Saturday, April 25, 2015

ဆုံချင်ပါသေးတယ်

ဖြန်းးးး!!!! ကနဲ အမေရိုက်ချပလိုက်တယ်။ (၈) တန်းကျောင်းသူဘဝတုန်းကပါ။
စစ်တပ်က ဗိုလ်တစ်ယောက်ရည်းစားစာပေးတာကို
စာပြန်ရေးနေတာ ပြန်မချစ်နိုင်တာကို ရိုးရိုးမရေးဘဲ
ကဗျာအနေနဲ့စပ်ပြီးရေးနေခဲ့တာ...


အနောက်ကနေဘယ်အချိန်ရောက်မှန်းမသိ ငုံ့ ကြည့်နေတဲ့အမေ့ဆီကပေါ့
အမေကဒီလိုပုံစံစာပြန်ရေးလို့က ဟိုက ရရင် "ပွာကကုသီးနာ တဲ့"
အခန့်မသင့် အပစ်သတ်ခံထိနေဦးမယ်တဲ့ အခုထိ မှတ်မိသေးတယ်။
ပေါက်ကရ အကျိုးအကြောင်အဆီငေါ် မမှန်မတည့် ကာရံမရှိ
မိုက်ရိုင်းခဲ့ပုံကိုကြည့်လေ ဘာတဲ့
"အရှေ့နေထွက်
ပန်းခြောက်ခက်
အရွက်ပြောင်းပြန်
တို့မပန်
နင့်ရဲ့စောက်ခွက်
တို့မမက်"
တဲ့
ဆယ်ကျော်သက်အရွယ် မရင့်ကျက်သေးချိန် မိုက်ရိုင်းခဲ့ပုံပါ။
ဒါပေမဲ့ ဦးဏှောက်ထဲအခုထိ မမေ့တဲ့လူတစ်ယောက်ရှိတယ်
သူ့နာမည်က  "ဗိုလ်ကြီးအေးနိုင်"
အဝေးကနေ အမြဲတမ်းအားပေးစကားပြောတယ်။
စာအမြဲတမ်းမပြတ်ရေးတယ် နှစ်ပေါင်းများစွာ ရေးနေဆဲ
ဘန်ကောက်ကိုရောက်တဲ့အချိန်ထိရေးနေဆဲ
အစ်ကိုကြီးတစ်ယောက်က ညီမတစ်ယောက်ဆီကိုရေးသလိုပါဘဲ
တစ်ခါမှာတော့ စိတ်လိုလက်ရ သူပြောပြတယ်
အတိအကျ သူ့အလုပ်အကိုင်အကြောင်းပြောပြတော့ စာတစ်ခါပြန်ရေးမိတယ်သူက ဗိုလ်ချုပ်ခင်ညွ့န့် လက်ထက်ကအထူးထောက်လှမ်းရေးအဖွဲ့ဝင်တစ်ယောက် အဲ့ဒါနဲ့
အစ်ကိုအဲ့ဒီအလုပ်ကနေထွက်လိုက်ပါလားလို့ လွတ်ကနဲ့ပြောမိတယ်
သိပ်မကြာဘူး သူက အစ်ကိုဘဝပျက်တော့မယ်တဲ့
အလုပ်ကနေထွက်တယ် တဲ့
ထောက်ဒါဏ် ငွေဒါဏ် အခန့်မသင့်ရင်ဒါထက်ဆိုးနိုင်သတဲ့
ညီမလေးမကြိုက်ရင်မလုပ်ဘူးတဲ့ ပြသနာတွေအကြီးအကျယ်တက်နေသတဲ့
နောက်တော့ စာထပ်လာပြန်တယ်
အခုအစ်ကိုဘုန်းကြီးကျောင်းတစ်ခုမှာ ခေတ္တ တည်းခိုနေသတဲ့
နည်းနည်းလေးစိုးရိမ်သွားတယ်။
ဒီဘက် အနက်ရောင်နယ်မြေစစ်နယ်မြေထဲရှိနေချိန်ဆို အိမ်ကိုလာလည်တတ်တယ် ဒူးရင်းသီးသကြားနို့ဆီ အမိုးသောက်နေကျ လက်ဘက်ရည်အတွက်လက်လက်ခြောက် သူ့လက်ထဲရှိတဲ့အရာ အစာ ( သူ့အစာတွေ)ဒါ့အပြင် ပိုက်ဆံထည့်ထားတဲ့စာအိပ် အဲ့ဒီခေတ်ကအတော်များသားပြောလို့ရတယ်
နောက်ပြီးဒီဘက်ကသူငယ်ချင်းဆင်းရဲသားတွေအတွက် ရန်ကုန်ကနေ အဝတ်အစားဟောင်းတွေ တကူးတကယူလာပေးတတ်သူ
