Posted: 06 Apr 2015 03:48 AM PDT
ကမ္ဘာလှည့်ခရီးသွားတွေ စိတ်ဝင်တစားသွားရောက်လည်ပတ်လေ့ရှိတဲ့
ရှမ်းပြည်တောင်ပိုင်းက အင်းလေးကန်ဟာ ဒီနှစ်နွေရာသီမှာ ယခင်နှစ်တွေထက်
ပိုပြီး ရေခန်းခြောက်လာပြီး ရေလမ်းခရီးသွားလာရေးအခက်တွေ့နေတယ်လို့
ဒေသခံတွေက ပြောပါတယ်။
အင်းလေးဒေသခံတစ်ဦးဖြစ်သူ ကိုကျော်စိုးက အင်းရေပြင်ရေနိမ့်သွားတဲ့အတွက်
စက်လှေ သွားလာရေးနဲ့ လှေဆိုက်ရာနေရာ အခက်အခဲဖြစ်နေရကြောင်း ခုလိုပြောပါတယ်။
“ကျနော်တို့ အင်းထဲကိုသွားမယ့် ညောင်ရွှေဖော
|
Posted: 06 Apr 2015 03:40 AM PDT
ဒေါ်အောင်ဆန်းစုကြည်သည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချူပ်ကို ဦးဆောင်ပြီး
ဒုတိယအကြိမ် ရွှေးကောက်ပွဲမှာ အောင်ပွဲခံဖို့ ကြိုးစားနေချိန်မှာ အကျပ်အတည်း
အခက်အခဲများကို ရင်ဆိုင်နေရသော နှစ်တနှစ်ဖြစ်ပါသည်။
ဧပြီလ ၃ ရက် သောကြာနေ့က နေပြည်တော် ရုံးခန်းတွင် Globe & Mail
သတင်းဌာနနှင့် အင်တာဗျူးရာတွင် ဒေါ်အောင်ဆန်းစုကြည်က
“ တကယ်လို့ လူအများစုက ပြောင်းလဲရေးအတွက် ရည်ရွယ်ချက်နဲ့ လုပ်ခဲ့ ရင်
ပြောင်းလဲမှုတွေ ပေါ်ပေါက်
|
Posted: 06 Apr 2015 03:09 AM PDT
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်း
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကမ်းလှမ်းထားသည့်
ခြောက်ပွင့်ဆိုင် ဆွေးနွေးပွဲကို ဧပြီလ ၁၀ ရက်တွင် ပြုလုပ်မည်ဟု
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းက သူ၏ facebook အင်တာနက်
စာမျက်နှာတွင် ရေးသားထားသည်။
"၆ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲ ဧပြီလ ၁၀ ရက်နေ့ဖြစ်မည်ဟု
သူရဦးရွှေမန်းပြော" ယနေ့ပြည်ထောင်စုလွှတ်တော် ကျင်းပအပြီး နေ့လယ်၂:၄၅
အချိန်၊
|
Posted: 06 Apr 2015 02:59 AM PDT
လီမာ ၊ ၆-၄-၂၀၁၅
တိရ စ္ဆာန်များ ပျာယီးပျာယာ ဖြစ်နေကြခြင်း၊ ဂနာမငြိမ် ဖြစ်နေကြခြင်း
ကိုကြည့်၍ သိပ္ပံပညာရှင် များက စစ်ဆေးလေ့လာ ခဲ့ကြရာ ငလျင် လှုပ်တော့မည်ကို
တိရ စ္ဆာန်များက ကိုယ်ပိုင် အသိဖြင့် ၂၃ ရက် ကြိုတင် သိနေကြကြောင်း
