Sunday, April 26, 2015

ဟာသပေါင်းချုပ် (၂၆-၄)

‪#‎ခေတ်ဆိုး‬

ဆိုင်တစ်ဆိုင်ကို ဖောက်ခိုးနေသော သူခိုးကို ရဲသားက လက်ပူးလက်ကြပ်မိသွားသည် ။
ရဲသား - မင်းဘာဖြစ်လို့ ဒီဆိုင်ကိုမှ ဖောက်ခိုးရသလဲ
သူခိုး - ကျတော့အိမ်နဲ့ ဒီဆိုင်က နီးလို့ပါ ၊ သိတဲ့အတိုင်း ခေတ်ကမကောင်းတော့ အိမ်ကို ပစ်ပြီး အကြာကြီး မသွားချင်လို့ပါ….

Credit-No Name

#‎ပူပါတယ်‬
ဆရာ ကျားဘညိမ်းဟာ လက်ဝှေ့ ထိုးသတ်ရာမှာ ကျားတစ်ကောင်လို ရဲရဲရင့်ရင့် ထိုးသတ်တတ်ခြင်း၊ ရွှေကျား လက်ဝှေ့ကလပ် ထောင်ပြီး လူငယ် လက်ဝှေ့သမားတွေ မွေးဖွားပေးခြင်း အပြင်၊ အင်္ဂလိပ် ၁၂ ကောင်ကျားထိုး ရာမှာလည်း ကျွမ်းကျင်ခြင်းတွေကြောင့် ကျားဘညိမ်းလို့ ခေါ်ကြတာ ဖြစ်ပါတယ်။ ဒီဟာသက ကျားထိုးခြင်းနဲ့ ပတ်သက်တဲ့ ဟာသပါ။
“တစ်နေ့တော့ ပဲခူးက လူတွေနဲ့ ကျားထိုးဖို့ ချိန်းထားလို့ ဆိုင်ကယ်စီး ပြီးထွက်ခဲ့တယ်။ ကျုပ်ဆိုင်ကယ်က ဟာလေဒီဗက်ဆင် ဆိုင်ကယ်ကြီး၊ စိတ်တိုင်းကျ ရွေးဝယ်ထားတာ၊ အင်ဂျင်မာတယ်၊ အရမ်းမြန်တယ်။ မြန်သမှ ၃ နာရီလောက်ခရီးကို ၁ နာရီခွဲလောက်နဲ့ ရောက်တယ်”
စကားခဏရပ်ပြီး ဆရာကျား ဘညိမ်းက ပြုံးတုံးတုံးလုပ်နေပါတယ်။ ပြီးမှ စကားဆက်တယ်။ “ဒီလိုနဲ့ ပဲခူး ရောက်ရော။ ပဲခူးက ကျားချန်ပီယံတွေ ကျွန်တော်နဲ့ လက်ရည်စမ်းတယ်။ တစ်ယောက်ပြီး တစ်ယောက် နောက်ကောက်ကျ ကုန်တယ်။ ပွဲစဉ်တွေများတော့ ညနေ ၅ နာရီမှ ပြီးတယ်။ နေကလည်း ၀င်တော့မှာမို့ အိမ်အတွက် ခေါက်ဆွဲထုပ် ၀ယ်ပြီး ဆိုင်ကယ်ကို တရကြမ်းမောင်း ပြန်ခဲ့တယ်။ ဘယ်နှ မိုင်နှုန်းနဲ့ မောင်းခဲ့လဲတောင် မသိဘူး။ အိမ်လည်း ရောက်ရော ခေါက်ဆွဲထုပ်ကို မိန်းမ လက်ထဲပေးလိုက်တယ်။ ခေါက် ဆွဲထုပ်က ပူနွေးနေတုန်းပဲ”
စကားဝိုင်းက လူတွေအဖို့ မိုင် ငါး ဆယ်လောက်ဝေးတဲ့ ခရီးကိုပြန်ရောက်တဲ့ အထိ ခေါက်ဆွဲထုပ်က ပူနွေးနေအောင် သူ့ဆိုင်ကယ် ဘယ်လောက်တောင် မြန်လဲလို့ စဉ်းစားစရာဖြစ်ကုန် ပါတယ်။ ပြီးတော့
“ဒါတော့ လွန်ပြီဗျာ၊ ခင်ဗျားဆိုင်ကယ် ဘယ်လောက်မြန်မြန် မိုင်ငါးဆယ် ခရီးကို လေထုထဲဖြတ်မောင်းလာရ တာ၊ ခေါက်ဆွဲထုပ် အေးသွားမှာ သေချာတယ်။ ပူစရာ အကြောင်းမရှိဘူး”
ဒီအခါ ဆရာကျားဘညိမ်း ပြောလိုက်တာက “ပူပါတယ်ဗျ၊ ပူဆို ကျုပ် က ခေါက်ဆွဲထုပ်ကို ဆိုင်ကယ်အိပ်ဇော ပိုက်မှာ ချည်ပြီး မောင်းလာတာဗျ”
Written by ငွေကြည်

