ဆရာအခွင့်အရေး (၂)
ဆရာအခွင့်အရေးပဲ ဆွေးနွေးဆွေးနွေး ၊ ကျောင်းသားအခွင့်အရေးပဲ ဆွေးနွေး သူတို့ရဲ့ အခွင့်အရေး တွေဟာ လူ့အခွင့်အရေးကြေညာစာတမ်းပါ အချက်အလက်တွေနဲ့ ပတ်သတ်နေတယ်။ အထူးသဖြင့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေးကြေညာစာတမ်းကနေ ပေးအပ်ထားတဲ့ အခွင့်အရေးတွေ ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ကနေ ပေးအပ်ထားတဲ့ အခွင့်အရေးတွေနဲ့ပတ်သတ်နေတာချည်းပဲ။ ဆရာအခွင့်အရေးမှာ ပိုလာတာက ဆရာတွေရဲ့ အလုပ်အကိုင်နဲ့ ဆက်စပ်ပြီး လူသားတစ်ယောက်ရဲ့ အခြေခံအကျဆုံးအခွင့်အရေးတွေကို ဘယ်လိုပေးအပ်မလဲ ၊ ဘယ်လောက်အတိုင်းအတာအထိ ပေအပ်မလဲ ၊ ဘယ်လိုအခြေအနေတွေမှာ ဘယ်လောက်ပေးအပ်မလဲ ဆိုတာတွေကို လေ့လာစူးစမ်းဖော်ထုတ်ရတာတွေ ပိုလာတယ် ။ ယခုအပိုင်း ၂ကလည်း အပိုင်းတစ်မှာ အစလုပ်ထားတဲ့ ဆရာတွေရဲ့ လွတ်လပ်စွာပြောဆိုခွင့်ကို ဆရာ ၊ ကျောင်းအာဏာပိုင်း ၊ အခြေခံအခွင့်အရေးဆိုတဲ့ အဆက်အစပ်ထဲကိုထည့်ပြီးဆွေးနွေးထား တာဖြစ်တယ်။
ဒါကြောင့်လွတ်လပ်စွာပြောဆိုခွင့်နဲ့ ဆရာအခွင့်အရေးအပိုင်းကိုထပ်ပြီးဆွေးနွေးရရင် ဆရာတွေကို လွတ်လပ်စွာ ပြောဆိုခွင့် ဘယ်လောက်အတိုင်းအတာ အထိပေးအပ်ထားမှာလဲ ၊ နောက် စာသင်ခန်းပြင်ပမှာ သူ့ရဲ့ ကျောင်းအုပ်နဲ့ ကျောင်းအာဏာပို်င်တွေအပေါ် ဝေဖန်မှု ၊ လွတ်လပ်စွာ ထင်မြင်ဖော်ထုတ်မှုကို ဘယ်လောက်အတိုင်းအတာအထိပေးအပ် နိုင်သလဲ ဆိုတာကိုလေ့လာစူးစမ်းကြည့်ရမယ်။ ဒီလို စူးစမ်းတဲ့ အခါမှာ လစ်ဘရယ်ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ လူ့အခွင့် အရေးအပေါ်တန်ဖိုးထားနားလည်တဲ့ အမေရိကန် နိုင်ငံသားအခွင့်အရေးအဖွဲ့အစည်းတွေရဲ့ အမြင် ၊ အမေရိကန် တရားရုံးတွေရဲ့ မြင်ပုံမြင်နည်းတွေကနေ ကြည့်ရှုမှာဖြစ်တယ်။ ပစ်ကားရင်းအမှုနဲ့ ပတ်သတ်ပြီး ဆုံးဖြတ်စဉ်းစားတဲ့ နေရာမှာ ပစ်ကားရင်းရဲ့ ကျောင်းအာဏာပိုင်တွေအပေါ်ဝေဖန်ချက်တွေမှာ တစ်ချို့အချက်အလက်တွေဟာ မှန်ကန်မှု မရှိ ဖြစ်နေတာဟာ ဒါကို လွတ်လပ်စွာပြောဆိုခွင့်ရယ်လို့ သတ်မှတ်သင့် မသတ်မှတ်သင့်အတွက်အတော်ကလေး စဉ်းစားစရာ ဖြစ်ခဲ့ကြတာကိုတွေ့ရမှာပါ။ တစ်ဖက်မှာလည်း အဲဒီလို အချက်အလက်မှာမှုရဲ့ရည်ရွယ်ချက်ကို ကြောင်းကျိုးဆင်ခြင်မှု ရှိရှိ လေ့လာသုံးသပ်ကြည့်တဲ့ အခါ ကျောင်းအာဏာပိုင်တွေကို အာဏာဖြစ်စေလိုတဲ့ ရည်ရွယ်ချက်နဲ့ သုံးတာမဟုတ်ဘဲ၊ သူကိုယ်တိုင်ရဲ့ လေ့လာစူးစမ်းမှုအားနည်းခြင်းကြောင့်သုံးတာကိုတွေ့ရတယ်။ ဘယ်လိုပဲဖြစ်ဖြစ်ဒီလို အချက်အလက် မမှန်ကန်ပဲ ဝေဖန်မှုဟာ တကယ့်တရားရုံးတတ်တဲ့အခါမှာ အတော်ကလေး ရှုပ်ထွေးသွားစေတယ်ဆိုတာကို ဆရာတွေ လက်ခံထားရမယ်။ ကျောင်းအာဏာပိုင်တွေကို ဝေဖန်တော့မယ်ဆိုရင်လဲ တိကျသေချာတဲ့ အချက်အလက်ကို ကိုင်စွဲ ဝေဖန်ရမယ်။ ဒါပေမယ့် တိကျသေချာတဲ့ ဝေဖန်ချက်ရဲ့ အဆက်အစပ်တွေမှာ ပြဿနာတွေအများကြီးရှိနေသေးတာကို တွေ့ရမယ်။ တစ်ဖက်မှာလည်း ကျောင်းတွေရဲ့ အာဏာပိုင်အဖွဲ့အစည်းတွေရဲ့ဘက်မှာရှိနေတာက သူတို့ကျောင်းရဲ့ ပေါ်လစီ ၊ ရုံးရဲ့ကိုယ်ကျင်တရားနဲ့ ကျင့်ဝတ်ဆိုင်ရာ ၊ လူကြီးတွေရဲ့ ယုံကြည်မှု ဆိုတာတွေကလည်း ရှိနေသေးတယ်။ ဒါကြောင့် ဆရာတွေရဲ့ လွတ်လပ်စွာ ပြောဆိုခွင့် ၀ါ ကျောင်းအာဏာပိုင်တွေကိုကျောင်းပြင်ပအဆက်အစပ်ကနေ ဝေဖန် မှုတွေဟာ သူဆိုင်ရာ အဆက်အစပ် ၊ အကြောင်းအရာ ၊ ပုံသဏ္ဌာန်အရသာ အမှုတစ်မှုချင်းစီကို ကြည့်ပြီး ဆုံးဖြတ်ရမယ် လို့ မြင်ကြတယ်။ တကယ်လို့ ဝေဖန်သူကျောင်းဆရားနဲ့ ကျောင်းအာဏာပိုင်တွေဟာ နေ့စဉ်ထိတွေ့ဆက်ဆံနေရတဲ့ ထိတွေ့ ဆက်ဆံမှုရှိနေမယ်ဆိုရင် ဝေဖန်သူ ဆရာဆရာမရဲ့ အခြေအနေဟာ ဥပဒေနဲ့အကာအကွယ်ပေးရခက်ခဲတဲ့ အနေအထားမှာ ရှိနေတယ်ဆိုတာကိုလည်း မမေ့သင့်ဘူး။ အကြောင်းက ထိတွေ့ဆက်ဆံမှု အလွန်များနေတဲ့ အထက်လူ ကြီးနဲ့ ဆရာရဲ့ ဖြစ်စဉ်မှာ တခြားသော အကြောင်းတရာတွေက ဆရာတွေဟာ အကာအကွယ်မဲ့နေမှာ ဖြစ်သလို ၊ တရားရုံးကလည်း အဲဒီအထိ ထဲထဲဝင်ဝင်လိုက်ပါ အကာအကွယ်ပေးနိုင်ဖို့ မလွယ်ကူတာကိုတွေ့ရမယ်။