လေ့လာတွေ့ရှိ ခဲ့ကြသည်။
သဘာဝ ဘေးအန္တရာယ် ကြီးများ အထူးသဖြင့် ငလျင်လှုပ်မှု ကြီးများသည်
မိမိတို့နေထိုင် ကျက်စားရာ ဒေသတွင် ကျရောက် တော့မည်ကို လူသားများထက်
တိရစ္ဆာန်များက ကြိုတင်၍ သိနေကြသ
|
Posted: 06 Apr 2015 02:57 AM PDT
နယူးယောက် ၊ ၆-၄-၂၀၁၅
WWF နပန်း အားကစား လောကတွင် နာမည်ကြီး ထင်ရှားသည့် နပန်း ကစားသမား
ဂျွန်ဆီနာ သည် ယမန်နေ့ မွန်းလွဲပိုင်းက နယူးယောက်မြို့တွင် ကားတိုက်မှု
ဖြစ်ပွားကာ ကွယ်လွန် သွားကြောင်း အမေရိကန် အားကစား သတင်းမီဒီယာ များ၏
ဖော်ပြချက် အရ သိရသည်။
''ဂျွန်ဆီနာ က ယာဉ်တိုက်မှု ဖြစ်တဲ့အချိန်မှာ အရက်သေစာ အလွန်အကြူး သောက်ထား
တာကို တွေ့ရပါတယ်။ ဂျွန်ဆီနာ မှာ စိတ်ကျရောဂါ ဖြစ်နေတာကိုလည်း တွေ့ရပါတယ်။
ဒါကြော
|
Posted: 06 Apr 2015 02:53 AM PDT
ရန်ကုန် ဧပြီ ၅
ရန်ကုန်တွင် နှစ်စဉ်အိမ်ရာလိုအပ် ချက်မှာ တိုက်ခန်းပေါင်းနှစ်သောင်း ငါး
ထောင်ခန့်ရှိနေသော်လည်း ဆောက်လုပ် ရေး စရိတ် ကြီးမားမှုကြောင့် တစ်နှစ်လျှင်
တိုက်ခန်းပေါင်း ၇ဝဝဝ ခန့်ကိုသာ ဆောက်လုပ် နိုင်သည့် အတွက် အိမ်ရာလို
အပ်ချက် မြင့်တက်လျက်ရှိပြီး ဈေးကွက် စီးပွားရေးစနစ် ကျင့်သုံး
နေခြင်းကြောင့် အိမ်ငှားခမြင့်တက်လာခြင်းကို အစိုးရက
စံနှုန်းသတ်မှတ်ထိန်းချုပ်ပေး၍ မရကြောင်း ရန်ကုန်တိုင်း ဒေသြ
|
Posted: 06 Apr 2015 02:38 AM PDT
မူးယစ်ဆေး မှောင်ခိုမှုနဲ့ သေဒဏ် စီရင်ချက် ချမှတ်ခံထားရတဲ့
သြစတေးလျှနိုင်ငံသား ၂ ဦးရဲ့ အသနားခံလျှောက်ထားချက်ကို အင်ဒိုနီးရှား
တရားရုံးက ဒီကနေ့ ပယ်ချလိုက်ပါတယ်။
သြစတေးလျှနိုင်ငံသားတွေဖြစ်တဲ့ Andrew Chan နဲ့ Myuran Sukumaran တို့ဟာ
၂၀၀၅ ခုနှစ်က အင်ဒိုနီးရှား ဘာလီကျွန်းမှာ ဟီရိုအင်း တရားမ၀င် ကုန်ကူးသူ ၉
ဦး အုပ်စုထဲမှာ ခေါင်းဆောင်အဖြစ် ပါဝင်သူများ ဖြစ်ပါတယ်။
အင်ဒိုနီးရှား သမ္မတ ဂျိုကို ၀ီဒိုဒို
|
Posted: 06 Apr 2015 02:39 AM PDT
၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ အကြိုကာလနှင့် DVB အရွေ့ 