ဪ လူတိုင်းကိုမဟုတ်တဲ့ သူ့အကြောင်းတွေမေးတိုင်းကျမကိုပြန်ဖြေတတ်တာ
သက်သေအိုင်ဒီကဒ်ကအစ ပြတာ
အင်းးးး
ဦးဏှောက်ထဲ လက်ခံတယ် ဒီလူဟာ လူတော်တစ်ယောက်ဘဲဆိုတာ
သိပ်လေးစားဖို့လည်းကောင်းပါတယ်
ကောင်မလေးတစ်ယောက်ကို နှစ်လ ကြာရှည်စွာ နောက်ဆုံးဆက်သွယ်နိုင်သလောက် စာရေးဆက်သွယ်တယ် သူကကြိုက်နေပေမဲ့ ရည်းစားစာပုံစံတစ်ခါမှမရေးတာလေ
တခါခါဘဝမှ ထူးဆန်းတဲ့လူတွေကြုံရတတ်တယ်
တကယ်တော့ဗိုလ်အေးနိုင်ကို ယူနီဖေါင်းနဲ ၃ ကြိမ်ဘဲမြင်ဖူးခဲ့တယ် စာကတော့ နှစ်ပေါင်းများစွာဆိုတော့ နည်းတာမဟုတ်ဘူး ဒီလောက်ဇွဲကြီးခဲ့သူ
ဒါပေမဲ့ အဆက်အသွယ်ပြတ်ခဲ့ပါတယ် သက်ရှိထင်ရှားမရှိတော့ဖို့ဘက်များတာပေါ့နောတကယ်တော့မြန်မာစတိုင်ဝတ်ခဲ့တဲ့ကျမကိုစိတ်ဝင်စားသွားခဲ့ပုံရတယ် မြန်မာအဝတ်ပို့ပေးမယ်ပြောလို့မနည်းတားခဲ့ရဖူးတယ်လေဖြစ်ချင်တော့ အရင်ကဆို KNU နာမည်ကြီးခေါင်းဆောင်တွေက ဒီဘက်ကိုပြန်လာတိုင်း ဝတ်ပြုကိုးကွယ်တတ်တော့ စစ်တပ်ဘက်ကခဏခဏ အငိုက်ဝင်ဖမ်းတတ်တယ် တခါတလေတော့လည်း ကြိုမပြောဘဲ ရောက်လာပြီးဝတ်ပြုသူတွေထဲဝင်ထိုင်နေတတ်ကြတယ်လေ စနည်းနာတာပေါ့
သူ နဲ့စတွေ့ချိန်က ဘုရားကျောင်းထဲမှာပါ
ကျမက လူငယ်တောထဲမှာ ကရင်ဝတ်စုံဝတ်ကြသူတွေထဲမှာမှ မြန်မာဝတ်စုံကို အဲ့ဒီနေ့ကဝတ်သွားခဲ့မိချိန် ရှေ့ဆုံးက လူကြီးတွေထဲ လူငယ်ခေါင်းဆောင်မို့ရောထိုင်ရတော့ သူ့အနေနဲ့ မြန်မာဝတ်စုံနဲ့အမြင်ဆန်းလို့စိတ်ဝင်စားသွားပုံရတယ်။
တခါခါဘဝမှာ ထူးဆန်းတဲ့လူတွေကြုံရတတ်တယ် ကျမက လူကဲခတ်ညံ့တဲ့သူမဟုတ်ဘူး
ဒီလူဟာ လူညံ့တစ်ယောက်မဟုတ်တဲ့ထူးချွန်သူထဲပါခဲ့တယ် ဒါကိုယုံတယ် တစ်ကောင်ကြွက်လိုနေခဲ့တဲ့ ဗိုလ်အေးနိုင်ကို သက်ရှိထင်ရှားရှိနေသေးရင် သံယောဇဉ်က အများကြီးထားခဲ့ဖူးတဲ့ အစ်ကိုတစ်ယောက်မို့ပြန်ဆုံချင်ပါတယ်။
မမှတ်မိတော့ပေမဲ့ ဆုံချင်ပါသေးတယ် ထောင်ကျခဲ့ရင်လည်း ထောင်ထွက်တချို့ကသိရင် နာမည်တူရင်ပြောပြပါလား။ ထောင်ဝင်စာတွေ့ ချင်ပါတယ် ။ အတိတ်မေ့နေတယ်ဆိုရင်လည်း ကုပေးချင်ပါတယ်
ပညာတတ်ဖြစ်ဖို့  စိတ်မလေဖို့ အမြဲတမ်းအားပေးတတ်သူ အစ်ကိုကြီး ဗိုလ်ကြီးအေးနိုင်
ရောက်ရာ အရပ်က ဆက်သွယ်ပါ။
ထာဝရ ညီမလေး
ယုဇနသန်း

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...