ခံစားချက်အဆိုးအကောင်း (Positive Emotions)
Posted by zar ni (My Way!) on November 12, 2012 at 17:52 in
အရင်တစ်ပတ်က အဆိုးလောကဓံကြောင့်ဖြစ်လာတဲ့ခံစားချက်များ (negative emotions) တွေရေးဖြစ်ခဲ့ပါတယ်။ ဒီတစ်ခေါက်တော့ ဒီခံစားချက်တွေရဲ့ဆန့်ကျင်ဖက် (positive emotions) ကိုလည်းလေ့လာကြည့်ကြမယ်။ ဘာကြောင့်လဲဆိုတော့ To think negatively is like taking a weakening drug. အဆိုးတွေချည်းတွေးတာ အားယုတ်စေတဲ့မူးယစ်ဆေးသုံးသလိုပဲတဲ့။ ဆိုးရွားတဲ့အခြေအနေတစ်ခုဟာ အကောင်းဖြစ်လာဖို့ အခွင့်အရေးလို့မြင်ကြည့်ရင် ဘယ်လိုအခြေအနေ မျိုးကိုမဆိုရင်ဆိုင်နိုင်တဲ့ခွန်အားတွေပေးစွမ်းနိုင်ပါတယ်။ A positive attitude brings strength, energy and initiative. ဒီနှစ်ဆယ်တန်းကျတယ်။ ဒါနောက်နှစ်မှာအမှတ်ကောင်းကောင်းနဲ့အောင်ဖို့ အခွင့်အရေးပေါ့။ ကောင်မလေးကကိုယ့်ကိုပြန်မကြိုက်ဘူး။
ဒါသူ့ထက်ကိုယ့်ကိုချစ်နိုင်မယ့် သူတစ်ယောက်နဲ့ ဆုံတွေ့စေမယ့်အခွင့်အလမ်းပေါ့။ ကျွန်တော်ကတော့ ကျရှုံးမှုတွေနဲ့တွေ့တိုင်း ဒီလို မျိုးပဲကိုယ့်ကိုယ်ကိုအားပေးတတ်တာပဲ။ ရသေ့စိတ်ဖြေလို့ဆိုရမှာပေါ့။ ဖြစ်လာတဲ့လူ့ဘ၀တိုတိုလေးမှာ ဘာကြောင့် occupied by negative emotions ကိုယ့်ကိုညှင်းပန်းနှိပ်စက်တတ်တဲ့ခံစားချက်တွေ တွေနဲ့ ကြီးစိုးနေချင်ရမှာလဲ။
ကဲ positive emotions လေးတွေဖတ်ကြည့်ကြပါဦး။ သူတို့နဲ့တွဲသုံးတဲ့ preposition တွေကိုပါတွဲမှတ်ဖို့မမေ့နဲ့နော်။
Cheerful (တက်ကြွပျော်ရွှင်)
Someone who is "cheerful" is happy.
"They seemed to be quite cheerful about the idea."
လိုချင်တာရတဲ့အခါပျော်တတ်ကြတယ်။ စိတ်ဓါတ်ကျနေတဲ့သူငယ်ချင်းတစ်ယောက်ကို စိတ်ပြေလက်ပျောက်ဖြစ်အောင် cheer somebody up လုပ်ပေးရတယ်။
Jack stopped at her apartment every day to bring her food and cheer her up.
Eager (စိတ်အားထက်သန်ခြင်း)
If you're "eager" to do something, you really want to do that thing.
"She was eager to impress people with her knowledge of computer programming."
တစ်ခုခုကို လုပ်ဖို့စိတ်အားထက်သန်နေပြီဆိုရင် အဲဒါကိုတကယ်လုပ်ချင်တဲ့စိတ်ရှိလို့ပေါ့။ ကိုယ်နှစ်သက်တဲ့အရာ၊ ကိုယ့်အတွက်အကျိုးဖြစ်စေမယ့်အလုပ်တွေဆိုရင် eager ဖြစ်တာပေါ့။
eager to + Verb infinitive နဲ့သုံးသလို eager for + noun ပုံစံမျိုးတွေနဲ့လဲသုံးလေ့ရှိပါတယ်။
I am eager for news about them.
Keen (ဆန္ဒပြင်းပြခြင်း)
If you are "keen" to do something, you really want to do it.
"He's keen to get started as soon as possible."
