Saturday, April 25, 2015

ကျွန်မတော့ ပြောပီနော်..(လူတွေကို) သိစေချင်တာပါ..

Ma May Moon's photo.ကျွန်မတော့ ပြောပီနော်..(လူတွေကို) သိစေချင်တာပါ.. ကျွန်မ ဒါတွေ ပြောလို့ ကျွန်မ အတွက် မြန်မာပြည်မှာ အလုပ်ရှားမယ် ဆိုလည်း ကျွန်မ စာသင်စားပါ့မယ် (သိခဲ့တာမြင်ခဲ့တာတွေ) ပြောချင်တယ်.. ကျွန်မ ဘာကြောင့် ဒီအစိုးရကို မကြိုက်သလဲဆိုတာ..
ကျွန်မပိုစ့်ကို ရှယ်သွားတဲ့ လူတစ်ယောက်က ပြောတယ်..
မြန်မာသစ်တော့ အရင်က ၇၅% မှ ယခုအချိန်မှာ.. ၁၅% ပဲရှိတော့တယ်တဲ့.. ကိန်းဂဏန်း အချက်အလက်တွေ မသိပေမယ့်.. ဒါအမှန်ပါပဲ.သယံဇာတ.. ဘာဆိုဘာမျှ မရှိတော့တဲ့.. မြန်မာပြည်ကို အာဏာရရင် လွှဲယူပါ့မယ်ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်အတွက် သိပ်ကို risk များလွန်းလှပါတယ်..


အဖက်ဖက်က စုတ်ပြတ်သတ်နေတဲ့ တိုင်းပြည်ကို သူမလက်ထက် ချက်ချင်း အုံဖွဆို မပြောင်းလဲနိုင်ပါဘူး.. အရမ်းကို ကြိုးစားရမဲ့အနေအထားပါ.. ဒီ risk ကို လက်ခံတဲ့ သူမအနေနဲ့ ကြိမ်းသေ စနစ်သစ်တွေ ရှိနေမယ်လို့ ယုံကြည်ပါတယ်..
ကျန်ရှိနေတဲ့ သယံဇာတတွေကိုပါ နှစ် ၆၀ နှစ် ၃၀ စာတဲ့ စာချုပ်တွေနဲ့ ရောင်းစားထားပါသေးတယ်.. သဘာဝ ပတ်ဝန်းကျင် မထိမ်းသိမ်းရင် ရာသီဥတုတွေ ဖောက်ပြန်လာမယ်.. ရောဂါဘယတွေ ပေါများလာမယ်..ဒါတွေ ခံစားရမှာ ဓားမဦးချ ဘယ်မှ မရွှေ့မပြောင်းပဲ နေထိုင်လုပ်ကိုင် စားသောက်နေသူ ဆင်းရဲတဲ့ လူတန်းစားတွေ ခံစားရမှာပါ.. ပညာတတ်ရင် ချမ်းသာရင်ရေခံ မြေခံကောင်းတဲ့ နေရာတွေ ရွှေ့ပြောင်းနေထိုင်နိုင်ပေမယ့် ဆင်းရဲသား လူတန်းစားနဲ့ တောင်သူလယ်သမားတွေအတွက်တော့..ဒီမြေဒီရေ ဒီနေရာမှာပဲနေပြီး ဒုက္ခရောက်ကြမှာပါ..
သစ်ကွင်း တစ်ကွင်းရဖို့အတွက် .. သစ်တောအကြောင်း တစ်လုံး တစ်ပါဒမျှ နားမလည်တဲ့ သစ်တောဝန်ကြီးကို သစ်ကုမဏီတွေက လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က သိန်းထောင်ချီပြီး လာဘ်ထိုးရပါတယ်.. ဒီဝန်ကြီးအထိ ရောက်ဖို့ အောက်က ၀န်ကလေးတွေကိုလည်း လာဘ်ထိုးရပါတယ်.. ဒါဆိုရင် သစ်ကုမဏီတွေ ဘာကြောင့် လာဘ်ထိုးနိုင်သလဲ.. စဉ်းစားကြည့်.. သစ်ကွင်းတစ်ကွင်းဟာ.. သစ်တန်ချိန် ၁၀၀၀၀ ထုတ်နိုင်မယ်ဆိုပါစို့..သို့သော် သစ်တောဝန်ကြီးကို ဒီသစ်ကွင်း တစ်ကွင်းက သစ်တန်ချိန် ၅၀၀၀ ထုတ်ပေးပါ့မယ် နောက်ကုမဏီက ၆၀၀၀ ထုတ်ပေးပါ့မယ် စသဖြင့် တင်ကြပါတယ်.. အဲဒီမှာ သစ်တောဝန်ကြီးက သူကိုလာဘ်ထိုးထားတဲ့ ကုမဏီ က ၅၀၀၀ ထုတ်ပေးပါမယ့်ဆိုစေဦးတော့ အဲ့ဒီ သစ်ကုမဏီကို သစ်ထုတ်ခွင့် ပေးပါတယ်.. သစ်ထုတ်ရေးက ၆၀ ရာခိုင်နှုန်းနဲ့ သစ်ထုတ်တဲ့ကုမဏီက ၄၀ ရာခိုင်းနှုန်းနဲ့ ထုတ်ရပါတယ်.
