားနပ်ရိက္ခာ အကူအညီတွေလိုအပ်နေတယ်လို့ ဒုက္ခသည်တွေကို ကူညီဆောင်ရွက်ပေးနေတဲ့ ကျောက်တော်မြို့ခံ ကိုဇော်
|
Posted: 20 Apr 2015 07:39 AM PDT
လုပ်သမားခေါင်းဆောင်နှစ်ဦးနဲ့ ကူညီသူသုံးဦး လွတ်မြောက်ဖို့ အတွက် ဧပြီလ ၂ဝ ရက်နေ့က ရန်ကုန်မြို့ ဆူးလေဘုရားမှာ ဆုတောင်းနေကြစဉ်။ Photo: Kyaw Htoon Naing/RFA ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာစက်မှုဇုန် ၃ မှာရှိတဲ့ စက်ရုံသုံးရုံက အလုပ်သမားတွေစုပေါင်းပြီး အခြေခံ လစာ သုံးသောင်းတိုးပေးဖို့ ဆန္ဒပြခဲ့တာကြောင့် ဖမ်းဆီးခံထားရတဲ့ အလုပ်သမား ခေါင်းဆောင် နှစ်ဦးနဲ့ ကူညီသူ သုံးဦး စုစုပေါင်း ငါးဦး အမြန်ဆုံးလွ
|
Posted: 20 Apr 2015 07:34 AM PDT
မန္တလေး ဧပြီ ၂၀ မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ပြည်ကြီးပျော်ဘွယ်အနောက်ရပ်ကွက် အကွက်(၂၆၈) ၃၃ လမ်း ၈၈ လမ်းနှင့် ၈၇ လမ်းကြားရှိ ဥယျာဉ်အုပ်ဝင်း သွပ်မိုးထရံကာ ၂ ထပ်နေအိမ်တွင် ယနေ့မွန်းလွဲ(၁)နာရီ မိနစ်(၅၀)ခန့်က မီးလောင်မှုတစ်ရပ်ဖြစ်ပွားခဲ့ရာ နေအိမ် ၂၂ လုံးမီးလောင်ကျွမ်းသွားပြီး အိမ်ထောင်စု ၃၆ စုမှ အမျိုးသား ၁၁၅ ဦး၊ အမျိုးသမီး ၁၄၄ ဦး စုစုပေါင်း ၂၅၉ ဦး မီးဘေးသင့်ခဲ့ကြောင်း သိရသည်။ အဆိုပါဖြစ်စဉ်
|
Posted: 20 Apr 2015 07:05 AM PDT
ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်ထဲမှာ ပန်းဆေးပြည်သူ့စစ်အဖွဲ့နဲ့ တီအန်အယ်လ်အေ တအာင်းပလောင်တပ်တို့ကြား ဧပြီလ ၁၇ ရက်နေ့ မွန်းလွဲပိုင်းက ပစ်ခတ်မှုဖြစ်ပွားပြီး ပန်းဆေးပြည်သူ့စစ်ဘက်က သေဆုံးဒဏ်ရာရမှုရှိခဲ့ပါတယ်။ နမ့်ခမ်း-နမ့်ဖတ်ကာသွား တောင်ပေါ်လမ်းအပိုင်း ၁၂ မိုင်ကျေးရွာမှာ မူးယစ်ဆေးဝါး ရောင်းချမှုတွေရှိကြောင်း သတင်းရတဲ့အတွက် တီအန်အယ်လ်အေ တအာင်းတပ်ဘက်က သွားရောက်ပစ်ခတ်ဖမ်းဆီးခဲ့တာလို
|
Posted: 20 Apr 2015 06:56 AM PDT
ဦးတင့်ဆွေ အစိုးရ၀န်ကြီးဌာနတွေအတွက် အမြဲတမ်းအတွင်းဝန်ရာထူးသစ်တွေကိ
|
Posted: 20 Apr 2015 06:40 AM PDT
တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှု တွေကြောင့် ပါကစ္စတန် စီးပွားရေး တိုးတက်လာမယ်လို့ မျှော်လင့် ထားကြ။ တရုတ်နဲ့ ပါကစ္စတန် ၂ နိုင်ငံ စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု ခိုင်မာစေဖို့ ရည်ရွယ်တဲ့ ၂ ရက်ကြာ ခရီးစဉ် အဖြစ် တရုတ် သမ္မတ ရှီကျင်းပင် ပါကစ္စတန် နိုင်ငံကို ရောက်ရှိ နေပြီး အဲဒီမှာ ဒေါ်လာ ၄၆ ဘီလျံ တန်ကြေးရှိမယ့် ရင်းနှီး မြှုပ်နှံမှု အစီအစဉ်တွေကို ကြေညာမယ်လို့ ယူဆရပါတယ်။ အဲဒီ ရင်းနှီးငွေ တွေကို တရုတ်နဲ့
|
Posted: 20 Apr 2015 06:36 AM PDT
ထိုင်းနိုင်ငံမှာ နိုင်ငံရေး မတည်ငြိမ်မှု တွေကို ဆယ်စုနှစ် တစ်ခုနီးပါး တွေ့ကြုံနေခဲ့ရ။ ထိုင်းနိုင်ငံမှာ ဝန်ကြီးချုပ်ဟောင်း ယင်လတ် ရှင်နာဝပ်ကို ထိုင်း စစ်တပ်က ဖြုတ်ချခဲ့တာ တစ်နှစ် ကြာခဲ့ပြီးနောက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ်နဲ့ ပတ်သက်ပြီး တစ်ပတ် ကြာမြင့်မယ့် အခြေအတင် ဆွေးနွေးမှု တွေကို စစ်တပ်က ခန့်အပ်ထားတဲ့ ပြုပြင် ပြောင်းလဲရေး ကောင်စီက စတင်လိုက်ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်က တင်သွင်းခဲ့တဲ့ ဥပဒေ
|
Posted: 20 Apr 2015 06:33 AM PDT
ဓာတ်ပုံ - chiangmaicitylife.com ဧပြီ ၂၁-၂၄ ရက်အထိ ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မှာ မုန်တိုင်း သတိပေးချက် ထုတ်ပြန်ထားပါတယ်။ တရုတ်ဘက်ကနေ တိုက်ခတ်လာတဲ့ ဒီမုန်တိုင်းကြောင့် သစ်ပင်ကြီးတွေ ဆိုင်းဘုတ်တွေနဲ့ မခိုင်ခန့်တဲ့ အိမ်တွေမှာ မနေဖို့ ဒေသခံတွေကို သတိပေးထားတယ်လို့ ချင်းမိုင်မြို့တော် သတင်းမှာ ရေးပါတယ်။ မုန်တိုင်းဟာ ၃ ရက်ကြာတိုက်ခတ်မှာ ဖြစ်ပြီး ဧပြီ ၂၁ ရက်မှာ ချင်းမိုင်ကို ဖြတ်သန်း တိုက်ခ
|
Posted: 20 Apr 2015 06:30 AM PDT
မန္တလေးတိုင်း ဒေသကြီး ချမ်းအေးသာစံမြို့နယ် ဥယျာဉ်အုပ်ဝင်းရပ်ကွက် ၃၃ လမ်း ၃၄လမ်းကြား ၈၈ လမ်းမှာ ဧပြီ ၂၀ ရက် နေ့လယ်ပိုင်းက ၀ါယာရှော့ခ်ဖြစ်လို့ မီးလောင်ခဲ့ပါတယ်။ နာရီဝက်ကြာ လောင်ကျွမ်းခဲ့တဲ့ မီးကို မီးသတ်ကား ၃၀ လောက်နဲ့ ငြိမ်းသတ်ခဲ့သလို မီးကြောင့် နေအိမ် ၂၀ ကျော် လောင်ကျွမ်းသွားတယ်လို့ အဲဒီနေရာမှာ သတင်းရယူနေတဲ့ ဒီဗွီဘီ သတင်းထောက်က ပြောပါတယ်။ မီးကြောင့် ထိခိုက်ဒဏ်ရာ သေဆုံးတဲ့စာရင်းတော့ မသိရသေး
