Friday, April 10, 2015

သစ်ထူးလွင် သတင်းစုစည်းမှု (၁၀-၄)

သစ်ထူးလွင်


Posted: 10 Apr 2015 06:34 AM PDT
သင်္ကြန်ကာလအတွင်း နေ့အပူချိန်များ ဆက်လက် မြင့်တက်နေပါ က ယမကာမှီဝဲ၍ ရေကစားသူများ ဦးနှောက်သွေးကြောပေါက်ကာ ဦး နှောက်အာရုံကြော ပြတ်နိုင်ကြောင်း အထွေထွေရောဂါကု ဒေါက်တာ အောင်ဆန်းဝင်းက News Watch သို့ ပြောသည်။ “အခုက နေ့အပူချိန်က အရမ်းမြင့်တက်နေတယ်။ ဆားဓာတ်နဲ့ ရေဓာတ်မမျှတဲ့အတွက်ကြောင့် အားနည်းပြီး မူးမောတဲ့လူနာတွေကို တွေ့ ရတယ်။ ဒီအပူချိန်တိုင်း သင်္ကြန်မှာ ပူရင်တော့ အရက်သောက်ပြီး သင်္ကြန် ရေကစားမယ့်သူတွေ အ
Posted: 10 Apr 2015 06:20 AM PDT
 တိုးဂိတ်တွင် ဂိတ်ကြေး ကောက်ခံသည့် မှန်လုံခန်းအား ယာဉ်ဘေးရှိ ပွင့်နေသော ပစ္စည်းသိုလှောင်ခန်း တံခါးဖြင့် ဝင်ရောက်တိုက်မိ နေပြည်တော်၊ ဧပြီ ၁ဝ ၂ဝ၁၅ ခုနှစ်၊ ဧပြီလ ၈ ရက်နေ့ နံနက် ၄ နာရီခွဲအချိန် နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၂ဝ၁/၆)၊ နေပြည်တော်တိုးဂိတ်တွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ ပလွေးအမြန်လမ်းမကြီး ရဲစခန်းမှတပ်ဖွဲ့ဝင်များနှင့် အမြန်လမ်း မီးသတ်တ
Posted: 10 Apr 2015 05:55 AM PDT
တွေ့ဆုံပွဲ အဓိပ္ပာယ် ရှိဖို့လိုကြောင်း ဒေါ်စုပြော သမ္မတ ဦးသိန်းစိန်၊ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်၊ ဒေါ်အောင်ဆန်း စုကြည်၊ လွှတ်တော် ဥက္ကဋ္ဌဌ ၂ ဦး၊ လွှတ်တော် မှာ ရှိတဲ့ တိုင်းရင်းသား ပါတီ တွေ က ရွေးထားတဲ့ ကိုယ်စားလှယ် ဒေါက်တာ အေးမောင် တို့ သောကြာနေ့မှာ နေပြည်တော် မှာ တွေ့ဆုံ ဆွေးနွေး ခဲ့ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည် သမ္မတ အရွေးခံလို့ မရ ဖြစ်နေတဲ့ အခြေခံ ဥပဒေ ကိစ္စနဲ့ ရွေးကောက်
Posted: 10 Apr 2015 05:46 AM PDT
