Wednesday, April 22, 2015

လေးဖက်နာ၏ နောက်ဆက်တွဲဆိုးကျိုးများ။


ခေတ်အလိုက်ပေါ်လာကြတဲ့စက်တွေနဲ့အမျိုးမျိုးစမ်းသပ်ကြ စစ်ကြပြီး ရောဂါရှာ မတွေ့တော့ ရီစရာများဖြစ်နေလား၊ စိုးရိမ်စရာများဖြစ်နေမလား၊ အံ့သြစရာတွေရောဖြစ်နေမလား၊ စိတ်ဓါတ်ကျစရာတွေများဖြစ်နေမလား။ရောဂါအမည်ဖေါ်မရသေးဝေဒနာက ပိုဆိုးလာတာတွေလဲအများကြီး။ ဒီလိုနဲ့ရောက်လာကြတဲ့ဝေဒနာရှင်တွေကမနဲ။ပြောနေကျစကားကိုပဲပြန်ပြောပြရရင် လူတိုင်းရဲ့ ကိုယ်တွင်းမှာရှိတဲ့ စက်တွေက ရောဂါနဲ့ခံစားမှုကို အသိဆုံးလို့ထပ်ပြောချင်ပါတယ်။  ခေါင်းကိုက်နေတယ် ဆိုတာ ကိုယ်ကပဲသိတာပါ ဘယ်စက်ကမှမသိနိုင်ပါဘူး။
ဒီလိုပဲဘယ်နေရာမှာဘယ်လိုတွေဖြစ်နေတယ်ဆိုတာကိုယ်ကသာအသိဆုံးပါ။တခုရှိတာကတော့ အတွေ့အကြုံအရ ဘယ်လိုဝေဒနာက ဘယ်လိုရောဂါလဲဆိုတာ ခွဲခြားပြောဆိုလို့ မတတ်တာတစ်ခုကြောင့်ပါ။ အသက်ကြီးပိုင်း အမျိုးသမီးတစ်ယောက်က ကုသရေးချိန်မှာကြုံရင်းနဲ့မေးလာတဲ့မေးခွန်းတွေကို စိတ်ရှည်ရှည်နားထောင်ရင်းနဲ့ ပြီးတဲ့ခါမှာဘယ်နေရာမှာဘာဖြစ်နေတယ်ဆိုတာကို အမည်တပ်ပေးလိုက်တာ ကျမက ဘန်ကောက်ကို(၂)ခါသွားပြီးစမ်းသပ်တာ ဘာမှမရှိဘူးမတွေ့ဘူးပြောပါတယ်လို့ဖြေတယ်။ ဒီနေရာမှာစောဒကတက်ချင်တာက ရည်ရွယ်ချက်ပါ။ရောဂါကိုသိချင်ကောင်းချင်တဲ့ စိတ်။ရည်ရွယ်ချက်ကိုဆိုချင်ပါတယ်။ရောဂါကိုသိပြီ ကုရမဲ့ပုံစံကိုလဲသိပြီ ကောင်းတဲ့ဘက်ကို မရောက်ပဲ ဘေးချော်သွားတယ်။ အမေးဖြေတွေမှာလဲအတော်တွေ့နေရတာပါ။ဂွ ကျတယ်လို့ပဲပြောရမလား။
ဒီလိုလူတွေကိုတော့အချိန်သိတ်မပေးနိုင်နောက်မှာအများကြီးရှိနေသေး၊ တကယ်ကောင်းချင်တဲ့သူကိုမှသာ ကုချင်ကယ်ချင်ပါတယ်။ အချိန်မဖြုံးချင်။
လေးဖက်နာဆိုတာ အဆစ်တွေကိုက်တာကို အပေါ်ယံကခေါ်လို့ရပါတယ်။ ဒီအဆင့်က ဒုတိယအဆင့်ကိုရောက်နေပါပြီ။ မကိုက်ခင်အချိန်မှာ မနက်မိုးလင်းတဲ့ခါ တရေးနိုးတဲ့ခါတွေမှာ လက်ချောင်းတွေ တင်းနေတတ်တာ ဖနောင့်တွေ တင်းနေ ကြိမ်းနေတတ်တာ တွေက ရောဂါဝင်လာခါစဖြစ်ပါတယ် ဒီကာလက ကြာတတ်ပါတယ်။မတဲ့စာတွေသိတ်မစားမိသူနဲ့ကိုယ်ခံအားကောင်းနေတတ်တဲ့သူကတော့ ဒီအဆင့်ကတက်တာနှေးနေတတ်ပါတယ်။ဒါပေမဲ့နှလုံးကိုတော့ထိခိုက်တတ်ပါတယ်။နှလုံးရောဂါသည်တွေအတော်များများဒီအဆင့်မှာမြဲနေတတ်ပါတယ်။အခန့်မသင့်ရင်နှလုံးမှာရောင်လာတတ်ပါသေးတယ်။ရောဂါထလာချိန်-(ဥပမာ-အေးတဲ့ရာသီဝင်တဲ့ခါ-ဂေါ်ဖီထုပ်/ပန်း၊ခရမ်းချဉ်သီး၊ရှာလကာရည်၊ငြုပ်ဆီ၊ကလီဇာ၊ငပိရေကျို၊ ၊ငါးသေးသေးလေးတို့ကိုစားမိရင်ကိုက်ပြီ ခဲနေတတ်ပါတယ်။မြှစ်တို့လိုတက်စာကိုစားမိရင်တော့ ခြေလက်တို့တင်းနေတတ်ပါတယ်။ဒီချိန်မှာပရုပ်ဆီလိုတေဇောဘမ်းတို့လိုဆေးတွေလူးမယ်ဆိုရင်ပိုဆိုးလာတတ်ပါတယ်။ဒါတွေအစားရေနွေးကိုစိမ်ပါ။အကိုက်အခဲဆေးတွေကလဲထင်သလောက်အဆင်ပြေမှာမဟုတ်ပါဘူး။အကျိုးတရားက အဆစ်တွေကိုက်ခဲတာ အကြောင်းတရားက လေးဖက်နာပိုးကြောင့်ပါ။ဒီတော့လေးဖက်နာပိုးကိုနိုင်စေတဲ့ဆေးနဲ့ပိုးကိုအားပေးစေမဲ့ အရာတွေကိုရှောင်ရှားရင် သက်သာကောင်းမွန်မှာဖြစ်ပါတယ်။ဒါက လေးဖက်နာကိုကုသပုံလေးဖြစ်ပါတယ်။ဒီလေးဖက်နာကိုဆေးမမှီ၊မတွေ့တဲ့သူတွေဒါမှမဟုတ်ပေါ့ဆခဲ့တဲ့သူတွေမှဖြစ်နေတတ်တဲ့နောက်ဆက် တွဲဖြစ်ပေါ်တာတွေကိုတင်ပြချင်တာပါ။ဒီပိုးကအဆစ်တွေရဲ့ထိပ်ဖျား အရွတ်တွေနဲ့နှလုံးအ၀င်အထွက် ကကြွက်သားတွေကိုကိုက်ပြီးဖျက်စီးတတ်ပါတယ်။အဆစ်က အရွတ်တွေကိုကိုက်လိုက်လို့ အရွက်တွေပေါက်ရင်အရိုးကနောက်တဖက်က အရိုးကိုထိခဲ့ရင် အရိုးကပေါက်ပါမယ်။မပေါက်ခင်လဲအရင်နာပါမယ်။ဒီအခြေနေတွေက ဒူးစနာတဲ့သူတွေမှာအဖြစ်များပါတယ်၊ဒိချိန်မှာမကုခဲ့ရင် အရိုးထိပ်တို့ပေါက်ပါမယ်၊ပြီအရိုးတွင်းက မြန်မာအခေါ်ချဉ်ဆီ ၊အနောက်တိုင်းအခေါ် ကယ်ဆီယံ အရည်တွေကထွက်ကျလာပါတယ်။ဓါတ်သဘာဝကတော့ထုံးဓါတ်လို့ပြောလို့ရပါတယ်။ထုံးအရည်ကကြာလာလို့အရည်ခမ်းရင် ခမြယ် ကြာရင်မာလာမယ်။ဒီမာတယ်ဆိုတဲ့အာနိသင်က အရိုးရဲ့သိတ်သည်းဆ လောက်ထိကိုမာတာလို့တောင်ပြောလို့ရပါတယ်။သက်သေပြရရင်တော့ဓါတ်မှန်ရိုက်တဲ့ခါမှာ အ၇ိုးပေါ်သလိုကျီးပေါင်းကလဲထပ်တူနီးနီးပေါ်တတ်ပါတယ်။နုသေးတဲ့ကျီးပေါင်းကတော့နဲနဲမှုန်တတ်ပါတယ်ဒီပုံစံ ဓါတ်မှန်တွေကတော့ ဒူးကျီးပေါင်းသမားတွေမှာဖြစ်တတ်ပါတယ်။အဆစ်တွေကြားမှာရှိတဲ့ကျီးပေါင်းတွေကများလာရင်တော့သူထွက်များတဲ့ဘက်မှာခုနေထောက်နေလို့ အဆစ်ကိုပုံပျက်စေပါတယ်။လက်ချောင်းတွေခြေချောင်းတွေယိုင်လာတတ်ပါတယ်။ဒါကိုအနောက်နည်းကတော့ခွဲကြပါတယ်။ခွဲပြီးချုပ်ရိုးကျက်တာနဲ့ပြန်ဖြစ်မှာပါ။ဘာကြောင့်လဲဆိုရင် ကျီးပေါင်းအရည်တွေထွက်နေတဲ့အပေါက်ကိုမပိတ်ခဲ့လို့ဖြစ်ပါတယ်။ခေါင်းမိုးပေါက်လို့မိုးယိုတဲ့အိမ်ကိုနမူနာပြပါမယ်။ဖြစ်ရိုးဖြစ်စဉ်က မိုးရာသီမှာမိုးရွာပါမယ်၊လူတို့ရဲ့ကိုယ်မှာလဲစားသလောက်တွက်ကိုသွေးသားနဲ့ဓါတ်သဘာဝတို့တိုးတက်ဖွံ့ဖြိုးမှာပါ။ခေါင်းမိုးပေါက်တာက သဘာဝအတိုင်းနှစ်ကြာလာလို့သွပ်ပြားတို့ပေါက်ပြဲပါတယ်၊ဒီလိုပါပဲကိုယ်တွင်းအရိုးအရွတ်တို့က အကြောင်းအမျိုးမျိုးကြောင့်ပေါက်ပြဲပါတယ်။ဒီတော့မိုးယိုရင်ကြမ်းပြင်ကဆိုနေတဲ့ရေတွေကိုသုတ်ရပါမယ်၊ဒီလိုပဲအရိုးပေါက်လို့ထွက်ကျလာတဲ့ ကျီးပေါင်းဖြစ်လာမဲ့အရည်တွေကိုဖယ်ရှားရပါမယ်။ဒါကကိုယ်ပိုင်တွေးခေါ်မှုနဲ့လက်တွေ့အောင်မြင်နေတဲ့ကုသနည်းဖြစ်ပါတယ်။အနောက်နည်းမှာဒါကိုခွဲပြီးခြစ်ထုတ်တယ်လို့သိရပါတယ်။နောက်ဆုံးအဆင့်က ပေါက်နေတဲ့ခေါင်းမိုးကို တက်ပြီးဖါရပါမယ်။မဖါနိုင်ရင်တော့မုံ့လုံးကိုစက်ကူ ပတ်သလိုချာလပတ်လည်နေမှာပါ။ဒီနည်းအတိုင်းပေါက်နေတဲ့ အရိုးတွက်ကိုဖါထေးဘို့ကိုလုပ်ရပါမယ်။သဘာဝအတိုင်းဖြစ်လာတဲ့ပြသာနာကိုသဘာဝအတိုင်း ပြုပြင်ရှင်းလင်းတာဖြစ်ပါတယ်။ဒီနေရာမှာအကိုက်အခဲဆေးလုံးဝမပါတာသတိရှိစေချင်ပါတယ်။အကြောင်းတရားကိုကုတဲ့နေရာမှာနဲနဲကြာပါမယ်၊အချိန်ယူရပါမယ်၊နဲနဲလဲပင်ပမ်းတတ်ပါတယ်။ပိုလဲကုန်နိုင်ပါတယ်ဒါပေမဲ့ ရောဂါပျောက်ပါတယ်။တိုင်းရင်းဆေးကအမြစ်ပြတ်တယ်ဆိုတာကြားဘူးကြမှာပါ။အရှေ့တိုင်းနည်းအားလုံးက အကြောင်းတရားကိုအခြေခံပြီးကုကြတာဖြစ်ပါတယ်။ဒီတော့အရှေ့နဲ့အနောက်ကဆန့်ကျင်ဘက်ဖြစ်သလို အခုအရေးအသားတွေကလဲပြောင်ပြန်ဖြစ်ချင်ဖြစ်နေနိုင်ပါတယ်။အရေးကြီးဆုံးပြောချင်တဲ့စကားကတော့အကြောင်းတရားကိုကုတဲ့တွက် ကြာမယ်အကုန်များမယ်ပင်ပန်းမယ်လို့သာပြောတာ ဒါပေမဲ့လာသမျှလူနာတွေနှစ်ရှည်ကုလာတဲ့သူတွေ ကျည်ဆံကုန်လာတဲ့သူတွေ တခါတည်းနဲ့ကောင်းတဲ့သူနဲ့အလွန်ဆုံးနှစ်ခါလောက်နဲ့ကောင်းသွားတာတွေ ပဲတွေ့နေရတာပါ။ငွေတွေအများကြီးကုန်ပြီး ကျောက်ကပ်ရောင်လာတာတွေ လဲအမြဲလိုလိုပါပဲ။အဆုံးသပ်ချင်တဲ့စကားကတော့ တင်ထားပြီးပိုစ်တစ်ခုလို--ဘယ်မြို့သူဘယ်လိုချောချောတောအလှကသဘာဝကျတယ် --ဆိုသလိုပါပဲ။
ချက်ဘောက်မှာ
အမည်
အသက် နေရပ် ခံစားနေရတဲ့ဝေဒနာတွေကို ချန်မထားပဲဖြစ်သမျှရေးတင်ထားပါ။လိုင်းကောင်းတာနဲ့ အဖြေနဲ့လိုအပ်တာကိုရေးထားပေးပါမယ်။အမ်အာအိုင် ။အိပ်စရေးရှိသူကလဲဓါတ်ပုံရိုက်ပြီးတင်ထားပေးနိုင်ပါတယ်။ commentအတွင်းဝင်ရောက်မေးမြန်းဆွေးနွေးခြင်းမပြုပါရန်။ဆက်လက်ဖေါ်ပြပါမည်
အောင်စံမှီ (အထူးကု)မှတ်(၁)ဒီစကားဝါလမ်းရွှေတောင်ရပ် ၊မော်လမြိုင် ၀၉၄၉၈၀၇၃၃၇

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...