|
Posted: 19 Apr 2015 10:45 PM PDT
ကမ္ဘာ့ သံဖြူဈေးတွေ ကျဆင်းနေတာက မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံကို သံဖြူတွေ အများအပြား တင်ပို့နေတာကြောင့် ဖြစ်တယ်လို့ သိရပါတယ်။ ကမ္ဘာ့သံဖြူဈေးတွေဟာ ၅ နှစ်ကျော် ကျဆင်းနေတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံက တရုတ်နိုင်ငံကို သံဖြူတွေ အများအပြား တင်ပို့ နေတဲ့အတွက် ကမ္ဘာ့သံဖြူဈေးနှုန်း ကျဆင်းရတာ ဖြစ်တယ်လို့ Dow Jones စီးပွားရေး သတင်းမှာ ဖော်ပြထားပါတယ်။ သံဖြူဈေး ၉% ကျဆင်းခဲ့တာ ဖြ
|
Posted: 19 Apr 2015 09:11 PM PDT
ဧပြီလ ၂၀ ရက်နေ့ ၂၀၁၅ သျှမ်းပြည်မြောက်ပိုင်း မူစယ်မြို့ တွင် ဌာနေ ပြည် သူ့စစ်အဖွဲ့များဦးဆောင်ပြီး သင်္ကြန်ပွဲတော်ရက်နေ့များ၌ လောင်းကစားဝိုင်းများ ဖွင့်လှစ်ကြောင်း သတင်းရရှိ သည်။ လောင်းကစားဝိုင်းဖွင့်လှစ်နေသော
|
Posted: 19 Apr 2015 09:05 PM PDT
နိုင်ဂျီးရီးယားနိုင်ငံ အရှေ့တောင်ဘက် အပိုင်းမှာ အဆိပ်အတောက်ဖြစ်စေတဲ့ ဓာတုပစ္စည်းတွေ ရောနှောနေတဲ့အရက်တွေ သောက်သုံးမိလို့ လူ ၁၈ ဦး သေဆုံးခဲ့ပါတယ်။ အဲဒီကလာတဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့ အဆိုအရ ပိုးသတ်ဆေးတွေ ရောနှောနေတဲ့အတွက်လို့ ဆိုပါတယ်။ အခင်းဖြစ်ခဲ့ရာ ဒေသတွင်းက အရက်ဘားတခုမှာ ဂျင်အမျိုးအစား အရက်ကို သောက်သုံးမိသူတွေဟာ ၂၄ နာရီအတွင်း သေဆုံးကုန်ကြတာ ဖြစ်ပါတယ်။ BBC Burmese https://
|
Posted: 19 Apr 2015 08:52 PM PDT
တောင်အာဖရိကနိုင်ငံမှာ နိုင်ငံခြားသားနောက်ထပ် ၂ ယောက် ဧပြီ ၁၈ ရက်က တိုက်ခိုက်ခံရပြီး သေဆုံး သွားလို့ မတ်လကုန်ပိုင်းက စတင်ခဲ့တဲ့ လူမျိုးရေး အဓိကရုဏ်းကြောင့် သေဆုံးသူ ၈ ဦး ရှိသွားပြီလို့ ရဲအဖွဲ့က ပြောပါတယ်။ သေဆုံးသူ ဘယ်သူဘယ်ဝါဆိုတာကတော့ အတည်ပြုရဦးမယ်လို့ ဆိုပါတယ်။ အရင်တပတ်က စလို့ မြို့တော် ဂျိုဟန်နက်စဘာ့ဂ်မှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ ပေါ်ပေါက်နေတာကြောင့် လမ်းတွေမှာ ရဲတွေက လုံခြုံရေးကို အထူြး
|
Posted: 19 Apr 2015 08:28 PM PDT
ကိုးကန့်တပ်ဖွဲ့ဝင် တချို့ကိုတွေ့ရစဉ်။ Photo: AFP ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ ၉ ရက်နေ့က စတင်ပြီး ကိုးကန့်ဒေသမှာ အစိုးရတပ်နဲ့ MNDAA ကိုးကန့်တပ်ဖွဲ့တွေကြား တိုက်ပွဲတွေဖြစ်ပွားခဲ့ရာမှာ အခုထိ အစိုးရ တပ်ဘက်က ၁၂၆ ယောက် ကျဆုံးပြီး၊ ၃၅၉ ယောက် ဒဏ်ရာ ရရှိခဲ့တယိလို့ စစ်တပ်ပိုင် မြ၀တီသတင်းက မနေ့က ကြေညာပါတယ်။ ဧပြီလ ၁၅ ရက်နေ့အထိ နှစ်ဘက်တပ်ဖွဲ့တွေ ထိတွေ့ရင်ဆိုင်တိုက်ပွဲပေါင်း
|
Posted: 19 Apr 2015 08:28 PM PDT
ဓါတ်ပုံ - UNHCR - Malaysia မလေးရှားနိုင်ငံမှာ ဒုက္ခသည် အဖြစ်မှတ်ပုံတင်ထားသူတွေရဲ့ ကလေးငယ် ၆၄ ရာနှုန်းဟာ ပညာသင်ကြား ခွင့် ငြင်းပယ်ခံနေကြပြီး၊ ၃၆ ရာနှုန်းသာ ကျောင်းတက်ခွင့် ရရှိကြတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က ပြောပါတယ်။ မလေးရှားရောက် ဒုက္ခသည်အများစုဟာ မြန်မာနိုင်ငံသားတွေဖြစ်ကြ ပါတယ်။ ဒီနှစ် ၂ဝ၁၅ ခုနှစ် ဇန်နဝါရီလအထိ UNHCR က မှတ်ပုံတင်ပေးထားတဲ့ ဒုက္ခသည်ဦးရေ တစ်သိန်းခွဲေ
|
Posted: 19 Apr 2015 08:27 PM PDT
လှေပေါ် လိုက်ပါလာသူတွေကို အီတလီတပ်က ကယ်ဆယ်စဉ် (Credit: Reuters) လစ်ဗျားနိုင်ငံ ကမ်းခြေကနေ ဥရောပ တိုက်ဆီကို ဝင်လာဖို့ ကြိုးစားတဲ့ လှေကြီးတစ်စီး တိမ်းမှောက်ခဲ့ရာ က လူအယောက်ပေါင်း ၇၀၀ လောက် သေဆုံးလိမ့်မယ်လို့ ခန့်မှန်းနေကြပါတယ်။ လစ်ဗျားနိုင်ငံကနေအထွက် အီတလီနိုင်ငံ တောင်ပိုင်း Lampedusa ကျွန်း နားမှာ တိမ်းမှောက်ခဲ့တာ ဖြစ်ပြီး လူပေါင်း ၂၈ ယောက်ကိုသာ ကယ်တင်နိုင်ခဲ့တယ်လို့ အီတလီကမ်းခြေ စောင့်တပ်က
|
Posted: 19 Apr 2015 04:27 PM PDT
ရခိုင်ပြည်နယ်တွင်းက ငါးဖမ်းလှေများ ရခိုင်ပြည်နယ် သံတွဲမြို့မှာ တနဂင်္နွေနေ့ နံနက်က ရခိုင်ပြည်နယ် အတွင်းက ရွှေ့ပြောင်း အခြေချနေထိုင်သူတွေနဲ့ ဒေသခံတွေ အကြား တုတ်တွေ၊ ခဲတွေနဲ့ တိုက်ခိုက်မှု ဖြစ်ပွားရာကနေ လူ ၃ ဦးဒဏ်ရာ ရရှိပြီး တစ်ဦးကိုတော့ ရဲက ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။ သံတွဲမြို့နယ် ဂျိတ္တော ကျေးရွာက ငါးဖမ်းဆိပ်မှာ ရခိုင်ပြည်နယ် ဒေသအသီးသီးက လာရောက်တဲ့ ရွှေ့ပြောင်း ရေလုပ်သားတွေအထဲက ခေါင်းဆောင် တစ်
|
