Sunday, April 12, 2015

တန်ဖိုးမဖြတ်နိုင်သောအရာ


အမျိုးသမီးတစ်ဦး ခရီးထွက်လာရာ ချောင်းစပ်တွင် ပတ္တမြားတစ်လုံး ကောက်ရသည်၊ ဆက်လက်ခရီး
ထွက်လာရာ အခြား ခရီးသည်အမျိုးသားတစ်ဦးမှာ ရိက္ခာမပါသဖြင့် ဝေမျှကြွေးရန် အိတ်ထဲမှ
ထုတ်ယူစဉ် ပတ္တမြားကို မြင်၍ သူ့အားပေးရန်တောင်းသည်၊ အမျိုးသမီးလည်း အသာတကြည်ပင် ပေးလိုက်လေသည်၊


အမျိုးသားလည်း ဤပတ္တမြားကို ထုခွဲ ရောင်းချလိုက်လျင် ဘဝတသက်တာအတွက် အပူအပင်မရှိ နေ၍ ရပြီဟူသော အသိဖြင့် ဝမ်းသာစွာ ထွက်ခွာ သွားလေတော့သည်။
သို့သော် ရက်အနည်းငယ်ကြာသောအခါ အ သိတရားရလာ၍ အမျိုးသမီးကြီးကိုရှာ၍ ပတ္တမြားကိုပြန်ပေးလိုက်လေသည်၊

အမျိုးသမီးက အကျိုးအကြောင်းမေးရာ ထိုအမျိုးသားက" ဒီပတ္တမြားဟာ တန်ဖိုးကြီးမားတယ် ဆိုတာ ကျွန်တော်သိပါတယ်၊ ဒါပေမယ့် ပတ္တမြားထက် တန်ဖိုးကြီးမားတဲ့အရာကို လိုချင်လို့ ပြန်လာတာပါ၊
အဲဒါကတော့ ခင်ဗျားရဲ့နှလုံးသားထဲမှာ ရှိတဲ့တန်ဖိုးရှိတဲ့ ပစ္စည်းတစ်ခုကို အတင်းမတောင်းဆိုရဘဲ မနှမြောမတွန့်တိုမှုမရှိဘဲ ပေးကမ်း စွန့်ကြဲနိုင်တဲ့ စိတ်ဓါတ်မျိုးကို လိုချင်လို့ပြန်လာတာပါ"
ဟု ဆိုလိုက်လေသည်။

***စံ(ဘူမိဗေဒ)****
Credit to unknown author.

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...