သူလည်း eager နဲ့တူပါတယ်။ အာရုံတစ်ခုခုမှာစူးရှတာဆိုရင် keen eyes, keen ears လို့သုံးနိုင်သလို keen on/about + Noun/gerund ပုံစံမျိုးနဲ့ အရမ်းစိတ်ဆန္ဒပြင်းပြတယ်၊ လုပ်ချင်ကိုင်ချင်တယ်၊ ၀ါသနာပါတယ်ဆိုတဲ့အဓိပ္ပါယ်နဲ့သုံးလေ့ရှိပါတယ်။
I'm really keen on playing tennis.
Sally is fairly keen about getting a new job.
Mary isn't keen on her new boss.
Excited (စိတ်လှုပ်ရှားနေသော)
If you're "excited" about something, you're so happy about it that you can't relax.
"I'm very excited about the possibility of playing the guitar with them in their band."
မနက်ဖန် တက္ကသိုလ်ပထမဦးဆုံးစတက်ရမယ့်နေ့ဆိုရင်ဒီနေ့ညမျိုးမှာပျော်ရွှင်မှုနဲ့ စိတ်လှုပ်ရှားနေတတ်တယ်။ ဘယ်လိုအခြေအနေမျိုးနဲ့တွေ့ကြုံရမယ်၊ ဘယ်လိုသူငယ်ချင်းတွေနဲ့ ဆုံတွေ့ရမယ် စသည့် expectation မျှော်လင့်မှုများဖြင့် အနားမယူနိုင်အောင်ဖြစ်နေမယ်။ passive form နဲ့သုံးတာကိုသတိထားရမယ်။ I am very excited about the first day of my university years. တစ်ခုခုကစိတ်လှုပ်ရှားစရာကောင်းတယ်ဆိုရင် The game is exciting. လို့ပြောနိုင်တယ်။
Enthusiastic (စိတ်ဓါတ်ပြင်းပြ၊ တက်ကြွသော)
If you're "enthusiastic" about something, you're really excited about it and you show this by the way you talk and act.
"He was really enthusiastic about the idea."
ဆရာတစ်ယောက်ဟာ စာသင်ရတာဘယ်လောက်မြတ်နိုးတယ်ဆိုတာ သူရဲ့ အမူအယာ အပြောအဆိုကြည့်ရုံနဲ့တင်သိနိုင်ပါတယ်။ ဒီလိုပါပဲ တစ်ခုခုမှာ အင်မတန်ထက်သန်တဲ့စိတ် ရှိတဲ့သူဟာ အချိန်ရှိသမျှ သူဝါသနာပါရာကိုတွေးတောစိတ်ကူးကြံစည်နေတတ်တယ်။
Relieved (စိတ်သက်သာရာရ)
If you're "relieved", you feel happy because something unpleasant hasn't happened or is no longer happening.
“He is relieved to be back home after such a terrible journey.”
စာမေးပွဲဖြေခဲ့တုန်းကသိပ်မဖြေနိုင်တော့ အောင်မှအောင်ပါ့မလားလို့ ရင်တမမစောင့်နေရာကနေ အောင်စာရင်းထွက်လို့ ကိုယ့်နာမည်မြင်တော့မှ တော်ပါသေးရဲ့လို့သက်မချနိုင်ခံစားချက်မျိုးပါပဲ။
Amused (သဘောကျသည်၊ ပြုံးပျော်စေသည်)
If you're "amused" by something, that thing makes you want to laugh or smile.
"She seemed to be amused by the photos."
နီကိုရဲစာအုပ်တွေဖတ်ပြီး တခွိခွိနဲ့ရယ်ရတာ amused ဖြစ်လို့ပေါ့။ ပြုံးခြင်းရယ်ခြင်းဆိုတာ စိတ်လက်ကြည်ရွှင်မှုမရှိဘဲနဲ့တကယ်လုပ်လို့မရပါဘူး။ ပြုံးရယ်လိုက်ရင် စိတ်ထဲမှာရှိတဲ့ညစ်ညူးမှုတွေ ကင်းစင်လွင့်ပျောက်သွားတဲ့အတွက် laughter is the best medicine လို့ဆိုကြပါတယ်။
Delighted (သာယာကြည်နူးခြင်း၊ ၀မ်းမြောက်ဝမ်းသာဖြစ်ခြင်း)
If you're "delighted", you're extremely pleased and excited about something.