လာမယ့် ထိုင်းသင်္ကြန်မှာ အရှိန်ပြင်းရေပြွတ်တံ ရောင်းချခွင့်ကို သက်ဆိုင်ရာက တားမြစ်လိုက်ပြီး  မလိုက်နာရင် ထိရောက်စွာ အရေးယူခံရမယ်လို့  ချနယ်လ် ၃ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ ဒီတားမြစ်ချက်ကို  သင်္ကြန်ရေကစားမှုဘေးအန္တရာယ်ကင်းစင်ရေး ဆောင်ရွက်နေတဲ့ ထိုင်းနိုင်ငံ ၀ယ်ယူသုံးစွဲသူများ ကာကွယ်ရေးကော်မတီ နဲ့ ထိုင်းရဲတပ်ဖွဲ့တို့က ပူးပေါင်း ထုတ်ပြန်လိုက်တာဖြစ်ပြီး  အရှိန်ပြင်းတဲ့ ရေပြွတ်တံ ရောင်းချသူတွေအနေနဲ့ေ
Posted: 10 Apr 2015 05:44 AM PDT
ထိုင်းနိုင်ငံ မြောက်ပိုင်း ဖိကျစ်ခရိုင်မှာ ၁၀ ဘတ်ကြေး ဖဲကစားတဲ့ အဘွားအို ၄ ဦး ဖမ်းဆီးခံရတယ်လို့ ဖိကျစ်ထူဒေးသတင်းမှာ ဖော်ပြပါတယ်။ နယ်မြေထဲမှာ လူစုလူဝေးနဲ့ ဖဲဝိုင်းထောင်ကြောင်း သတင်းပေးချက်အရ ဖိကျစ်ခရိုင် ဆတ်လိတ်မြို့မ ရဲစခန်း တာဝန်ကျရဲတပ်ဖွဲ့ဝင် ၁၀ ဦးဟာ ဧပြီလ ၉ ရက် နေ့ခင်းပိုင်းမှာ သတင်းရထားတဲ့ သရက်ခြံတစ်ခုထဲ ချဉ်းနင်းဝင်ရောက်ပြီး ဖဲသမားတွေကို ၀င်ဖမ်းခဲ့တာလို့ ဆိုပါတယ်။ သူတို့ဟာ ဖဲသမားတွေ
Posted: 10 Apr 2015 01:54 AM PDT
ကလလတ ယူနီဖောင်းဖြင့် ကျေးရွာတွင်း ဝင်ရောက်လာခဲ့စဉ်အချိန်၌ မြင်တွေ့ခဲ့ရစဉ်။ ပုံ ( မခိုင်)  ကယား (ကရင်နီ) ပြည်နယ် လွိုင်ကော်မြို့နယ် နွားလ၀ိုးကျေးရွာအုပ်စု သပြေကုန်း ကျေးရွာတွင် (ကလလတ) တပ်ဖွဲ့ဝင်များက လက်နက်ကိုင်ကာ ရွာသားများကို ခြိမ်းခြောက်သဖြင့် ရွာသားများ တိမ်းရှောင်နေရသည်။ ဧပြီ ၃ရက်က ကလလတ အဖွဲ့ဝင် မောင်ဟိုက်နှင့် မောင်ဒို ညီအကို ၂ ဦးသည် သပြေကုန်း ကျေးရွာရှိရွာသားအချို့ကိုသေနတ်ဖြင့် ခြိ
Posted: 10 Apr 2015 01:51 AM PDT
အိုင်အက်စ် လက်နက်ကိုင်အဖွဲ့အပေါ် အီရတ်နိုင်ငံက ဆန့်ကျင်တိုက်ခိုက်နေမှုမှာ တိုးတက်ဖြစ်ထွန်းမှုတွေ ရှိလာကြောင်း အမေရိကန် ဒု-သမ္မတ Joe Biden က ထုတ်ဖော်ပြောကြားသွားပါတယ်။ ၀ါရှင်တန် အမျိုးသားကာကွယ်ရေး တက္ကသိုလ်မှာ မိန့်ခွန်းပြောကြားစဉ် မစ္စတာ Biden က အီရတ်နိုင်ငံမှာ အိုင်အက်စ်အဖွဲ့ရဲ့ အရှိန်အဟုန်ကို တားဆီးနိုင်ခဲ့ပြီး လူစုရုံးခွင့်နဲ့ လှုပ်ရှားခွင့်တွေကိုလည်း လျှော့ချ တားဆီးနိုင်ခဲ့တယ်လို့ ပြောပါတယ်။
Posted: 10 Apr 2015 01:36 AM PDT
