Wednesday, April 8, 2015

ရွှေလကို ခွေးဟောင်လည်း ရွှေလသာမြဲပါ။


(၁)ဘာ!!!
ဒေါ်စုက နိုင်ငံခြားသားနဲ့ ယူလို့ မျိုးမချစ်ဘူး ဟုတ်လား။ မျိုးချစ်တယ် ဆိုတာ ဘာပေတံနဲ့ တိုင်းတာလဲ။
အနီးဆုံး ဥပမာ ပေးမယ်။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သားသမီး ချင်း အတူတူ ဦးဆောင်ဆန်းဦးက ဗမာမကိုတော့ ယူပါရဲ့ ၊ ဗမာနိုင်ငံကို ဘာတစ်ခုမှ အကျိုးမပြုဖူးဘူး။ နောက်တစ်ခု ဗမာလူမျိုးလည်းဖြစ် ဗမာမလည်း ယူပါရဲ့ ပြည်သူကိုရက်စက် ဘုန်းကြီးကို နှိပ်စက် အဲ့လိုလူတွေကရော မျိုးချစ်စိတ်ရှိကြရောလား။
လက်ရှိသမ္မတတောင် ဘုန်းကြီးကို မရိုက်ခဲ့ပါဘူးလို့ ဘယ်သူ အာမခံ နိုင်လဲ။ ဒေါ်စု က
နိုင်ငံခြားသား ကို ယူခဲ့ပေမဲ့ ဘာသာခြား ဖြစ်မသွားဘူး။ ဗုဒ္ဓဘာသာ ကို ပြန့်ပွားအောင် စည်းရုံးနိုင်သူပါ။ ထိုအတူ ဘယ်သံဃာကိုမှ ကံ ၃ ပါးနဲ့ မပြစ်မှားဖူး သူပါ။ အဲံဒါ မျိုးချစ်စိတ်၊ ဘာသာ ချစ်စိတ်ပဲ။
(၂) ဘာ!!!
စီးပွားရေး ပိတ်ဆို့မှုက ဒေါ်စုကြောင့် ဟုတ်လား။
၁၉၉၆ စီးပွားရေး စပြီး ပိတ်ဆို့မှု စတင်လာတယ်။
စစ်တပ်က ပြည်သူတွေကို မတရားဖိနှိပ်အုပ်ချုပ်ခဲ့လို့။ ပြီးတော့ ဒီမိုကရေစီ အင်အားစုတွေကို ဖိနှိပ်လို့ ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ စတင်ခဲ့တာပါ။
အဲ့ဒီတုန်းက စီးပွားရေး မပိတ်ဆို့စေချင်ရင် စစ်တပ်ဘက်က ပြည်သူ့ဘက်ကို ကောင်းကောင်း ပြန်ကြည့်လိုက်ပါလား။ ခုတော့....
နောက်တစ်ခု ၂၀၁၂ ခုနှစ်နောက်ပိုင်း စီးပွားရေး ပိတ်ဆို့မှုတွေကို အလျှင်စလို မဖွင့်ပေးဖို့ အနောက်အုပ်စုကို ဒေါ်စုက သတိပေးခဲ့ဖူးတယ်။
အဲ့ဒါကလည်း စစ်တစ်ပိုင်း အစိုးရက ဒီမိုကရေစီ ဆိုတာ အရောင်ပြ ၊ ဘာမှ ပွင့်လင်းမြင်သာမှု မရှိသေးပဲ အကုန်လုံး ဖွင့်ပေးလိုက်ရင် ခင်ဗျားတို့ လယ်တွေကို သိမ်းထားတဲ့ ခရိုနီတွေ ပိုပြီး ချမ်းသာသွားမှာ စိုးလို့ပါ။ ဖွင့်ပေးလိုက်တဲ့ စီးပွားရေးက ပြည်သူတွေဆီ တကယ်မရောက်ပဲ သူတို့ပဲ ပိုင်စိုးသွားမှာ စိုးလို့ပါ။ ပြီးတော့ စစ်တပ်နဲ့ လည်ပင်းဖက်ပေါင်းနေတဲ့ ခင်ဗျားတို့ သိပ့်မုန်းနေတဲ့ ကုလားတွေ လက်ထဲလည်း ရောက်ကုန်မှာ စိုးတယ် ထင်မိပါရဲ့ဗျာ။
(၃) ဘာ!!!
