Windows 7 ကို Activated ဖြစ်အောင် ပြုလုပ်နည်း
by Moenge Aung on Saturday, November 3, 2012 at 5:44pm
ပြည်တွင်းမှာ Windows 7 ကို Original ၀ယ်သုံးတဲ့သူတွေလည်း ရှိသလို CD ဆိုတွေကနေ တစ်ဆင့် Windows CD လေးလောက်ကို သက်သာဈေးနှုန်းနဲ့ ၀ယ်ယူသုံးစွဲသူတွေလည်း ရှိပါတယ်။ တရားဝင်လိုင်စင် Version ၀ယ်သုံးတာမဟုတ်တဲ့အတွက် တကယ်လို့ Windows မတင်တတ်ရင်တော့ ပြဿနာအနည်းငယ် တက်ပါတယ်။
ဘာကြောင့်လဲဆိုရင် Copy Windows တွေတင်လို့ ရက် ၃၀ ပြည့်ပြီဆိုရင် Screen နောက်ခံ အမည်းရောင်ကြီးရဲ့ This copy of windows is not genuine ဆိုတာကြီး ပေါ်လာတတ်ပါတယ်။ ဒါဟာ Windows Activate မဖြစ်တဲ့အတွက်ကြောင့် ပေါ်လာတဲ့ သတိပေးစာသားပါပဲ။ အခုအဲလိုဖြစ်သွားတဲ့အတွက် ဘာမှပူစရာမလိုတော့ပါဘူး။ သိပြီးသားသူတွေအတွက် ဒီနည်းလမ်းလေးက လွယ်ကူတယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် မသိသေးတဲ့သူတွေအတွက်ဆိုရင်တော့ အဖိုးတန်မယ့် နည်းလမ်းလေးပါပဲ။
Windows genuine ဖြစ်တာကို ဖြေရှင်းဖို့အတွက် Windows Loader 2.1.5 ဆိုတဲ့ Software လေးရှိပါတယ်။ အမှန်တစ်ကယ်လည်း အသုံးဝင်သလို သုံးရတာလည်း လွယ်ကူပါတယ်။ ဒီ Windows Loader လေးဟာ ရက် ၃၀ သာပေးထားတဲ့ Windows ကိုအမြဲတမ်းသုံးလို့ရအောင် ပြုလုပ်ပေးပါလိမ့်မယ်။
၁။ Windows Loader 2.1.5 Download Link:
အရင်ဒေါင်းပါ။
၂။ Download ပြုလုပ်ထားတဲ့ rar file ကိုဖြည်လိုက်ပါ။ Folder 4 ခု ထွက်လာပါလိမ့်မယ်။
Wat Fix နဲ့ Window Loader နှစ်ခုပါ။ WatFix ကို ပထမဆုံး Double Click နဲ့ Run ပေးလိုက်ပါ။
Screen အမဲနဲ့ Box လေးတခု တက်လာပါလိမ့်မယ်။
မိနစ်အနည်းငယ်ကြာလိမ့်မယ်။ ဘာမှလုပ်ပေးစရာမလိုပါဘူး။ ထိုင်စောင့်နေရုံပါပဲ။ ပြီးတာနဲ့ အလိုလျောက် Computer ဟာ Restart ကျသွားပါလိမ့်မယ်။ Windows ပြန်တက်လာရင် စောစောက Download ယူထားတဲ့ Folder ထဲက ဒုတိယ ဖိုင်ဖြစ်တဲ့ Windows Loader ကို Double Click နဲ့ Run ပေးပြီး Install ပြုလုပ်ပေးလိုက်ပါ။ ၅ မိနစ်ခန့်ကြာအောင် စောင့်ပေးလိုက်ပါအုံး။
ပြီးရင် ပေါ်လာတဲ့ Box လေးမှာ Restart ကိုပေးလိုက်ပါ။ အိုကေပါပြီနော်…
@ Fwd Mail
0 comments:
Post a Comment