ဒေါ်လာ ၃ သိန်းလာဘ်စားမှု၊ ၀ါရင့်သတင်းထောက်တွေ အလုပ်ထုတ်ခံရမှုတွေရှိခဲ့ပေမယ့်လည်း
DVB ရဲ့ သြဇာ အရှိန်အ၀ါဟာ ပရိသတ်အပေါ် ကြီးမားနေဆဲဖြစ်ပါတယ်။ DVB
ယာယီညွှန်မှုးအပါဝင် ပြည်ပက မီဒီယာဆရာကြီးတွေ နေပြည်တော်ဆီအ၀င်အထွက်လုပ်ခွင့်
ရနေပြီဆိုပေမဲ့ သတင်း လွတ်လပ်ခွင့်မရှိ သေးပါ။ ဒီလို အခြေနေမှာ
အစိုးရသစ်ရဲ့ကိုယ်စားလှယ် ၀န်ကြီးဦးအောင်ကြည်နဲ့ အတိုက်ခံ ခေါင်းေ
|
Posted: 06 Apr 2015 01:58 AM PDT
ဒါကာ ၊ ၆-၄-၂၀၁၅
ဘင်္ဂလားဒေ့ရ် နိုင်ငံတွင် မြေအောက်ရေ ကုန်ခန်း လာခြင်းကြောင့် အနာဂတ်တွင်
နိုင်ငံတွင်း စပါးစိုက်ပျိုး ထုတ်လုပ်မှု အတွက် ခြိမ်းခြောက်မှုကြီး
ဖြစ်လာနိုင်ကြောင်း အပြည်ပြည် ဆိုင်ရာ ဆန်စပါး သုတေသန အဖွဲ့ကြီးက
သတိပေးချက် ထုတ်ပြန် လိုက်သည်ဟု သိရသည်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံတစ်ဝန်း စပါးစိုက်ပျိုးရာ ဒေသများကို စစ်ဆေး
တိုင်းထွာခဲ့ရာမှ နှစ်စဉ် လေးပေမှ ငါးပေထိ ရေများ နိမ့်ဆင်းသွား ခဲ့ရသည်။
အဓိက အြေ
|
Posted: 06 Apr 2015 01:53 AM PDT
ကချင်ပြည်နယ် ဖားကန့်ဒေသမှာ ဧပြီ ၅ ရက်နေ့ မနက်အစောပိုင်းက လေပြင်းတွေ
ရုတ်တရက် တိုက်ခတ်ခဲ့တဲ့ အတွက် လူ ၁ ဦး သေဆုံးသွားခဲ့ပါတယ်။
တနင်္ဂနွေနေ့ မနက် ၃ နာရီလောက်မှာ လေပြင်း တိုက်ခတ်ခဲ့တဲ့ အတွက်
ဖားကန့်မြို့ပေါ်မှာ ဓာတ်မီးတိုင်တွေ ပြိုလဲ ပျက်စီးသွားသလို အဆောက်အဦး
တချို့လည်း ပျက်စီးသွားခဲ့ပါတယ်။
လေပြင်းတွေကြောင့် တဲပြိုကျ ပိမိပြီး ကချင်အမျိုးသားတိုးတက်ဖွံ့ဖြိုးရေး ကုမ္ပဏီ (ကေအန်ဒီပီ) အစောင့်တယောက် သေ
|
Posted: 06 Apr 2015 01:44 AM PDT
ခရမ်းလွန်ရောင်ခြည် မြင့်တက်နေစဉ်တွင် နေသည် ယခုမတ်လ ၂၁ ရက်မှစ၍
မြန်မာနိုင်ငံ အပေါ် တည့်တည့်ကို ရောက်ရှိမည် ဖြစ်ခြင်းကြောင့်
အပူရှိန်နှင့် ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းများမှာ
ပိုမိုမြင့်တက်နေမည်ဟု ပညာရှင်တို့က ညွှန်ပြနေကြပါသည်။
မြန်မာပြည်အပေါ် “နေ”တည့်တည့်ကျမည်
------- --------
