Wednesday, April 8, 2015

ရေချိုတွေဖြုန်းတီးတော့မယ့် သင်္ကြန်။ လမ်းပေါ်မှာ တရားဝင်မူးယစ်သောက်စား အော်ဟစ်ခွင့်ရမယ့် သင်္ကြန်



သင်္ကြန်သည် မြန်မာ့ယဉ်ကျေးမှု စစ်စစ်မဟုတ်။ ဟိန္ဒူယဉ်ကျေးမှုကို မွေးစားထားခြင်း ဖြစ်သည်။ သင်္ကြန်သည် မင်္ဂလာ ၁၂ ပါးထဲမှ တစ်ပါး ဖြစ်ပါ၏။ ဤ မင်္ဂလာ ၁၂ ပါးသည်ပင် ဟိန္ဒူယဉ်ကျေးမှု ဖြစ်ပါ၏။ ကုလားတို့သည် ကလေးတစ်ဦးမွေးပါက နေပြ မင်္ဂလာ၊ လပြ မင်္ဂလာ၊ ကွမ်းခွံ့ မင်္ဂလာ၊ ထမင်းခွံ့ မင်္ဂလာ၊ ပုခက်တင် မင်္ဂလာ၊ နားထွင်း မင်္ဂလာ၊ နာမည်ပေး မင်္ဂလာ စသဖြင့် ပြုပါ၏။

င်္ကြန်ရေပက် ဖျန်းခြင်းသည် လေးနက်မွန်မြတ်သော အဓိပ္ပါယ်ရှိသည် ။ ရေသည် မေတ္တာဓာတ်ကို တင်စားသည် ။ ရေကစား ကြသည်မှာ ရေလိုအေး၍ ပန်းလိုလန်းပါစေ ဟူသောမေတ္တာဓာတ်ဖြင့် ကစားခြင်းဖြစ်သည်။
သင်္ကြန်ပွဲ သည်မြန်မာ့တို့၏ ရိုးရာပြက္ခဒိန် အစဆုံးလဖြစ်သော တန်ခူးလတွင် ကျင်းပသည် ။ တန်ခူးလသည် အင်္ဂလိပ်ပြက္ခဒိန်မှ ဧပြီ (April) လနှင့်တိုက်ဆိုင်သည် ။ သင်္ကြန်ပွဲကို မြန်မာ့နှင့် ယဉ်ကျေးမှု့ချင်းဆက်စပ်နေသော လော (Laos) နိုင်ငံ ၊ ကမ္ဗောဒီးယား (Cambodia) နိုင်ငံ နှင့် ထိုင်း (Thailand) နိုင်ငံတို့တွင် အလားတူပင် ဧပြီလ၌ သင်္ကြန်ပွဲတော်ကို ဆင်နွှဲကြသည် ။ သို့ရာတွင် မြန်မာနိုင်ငံ၏ သင်္ကြန်ပွဲတော်သည် ယင်းပွဲတော်တို့ထက် ကြီးကျယ်၍ ရှေး အင်းဝခေတ် ကပင်လျှင် အင်္ဂလိပ် စသောတိုင်းတစ်ပါးသားတို့က နှစ်သက်ဖွယ်ရာမှတ်တမ်းတင်ခဲ့ကြသည်။
“အိမ်ရာမမှား၊ သားငါးသုတ်သင်၊ သစ်ပင်ခုတ်မြစ်၊ ပုတ်ခတ်ငိုကြွေး၊ ကိုယ်သွေးထုတ်ခြင်း၊ ဆီနနွင်းက၊ သောက်ခြင်းသေစာ၊ ဥစ္စာထုတ်သွင်း၊ အောင်တမန်စေလွှတ်ခြင်း၊ ဤ (၁၀) ပါးသော အမှုတို့ဖြစ်ပေသတည်း” သင်္ကြန်တွက်ရိုးများ၌ ဤ (၁၀) ပါးသော အမှုတို့ကို လူမဆိုထားဘိ သိကြားမင်းသော်လည်း ရှောင်ကြဉ်ရာ၏ဟု ပညတ်ချက်ထုတ်ထားရာ၊ တကယ်လည်းရှောင်ကြဉ်သင့်သော အချက်များဖြစ်ကြသဖြင့် ရှောင်သင့်သည်ကို ရှောင်၍ ဆောင်သင့်သည်ကို ဆောင်ကြပြီးလျှင် နှစ်သစ်ဘက်သို့ မင်္ဂလာယူပြီး ကူးပြောင်းနိုင်ကြပါစေသတည်း။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...