 တောင်တရုတ်ပင်လယ် အနီးနားက နိုင်ငံငယ်တွေအပေါ် လွမ်းမိုး ခြိမ်းခြောက်ဖို့ တရုတ်က ကြီးမားတဲ့ အင်အားသုံး ဖန်တီးနေမှုအပေါ် အမေရိကန်က စိုးရိမ်ကြောင်း သမ္မတ အိုဘားမားက ပြောကြားလိုက်ပါတယ်။ အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်ပြင်မှာ ကျွန်းတခု တရုတ်က ဖန်တီးတည်ဆောက်နေတဲ့အပေါ် အခုလို သမ္မတရဲ့ သဘောထား ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ တရုတ်အစိုးရဟာ တောင်တရုတ်ပင်လယ်ပြင်က သူပိုင်ကိုယ်ပိုင် အငြင်းပွားနေတဲ့ နေရာတခုကို သူ
Posted: 10 Apr 2015 01:35 AM PDT
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) အဖွဲ့ဝင် တတိယနှစ်ကျောင်းသူ မပိုပို နဲ့ ကိုဝင်းကျော့မှူး တို့ကို ဒီနေ့ ရန်ကုန်မြို့ ကမာရွတ်မြို့နယ် တရားရုံးမှာ ရုံးထုတ်ခဲ့ပါတယ်။ ဒီနေ့ ရုံးချိန်းကို လက်ပံတန်းမြို့မှာ ဖမ်းဆီးခံထားရတဲ့ ဗကသများ အဖွဲ့ချုပ် ကျောင်းသား ခေါင်းဆောင် ကိုနန္ဒာစစ်အောင် လာရောက်ထွက်ဆိုနိုင်ခဲ့ခြင်း မရှိတဲ့ အတွက် လာမယ့် ဧပြီလ ၂၄ ရက်နေ့ကို ထပ်မံချိန်းဆို လိုက်
Posted: 10 Apr 2015 01:31 AM PDT
 မြင်းခြံထောင်မှာ ဖမ်းဆီး ချုပ်နှောင်ထားတဲ့ သပိတ်မှောက် ကျောင်းသားနဲ့ ၀န်းရံသူ စုစုပေါင်း ၆ ဦးကို ဒီနေ့ မွန်းလွဲပိုင်းက မြင်းခြံမြို့နယ်တရားရုံးမှာ ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့ပါတယ်။ မြင်းခြံထောင်မှာ ဖမ်းဆီးချုပ်နှောင်ထားတဲ့ သပိတ်မှောက်ကျောင်းသား ၂ ယောက်နဲ့ ၀န်းရံသူပြည်သူ ၄ ယောက်ကို ရုံးထုတ်ခဲ့တာ ဖြစ်ပြီး သူတို့ကို စတင်စစ်ဆေးခြင်းမရှိသေးဘဲ ရုံးချိန်း ထပ်ပေးလိုက်တယ်လို့ အကျိုးဆောင်ရှေ့နေ ဦးမြ
Posted: 10 Apr 2015 01:16 AM PDT
၁။       မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ၀န်ကြီးဌာန ၏ ၉-၄-၂၀၁၅  ထုတ် နိုင်ငံပိုင် သတင်းစာများပါ သတင်းထုတ်ပြန် ကြေညာချက်မှာ မှားယွင်းနေပါသဖြင့် သက်ဆိုင်သူ ကျွန်တော် ဦးဆလိုင်းခွဲယန်က ကိုယ်တိုင်ကန့်ကွက်ပါသည်။ ၂။       သတင်းထုတ်ပြန် ကြေညာချက်တွင် ဖော်ပြ သကဲ့သို့ အမျိုးသား လွှတ်တော်တွင် ၈-၄- ၂၀၁၅ နေ့၌ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ အစည်းအဝေး ကျင်းပခြင်းလည်း လုံးဝမရှိပါ။ အ
Posted: 10 Apr 2015 12:13 AM PDT
ဧပြီ ၁၀ ရက် ၂၀၁၅ ဦးဖုန်ကြားရှင်း ဦးဆောင်သည့် MNDAA ခေါ် ကိုးကန့်တပ်ဖွဲ့ အတွက် ပြောရေးဆိုခွင့်တာဝန်ထမ်းရွက် နေသူ ဦးထွန်းမြတ်လင်း အား နေပြည်တော်အစိုးရမှ ဖမ်းဝရမ်းထုတ်ထားမှုနှင့်ပတ်သက်၍ ‘နေပြည် တော်အစိုးရကသာ အာဏာအလွှဲသုံးစားလုပ်နေသူ’ ဟု ဦးထွန်းမြတ် လင်းက တုန့်ပြန်လိုက် သည်။ MNDAA ကိုးကန့်ဖွဲ့၏ အထွေထွေအတွင်းရေးမှူး ဦးထွန်းမြတ်လင်းသည် နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေး ကို ထိန်းသိမ်းစောင့်ရှောက်သော တပ်မတော်
Posted: 10 Apr 2015 12:07 AM PDT
 MNDAA ကိုးကန့် လက်နက်ကိုင်အဖွဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးထွန်းမြတ်လင်းကို ၁၉၅၀ပြည့်နှစ် အရေးပေါ် စီမံမှု အက်ဥပဒေနဲ့ ဖမ်းဝရမ်း ထုတ်လိုက်ပါတယ်။ ပြည်တွင်း ပြည်ပ မီဒီယာတွေကို မမှန်သတင်းတွေ ပေးခဲ့တယ်ဆိုပြီး ပုဒ်မ ၅က၊ ၅ခ တို့နဲ့ ဖမ်းဝရမ်း ထုတ်ထားတာလို့ သိရပါတယ်။ ဒါပေမယ့်လည်း ဒီလို ဖမ်းဝရမ်း ထုတ်တာကို သူ့ကို တိုက်ရိုက် အကြောင်းကြားတာမျိုး မရှိဘူးလို့ ဦးထွန်းမြတ်လင်းက ပြောပါတယ်။ တိုက်ပွဲ ဖြစ်လာတဲ့ ကာလအ
Posted: 10 Apr 2015 12:06 AM PDT
 ပြီးခဲ့တဲ့ ရက်ပိုင်းက နစ်မြုပ်ခဲ့တဲ့ ရုရှား သင်္ဘောပေါ် မြန်မာ သင်္ဘောသားတွေကို ခွင့်ပြုချက်မတောင်းဘဲ ပြောင်းပို့ခဲ့တဲ့ Sea Rider, Star Global, Light Oasis, Asia Wave နဲ့ Top Chance စတဲ့ သင်္ဘော ကုမ္ပဏီ ၅ ခု အပေါ် အရေးယူ ဆောင်ရွက်မှုတွေ လုပ်နေတယ်လို့ ရေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန သင်္ဘောသား ဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးတိုးမြင့်က ဘီဘီစီကို ပြောပါတယ်။ အဲဒီ သင်္ဘော ကုမ္ပဏီ ၅ ခုဟာ မြန်မာပြည်မှာ တရား
Posted: 10 Apr 2015 12:04 AM PDT