နေသည် မတ်လ (၂၁)ရက်ခန့်တွင် မြန်မာနိုင်ငံအပေါ်ကို ပြည့်ပြည့်၀၀
ရောက်ရှိလာနိုင်ပြီး မြန်မာနိုင်ငံအတွင်း ဦးခေါင်းပေါ်တည့်တ
|
Posted: 06 Apr 2015 01:39 AM PDT
နစ်မြုပ်သွားတဲ့ ရုရှားငါးဖမ်းသဘောင်္ Dalniy Vostok Russian trawler ပုံ။
photo: Russian Emergency situations ministry
ရုရှားနိုင်ငံအရှေ့ဖျားက ပင်လယ်ထဲမှာ ဧပြီလ (၁) ရက်နေ့က နစ်မြုပ်သွားတဲ့
ငါးဖမ်းသင်္ဘောပေါ် က မြန်မာ အလုပ်သမားတွေဟာ ငါးဖမ်းတဲ့အလုပ် လုပ်ရမယ်လို့
ကြိုတင်သိရှိထားတာမဟုတ်ပဲ သမရိုးကျ နိုင်ငံခြားသင်္ဘောသားအဖြစ် အလုပ်လုပ်ဖို့
ရန်ကုန် အခြေစိုက် ကုမ္ပဏီတွေကနေတဆင့် အကျိုးဆောင် ခပေးပြီး တရားဝင်ထွက်
|
Posted: 05 Apr 2015 09:17 PM PDT
နေပြည်တော်အမြန်လမ်း မိုင်တိုင် ၁၁၈ အနီးမှာ မန်းရာဇာနဲ့ ရွှေစကြာ
အဝေးပြေးခရီး သည်တင်ယာဉ်နှစ်စီး ပြီးခဲ့တဲ့ ဧပြီလ ၅ ရက်
ညသန်းခေါင်အချိန်လောက်က မတော်တဆ တိုက်မိမှု ဖြစ်ပွားပြီး ၂၁ ဦးဒဏ်ရာ
ရသွားတယ်လို့ ဖြူးမြို့နယ် ဆေးရုံကပြောပါတယ်။
ဖြူးဆေးရုံအုပ်ကြီး ဒေါက်တာ ဇော်လွင်က “အတွင်းလူနာ ၁၆ ယောက်၊ အပြင်လူနာ ၅
ယောက်၊ အားလုံး ၂၁ ယောက်၊ တအားစိုးရိမ်ရသူတော့မရှိဘူး။
အရိုးအနည်းငယ်ကျိုးတာတို့ အနည်းအကျဉ်းရှိတယ်၊
|
Posted: 05 Apr 2015 08:41 PM PDT
ဘင်္ဂလားဒေ့ရှ်နိုင်ငံမြို့တော်၊ ဒါကာနဲ့ နိုင်ငံရဲ့အနောက်မြောက်ဘက်ဒေသကို
စနေနေ့ညဘက်က အပူပိုင်းလေမုန်တိုင်း ဝင်ရောက်တိုက်ခတ်ခဲ့ရာမှာ လူပေါင်း ၂၄
ဦးထက်မနည်းသေဆုံးပြီး ရာနဲ့ချီ ဒဏ်ရာတွေရရှိသွားကာ
မုန်တိုင်းတိုက်ခတ်သွားရာ လမ်းကြောင်းတလျှောက်မှာလည်း အပျက်စီးတွေ
အများအပြား ဖြစ်ခဲ့ရပါတယ်။
ပူပြင်းတဲ့ကာလ ဘင်္ဂလားပင်လယ်အော်အတွင်းမှာ ပေါ်ပေါက်လာတဲ့
မုန်တိုင်းတိုက်ခတ်မှုကြောင့် သစ်ပင်တွေ အမြစ်ကနေကျွတ်ထွက်ကုန်
|
Posted: 05 Apr 2015 08:41 PM PDT
အီတလီကမ်းခြေစောင့်တပ်က ကယ်တင်လာတဲ့ ရွှေ့ပြောင်းသွားလာသူတွေကို Sicily
ကျွန်း၊ သြဂတ်စ်တာ ဆိပ်ကမ်းကို ပို့ဆောင်ပေးစဉ်။ (ဧပြီ ၅၊ ၂၀၁၅)