#‎ဟင်းသရော‬
မြန်မာလူမျိုး သေဘာၤသားလူငယ္တစ္ဦး သေဘာၤေပၚကခုန္ခ်ၿပီး ကိုရီးယားနိုင်ငံရဲ့ စက်ရုံတစ်ရုံမှာ အလုပ်သွားလုပ်ပါတယ် ။ အလုပ်က
သက်လည်းသက်သာပြီး လစာကလည်းကောင်းတဲ့အလုပ် ။ ဒါပေမဲ့ ကိုရီးယားစကားကလည်း သိပ်နားမလည်တော့ ဒုက္ခမျိုးစုံနဲ့ပေါ့ ။
အလုပ်ဝင်ပြီး ( ၃ )ရက် အကြာ.....
လူငယ် ။ ။ အန်ညောဟာဆဲလ်ယို ဆာဂျမ်းနိမ်း ( မင်္ဂလာပါ သူဌေး )
အလုပ်ရှင် ။ ။ ယဲ အန်ညော ( ဟုတ်ကဲ့ မင်္ဂလာပါ )
အလုပ်ရှင် ။ ။ အီးလ် ဟဲမျောင်း ဟင်းသရောလ် ( အလုပ် လုပ်ရတာ ပင်ပန်းလား ? )
လူငယ် အံ့သြသွားတယ်.....ငါ " ဟသာင်္တ " သားမှန်း သူဘယ်လိုသိပါလိမ့်ပေါ့ ။
လူငယ်က " ဟင်းသရောလ် " ကို " ဟသာင်္တ " လို့ ထင်မိပြီး ...ဟုတ်တယ် ကျွန်တော် " ဟသာင်္တ " သားပါလို့ ဖြေလိုက်ပုံက ...
လူငယ် ။ ။ ယဲ ဟင်းသရောလ်ယို ( ဟုတ်ကဲ့ ပင်ပန်းတယ် )
ဒါနဲ့ သူဌေးက ဆက်မေးတယ် အရမ်းပင်ပန်းတာလားပေါ့ ( လက်ဟန်ခြေဟန်တွေလည်း ပါတာပေါ့ )
အလုပ်ရှင် ။ ။ ဂျုံးမားလ် မန်နီး ဟင်းသရောလ် ( တကယ် အရမ်းပင်ပန်းတာလား ? )
လူငယ်က သူဌေးရဲ့လက်ဟန်ခြေဟန်ကို ကြည့်ပြီးတွေးမိတာက... ဒါဟာ ငါတို့ " ဟသာင်္တ "မြို့ကြီးက အကြီးလားလို့မေးတာ
ဖြစ်ရမယ်ဆိုပြီး...( ဟုတ်တယ် " ဟသာင်္တ "မြို့ကြီးက အကြီးကြီး ) ဆိုပြီး ပြုံးပြုံးလေး ဖြေလိုက်ပုံက ...
လူငယ် ။ ။ ယဲ မန်နီး ဟင်းသရောလ်ယို ( ဟုတ်ကဲ့ အရမ်းကို ပင်ပန်းတယ် )
သူဌေးက ဒီလိုတွေးမိတယ်...ဒီလောက် သက်သာတဲ့အလုပ်ကိုတောင် ပင်ပန်းတယ် ပြောပုံထောက်တော့ ဒီကောင် ငပျင်းဖြစ်ရမယ်ဆိုပြီး
အလုပ်ရှင် ။ ။ အီးလ် ဂုမန်းဟဲ ၊ နောခါ ( မင်းသွားတော့ အလုပ်မလုပ်နဲ့တော့ )
လူငယ် ။ ။ မအူမလည်နဲ့ .......ယဲ ( ဟုတ်ကဲ့ တဲ့ )
...
from gmail

#‎A‬ ပရယ်လမှာ စတွေ့ ခဲ့ကြတဲ့
B စကစ်ကြိုက်တဲ့ ကောင်မလေးရယ်
C စဉ်သမျှ လွဲခဲ့ရလို့ 
D ရင်ဘတ်ကြီး ကွဲခဲ့ရပြီ။
E မေဂျာကကောင်မလေးနဲ့  မင်းထင်သလိုမဟုတ်ခဲ့ပါဘူး
F အမ်ကနေ
G လတ်ရဲ့ သီချင်းတောင်းပေးတော့
H လို့ တောင်မပျော်ဘူးဆို။
I လပ်ဗ်ယူလို့ ပြောတော့
J အိုင်ပီကုန်တိုက်ဘေးက
K တီဗွီမသွာဖို့ ကတိတောင်းခဲ့တယ်လေ
L ဆိုင်းဇီ သီချင်းကို
M ပီသရီးနဲ့ နားထောင်ရင်း
N ကိုင်ရာ အပြုံးနဲ့ 
O...သိပ်ချစ်တာပဲလို့ ပြောတော့
P တိတွေဖျာလို့ ငါ့ မှာ
ှQ တာဖြစ်မှ လက်ထပ်မယ်လို့ 
R ရိုက်သွာတဲ့ သူရယ်
S ဆစ်နဲ့ နှလုံးသားကိုလောင်းလို့ 
T ကောင်ကို ဆားနဲ့ တို့ တာမှတော်အုံးမယ်
U ဒို့ ကို အလွမ်းတွေပေးခဲ့တယ်ကွယ်။
V ဒီယိုကားတွေထဲကလို
W (whisky)တစ်လုံးနဲ့ အသည်းကိုစိမ်ပြီး
X မက်ဆိုးတွေမက်လို့ ဖုန်းဆက်ကြည့်တော့
Y တခွက်လောက်မှ တန်ဘိုးမရှိတဲ့ မင်းက
Z ကြည့်ရင်းလင်နောက်လိုက်သွားတယ်လေ။
Credit-ပီလီကင်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...