အခြေခံတန်းဖိုး (၁) ။ ဆရာတွေရဲ့လွတ်လပ်စွာပြောဆိုဝေဖန်မှုဟာ ရှိရင်းစွဲ အခြေအနေကို ယောက်ယက်ခတ်သွား စေနိုင်သလား ၊ ၀င်ရောက်နှောင့်ယှက်စွက်ဖက်မှုဆန်လား ။ ဒီအချက်နှစ်ချက်ဟာ ဆရာတွေရဲ့ ကျောင်းပြင်ပကနေ ဝေဖန်မှုနဲ့ပတ်သတ်ပြီး အဓိကထားထည့်ဝင်စဉ်းစားကြလေ့ရှိတဲ့ အချက်တစ်ချက်ပဲ။ ဒါပေမယ့် ဒီအချက်ကို တန်ဖိုးစံ တစ်ခုအဖြစ်ထည့်စဉ်းစားတဲ့အ ခါမှာ ဆရာတွေဟာ ဒီအချက်ကို ကျူးလွန်ရင်အပြစ်ရှိတယ်ဆိုတဲ့ ယတိပြတ်အခြေအနေ အတွင်းကနေ စဉ်းစားတာမဟုတ်ဘူး ။ သက်ဆိုင်ရာ အဆက်အစပ်ကို အသေအချာသုံးသပ်နိုင်ဖို့ရာမှာ အခြေခံကျတဲ့ တန်ဖိုးစံတစ်ရပ် အဖြစ် သုံးသပ်တာဖြစ်တယ်။ တနည်းအားဖြင့်ဆရာရဲ့ ထုတ်ဖော်ပြောကားချက်ဟာ ကျောင်းအုပ်နဲ့အာဏာပိုင် ဌာနတစ်ခုလုံးကို ဦးတည်ရည်ရွယ်ပြောဆိုတဲ့ အတွက် ရှိရင်းစွဲအခြေအနေတစ်ခုလုံးကို ဖြစ်စေ ၊ အစိတ်အပိုင်းတစ်ရပ်ကို ဖြစ်စေ ဆရာဆရာမရဲ့ ဝေဖန်မှုက ထိခိုက် ပျက်စီးသွားအောင်လုပ်လိုက်ရင်တောင်မှ အခြေအနေတော်တော်များများမှာ ဒါဟာ ဆရာ ဆရာမရဲ့ လွတ်လပ်စွာ ပြောဆိုမှု အကျိုးအမြတ် ၊ ဒီလိုလွတ်လပ်စွာပြောဆိုမှုရှိမှာသာလျင် ကျောင်းတွင်း လည်ပတ်အလုပ်လုပ်မှုတွေနဲ့ ပတ်သတ်ပြီး အများပြည်သူတွေအနေနဲ့ သတင်းအချက်အလက်ရယူနိုင်မှာဖြစ်ကြောင်း ပြောဆိုနိုင်သေးတယ်။ ဥပမာ ဆရာ ဆရာမတစ်ဦးက ကျောင်းအုပ်နဲ့ အာဏာပိုင်တွေရဲ့ အကျင့်ပျက်ခြစားမှုကို အချက်အလက်တိတိကျကျ နဲ့ လူသိရှင်ကြား ဖွင့်ချလိုက်မယ်ဆိုပါစို့။ ကျောင်းအုပ်ဟာ ဘဏ္ဍာရေးသုံးစွဲမှုမှာ ဘယ်လို ကိုယ်ကျိုးရှာနေတယ်၊ ကျောင်းသားတွေရဲ့ ကျောင်းဝင်ခွင့်ကို ဘယ်လို လက်သိပ်ထိုးပိုက်ဆံတောင်းတယ်၊ စာမေးပွဲ အောင်ချင်ရင် သူ့ကိုဘယ်လောက်လဘ်ထိုးရတယ် စသဖြင့် ဖွင့်ချလိုက်မယ်ဆိုရင် ဖွင့်ချသူ ဆရာ ဆရာမနဲ့ ကျောင်းအုပ် ၊ ကျောင်းအာဏာပိုင်တွေကြားထဲက ဆက်ဆံရေးဟာ ပျက်ပြားသွားလောက်အောင်ရှိမှာပါပဲ ။ ဒါပေမယ့် လူထုအတွက် စိတ်ဝင်စားစရာ အလွန်ကောင်းတာက ဒီလို ဖြစ်ရပ်မျိုးမှာ တရားရုံးက ဆရာဆရာမရဲ့ လွတ်လပ်စွာ ပြောဆိုခွင့်ကို ဘယ်လို အကာအကွယ်ပေးမှာလဲ ။ ကျောင်းအုပ် နဲ့ ကျောင်းအာဏာပိုင်တွေဟာ ဒီဖွင့်ဟချက်အတွက် ဆရာဆရာမကို ဘာမှ မလုပ်ပဲ တေးမှတ်ထားပြီး တခြားကိစ္စတစ်ခုခုကို အကြောင်းပြ အရေးယူနိုင်တာချည်းပဲ။ တကယ်လို့ ဒီလို ဖြစ်ရပ်မျိုး ကို တရားရုံးတွေက ဆရာဆရာမတွေဘက်နေ မကာကွယ်ပေးနိုင်သရွေ့ ၊ ကျောင်းဆရာဆရာမတွေဆီက လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုချက်ဆိုတာကိုလည်းတွေ့ရမှာ မဟုတ်ဘူး ။ လွတ်လပ်စွာ ပြောဆိုခွင့်နဲ့ ပတ်သတ်ပြီး ဆရာအခွင့်အရေး ဆိုတာလည်း ဆုံးရှုံးနေမှာ ဖြစ်တယ်။ တစ်ဖက်မှာလည်း ကျောင်းအာဏာပိုင်တွေ တိုက်ရိုက် အရေးယူလိုက်တာမျိုးက တရားရုံးကနေ အကာအကွယ်ပေးနိုင်ပေးမယ့် တေးမှတ်ထားပြီး တစ်ဖက်လှည့် အရေးယူချင်းမျိုးဟာ အကာအကွယ်ပေးရ အလွန်ခက်နေတာကိုတွေ့ရမယ်။ ဒါကြောင့်လည်း အမေရိကန် နိုင်ငံလို တရားစီရင်ရေးအားကောင်းပြီး တရားဥပဒေစိုးမိုးမှု ရှိတဲ့ နိုင်ငံတွေမှာတောင် ဒီလိုအခက်အခဲမျိုးတွေ ၊ ဆရာတွေရဲ့ လွတ်လပ်စွာ ဝေဖန်ပြောကြားခွင့်တွေကို အကာအကွယ် ပေးဖို့ရာ အတိုင်းအတာတစ်ခုအထိ လစ်ဟာနေတာကိုတွေ့နေရရင် ၊ မြန်မာနိုင်ငံလို တရားစီရင်းရေးစနစ်မခိုင်မာပဲ ၊ တရားဥပဒေစိုးမိုးမှုအားနည်းနေတဲ့ နိုင်ငံတွေမှာ လွတ်လပ်စွာပြောဆိုခွင့်နဲ့ပတ်သတ်တဲ့ ဆရာအခွင့်အရေး ပျောက်ဆုံး နေတာကိုတွေ့ရမယ် ။
အဖြစ်အပျက် ၁