အီတလီရေတပ်နဲ့ ကမ်းခြေစောင့် သင်္ဘောတွေဟာ ၂၄ နာရီအတွင်းမှာတင် ရွှေ့ပြောင်း
အခြေချနေထိုင်သူ ၁၅ဝဝ လောက်ကို ပင်လယ်ထဲကနေ ကယ်တင်ခဲ့ရပါတယ်။
လစ်ဗျားကမ်းလွန် မြေထဲပင်လယ်မှာ ဒုက္ခရောက်နေကြတဲ့
ရွှေ့ပြောင်းအခြေချနေထိုင်လာသူ သင်္ဘော ၃ စင်းဆီက အရေးပေါ် အကူအညီ
တောင်းခံချက်ကို ရရှိခဲ့တယ်
|
Posted: 05 Apr 2015 07:46 PM PDT
ရန်ကုန်-မန္တလေး အမြန်လမ်း မိုင် ၁၂၀/၂-၃ ကြား ယာဉ်မတော်တဆမှုဖြစ်ပွားခြင်း
(၅.၄.၂၀၁၅) ရက်နေ့ ည (၂၃း၃၀)နာရီအချိန်ခန့်တွင် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး (အသွားလမ်း) မိုင်တိုင်အမှတ်(၁၂၀/၂)နှင့်(၁၂၀/၃)ကြားတွင်
ရန်ကုန်မှ မန္တလေးသို့ ယာဉ်မောင်း၊ ဦးထွန်းလှိုင်၊ (၃၇)နှစ်
မောင်းနှင်လာသော ၃င/xxxxမန်းရာဇာ Express ယာဉ်သည် ရှေ့မှ ယာဉ်မောင်း၊
ဦးဇင်မင်းထွန်း (ထွက်ပြေးတိမ်းရှောင်) မောင်းနှင်နေသော 2H/
|
Posted: 05 Apr 2015 05:29 PM PDT
အပစ်ရပ်မူကြမ်း ထွက်လာတဲ့နောက်ပိုင်း အစိုးရ က ငြိမ်းချမ်းရေး ထောက်ခံပွဲ
တွေ ဆိုပြီး မြို့ရွာ အနှံ့ ပြုလုပ် လာနေပါတယ်။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ နဲ့ အစိုးရ အကြား မှာ တနိုင်ငံလုံး
အပစ်ရပ် ဆဲရေး အတွက် မူကြမ်း တစ်စောင် ရရှိခဲ့တဲ့ နောက်ပိုင်း မြို့ရွာဒေသ
တချို့ မှာ ဒေသခံ တွေ က အစိုးရ ရဲ့ ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်း အပေါ်
အားပေး ထောက်ခံ ပွဲ တွေ ဆိုပြီး ပြုလုပ် လာနေတယ် လို့ အစိုးရ ရဲ့ သတ
|
Posted: 05 Apr 2015 05:29 PM PDT
ယာမွတ်စခန်းထဲ လူတွေ တစ်သောင်း ရှစ်ထောင်လောက် ပိတ်မိ နေဆဲ ဖြစ်။
ဆီးရီးယား နိုင်ငံ ဒမတ်စ်ကပ်စ် မြို့တော် က ပါလက်စတိုင်း ဒုက္ခသည် တွေ
အခြေချရာ ယာမွတ် စခန်း ထဲ က လမ်းတွေ ပေါ် မှာ တိုက်ပွဲတွေ ရက် အတန်ကြာ
ဖြစ်ခဲ့ပြီး တဲ့နောက် အရပ်သား တွေ ရာနဲ့ ချီပြီး ထွက်ပြေး လာနိုင်ခဲ့
ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ် တုန်းက ယာမွတ် စခန်း ထဲကို အစ်စလာမ်မစ် လက်နက်ကိုင်