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဟောင် ဟီလရီ ကလင်တန်ဟာ သမ္မတဟောင်း Bill Clinton ရဲ့ ဇနီးဖြစ်ပါတယ်။ (Credit: AFP)   အမေရိကန်နိုင်ငံမှာ ​၂၀၁၆ ​ခုနှစ်ကြရင် ​ကျင်းပမယ့် ​သမ္မတ ​ရွေးကောက်ပွဲမှာ ​ဒီမိုကရက်တစ် ​ပါတီ ​ကိုယ်စားလှယ်အဖြစ် ​ဝင်ရောက်အရွေးမယ့်အကြောင်း ​ဟီလရီကလင်တန် ​က ​ကြေညာဖို့ ​ရှိတယ်လို့ ​သတင်းစာ ​တစ်ခုမှာ ​ရေးသားထားပါတယ်။ နယူးယောက်ဒေးလီး ​သတင်းအရ ​အမေရိကန် ​နိုင်ငံခြားရေး ​ဝန်ကြီးဟောင်း 
Posted: 10 Apr 2015 12:01 AM PDT
အမေရိကန် သမ္မတ ဘာရက် အိုဘးမား ပနားမားမြို့ကို ရောက်ရှိလာစဉ် (Credit: AFP)   အမေရိကန်နဲ့ ​ကျူးဘား ​နိုင်ငံခြားရေး ​ဝန်ကြီးတို့  ​ပနားမားမြို့မှာ ​တွေ့ဆုံနေကြပြီး ​ဒါဟာ ​နှစ်ပေါင်း ​၅၀ ​ကျော်အတွင်း ​ပထမဆုံးအကြိမ် ​နှစ်နိုင်ငံ ​အကြီးအကဲတွေ ​တွေ့ဆုံကြမှာ ​ဖြစ်ပါတယ်။ အမေရိကန် ​နိုင်ငံခြားရေး ​ဝန်ကြီး ​John ​Kerry ​က ​ကျူးဘား ​နိုင်ငံခြားရေးဝန်ကြီး ​Bruno ​Rodriguez ​နဲ့ ​တွေ့ဆုံတာ ​ဖြစ်ပါတယ်။ အမေ
Posted: 09 Apr 2015 11:59 PM PDT
 သာယာဝတီထောင်မှာ ဖမ်းဆီးခံထားရတဲ့ သပိတ်မှောက်ကျောင်းသားတွေကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ လက်ပံတန်းသပိတ်ဖြိုခွင်းခံရတဲ့ ၁ လပြည့် အထိမ်းအမှတ်  ဒီကနေ့ မနက်ပိုင်းက  ပဲခူးမြို့နဲ့ မန္တလေးမြို့ တွေမှာ ကျောင်းသားတွေနဲ့ မိဘတွေပူးပေါင်း ဆန္ဒပြခဲ့ကြပါတယ်။ ပဲခူးမြို့မှာဆိုရင် မနက် ၈ နာရီလောက်ကတည်းကစပြီး မြို့တွင်းကို လှည့်ပတ်ဆန္ဒထုတ်ဖော်ကြ တာဖြစ်ပါတယ်။ “ကျနော်တို့ အဓိကက ဖမ်းဆီးခံကျောင်းသားတွေ ပြန်လွှတ်ပေး
Posted: 09 Apr 2015 11:53 PM PDT
ယီမင်နိုင်ငံကဟူသီသူပုန်တွေအပေါ် ဆော်ဒီဦးဆောင်တဲ့ မဟာမိတ်တွေ လေကြောင်း ထိုးစစ်ဆင်။ (ဧပြီ ၈၊ ၂၀၁၅) ယီမင်နိုင်ငံက ဟူသီသူပုန်တွေအပေါ် ဆော်ဒီဦးဆောင်တဲ့ မဟာမိတ်တွေရဲ့ သီတင်း ၂ ပတ်ကြာ လေကြောင်းထိုးစစ်တွေဟာ နိုင်ငံတ၀ှမ်းမှာ သူပုန်တွေ ရှေ့ဆက် တက်မလာနိုင်အောင်တော့ ဟန့်မတားနိုင်ခဲ့ပါဘူး။ ရှီယာသူပုန်တွေနဲ့ မဟာမိတ် တပ်ဖွဲ့တွေဟာ ဧဒင်မြို့ အချက်အခြာနေရာတွေနဲ့ ယီမင်နိုင်ငံ အရှေ့တောင်ပိုင်းက ဆွန်နီမူဆင်အများစု
