Thursday, April 23, 2015

ဘူးလက် (ဦး) လှဆွေသို့

လွှတ်တော်အမတ် ဘူးလက်လှဆွေ ကျောင်းသားတွေနဲ့ အဖွဲ့ချုပ် နှစ်ခုလုံးကို တိုက်ခိုက်ချင်ဇောနဲ့ တကသ ခွပ်ဒေါင်းအလံကို အင်အယ်လ်ဒီအလံလို့ ပြောလိုပြောပြီး ဘာမဆိုင် ညာမဆိုင် တပ်မတော်သားတွေ နဲ့ လောက်ကိုင်တိုက်ပွဲ အကြောင်းပြုပြီး ရန်တိုက်ပေးတဲ့ အောက်တန်းကျကျ အောက်လမ်းနည်းကို မရှက်မကြောက် သုံးတာကို တူမလေး ငြိမ်းချမ်းမေက ချက်နဲ့လက်နဲ့ ထောက်ပြစိမ်ခေါ်လိုက်တာ အားရပါးရ ရှိလှတယ်။
ဒီနေ့ လူငယ်တွေဟာ အချဉ်မဟုတ်ဘူး။ မျက်စိပိတ် နားပိတ် ပါးစပ်ပိတ်ထားလို့ ရတဲ့ခေတ် ကုန်သွားပြီဆိုတာ စစ်ဝတ်ချွတ်လူစားတွေနဲ့ စစ်ဝတ်မြဲလူစားတွေ သိဖို့လိုပြီ။
ထွန်းအောင်ကျော် (၇၄မျိုးဆက်) 

Nyein Chan May

ဘူးလက် (ဦး) လှဆွေသို့
ဒီစာကို မရေးခင် ရည်ရွယ်ချက်ကို ပြောပြရပါလိမ့်မယ်။ အကြောင်းအရာကတော့ အောက်မှာ တွဲတင်ထားတဲ့ စခရင်ရှော့က စာသားနဲ့ ပုံကြောင့် ဖြစ်ပါတယ်။
ဘူးလက်(ဦး)လှဆွေဟာ လွှတ်တော် အမတ်တယောက်ဖြစ်နေပေမယ့် မရှိတာကို အရှိလုပ်ပြီး၊ တဆိတ်ကို တအိတ်လုပ်တတ်သူဖြစ်တာကို သိပြီးပေမယ့် ဒီကိစ္စဟာကျမတို့ တကသ တွေရဲ့ ဂုဏ်သိက္ခာကို ထိပါးလာတာကြောင့် ပြောရပါလိမ့်မယ်။
ဦးလှဆွေရှင့်
ဦးလှဆွေ တင်လိုက်တဲ့ ဓာတ်ပုံထဲက အလံတော်ဟာ ပါတီတခုရဲ့ အလံ မဟုတ်ဘူးဆိုတာ ဦးလှဆွေ သိချင်မှလည်း သိပါလိမ့်မယ်။ သိသိကြီးနဲ့ မသိချင်ယောင်ဆောင်တာလည်း ဖြစ်ပါလိမ့်မယ်။ အဲဒီပုံထဲက သရုပ်ဆောင်ကလေးတွေ ကိုင်ဆောင်ထားတဲ့ အလံဟာ သမိုင်းဝင် ကျောင်းသားသမဂ္ဂခွပ်ဒေါင်းအလံတော် ဖြစ်ပါတယ်။ ဦးလှဆွေတို့လို အာဏာရှင်တွေအတွက် တစ္ဆေခြောက်ခံရသလို မုန်းတီးကြတဲ့ အလံတော်ပေါ့။ ဒါနဲ့များ ဘာကြောင့် ပါတီအလံလို့ စွပ်စွဲရတာပါလိမ့်။
ဒုတိယအချက်ကတော့ လောက်ကိုင်က တိုက်ပွဲဝင် စစ်သားတွေကို စော်ကားတာတွေ သံချပ်ထဲ ထည့်ထိုးတယ်ဆိုတဲ့ ကိစ္စပါ။ ဦးလှဆွေ အခုတင်လိုက်တဲ့ပုံထဲက ကလေးတွေ ပါတဲ့ သံချပ်ဗီဒီယိုဖိုင်တွေကို ဘယ်နှနှစ်စာ ပြန်ကြည့်ချင်သလဲ။ ၂၀၁၂ က စ အခု ၂၀၁၅ အထိ ၃ နှစ်ဆက်တိုင် ဗီဒီယိုတွေ အကုန်ကြည့်ချင်သလား တင်ပေးလိုက်မယ်။ ဒီကလေးတွေ သံချပ်စာသားအားလုံးဟာ နိုင်ငံသားအားလုံးရဲ့ အရေးဖြစ်တဲ့ အခြေခံဥပဒေပြင်ဆင်ရေး၊ အမျိုးသားပညာရေး ဥပဒေနဲ့ ဦးလှဆွေတို့ရဲ့ ဒီမိုကရေစီအစိုးရ (ဟုခေါ်သော) အစိုးရကနေ အကြမ်းဖက်ဖြိုခွင်းခဲ့တဲ့ ကျောင်းသားသပိတ်စစ်ကြောင်း အကြောင်း ဒါပဲ ပါတယ်။
ဦးလှဆွေ မျက်လုံးထဲမှာ ပင်နီနဲ့ အလံနီ မြင်တာနဲ့ မရှိတာကို၊ အရှိလုပ်၊ မဟုတ်တာကို အဟုတ်လုပ်ပြီး အလတ်ဂျစ်ရောဂါ ထတတ်ပုံရတယ်။
ဓာတ်ပုံထဲလည်း ပြန်ကြည့်ပါဦး။ တာဝန် လက်ပတ်နဲ့ လူရမ်းကားပုံ သရုပ်ဆောင်ထားရတဲ့ ကလေးတွေရယ်၊ ပင်နီအင်္ကျီလေးတွေဝတ်ပြီး အကြမ်းဖက်ခံရမှုသရုပ်ကို ပြန်ဆောင်နေရတဲ့ ကိုယ်တိုင်ကြုံတွေ့ခံစားခဲ့ရတဲ့ တက္ကသိုလ်ကျောင်းသူ၊ ကျောင်းသားစစ်စစ်တွေရယ်ပဲပါတယ်။ ဦးလှဆွေတို့က လောက်ကိုင်မှာ တာဝန် လက်ပတ်နဲ့သွားတိုက်လို့မို့ ဒီပုံကနေ လောက်ကိုင်တိုက်ပွဲကို အယုတ္တ၊ အနတ္တတွေ သံချပ်ထဲထည့်ထိုးတယ်လို့ စွပ်စွဲရတာလား။ အောက်က သံချပ်စာသားကလည်း တကသတွေရဲ့ ဒေါင်းတို့မျိုးဆက်အဖွဲ့က သံချပ်စာအုပ် မဟုတ်ဘူးရှင့်။
သက်သေစုံမှ ဒီလိုစွပ်စွဲတာမျိုးလုပ်ပါ။ အခုဟာက လွန်လွန်းအားကြီးတယ်။
တကယ်လို့ ဦးလှဆွေ စားရိတ်ခံနိုင်ရင် အဲဒီသံချပ်ကို နားထောင်ဖူးသူ ပြည်သူအားလုံးနဲ့ အဲဒီအဖွဲ့ထဲက ကျောင်းသူ၊ ကျောင်းသားအားလုံးလာပြီး ဦးလှဆွေကို သက်သေသက္ကာယ ထပ်ပြလိုက်ချင်သေးတယ်။

ငြိမ်းချမ်းမေ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...