"She was delighted with the results as they clearly showed how popular the product was."
မျှော်လင့်ထားတဲ့အတိုင်းဖြစ်လာတဲ့အခါ သာယာကြည်နူးမယ်။ ပျော်ရွှင်ကျေနပ်မယ်။ မိဘက သားသမီးတွေရဲ့အောင်မြင်မှုကိုမြင်ရတဲ့အခါ အတိုင်းမသိပီတိဖြစ်ကြလိမ့်မယ်။
Rested(အေးအေးလူလူဖြစ်သော၊ အနားရပြီးသော)
If you feel "rested", you feel more energetic because you've just had a holiday or relaxing time.
"She looked tanned and well-rested after her holiday by the beach."
အားလပ်ရက်အပန်းဖြေခရီးကပြန်လာတဲ့အခါ လူသစ်စိတ်သစ်နဲ့လုပ်ငန်းခွင်ပြန်ဝင်ဖို့အားပြည့်လာတဲ့ ခံစားချက်မျိုးပါ။
Thankful(ကျေးဇူးတင်စရာ)
If you're "thankful" about something, you're very pleased/happy about it.
"I'm just thankful that I've got a job."
တစ်ခုခုကို ရရှိလိုက်တယ်။ အောင်မြင်လိုက်တယ်ဆိုရင် ဘုရားရှင်ကိုကျေးဇူးတင်ရင်တင်၊ ကံကြမ္မာကို ကျေးဇူးတင်ရင်တင် ဒါမှမဟုတ် သမ္မာဒေ၀နတ်ကောင်းနတ်မြတ်တွေမစတာဆိုပြီး တစ်ခုခုကိုကျေးဇူးတင်စိတ်နဲ့ဝမ်းသာနေတတ်သလိုပေါ့။
Grateful (ကျေးဇူးတင်)
If you're "grateful" for something, you're very pleased about it and thankful for it.
"We're really grateful for all the donations that people have made."
“I am grateful to you for your help.”
သူလည်းအပေါ်ကနဲ့ခပ်ဆင်ဆင်ပါပဲ။ကိုယ့်အပေါ်ကျေးဇူးပြုဖူးတဲ့တစ်စုံတစ်ယောက်အပေါ်ထားရမယ့်စိတ်ဓါတ်ပေါ့။
ကျေးဇူးဆိုတာ တင်တတ်ရင် ကိုယ်နဲ့တိုက်ရိုက်ထိတွေ့မဆက်ဆံဖူးတဲ့သူတွေ အပေါ်မှာလည်းတင်နိုင်တာပါပဲ။ “Let us be grateful to the people who make us happy; they are the charming gardeners who make our souls blossom.” Marcel Proust သွားရင်းလာရင်း ပတ်ဝန်းကျင်က ပန်းကလေးတွေရဲ့အလှကြောင့် စိတ်ကလေးငြိမ်းချမ်းသွားတယ်ဆိုရင်ပဲ ဒီပန်းကိုစိုက်ပျိုးပေးခဲ့တဲ့ဥယျာဉ်မှူးကို ကျေးဇူးတင်ထိုက်တာပေါ့။ လောကမှာကျေးဇူးတင်ထိုက်သူတွေ ကလည်းများမှများပါပဲ။ ရတနာသုံးပါး မိဘဆရာကအစ ကိုယ့်ခေါင်းကဆံပင်ကို ကိုယ့်စိတ်ကြိုက်ပုံစံဖြစ်အောင်စိတ်ရှည်ရှည်နဲ့ညှပ်ပေးတဲ့ ဆံပင်ညှပ်ဆရာက အဆုံး ကျေးဇူးတင်စရာ။ ကျေးဇူးတင်တယ်ဆိုတာ သူ့အပေါ်မေတ္တာစိတ်ထားတာပဲဖြစ်တဲ့ အတွက်ကြောင့် တစ်ခါကျေးဇူးတင်တိုင်း ကုသိုလ်စိတ်တစ်ခါဖြစ်တယ်လို့သာယူဆချင်ပါတော့တယ်။
ဇာနည်(MyWay!)
Read more: ခံစားချက်အဆိုးအကောင်း (Positive Emotions) - Myanmar Network http://www.myanmar-network.net/forum/topic/show?id=3423487%3ATopic%3A750321&xgs=1&xg_source=msg_share_topic#ixzz2CASgxDo1
0 comments:
Post a Comment