Posted: 09 Apr 2015 11:52 PM PDT
ကမ္ဘောဒီးယား ရွေးကောက်ပွဲကော်မတီ NEC ဖွဲ့စည်းပုံအသစ်နဲ့ အဖွဲ့ဝင်တွေကို ကမ္ဘောဒီးယားလွှတ်တော်က အတည်ပြုလိုက်ပါ ပြီ။ မဲဆန္ဒရှင် မှတ်ပုံတင်တဲ့ ကိစ္စနဲ့ ရွေးကောက်ပွဲတွေကြီးကြပ်မယ့် ဒီကော်မတီဖွဲ့စည်းရေးကိစ္စ လပေါင်း များစွာကြာအောင် စေ့စပ် ညှိနှိုင်းပြီးတဲ့နောက် အခုလို အတည်ပြုလိုက်တာပါ။ အာဏာရပါတီနဲ့ အတိုက်အခံ ပါတီတွေက ရွေးတဲ့ လေးဦးစီ၊ နှစ်ဘက်လုံးက သဘောတူသူတဦး စုစုပေါင်း အဖွဲ့ဝင်ကိုးဦးပါ NEC အသစ်ကို လွှ
Posted: 09 Apr 2015 11:35 PM PDT
 အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ပြည်ထောင်စု လွှတ်တော် အပြီး လုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ သူ့အနေနဲ့ ၄ ပွင့်ဆိုင် ဆွေးနွေးပွဲ တောင်းထားပေမယ့် အခု ပြည်ထောင်စုလွှတ်တော်ရဲ့ တောင်းဆိုချက်အတိုင်း ဧပြီလ ၁၀ ရက် ၆ ပွင့်ဆိုင် တွေ့ဆုံမှာကို သဘောတူတယ်လို့ ပြောပါတယ်။ အရေးကြီးတာက တွေ့ဆုံမှုတွေ ဆက်လုပ်ဖို့နဲ့ အဲဒီ တွေ့ဆုံမှုတွေ ကနေ နိုင်ငံအတွက် အကျိုးရှိတဲ့ သဘောတူညီချက်တွေ ရ
Posted: 09 Apr 2015 11:32 PM PDT
သမ္မတအိမ်တော်မှာ ဒီနေ့ကျင်းပမယ့်  ၆ ပွင့်ဆိုင်ဆွေးနွေးပွဲကနေ  နိုင်ငံအကျိုးဖြစ်စေ မယ့် သဘောတူ ညီချက်တွေ ရရှိနိုင်ဖို့ အရေးကြီးတယ်လို့ အမျိုးသားဒီမိုကရစီအဖွဲ့ချုပ် ဥက္ကဋ္ဌ   ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။ ဧပြီ ၉ ရက်နေ့  ပြည်ထောင်စုလွှတ်တော်အစည်းအဝေးပြီး နေပြည်တော်မှာ သတင်း မီဒီယာတွေနဲ့  တွေ့ဆုံပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်တာပါ။ “ဒီလိုစလိုက်တာကောင်းပါတယ်။ ဒါဟာ ပြည်ထောင်စုလွှ
Posted: 09 Apr 2015 11:31 PM PDT