IS တွေ ဝင်ရောက် လာခဲ့ပြီး စခန်းကို ခုခံ ကာကွယ် ကြတဲ့
|
Posted: 05 Apr 2015 05:29 PM PDT
အားလုံးသိကြပြီးဖြစ်တဲ့အတိုင်း အရင် စစ်အစိုးရလက်ထက်က ဖေါက်လုပ်ခဲ့တဲ့
ရန်ကုန်-နေပြည်တော်- မန္တလေး အမြန်လမ်းမကြီးမှာ ယာဉ်မတော်တဆ
ဖြစ်ပွားမှုနှုန်း များပြားပြီး လူအသေအပျောက်လည်း များပြားပါတယ်။ ဒီယာဉ်
မတော်တဆ မှုတွေနဲ့ ပတ်သက်ပြီး သတင်းဌာနတွေနဲ့ လေ့လာစောင့်ကြည့်သူတွေကတော့
လမ်းပြသနာ၊ ယာဉ်မောင်းပြသနာ၊ ယာဉ်ကြံ့ခိုင်မှု ပြသနာတွေ ပါဝင်တယ်လို့
သုံးသပ်ကြပေမယ့် အစိုးရ တာဝန်ရှိသူတွေဘက်ကတော့ ယာဉ်မောင်းတွေရဲ့ြ
|
Posted: 05 Apr 2015 05:26 PM PDT
ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ လက်ပံတောင်းတောင်
အရေးအခင်းမှာ အာဏာပိုင်တွေဘက်က အင်အား အလွန်အကျွံသုံး နှိမ်နင်းခဲ့တဲ့အတွက်
ရဟန်းသံဃာတော် အများအပြားနဲ့ အရပ်သားတချို့  ဒဏ်ရာရရှိခဲ့ကြပါတယ်။
တာဝန်ရှိသူတွေကို တရားဥပဒေအရ စစ်ဆေးအရေးယူမဲ့ ကိစ္စကို နိုင်ငံတော်သမ္မတ
ကိုယ်တိုင်က ပယ်ချခဲ့ပါတယ်။ ဒီအရေးမှာ တရားဥပဒေ နှုတ်ဆိတ် သွားလေပြီလားဆိုတာ
မြန်မာနိုင်ငံ ရှေ့ နေများကွန်ရက်က ဦးအောင်သိန်း
|
Posted: 05 Apr 2015 02:03 PM PDT
ထီးချိုင့် ဧပြီ ၅
စစ်ကိုင်းတိုင်းဒေသကြီး ကသာ ခရိုင် ထီးချိုင့်မြို့နယ် နေပူတောင် အဆင်းတွင် ဗန်းမော်မန်း ခရီးသည်ယာဉ်တိမ်းမှောက်မှုကြောင့်
တစ်ဦး သေဆုံးပြီး ၁၃ ဦး ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။
အမှုမှာ ဧပြီ ၃ ရက် ည ၁၁ နာရီခန့်က ထီးချိုင့်မြို့နယ် နေပူ တောင်အဆင်းတွင်
မန္တလေးမှ မြစ်ကြီးနားသို့ ထွက်ခွာလာသော ဗန်းမော်မန်း ခရီးသည်ယာဉ်သည်
နေပူတောင်အဆင်း တံတားအမှတ် ၁/၁၁၄ အနီးယာဉ်သည် ဘရိတ် ပေါက်၍ တိမ်းမှော
|
Posted: 05 Apr 2015 02:03 PM PDT
ရန်ကုန် ဧပြီ ၅
ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် အမှတ် (၃)ရပ်ကွက်
မင်းဓမ္မလမ်းမကြီးပေါ်၌ ဧပြီ ၄ ရက် ညဥ့်ဦးသန်းခေါင်ယံက ကုန်ပါသော ကင်တာ
မော်တော်ယာဉ်တစ်စီး တိမ်းမှောက်သွားကြောင်း သိရ သည်။