... အဲ့ဒီမှာ.. တကယ်တမ်း သစ်ထုတ်တဲ့အခါ သစ်ကုမဏီက လာဘ်ထိုးတဲ့ပိုက်ဆံတွေနဲ့ အခြား သစ်ထုတ်ကုန်ကျစရိတ်တွေ ကာမိအောင် မီးကုန်ရမ်းကုန် ထုတ်ပါတော့တယ်.. တန် (၅၀၀၀) ထုတ်မယ်ဆိုထားပေမယ့် တန် (၁၀၀၀၀) ထိရောက်အောင် ခုတ်တယ်.. အဲ့ဒီ အပိုခိုးထုတ်တဲ့ တန်ငါးထောင်ကိုလည်း.. နိုင်ငံခြား တင်ပို့တဲ့နေရာမှာ.. အဲ့ဒီ သစ်ထုတ်ရေးမှာပဲ.. သင်္ဘောတင် ဌာနတွေကို လာဘ်ထိုးပြီး.. တန်ပိုတွေ တင်ပါတယ်..
တန်(၅၀၀၀) ပဲ ထုတ်သင့်တဲ သစ်ကွင်းတစ်ခုကို တန်(၁၀၀၀၀) ထုတ်တာ.. အစိုးရ မသိဘူး မထင်ပါနဲ့.. ထပ်ပြီး အဆင့်ဆင့် လာဘ်စားပြီး မသိချင်ယောင် ဆောင်နေကြတာ..
သူတို့ရဲ့ ကောင်းစားရေးဆိုတဲ့ စကားလုံးဟာ သူ့မိသားအပြင်ကို ရောက်မလာပါဘူး.. ပြည်သူအတွက်တော့ ဝေလာဝေးပဲ..
အဲ့ဒီလိုတွေ ထုတ်ခဲ့တဲ့အတွက်.. သဘာဝ ပတ်ဝန်းကျင်ပျက်စီးသွားတယ်.. ရာသီဥတုတွေ ဖောက်ပြန်သွားတယ်.. တောင်သူလယ်သမားတွေ ပိုပြီး ဒုက္ခရောက်ကြတယ်..
အဲ့ဒီကငွေတွေ.. နိုင်ငံခြား ဘဏ်တွေကို ရောက်သွားခြင်းအားဖြင့်.. မြန်မာပြည်က အထင်ကရ ခရိုနီ သူဌေးတွေရဲ့ ငွေကြေးတွေဟာ နိုင်ငံခြား ဘဏ်တွေမှာ ရောက်သွားပါတော့တယ်..
မြန်မာပြည်ရဲ့ သယံဇာတအားလုံးဟာ ဒီလိုနည်းစနစ်တွေနဲ့ ခိုးထုတ်နေကြတာပါ..
နည်းပညာကို အခြေမခံပဲ လူပြိန်းအစိုးရဆိုတော့.. ကုန်ကြမ်းတွေကို နည်းပညာရှိတဲ့ တိုင်းပြည်တွေက ဈေးပေါပေါ ရောင်စားနေတဲ့ ဦးနှောက်မ၇ှိတဲ့သူတွေ အုပ်ချုပ်တဲ့ တိုင်းပြည်ကနေ အချဉ်ဖမ်းပြီး ၀ယ်ပါတယ်.. ဒါကိုပဲ အစိုးရက ငါတို့မိတ်ဆွေပဲဆိုပြီး.. ခေါင်းပေါ်တင်ထားတာကို ပိန်းလို့ မသိတာ မထင်ပါနဲ့.. ငါ့မိသားစု ကောင်းစားရေးအတွက် ကျေးဇူးရှင်ဆိုပြီး.. တင်ထားတာပါ..
ကုန်ကြမ်းတွေ ဈေးပေါပေါရောင်းစား.. နည်ပညာရှိတဲ့တိုင်းပြည်က ၀ယ်၊ အဲ့ဒီတိုင်းပြည်က ကုန်ချောထုတ်.. မြန်မာပြည်ကို ဈေးကြီးကြီးနဲ့ ပြန်သွင်း.မိအေးနှစ်ခါနာပြည်သူတွေဖြစ်ကြတရတယ်.ကျွန်မတို့ အဖိုးအဖွားတွေ ခေတ်က မြန်မာပြည်မှာ ငတ်သေတဲ့ မသာ မရှိပါဘူးတဲ့.... အခုအနှစ် ငါးဆယ်ကျော်မှာ.. ငတ်သေတဲ့ မသာ မရှိဘူးလား.. တိုးတက်လာတာလား..
လူဝင်မှု ကြီးကြပ်ရေး ဥပဒေကို သေချာမထိမ်းသိမ်းပဲ လူဦးရေ တိုးပွားရေးကို ထိမ်းဖို့ ကြံစည်တဲ့အစိုးရ..