ဒေါ်စုက သစ်တစ်ပင် စိုက်ဖူးလို့လား ဟုတ်လား။
ဟုတ်တယ်။ ဒေါ်စုက သစ်တစ်ပင် မစိုက်ဖူးသလို
သစ်တစ်ပင် တောင် ခုတ်ရောင်းပြီး ကိုယ်ကျိုးမရှာ ဖူးခဲ့ဘူး။ ခင်ဗျားတို့ကသာ ကြက်ဆူပင်တွေ စိုက်ပြီး ကျွန်နဲ့ အဖိုးတန်ရော အဖိုးမတန်ရော ခုတ်ရောင်းပြီး ကိုယ်ကျိုးရှာနေကြတာလေဗျာ။
(၄) ဘာ!!!
ဒေါ်စုက ကမ္ဘာပတ်ပြီး အတင်းပြောနေတယ် ဟုတ်လား။
အေး ။ ဟုတ်တယ်။ သူ ကမ္ဘာပတ်ပြီး အတင်းပြောပေးလို့ ကျုပ်တို့ပြည်သူတွေရဲ့ အခြေအနေမှန်ကို
ကမ္ဘာက သိပြီး စစ်သားဗိုလ်ချုပ်ကြီးတွေ နဲနဲ ရှက်တတ်လာတာလေ။ မဟုတ်ရင် ဝါးလုံးခေါင်းထဲ လသာ နေပြီး ကိုယ်အိမ်ကိုယ့်ကြည့်ပြီး အမေရိကန်ကို ရင်ဘောင်တန်း ဖို့ လက်တစ်လုံးပဲ လိုတော့တယ်လို့ မရှက်မကြောက် ပြောနေကြတာရော မှတ်မိကြသေးရဲ့လားဗျ။
(၅) ဘာ !!!
ဒေါ်စုက သမ္မတ ရူး ဟုတ်လား။
အေး။ ဟုတ်တယ်။ သူရူးတာက နဲနဲ ပါ။ ကျုပ်တို့ ရူးတာက သူထက် အဆ ၁၀၀ ပိုပါတယ်။ ကျုပ်တို့ကတော့ ဒေါ်စုကို မြန်မာပြည်က ဘုရင်မ တစ်ပါးအဖြစ် မြင်ချင်နေတာ ကြာပါပြီ။ သူဘက်ကတော့ သမ္မတ ဖြစ်ချင်တာ ခင်ဗျားတို့ ကျနော်တို့ကို အစွမ်းကုန် အလုပ်အကျွေး ပြုချင်လို့ဆိုတာ သူ့အလုပ်တွေက သက်သေပြနေမှာပါ။
(၆) ဘာ!!!
ဒေါ်စု ကုလားကို ဦးစားပေးတယ် ဟုတ်လား။
ခင်ဗျားတို့ ထင်ရာလျှောက်ပြောမနေနဲ့။ သူကိုယ်တိုင်တောင် အခွင့်ထူးခံ မယူဖူးတာ ကုလားကို ဦးစားပေးဦးမယ် ဆိုတာ ဖြစ်နိုင်ပါ့မလား။ သေချာစဉ်းစားပါ။ လက်ရှိသူ့ပါတီက ကုလားအချို့ကလည်း ယခင် အစိုးရ အဆက်ဆက်က မှတ်ပုံတင် ထုတ်ပေးထားတဲ့ မြန်မာနိုင်ငံသားတွေပါ။ ဒေါ်စု ဘယ်သူ့ကိုမှ ဦးစားမပေးဘူး။ သူကိုယ်တိုင်ရော ပြည်သူတွေပါ မျှတတဲ့ ဥပဒေအောက်မှာ အေးအေးချမ်းချမ်း နေနိုင်ရေး ဆိုတဲ့ မူကိုပဲ သူ ဆုပ်ကိုင်ထားတာ။ တကယ်တော့ ကုလားတွေကို အထူးအခွင့်အရေး ပေးခဲ့တာ ယခု အုပ်ချုပ်နေတဲ့ ယခင် စစ်ခေါင်းဆောင်တွေဆိုတာ မမေ့ကြပါနဲ့။ ခုမှ ပြည်သူ့မဲကို လိုချင်လို့ ကုလားကို အသုံးချပြီး မုန်းပြနေတာပါ။
(၇) ဘာ!!!