Posted: 19 Apr 2015 04:27 PM PDT
မော်လူး ဧပြီ ၁၉ စစ်ကိုင်းတိုင်းဒေသကြီး အင်း တော်မြို့နယ် မော်လူးဒေသ မော်လူး ရဲတပ်ဖွဲ့စခန်းက လူသတ်မှုကျူးလွန် သည်ဟု မသင်္ကာသူလေးဦးအနက် နှစ်ဦးကို ဧပြီ ၁၆ ရက် နံနက် ၈ နာရီ မိနစ် ၂ဝ က ဖမ်းဆီးရမိခဲ့ ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၂၆ ရက် မွန်းလွဲ ၁၂ နာရီခွဲက မော်လူး နယ်မြေရဲစခန်းမှ အရှေ့ဘက်တစ်မိုင် ခွဲအကွာရှိ ဝေဘူဝေဘာတောရ ကျောင်းအနီး တောင်ယာခင်းလုပ် ကိုင်နေသူ ဦးထွန်းမြတ်မှာ ယင်း တောင်ယာအခ
|
Posted: 19 Apr 2015 04:27 PM PDT
ရွှေကျင် ဧပြီ ၁၉ ပဲခူးတိုင်းဒေသကြီး ရွှေကျင် မြို့နယ် ပွဲကုန်းရပ်ကွက် မင်းလမ်းတွင် ယနေ့ မွန်းလွဲ ၁ နာရီက ဆီဖြည့်စဉ် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရ သည်။ ဖြစ်စဉ်မှာ ရွှေကျင်မြို့နယ် ပွဲကုန်းရပ်ကွက် မင်းလမ်းတွင် ဖွင့်လှစ်ထားသော ဦးစိုးလင်းပိုင် ဧရာရွှေဝါစက်သုံးဆီ အရောင်းဆိုင် တွင် ဧပြီ ၁၉ ရက် မွန်းလွဲ ၁ နာရီက ဓာတ်ဆီဖြည့်ယာဉ်မှ ဓာတ်ဆီများကို ဆီသိုလှောင်ကန်ထဲသို့ ထည့်နေစဉ် ဆီထည့်သော ဂေါက်နှင့်
|
Posted: 19 Apr 2015 03:58 PM PDT
ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ အစီအစဉ်မှာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို ပြည်သူလူထုပါဝင်တဲ့ ရဲတပ်ဖွဲ့အဖြစ် ပြုပြင်ပြောင်းလဲနိုင်ဖို့ ကြိုးစားနေတယ်လို့ ချင်းပြည်နယ်ရဲမှုးကြီး မြင့်လွင်က ပြောဆိုပါတယ်။ ပြည်သူတွေကြားထဲက အခက်အခဲတွေ ပြဿနာတွေကို သိရှိဖြေရှင်းပေးနိုင်တဲ့ ရဲတပ်ဖွဲ့ဖြစ်ဖို့ နှစ်နဲ့ချီ အချိန်ကြာနိုင်သလို ရဲတပ်ဖွဲ့တွင်း အရည်ချင်းမြှင့်တင်ဖို့ လိုအပ်တယ်လို့ VOA နဲ့ သီးသန့်မေးမြန်းခန်းမှာ ချ
|
Posted: 19 Apr 2015 03:48 PM PDT
ဆန္ဒခံယူပွဲ ကျင်းပဖို့ လိုအပ်တဲ့ အခြေခံ ဥပဒေ ပြင်ဆင် မှု မျိုး လုပ်နိုင် မလား ဆိုတာ မေလထဲ အမီ ထွက် ပေါ် လာနိုင် မှာ မဟုတ်ဘူး လို့ ဒေါက်တာ အေးမောင် က သုံးသပ် ပါတယ်။ အခြေခံ ဥပဒေ ပြင်ဆင်ရေး နဲ့ ပတ်သက်ပြီး ပြည်လုံးကျွတ် ဆန္ဒခံ ယူ ပွဲ လုပ်ဖို့ လိုအပ် လာ ခဲ့ရင် မေလ အတွင်း ကျင်းပ ကြမယ် ဆိုပြီး ပြည်ထောင်စု လွှတ်တော် က သတ်မှတ် ထားချက် ဟာ မဖြစ် နိုင် လောက် တော့ဘူး ဆိုတဲ့ သုံးသပ်ချက် ထွက်ပေါ် လာပါ တယ်။ အခြေ