ဖြစ်စဉ်မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးလှထွေး ယာဉ်မှုစစ် ဒုရဲအုပ်
စောဇော်မင်းဦးတို့ ရောက်ရှိစစ်ဆေး မှုပြုလုပ်ရာ7I-/.... ကရိန်းတပ် ၁၄
ပေကင်တာ အဖြူ ရောင်မော်တော်ယာဉ်သည် ကေဘယ်လ်ကြိုးဘီးလုံးကြီး များတင်ဆောင်၍
|
Posted: 05 Apr 2015 02:02 PM PDT
ယီမင်မှာ ရှိနေတဲ့ မိမိတို့ နိုင်ငံသား တွေ ကို သက်ဆိုင်ရာ နိုင်ငံတွေ က
ပြန်လည် ခေါ်ထုတ်နေ။
ယီမင် နိုင်ငံထဲ ကို ဆေးဝါး ထောက်ပံ့ရေး ပစ္စည်း တွေ နဲ့ အမှုထမ်း တွေ
ပို့ဆောင်ဖို့ ခွင့်ပြုချက် ရရှိလာတယ် ဆိုပြီး နိုင်ငံတကာ ကြက်ခြေနီ အဖွဲ့ က
ပြောပါတယ်။
ယီမင် နိုင်ငံထဲ က ဟူသီ သူပုန်တွေ ကို ဆက်တိုက် ဆိုသလို တိုက်ခိုက် နေတဲ့
ဆော်ဒီ အာရေဗျ ဦးဆောင် တဲ့ စစ်ရေး မဟာမိတ် အုပ်စု နဲ့ အကြား သဘောတူ ညီမှု
ရလာခဲ့ တဲ့ နော
|
Posted: 05 Apr 2015 02:00 PM PDT
ရွေးကောက်ပွဲအတွက် စိတ်ဝင်စားနေကြ
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို အသစ်ပြန်ပြီး ဖွဲ့ပေးဖို့
လက်မှတ်ရေးထိုး တောင်းဆိုတဲ့ လှုပ်ရှားမှုကို တာမွေမြို့နယ်မှာ ဒီကနေ့
ပြုလုပ်ခဲ့ပါတယ်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဘက်ကတော့ တိုင်းရင်းသားလူမျိုး (၈)ဦးကို
ကော်မရှင် အဖွဲ့ဝင် တွေအဖြစ် ပြီးခဲ့တဲ့ ရက်ပိုင်းက ထပ်မံ
ခန့်အပ်ခဲ့ပါတယ်။
တိုင်းနဲ့ ပြည်နယ်တွေမှာ တာဝန် ထမ်းဆောင်ဖို့ ဆိုပြီး သမ္မတ အမိန့်နဲ့ အ
|
Posted: 05 Apr 2015 01:57 PM PDT
ကင်ညာနိုင်ငံကတက္ကသိုလ်တခုမှာ Al-Shabab စစ်သွေးကြွတွေ သတ်ဖြတ်ခဲ့သူ ၁၄၈
ယောက်အတွက်ရည်စူးပြီး ယေရှုခရစ်တော် ရှင်ပြန်ထမြောက်တဲ့ Easter Sunday
နေ့ကို ဆင်နွဲနေကြပါတယ်။ ကင်ညာနိုင်ငံတဝှမ်း Garissa တက္ကသိုလ်မှာ
သေဆုံးခဲ့သူတွေအတွက် အောက်မေ့ဖွယ်အခမ်းအနားတွေ ကျင်းပနေတာလည်းဖြစ်ပါတယ်။
ကြာသပတေးနေ့တုန်းက Garrisa တက္ကသိုလ်မှာ အကြမ်းဖက်တိုက်ခိုက်ပြီး
သေဆုံးခဲ့တဲ့ သေနတ်သမားလေးဦးထဲမှာ အစိုးရအရာရှိတဦးရဲ့သား တယောက်ြ
|
0 comments:
Post a Comment