ဘာသာတရားကို ရင်ထဲရောက်အောင် မလုပ်ပေးပဲ.. ငါဘာသာနဲ့မတူ ငါ့ရန်သူလို့ သဘောထားစေချင်တဲ့ အစိုးရ..
ပညာမတတ်တဲ့ ကုဋေကြွယ်သူဌေးသားလို မိဘအမွေအနှစ် ထိုင်ဖြုန်းနေတဲ့အစိုးရ..
ကောင်းစားရေးဆိုတဲ့ စကားလုံး.. သူတို့ မိသားစုအတွင်းက မထွက်တဲ့အစိုးရ..
လက်နက်မရှိတဲ့ ပြည်သူကျတော့.. အကြမ်းဖက်ပြီး.. ကိုယ့်နိုင်ငံကို ၀ါမြိုဖို့ စဉ်းစားနေတဲ့ တရုတ်ကျတော့.. ခေါင်းပေါ်တင်ထားတဲ့ အစိုးရ..
ဆင်းရဲ့တဲ့ ပြည်သူဘ၀ကို ကယ်တင်ဖို့ နေနေသာသာ.. မသာမာတဲ့ နည်းနဲ့ လယ်သိမ်း ယာသိမ်း ပြည်သူ အဆင်ပြေမှာကို မနာလို မရှုစိမ့် ဖြစ်နေတဲ့အစိုးရ..
မြန်မာအိမ်တွေကို ခဲနဲ့ပေါက် ဖျက်စီးနေတာကို.. ဒိုင်းတွေ ကိုင်ပြီး.. ရပ်ကြည့်ခိုင်းထားတဲ့.. ဥပဒေမျိုးကို လက်ကိုင်ထားတဲ့ အစိုးရ..
တရားဥပဒေ အဆုံးအမဆိုတာ.. ဆင်းရဲသားတွေအတွက်သာ ၇ှိပြီး လူချမ်းသာတွေအတွက်တော့.. လွတ်ငြိမ်းချမ်းသာတဲ့ အစိုးရ..
ပြောရင် ရေးကုန်ဖွယ် မရှိတဲ့ ဒီလို အစိုးရကို 2015 မှ ဆက်ပြီး အုပ်ချုပ်ခွင့် ပေးလိုက်ကြပါ..
သူတစ်ပါး ဘ၀ပျက်တာ ငါ့ဘ၀ပျက်တာမဟုတ်ဘူးလို့ သဘောထားပြီး စဉ်းစားမပေးရင် တစ်ချိန်မှာ ကိုယ့်ဘ၀တွေလည်း ပျက်လာနိုင်ပါတယ်..ဒါကို အဖန်ဖန်သုံးသပ်ပါ..အဖြေရှာပါ..
ကုလားမယား ဖြစ်မှာက နောက် လတ်တလော ဘ၀တွေပျက်နေတာကအရင်..
ကုလား မယား မဖြစ်အောင်.. အသိဥာဏ်နဲ့ ထိမ်းသိမ်းလို့ ရပေမယ့် ဘ၀ပျက်နေတာကတော့.. ဘာနဲ့ ထိမ်းသိမ်းမလဲ..
လည်ပင်းက ကြိုးကွင်း အရင်မဖြည်ပဲ.. ခွေးဆွဲတော့မယ်.. မုန့်ကို လိုက်လုနေမှာလား..
ဆင်းရဲတဲ့ ပြည်သူတွေ ကောင်းကင်မဲ့တဲ့ ဘ၀တွေ အတွက်ကတော့.. သူတို့ထိုက်နဲ့ သူတို့ကံပဲပေါ့..
မျက်ရည်လည်၇ွဲ ငိုပွဲဆင်ရုံ တတ်နိုင်သလောက် လုပ်ပေးရုံ.. ဆုတောင်းပေးရုံမှ အပ ကျွန်မမှာ ဘာမှ ရှိမလာတော့ပါဘူး..
ကျွန်မ ဒီအစိုးရကို တိုက်နေတာ.. လက်ရှိ ဒုက္ခရောက်နေတဲ့ ပြည်သူအတွက်ပဲ.. ဘယ်သူ ကောင်းစားရေးမှ မဟုတ်ဘူး.. ပြည်သူတွေ ဘ၀ လွှတ်မြောက်ရေး အတွက်ပဲ ကျွန်မ တိုက်နေပါတယ်..
နောက်တက်လာမဲ့ အစိုးရလက်ထက် ဘယ်အစိုးရပဲဖြစ်ဖြစ်.. ပြည်သူကို မကြည့်ပဲ.. သူ့မိသားစုအတွက် ကြည့်မဲ့အစိုးရဆိုရင် ကျွန်မ အခုလိုပဲ ဆက်တိုက်မှာပါ.. ကောင်းမွန်တဲ့ အစိုးရ မရ မချင်း.. ကျွန်မ တိုက်မယ်..
အရမ်းကို လွှတ်မြောက်စေချင်နေပါပြီ..
မေတ္တာဖြင့်
(မေမွန်း)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...