သူ့သားကြီးက မွတ်ဆလင် ဘာသာဝင် ဟုတ်လား။
သူများလုပ်တဲ့ ပိုတိုရှော့ကို မစဉ်းမစားပဲ ချီးဦးနှောက်နဲ့ လျှောက်ယုံမနေနဲ့။ သူသားတွေက ခင်ဗျားတို့လို တုတ်ကိုင် ဓားကိုင် မျိုးချစ်တွေထက် မသာရင်တောင် မလျော့ တဲ့ စိတ်နဲ့ ဗုဒ္ဓ ဘာသာကို ကိုင်းရှိုင်းကြပါတယ်။
(၈) ဘာ!!!
တရားဥပဒေ စိုးမိုးရေး ဥက္ကဋ္ဌ တာဝန်ယူပြီး အလုပ်မလုပ်တတ်ဘူး ဟုတ်လား။
ကိုယ့်ကျင်းကိုယ်တူးပြီး ဝေးဝေးသွားသေလိုက်။
ဒေါ်အောင်ဆန်းစုကြည် က ဥပဒေ ပညာကို သင်ယူထားပြီး ပုဒ်မတွေကို အရေကျိုသောက်ထားတဲ့သူပါ။ တိုင်စာ ၁၀၀၀၀ ရတယ်ဆိုရင် စစ်တပ်က မြေသိမ်းလို့ လာတိုင်ကြတဲ့ စာက ၉၉၉၉ ခုလောက်ပါနေတယ်လေ။ ခင်ဗျားတို့လို ဗိုလ်ချုပ် ဗိုလ်ပြုတ် ဗိုလ်စုတ် တွေနဲ့ ပြည်သူတွေ ထိပ်တိုက် မတွေ့စေချင်လို့ မလုပ်တတ်ချင်ယောင် ဆောင်နေတာ။ တကယ်လုပ်ပြလိုက်ရင် ခင်ဗျားတို့ ဗိုလ်ပြုတ် ဗိုလ်စုတ်တွေ ထောင်နန်းနေတာ ကြာပေါ့။ ထောင်နန်းမစံရရင်လည်း နိုင်ငံက စစ်အုပ်ချုပ်ရေး ပြန်ဖြစ်နေလောက်ပြီ။ ခင်ဗျားတို့ မပေးချင်လို့ ပြန်ပြီး ကြီးစိုးသွားမှာကို သူက ကြိုမြင်နေလို့ ပြည်သူအမုန်းခံပြီး မလုပ်တတ်ချင်ယောင် ဆောင်ပြနေတာပါ။
(၉) ဘာ!!!
မြစ်ဆုံကို ဒေါ်စုက ဘာမှ ဝင်မပြောဘူး ဟုတ်လား။
ပြောချင်လွန်းလို့ ခင်ဗျားတို့ဆီက စာချုပ်ကို တောင်းနေတာပေါ့ဗျာ။ ခင်ဗျားတို့က တရုတ်နဲ့ ဆီစွပ်ပြီး ချုပ်ထားတဲ့ စာချုပ်မို့ ထုတ်မပြရဲတာပါ။ ခင်ဗျားတို့ ဘာတွေ ဘယ်လို ချုပ်ထားမှန်း မသိပဲ ဘယ်လို ဝင်ပြောမလဲ။ ခင်ဗျားတို့ သတ္တိရှိရင် စာချုပ်ထုတ်ပြလိုက်လေ။ သူပြောလာလိမ့်မယ်။
(၁၀) ဘာ!!!
နိုင်ငံ ကောင်းဖို့ ဒေါ်စု တစ်ယောက်တည်း လုပ်နေတာ မဟုတ်ဘူး ဟုတ်လား။
ဒေါ်စုကလည်း ကျမ တစ်ယောက်တည်း လုပ်တာပါ၊ ကျမတစ်ယောက်တည်း အနစ်နာ ခံတာပါလို့ သူ့ပါးစပ်က တစ်ခါမှ ထုတ်မပြောဖူးဘူး။
အမြဲတမ်း သူ့ပါတီဝင်နဲ့ ပြည်သူတွေ ရဲ့ ပါဝင်ကြိုးစားရုံးကန်မှုကို အထူးတလှယ် မွက်ဟ နေသူပါ။ ဥပမာ တစ်ခုပြမယ်။ ၂၀၁၂ မတိုင်မီ လွတ်တော် ထဲမှာ ဒေါ်စုနဲ့ NLD ပါတီ မရှိခင်တုန်းက လွှတ်တော်က ဘာတွေ အသက်ဝင်ခဲ့လို့လဲ။ လွှတ်တော်ကိုယ်စားလှယ်တွေကလည်း လက်ညှိုးထောင် ခေါင်းညိမ့် လခထုတ် ဒါနဲ့ပဲ အချိန်ကုန်ခဲ့ကြတာလေ။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲပြီးမှ
NLD ပါတီဝင်တွေ လွှတ်တော်ထဲ ရောက်သွားမှ လွှတ်တော်က အသက်ဝင်လာတယ်ဆိုတာ ဘယ်သူ ငြင်းနိုင်လဲ။
(၁၁) ဘာ!!!
ဒေါ်စု သမ္မတ ဖြစ်ရင် ကုလားပြည် ဖြစ်သွားမယ် ဟုတ်လား။
ခင်ဗျာ်းဘယ်လို ဦးနှောက်နဲ့ တွက်ပြီး ပြောထွက်တာလဲ။ အင်္ဂလိပ်တို့ က နှစ်ပေါင်း ၁၀၀ အုပ်ချုပ်သွားတယ်။ အာဏာရှင် စစ်အစိုးရက လာဒ်စားပြီး နယ်စပ်က ကုလားတွေကို ခေါ်သွင်းခဲ့တယ်၊မြန်မာပြည် အနှံ့မှာလည်း ဗလီတွေ မိုလိုပေါက်အောင် ဆောက်ခွင့်ပေးခဲ့တယ်။ ဘုန်းကြီးတွေလည်းရိုက်ခဲ့တယ်။ကျောင်းတွေလည်းဖျက်ခဲ့တယ်။ အဲ့ဒီလို နဲ့ နှစ်ပေါင်း ၆၀ အုပ်ချုပ်ခဲ့တာတောင် မြန်မာပြည်က ဗုဒ္ဓဘာသာ မကွယ်ပျောက်ပဲ ဒေါ်စု ၅ နှစ် ၁၀ နှစ် အုပ်ချုပ်လိုက်လို့ မြန်မာပြည်က သာသနာပျောက်ပြီး ကုလားပြည်ဖြစ်မယ်ဆိုတာ ဦးနှောက် မရှိတဲ့သူတွေပဲယုံလိမ့်မယ်။ ရှင်းလား။
ခုခါမှ စစ်တစ်ပိုင်းအစိုးရရဲ့ လှည့်ကွက်တွေကြောင့်
ပြည်သူတွေ မျက်စိလည်ပြီး ဒေါ်စုကို တိုက်ခိုက်နေကြတာပါ။ ခု မဘသ ခေါင်းဆောင်ကြီး ဦးဝီရသူ ကိုယ်တိုင်လည်း ဟိုအရင်တိုင်းပြည်စစ်ဖိနပ်အောက်မှာ ပြားပြားမှောက်နေတုန်းက အဲ့ဒီ နိုင်ငံခြားသားကို ယူခဲ့တဲ့ ဒေါ်စုကို ပဲ ထောက်ခံခဲ့တာပါ။ စစ်အစိုးရ က သူ့ကို ထောင်ပါ ချလိုက်ပါသေးတယ်။ ထောင်ထဲမှာ ဘုန်းကြီး မရှိဘူးကွ ဆိုပြီး ဘယ်ပြန် ညာပြန် ရက်ရက်စက်စက် ရိုက်တာကို ပက်ပက်စက်စက် ခံခဲ့ရသူတွေထဲမှာ ဦးဝီရသူ ပါတာပေါ့ဗျာ။၂၀၁၀ စစ်တပိုင်းအစိုးရ တက်လာပြီးမှ သူ့ကို အသုံးချချင်လို့ ထောင်က လွှတ်ပေးပြီး ၊ ဦးအောင်သောင်းနဲ့ ပေးတွေ့ခိုင်း၊ နောက်ပြီး မဘသ ကို ဦးအောင်သောင်းက ရာသက်ပန် ထောက်ပံ့ မယ်ဆိုပြီး စည်းရုံးသွားလိုက်တာပါ။ ခုတာ့ ဦးဝီရသူ ကိုယ်တိုင်ကကို လိုလိုချင်ချင် နဲ့ပေါင်းပြီး ချစ်သူကို ပေါင်းလို့မရရင် ပေါင်းလို့ရတဲ့သူကို ပဲ ချစ်ရတော့မယ် ဆိုပြီး ပေါ်ပေါ်တင်တင် ကို တွဲလာ တော့တာပါပဲ။ ခုတော့ အဆင်ပြေလို့ ပုလ္လင် ပေါ်တက်ပြီး ဒေါ်စု မကောင်းကြောင်းလေး ဟဲနေရရင် ခံတွင်းကို တွေ့လို့ပေါ့။ တကယ့်စိတ်မကောင်းစရာပါပဲဗျာ။
တကယ်ဆို ဦးဝီရသူမှာ အတိတ်မေ့တတ်တဲ့ ရောဂါ မရှိခဲ့ဘူးဆိုရင် ဒီအစိုးရနဲ့ ပတ်သက်စရာ အကြောင်းကို မရှိဘူး။
ဒါတွေ ထားလိုက်ပါတော့လေ...
အစိုးရရဲ့ စဉ်းလှဲမှုကို ပြည်သူတွေ မြင်စေချင်တာ။
ခင်ဗျားတို့ ဘယ်လိုပဲ သွေးခွဲသွေးခွဲပါ ။ ကျုပ်တို့ကတော့ အမေစုမှ အမေစုပဲ။
ကြက်ဥတစ်လုံးဟာ ဆင်းရဲသားတွေအတွက်တော့ ထမင်းမိန်စရာ ဟင်းကောင်းတစ်ခွက်ပါပဲ။ လူချမ်းသာတွေ အတွက်တော့ အရံဟင်း တစ်ခွက်ပေါ့ဗျာ။
ဒါပေမဲ့ မိခင်ကြက်မကြီးအတွက်တော့ တန်ဖိုးမဖြတ်နိုင်တဲ့ ရတနာ အစစ်ပါပဲ။
ထို့အထူပါပဲ။
အမေစု ဆိုတာ စစ်အာဏာရှင်တွေအတွက်တော့ မရှိလေကောင်းလေပဲ။ စစ်ကျွန်ခံချင်တဲ့ မျိုးချစ်တွေအတွက်တော့ အမေစုက ခုတုံး အဖြစ်ပေါ့။ ဒီမိုကရေစီကို ကြားသာကြားဖူးပြီး မခံစားဖူးတဲ့ ကျုပ်တို့လို ကျောမွဲပြည်သူတွေအတွက်တော့ အမေစုက ရတနာ အစစ်ပါပဲ။
ရွှေလကို ခွေးဟောင်လည်း ရွှေလသာမြဲပါ။
မူရင်းpost ပိုင်‌ရှင်‌ ကိုထက်‌ကို credit ‌ပေးသည်‌...

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...