Tuesday, April 21, 2015

နာကျင်ကိုက်ခဲမှုကို ရှု့မှတ်ပုံ



ဖေါင်းပိန် ကမ္မဋ္ဌာန်း ရှု့မှတ်နေတဲ့ ယောဂီဟာ တခါတရံမှာ ခန္ဓာကိုယ်က ဖြစ်ပေါ်လာတဲ့ မခံသာတဲ့ 
ခံစားမှု့တွေကြောင့် ဖေါင်းပိန်ကို ရှု့မှတ်မရ ဖြစ်တက်ပါတယ်။ ဝိပဿ နာဆိုတာ ထင်ရှားဖြစ်ပေါ်
ရာကိုရှု့ရမှာဖြစ်တဲ့အတွက် မခံသာတဲ့ ထုံကျင် ကိုက်ခဲ ယားယံ တောင့်တင်း စတဲ့
ခံစားမှု့တွေကို ပြောင်းပြီးရှု့မှတ်ကြရပါလိမ့်မယ်။


အဲဒီလိုမရှု့မှတ်ခင်မှာ ဝေဒနာ ရဲ့အဓိပ္ပါယ်ကို နားလည်ဖို့ အထူးလိုအပ်ပါတယ်။ တချို့ က နာတာကျင်တာကိုပဲ
ဝေဒနာလို့ ထင်နေကြတက်ပါတယ်။ တကယ်တော့ ဝေဒနာဆိုတာ ခံစားမှု့သက်သက်ကိုပြောတာပါ။
နာတာကျင်တာ အောင့်တာ တင်းတာ ၊ ၀မ်းနည်းတာ စိတ်ဆိုးတာ ပျော်ရွှင်တာစတဲ့ ခံစားမှု့အရာမှန်သမျှကို ဝေဒနာလို့ ခေါ်တာပါ။ ဒါ့ကြောင့် နာတာ ကျင်တာကို မှတ်ရမှာဖြစ်သလို ပျော်ရွှင်တာ ဝမ်းသာတာ တရားထိုင်လို့ ကောင်းလို့  နှစ်သက်တာ စတဲ့ မိမိစိတ်က ခံစားတဲ့အရာမှန်သမျှ ကိုလည်း ရှု့မှတ်ရမှာ ဖြစ်ပါတယ်။
သတိပဋ္ဌာန်လေးပါးမှာ ဖေါင်းပိန်ဟာကာယနုပဿ နာသတိပဋ္ဌာန်ဖြစ်သလိုခံစားမှု့အရာမှန်သမျှကို ရှု့တာဟာလည်းဝေဒနာနုပဿ နာကို ရှု့တာပါပဲ ဒါ့ကြောင့်ဖေါင်းပိန်မှတ်လို့  ကြာလာတာနဲ့ အမျှ
မိမိခန္ဓာကိုယ်မှာ ကိုက်ခဲ နာကျင် တောင့်တင်း ထုံကျင် တာတွေဖြစ်လာပါလိမ့်မယ်။
အဲဒီအခါကျရင် ဖေါင်းပိန်ကမ္မဋ္ဌာန်းကို လွှတ်လိုက်ပြီး မိမိခန္ဓာကိုယ်မှာ ဖြစ်ပေါ်သမျှသော မခံမရပ်နိုင်တဲ့ ခံစားမှု့ (ဝေဒနာ) မျိုးစုံကို ရှု့မှတ်တဲ့စိတ်ကလေးကစူးစိုက်ပြီး မှတ်ဖို့ အရေးကြီလှပါတယ်။
အဲဒီလို ရှု့မှတ်တဲ့အခါမှာ အထုးသတိထားရမှာက ခံစားမှု့ ကိုပျောက်ချင်တဲ့စိတ်မပါဖို့ အရေးကြီးပါတယ်
အဲဒီစိတ်ပါနေရင် အဲဒါ လောဘ ပါ။
ခန္ဓာကဖြစ်ပေါ်နေတဲ့ခံစားမှု့တွေကိုအေးအေးဆေးဆေးလေးသာ စောင့်ကြည့်ရမှာဖြစ်တဲ့အတွက် ပျောတ်တာ
မပျောက်တာက ငါ့အလုပ်မဟုတ်ဘူး။
ငါ့အလုပ်က ခန္ဓာကဖြစ်နေတာကိုပဲ စူစူးစိုက်စိုက်နဲ့ စောင့်ကြည့်ဖို့ ပဲလို့ နှလုံးသွင်းပြီး ကြည့်နေဖို့ လိုအပ်ပါတယ်။
အဲဒီလို နှလုံးမသွင်းနိုင်ပဲ ပျောက်ချင်စိတ်အားကြီးပြီး ရှု့မှတ်နေရင်တော့ ဝိပဿ နာရှု့မှတ်စိတ်မဟုတ်တဲ့အတွက် ခံစားမှု့ဟာပိုမိုပြင်းထန်လာတက်ပါတယ်။
မိမိခံစားနေရတဲ့ ခံစားမှု့အပေါ်မှာ သတိကပ်ပြီး စူးစူးစိုက်စိုက် ရှု့မှတ်ပါ။ပျောက်ချင်လည်းပျောက်ပါလိမ့်မယ်။
မပျောက်ချင်လည်း မပျောက်ပဲနဲ့ ပိုတိုးလာတာကို တွေ့ ရတတ်ပါတယ်။ စူးစိုက်မှု့အားကောင်းရင်တော့ ပျောက်တာ များပါတယ်။ ယားရင်လည်း ယားတယ် ကိုက်ချင်လည်း
ကိုက်တယ် ထုံတာ အောင့်တာ အစရှိတဲ့ဖြစ်ပေါ်လာတဲ့ခံစားမှု့ကို စူးစူးစိုက်စိုက်မှတ်ပါ။
ယားတာ အောင့်တာ တောင့်တာ တင်းတာတွေဟာ ပညတ်အခေါ်အဝေါ်တွေဖြစ်ပေမဲ့ သူ့ ကိုပဲမှတ်နေရမှာပါ။ သမာဓိအားကောင်းလာတယ်ဆိုရင် အဲဒီပညတ်အခေါ်အဝေါ်တွေ သူ့ အလိုလို ကွာသွားပြီး အမည်မတပ်တဲ့ ခံစားမှု့သဘောသက်သက်ကလေးကိုသာ တွေ့ ရမဲ့ဓမ္မာနုပဿ နာကို ဆိုက်ရောက်သွားပါလိမ့်မယ်။
ဝေဒနာ ဆိုတဲ့အဓိပ္ပါယ်ကို အထူးသတိထားကြပါ။ အဓိပ္ပါယ်ကောက်လွဲရင်ယောဂီဟာ ပိုပြီး ရှုတ်ထွေးတတ်ပါတယ်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...