|
Posted: 19 Apr 2015 03:46 PM PDT
မန္တလေး ဧပြီ ၁၉ မန္တလေး အမရပူရမြို့နယ် တောင်သမန်အင်းအတွင်း ဝင်ရောက်လျက်ရှိသည့် စက်မှုဇုန်မှစွန့်ပစ်သောရေဆိုးမျ
|
Posted: 19 Apr 2015 08:08 PM PDT
လူမှောင်ခို ဂိုဏ်းတွေကို ကိုင်တွယ်ဖို့ ဝန်ကြီးချုပ် ရဲန်ဇီ တိုက်တွန်း။ မြေထဲပင်လယ်ထဲမှာ အာဖရိကတိုက်က လာကြသူတွေ လှေမှောက် သေဆုံး နေရတာတွေ ဆက်လက် ဖြစ်ပေါ်နေတဲ့အတွက် အဲဒီ့ ပင်လယ်ပြင်မှာ ကင်းလှည့် စောင့်ကြည့်ပုံ စောင့်ကြည့်နည်းတွေ ပြုပြင်ပြောင်းလဲဖို့ ဥရောပ ခေါင်းဆောင်တွေ အပေါ် ဖိအားတွေ အတော် ကျရောက်နေပါတယ်။ လစ်ဗျား ကမ်းရိုးတမ်း အလွန်မှာ လှေမှောက်ခဲ့ပြန်တဲ့အတွက် လူတွေ ရာနဲ့ချီ သေဆုံးခဲ့ကြရတယ်လို့
|
Posted: 19 Apr 2015 03:43 PM PDT
ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု ကံဆီးဟောရွာအနီးမှာ အစိုးရရဲ့ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် စကခ ၇ လက်အောက်ခံတပ်တွေနဲ့ ကေ အိုင်အေ တပ်ရင်း ၆ တပ်တို့ မနေ့ညနေကစပြီး ဒီနေ့ အထိ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။ နှစ်ဘက်တပ်တွေ တိုက်ပွဲဖြစ်ပွားနေတဲ့အတွက် ရွာသားတွေကို အပြင်မထွက်ဖို့နဲ့ ဘေးကင်းလုံခြုံ တဲ့ နေရာမှာ နေထိုင်ကြဖို့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ က နှိုးဆော်ထားတယ်လို့ ဒေသခံရွာသားတစ်ဦးက
|
Posted: 19 Apr 2015 03:42 PM PDT
နတ်တလင်း ဧပြီ ၁၉ ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် နတ်တလင်းမြို့နယ် သရက်တပင်ကျေးရွာ တွင် ရွာအတွင်းရှိ ခုံးတံတားပြုပြင်ရန်၊ အုတ်ဖုတ်ရန်အတွက် ကျေးရွာအုပ်ချုပ် ရေးမှူးဦးမြင့်စိုး ဦးဆောင်၍ ရွာသူရွာသား များဝိုင်းဝန်းပြီး ကျောင်းကြီးရွာနှင့် သရက် တပင်သွားသော လမ်းဘေးရှိ ဦးမြင့်စိုးပိုင် ခြံမြေအတွင်း ဖေဖော်ဝါရီ ၁၅ရက်မှစတင် တူးရာ ၁၉ရက် ညနေ ၃ နာရီတွင် နဂါး လိုလိုနယား လိုလိုအကောင်၏ ကိုယ်ထည် ပိုင်းကို
|
0 comments:
Post a Comment