ဒါနဲ့ ပတ်သတ်ပြီး ထင်ရှားတဲ့ အဖြစ်အပျက်ကလေးတွေကို ကြည့်ကြရအောင်ပါ ။ အဲလာဘာမားပြည်နယ် ဆရာတစ်ဦးက ကျောင်းအုပ်တစ်ဦးရဲ့ နာမည်ကို မဖော်ထုတ်ပဲ ၊ မိုကြိုးမုန်တိုင်းတိုက်စဉ်ကာလက ကျောင်းသားကလေး ငယ်တွေကို လေဆင်နှာမောင်း ( tornado drill ) အတွက် သူတို့ကို အပြင်ထုတ်ထားစေခြင်းအားဖြင့် ကလေးတွေရဲ့ ရုပ်ပိုင်းဆိုင်ရာအတွက် အလွန်အကျွံ အန္တရာယ်ရှိစေခဲ့ကြောင်းကို ထုတ်ဖော်ပြော ဆိုခဲ့တယ်။ အဲဒီနောက်မှာ ကျောင်း အုပ်ချုပ်ရေးအဖွဲ့က ဆရာလုပ်သူရဲ့ ကိုယ်ရေးဖိုင်ထဲမှာ စာတစ်စောင်ကိုမှတ်တမ်းပြုထားလိုက်တယ်။ ဒီမှတ်တမ်းက ဆရာ လုပ်သူရဲ့ ထုတ်ဖော်ချက်ဟာ ကျင်ဝတ်ဆိုင်ရာနဲ့ မညီညွတ်ဘူး ၊ ပရော်ဖက်ရှင်နယ်မပီသဘူးရယ်လို့ ရေးသားစွပ်စွဲ ထား တယ်။ ဒါကို ဆရာလုပ်သူက ပြန်တရားစွဲ ဆိုခဲ့တယ်။ ဒီ အဖြစ်အပျက်နဲ့ ပတ်သတ်ပြီးတရားရုံးက
“ ဆရာလုပ်သူရဲ့ ထုတ်ဖော်ပြောဆိုချက်ဟာ အများပြည်သူဆိုင်ရာ စိုးရိမ်ပူပန်နဲ့ပတ်သတ်နေတယ်။ သူ့ရဲ့ထုတ်ဖော်ပြော ဆိုချက်ဟာ ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်မှုမဟုတ်ဘူး။ ကျွနုတို့ရဲ့အမြင်မှာတော့ တရားရုံးချုပ်ရဲ့ စကားအရ အထက်လူကြီး နဲ့လက်အောက်ခံတို့နှစ်ဘက်အကြား သဟဇာတဖြစ်ဖြစ်နေဖို့ ၊ စည်းမျဉ်းစည်းကမ်းရှိဖို့ဆိုတာတွေဟာ အလုပ်ခွင့် ဆက်ဆံရေး ကို ညစ်နွမ်းစေနိုင်မည့် ပုဂ္ဂိုလ်ရေး ရန်ညှိုးရန်စများတွေမှတစ်ဆင့် အများပြည်သူဆီကို လက်လှမ်းလာမှုကို တားဆီး ပေးမယ့် အရာ အဖြစ်လိုအပ်တဲ့ အရာဖြစ်တယ်။ ဒါပေမယ့် တရားရုံးချုပ်အနေနဲ့ အများပြည်သူလူထုအတွက် အရေးကြီးတဲ့အရာတွေကို ဒါဟာ ကျောင်းဝန်းထမ်း ၀ါ ဆရာရဲ့ ပရော်ဖက်ရှင်နယ်ကျင့်ဝတ်နဲ့ ညီညွတ်သလား မညီညွတ်သလားရယ်လို့ ဆွေးနွေးပြီး ရှုပ်ရှုပ်ထွေးထွေးဖြစ်အောင်လုပ်မှာ မဟုတ်ဘူး။ သေချာတာက ကျောင်းကလေးငယ် တွေရဲ့ ရုပ်ပိုင်းဆိုင်ရာလုံခြုံမှု ၊ ကောင်းမွန်စွာနေထိုင်နိုင်မှုတွေဟာ လူထုရဲ့ စူးစမ်းဆင်ခြင်မှုဝေဖန်မှုတွေမှာ ပစ်ကားရင်းအမှုတုန်းက ဖြစ်ခဲ့သလို ကျောင်းအားကစားနဲ့ပညာရေးပရိုဂရမ်တွေမှာ ဘဏ္ဍာရေးခွဲဝေမှု လိုမျိုး အလွန်တရာ အရေးကြီးတဲ့ ပြဿနာရပ်တွေဖြစ်တယ်။ ဒါကြောင့် တရားရုံးအနေနဲ့ ပြောရရင် ပိုပြီး အရေးကြီးတဲ့ အကြောင်းအရာတစ်ခု ကိုပြပါဆိုင်ရတော့ “ အများပြည်သူလူထုနဲ့ ဆိုင်ရာ ” ကိစ္စသာလျင်ဖြစ်တယ်။ ဒီလို အများပြည်သူဆိုင်၇ာ ကိစ္စမျိုးကို ပြင်းပြင်းထန်ထန်ပြန်လည်တုံ့ပြန်တဲ့ အပြုအမူမျိုးကို ချက်ချင်းမေးခွန်းထုတ်ရလိမ့်မယ်။ အာဏာနဲ့ ပြန်လည်ဖိနှိပ်တုံ့ပြန်မှု မျိုးဟာ အများပြည်သူဆိုင်ရာ ၀န်ထမ်းတွေအားလုံးဟာ ဖွဲ့စည်းပုံအခြေခံဥပဒေအမှတ်တစ်ပါး လွတ်လပ်စွာပြောဆိုခွင့် ၊ ထင်မြင်ယူဆချက်တွေနဲ့အကျုံးဝင်ပြီး အကာအကွယ်ပေးရမယ်ဆိုတဲ့ အမြဲဆန့်ကျင်လွဲဖယ်နေတယ်။ ”
အဖြစ်အပျက် ၂
အဖြစ်အပျက် ၂က လည်း ၁နဲ့ သိပ်မကွာတဲ့ အလားတူကိစ္စဖြစ်တဲ့ အတွက် အတိုးချုံ့ပြောရင် ကျောင်းတွင်း ဖြစ်ပေါ်ခဲ့တဲ့ လုယက်မှု ၊တိုက်ခိုက်စော်ကားခံရမှုနဲ့ ပတ်သတ်တယ်။ ကျောင်း ကော်ရစ်တာတစ်ခုမှာ ကျောင်းသားကို တိုက်ခိုက်လုယက်မှုဖြစ်ပွားသွားခဲ့တာနဲ့ ပတ်သတ်ပြီး ဆရာလုပ်သူက ကျောင်းအုပ်ဆရာနဲ့ ကျောင်းဘုတ်အဖွဲ့ကို ဝေဖန် ပြောကြာခဲ့တာဖြစ်တယ်။ ကျောင်းဘုတ်အဖွဲ့က ကျောင်းဆရာကို အပြစ်ရှိတယ် သတ်မှတ် စစ်ဆေးပြီး ကျောင်းထုတ်ခဲ့ရာ က တရားရုံးရောက်လာတဲ့ အမှုပါပဲ ။ ဒီအမှုမှာလည်း တရားရုံးက ကျောင်းဘုတ်အဖွဲ့အနေနဲ့ ကျောင်းဆရာအပေါ် စစ်ဆေး စုံစမ်းခြင်းကို အပြစ်မတင်ပေမယ့် ကျောင်းအာဏာပိုင်တွေနဲ့ ကျောင်းဆရာကို သူ့ရဲ့ ဝေဖန်ပြောကြားမှုအရ ကျောင်းမှ ထုတ်ပယ်လိုက်ခြင်းဟာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အကာအကွယ်ပေးထားတဲ့ လွတ်လပ်စွာ ပြောဆိုခွင့် နဲ့ မညီညွတ်ကြောင်း အမိန့်ချမှတ်တယ်။ ကျောင်းမှာ အမှန်တကယ်ဖြစ်ပေါ်ခဲ့တဲ့ ရာဇ၀တ်ပစ်မှုတစ်ခုအရ ကျောင်းဆရာ အနေနဲ့ ကျောင်းဘုတ်အဖွဲ့ရဲ့အားနည်းချက်နဲ့ လုပ်ဆောင်ချက်တွေကို ဝေဖန်ပြောကြားခဲ့မှုအတွက်လည်း ကျောင်းမှ ထုတ်ပယ်ပစ်ခြင်းဟာ ဆရာတစ်ယောက်ရဲ့ တနည်းအားဖြင့် လူသားတစ်ယောက်ရဲ့အခြေခံအကျဆုံးအခွင့်အရေးကို ချိုးဖောက်ပစ်ခြင်းပဲ ။ ကျောင်းဆရာအနေနဲ့လည်းေ နာင် ဒီလို ဝေဖန်ပြောကြားမယ်ဆို အကျိုးအပြစ်တွေကို အသေအချာ ဝေဖန်ပြောကြားရင်း မှတ်ချက်ပေးခဲ့တာကိုတွေ့ရမယ်။
ဒီဖြစ်ရပ်နှစ်ခုစလုံးကို ကြည့်ရင် ကျောင်းပြင်ပ သတင်းစာ ၊ ဂျာနယ်တွေကနေ တစ်ဆင့် ဆရာတွေရဲ့ ကျောင်းအာဏာပိုင်တွေကို ဝေဖန်ပြောကြားမှုအပေါ် ကျောင်းအာဏာပိုင်တွေအနေနဲ့ အပြစ်ရှိတယ်လို့ ထင်မြင်မှုရယ်၊ တန်ဖိုးအခြေခံဆုံးဖြတ်ချက်ရယ် နဲ့ တရားရုံးတွေရဲ့ ဆုံးဖြတ်ချက်တွေဟာ ကွဲပြားခြားနားနေတာကိုတွေ့ရမယ်။ ကျောင်း အာဏာပိုင်တွေက ပရော်ဖက်ရှင်နယ်ဖြစ်မှုကို အခြေခံရင်း သူတို့နဲ့ဆက်ဆံရေးပုံစံမှာ ၁။ ပုဂ္ဂိုလ်ရေးအရသစ္စာရှိမှု ၂။ ယုံကြည်ရမှုဆိုတာကို တောင်းဆိုတာကိုတွေ့ရမယ်။ တရားရုံးချုပ်ကတော့ အများပြည်သူဆိုင်ရာ ဆိုတာနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကနေ ပေးအပ်ထားတဲ့ အခွင့်အရေး သက်ဆိုင်ရာ အဆက်အစပ်အရ ကြည့်ပြီး ဆုံးဖြတ်ချက်ချတာကို တွေ့ နိုင်တယ် ။ ကျောင်းအာဏာပိုင်တွေဘက်ကလည်း ပုဂ္ဂိုလ်ရေးသစ္စာရှိမှု နဲ့ ယုံကြည်စိတ်ချရမှုသာမရှိရင် အထက်လူကြီးနဲ့ အောက်လက်ငယ်သားတွေကြားထဲ ဆက်ဆံရေးဟာ ပျက်ပြားသွားမှာဖြစ်ပြီး အလုပ်ခွင်အခြေအနေကို ထိခိုက်သွားစေ မယ် ဆိုတဲ့ တရားမျှတကြောင်းရှာဖွေပြပုံကို အသုံးချကြတယ်။ အသေအချာလေ့လာကြည့်ရင် တခြားသော လုပ်ငန်းအခြေ အနေတွေမှာ ပုဂ္ဂိုလ်ရေးအရသစ္စာရှိမှုနဲ့ ယုံကြည်ရမှုဟာ သူတို့ရဲ့ လုပ်ငန်းခွင် ဆက်ဆံရေုးကို မထိခိုက်ဖို့ရာ အရေးကြီးပေမယ့် ကျောင်းအာဏာပိုင်နဲ့ ဆရာတွေရဲ့ ဆက်ဆံမှုမှာတော့ ကွဲပြားခြားနားတာကိုတွေ့ရမယ်။ ဒီနှစ်ခုမရှိတဲ့အတွက် ဆက်ဆံရေုးကို ပြိုပျက်သွားလိမ့်မယ်လို့တော့ ယူဆလို့မရဘူး။ အဓိကအချက်က ဆရာတွေရဲ့ တာဝန်ဟာ ကြီးမားပြီး