 သပိတ်မှောက်ကျောင်းသူ ဗကသအတွင်းရေးမှူး မဖြိုးဖြိုးအောင်နဲ့ မအိသဉ္ဇာမောင် တို့ကို ဧပြီလ ၇ ရက်နေ့က လက်ပံတန်းမြို့နယ် တရားရုံးမှာ ရုံးထုတ်လာစဉ်။ Photo: Kyaw Zaw Win/RFA ဖမ်းဆီးခံကျောင်းသားတွေ လက်ရှိရင်ဆိုင်နေရတဲ့ တရားစီရင်ရေးဟာ လွတ်လပ်၊ မျှတမှုမရှိတဲ့အပြင်၊ အစိုးရက ရည်ရွယ်ချက်ရှိရှိ အမှုကြီးအောင်ဆောင်ရွက်နေတဲ့အကြောင်းနဲ့ ပညာရေးဥပဒေကို လွှတ်တော်က ဘယ်လိုဆက်ပြီးရေးဆွဲနေတယ်ဆိုတာ စောင့်ကြည့်နေတဲ့အကြောင်း
Posted: 09 Apr 2015 11:28 PM PDT
မတ်လတုန်းက ဖြစ်ခဲ့တဲ့ ကျောင်းသား ဆန္ဒပြမှု (Credit: AFP)  လက်ပံတန်းမြို့ ​ပင်မ ​ကျောင်းသား ​သပိတ် ​လူစုခွဲမှုအတွင်း ​ဖမ်းဆီးခံထားရတဲ့ ​ကျောင်းသားတွေနဲ့ ​ပြည်သူတွေကို ​လွတ်ပေးဖို့ ​မကွေးမြို့မှာ ​တောင်းဆိုကြပါတယ်။ မကွေးမြို့က ​ဗကသ ​ကျောင်းသားတွေနဲ့ ​ထောက်ခံ ​သူတွေက ​ဒီကနေ့ ​ဆန္ဒပြတာ ​ဖြစ်ပါတယ်။ ဖမ်းဆီးထားသူတွေကို ​လွတ်ပေးဖို့အပြင်၊ ​အမျိုးသား ​ပညာရေး ​ဥပဒေ ​ဆွေးနွေးပွဲအတွင်း ​ပြောဆို ​ပေးခဲ့တဲ့ 
Posted: 09 Apr 2015 11:02 PM PDT
 ဆီးရီးယားနိုင်ငံရဲ့မြို့တော်နား Yarmouk ဒုက္ခသည်စခန်းထဲက ပါလက်စတိုင်း ဒုက္ခသည်တွေ အစုအပြုံလိုက် သတ်ဖြတ်ခံရမယ့် အရေးကနေ အကာအကွယ်ပေးဖို့ အမြန်ဆုံး လုပ်ဖို့လိုတယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်း က ပြောလိုက်ပါတယ်။ အဲဒီဒုက္ခသည်စခန်းကို အစ္စလာမ်စစ်သွေးကြွ IS အစွန်းရောက်တွေက ထိန်းချုပ်ထားတာပါ။ ဒမတ်စ်ကပ်စ်မြို့တော် တောင်ပိုင်းက ဒုက္ခသည်စခန်းထဲမှာ ပိတ်မိနေတဲ့ ပါလက်စတိုင်း ဒုက္ခသည်တွေဆီ လူသားချင်း
Posted: 09 Apr 2015 11:02 PM PDT
ယာမွတ်ခ် ဒုက္ခသည်စခန်း ဆီးရီးယားနိုင်ငံရဲ့ မြို့တော် ဒမတ်စ်ကတ်ရဲ့ တောင်ဘက်ရှိ ယာမွတ်ခ် ဒုက္ခသည် စခန်းဟာ အိုင်အက်စ် လက်နက်ကိုင်တွေရဲ့ တိုက်ခိုက်မှုဒဏ် ခံရအပြီး၊ သေကျေပျက်စီးမှုတွေလည်း များလှတဲ့အတွက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ယာမွတ်ခ် ဒုက္ခသည်စခန်းကတော့ နက်ရှိုင်းလှတဲ့ ငရဲတွင်း ဖြစ်နေတဲ့ အကြောင်း ပြောပါတယ်။ အသနား ညှာတာမှု ကင်းမဲ့တဲ့ အိုင်အက်စ် လက်နက်ကိုင်အဖွဲ့နဲ့ တခြား အစွန်းရောက် အ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...