ကွဲပြားခြားမှုမျိုးစုံရှိနေတဲ့ ကျောင်းအဆက်အစပ်အတွင်းမှာ ကောင်းမွန်စွာ ဆောင်ရွက်နိုင်ဖို့ပဲ။ သူ့ရဲ့အလုပ်အကိုင်က ဆရာတစ်ယောက်ကို လိုအပ်ရတဲ့ အကြောင်းက သူကျွမ်းကျင်တဲ့ဘာသာရပ်ကို စာသင်ခန်း ၀န်းကျင် အတွင်း ချမှတ်ထားတဲ့ ပရိုဂရမ်အောက်မှာ အကောင်းဆုံးလုပ်ဆောင်နိုင်ဖို့ပဲ။ ဒီအတွက် ကျောင်းအုပ်နဲ့ ကျောင်း အာဏာ ပိုင်းတွေက တိုက်ရိုက်ဝင်ရောက်စွက်ဖက်ခွင့်မရှိဘူး။ သူတို့တွေနဲ့ ဆက်ဆံမှုဟာ တစ်နေ့တအတွင်းအကန့် အသတ် ရှိတဲ့ အချိန်အတိုင်းအတာကလေးတစ်ခုမှာသာလျင်ဖြစ်တယ်။ ဒါကြောင့် သစ္စာရှိမှု ၊ ယုံကြည်မှုကို အခြေခံပြီး တောင်းဆိုထားတဲ့ လုပ်ငန်းခွင်ဆက်ဆံရေးဆိုတာဟာ ဆရာတွေအတွက် အများပြည်သူ အကျိုး၊ ကျောင်းသားတွေရဲ့ အကျိုးဆိုတာထက် ခပ်ဝေးဝေးမှာ နေရမယ့်အရာသာလျင်ဖြစ်တယ်။ တရားမျှတကြောင့်ထုတ်ဖော်ပြောဆိုရမယ့်အရာ မဟုတ်ဘူး။ ပရော်ဖက်ရှင်ကျင့်ဝတ်နဲ့ မညီဘူးလို့ စွပ်စွဲ ပြောဆိုရမယ့် အရာ မဟုတ်ဘူး။ ထပ်ပြီး ရှင်းလင်းအောင်ဆိုရရင် ကျောင်းဌာနတစ်ခုရဲ့အဖွဲ့ဝင်နဲ့ ဘုတ်အဖွဲ့ရဲ့ ဆက်ဆံရေးဟာ အစဉ်အလာ ပုံသဏ္ဌာန်မှာတောင်မှ ကျောင်းဌာန( faculty ) ရဲ့ ဒီမိုကရေစီ နည်းကျပေးအပ်တဲ့ မဲအရေအတွက်အပေါ်မှီခိုပြီးတည် ရှိနေတယ်။ တစ်ခါရံ ဆွေးနွေးစရာမလိုဘဲနဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်သလို ၊ တစ်ခါတစ်ရံ ကျောင်းဌာနနဲ့ ဘုတ်အဖွဲ့ တို့ အပြင်းအထန်းဆွေးနွေးပြီးမှသာလျင် ဆုံးဖြတ်ချက်တွေ ထွက်လာတာမျိုးဖြစ်တယ်။့ ကျောင်းနဲ့ တက္ကသိုလ် တွေမှာက သူတို့ရဲ့ကိုယ်ပိုင်လွတ်လပ်ခွင့် အကဲဒမစ် လွတ်လပ်ခွင့် ( academic freedom ) နဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဆိုတာနဲ့ ရပ်တည်နေတာ။ ဌာနခွဲနဲ့ ဌာနချုပ် ဥက္ကဌ တွေဟာ အမြဲတမ်းတစ်ဖက်နဲ့ တစ်ဖက်ဝေဖန်စစ်ကြောနေခြင်းအပေါ်မှာ အခြေခံနေရတာ ဖြစ်တယ်။
0 comments:
Post a Comment