Monday, November 19, 2012

အိုဘားမား...အိုး...ဘားမား Obama,..Oh..Burma မြန်မာနိုင်ငံသို့အမေရိကန်သမ္မတ ပထမဆုံးအလည်လာသောနေ့



မြန်မာနဲ့အမေရိကန်သမိုင်းမှာ ... ပထမဆုံး၊ အမေရိကန်သမ္မတတစ်ဦး၊ မြန်မာပြည်ကို ၁၉နိုဝင်ဘာ၂၀၁၂ လာလည်ပါတယ်။ .. မုရန်ရဲ့ဗဟုသုတကဏ္ဍမှာ မှတ်တမ်းတင်ပါတယ်။ ရန်ကုန်မြို့မှာ အာဏာရ၊ပါတီ၊ မြန်မာသမ္မတဥိးသိန်းစိန်အစိုးရနဲ့တွေ့ဆုံပါတယ်။ နောက် ဒေါ်အောင်ဆန်းစုကြည်အိမ်ကို သွားရောက်ပြီး၊ အင်အယ်ဒီပါတီဝင်များနဲ့ တွေ့ဆုံပါတယ်။
နောက် ခြောက်သွေနေတဲ့ အင်းယားကမ်းက ရန်ကုန်သက္ကသိုလ် ဘွဲ့နှင်းသဘင်ခမ်းမမှာ မိန့်ခွန်းပြောပါ တယ်။ ဖေ့စ်ဘုတ်တွေက ဓါတ်ပုံတွေနဲ့ ဗီဒီယိုတွေကို နားထောင်၊ကြည့်ရှု အံ့သြ၊၀မ်းသာမိပါတယ်။ သံသယတွေတော့ ရှိတာပေါ့။

ဝါရှင်တန်ပို့စ် သတင်းစာကနေ မြန်မာဘာသာပြန်ထားတာလေးကို မျှဝေလိုက်ပါတယ်။

အသော့နှင်ခြင်းလော
အာဏာရှင်အုပ်ချုပ်ရေးမှ ဒီမိုကရေစီအပြောင်း နိုင်ငံများသို့ အမေရိကန်တို့ ပြန်လည်ထိတွေ့လေ့ရှိသော အပြောင်းအလဲ ပုံစံအရဆိုလျှင် အိုဘားမား၏ မြန်မာသို့ခြေလှမ်းသည် အသော့နှင်သည်ဟု ဆိုကြသည်။
သမိုင်းအစဉ်အရ ယင်းသို့သော အာဏာရှင်နိုင်ငံများ တံခါးစ အဖွင့်တွင် အတန်ရန်မူသော နိုင်ငံခြားရေးမူဝါဒဖြင့် အစပျိုးသည်၊ ယင်းနောက် ဆက်ဆံရေးအဖွင့်တီးလုံးစသည်။ နောက်ဆုံးတွင် မိတ်ဖက်ဖြစ်လာတော့သည်။
ကနဦးအချက်ပြမှုမှာ နိုင်ငံခြားရေးဝန်ကြီး ယင်းနိုင်ငံသို့ သွားရောက်ခြင်းဖြစ်သည်။
ဆောင်းပါးရှင် Max Fisher က The Washington Post သတင်းစာတွင် အောက်ပါဖြစ်ရပ်၃ခုနှင့် ယှဉ်ထိုးကာ သွက်သွက်မြန်မြန်နှင်ကြောင်း သုံးသပ်သည်။
တောင်အာဖရိကအပြောင်းအလဲနှင့် စဖွင့် လပိုင်းအကြာ၊ နိုင်ငံခြားရေးဝန်ကြီးရောက်လာသည်။ ၈နှစ်အကြာမှ သမ္မတခြေလှမ်းသည်။ ဆားဗီးယားအစအဖွင့်တွင် နိုင်ငံခြားရေးဝန်ကြီး အရောက်ပိုရန် ၁၀နှစ် ကြာသည်။ သမ္မတလာရန်ကား ၁၂နှစ်ကြာသည်။ လစ်ဗျားနိုင်ငံတွင် နိုင်ငံခြားဝန်ကြီးရောက်ရန် ၅နှစ်ကြာသည်။ သမ္မတက ၉နှစ်အကြာမှ ရောက်ရှိလာသည်။
မြန်မာတွင်ကား တံခါးဖွင့်ပြီး ၈လအကြာ နိုင်ငံခြားရေးဝန်ကြီးရောက်လာသည်။ လ၂၀ အကြာတွင် သမ္မတရောက်လာတော့မည်။
"ဒါဟာ ..စစ်အေးခေတ် လွန်တဲ့ကာလ ပြန်လည်သင့်မြတ်မှုအတွက် အမြန်ဆုံးနဲ့ လက်တွေ့အကျဆုံး မှတ်တမ်းတစ်ခု ဖြစ်ကောင်းဖြစ်သွားနိုင်တယ်" ဟု Max Fisher က ဆိုသည်။
Ref: Why Obama trip to Burma is such a big deal'  The Washington Post

တရုပ်ပြည်ကြီးသို့ သမ္မတနစ်ဆင်
အမေရိကန်သမ္မတနစ်ဆင် (1915-1994) ဆိုသူဟာ သူ့လက်ထက် 1969 to 1974 ၅နှစ်အတွင်းမှာ ဗီယက်နမ်စစ်ကြောင့် အမေရိကန်ပြည်၊ ပြသနာပေါင်းစုံတက်နေချိန်မှာ သူ့ရဲ့ နိုင်ငံခြားရေးဝန်ကြီး ဟင်နရီကစ်ဆင်းဂျား ဆိုသူကြောင့် တရုပ်ပြည်နဲ့ ဆက်ဆံရေးပြန်လည်ထူထောင်နိုင်ခဲ့ပါတယ်။ အရင်းရှင်-ကွန်မြူနစ် စစ်အေးတိုက်ပွဲမှာ တရုပ်ပြည်နဲ့ဆက်ဆံရေး ပြန်လည်တည်ဆောက်တဲ့အနေနဲ့ ကွန်မြူနစ်တရုပ်ပြည်ကြီးကို ပထမဆုံး အမေရိကန်သမ္မတအဖြစ် ၁၉၇၂ခုနှစ်မှာ အလည်အပတ်ရောက်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ တရုပ်ပြည် စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ အရှိန်ဟုန်တက်လာခဲ့ပါတယ်။              ဗိယက်နမ်စစ်က အမေရိကန်ထွက်ခွာနိုင်ခြင်း၊ တရုပ်နဲ့ငြိမ်းချမ်းရေးလုပ်နိုင်ခြင်းများကြောင့် သမ္မတနစ်ဆင် သမ္မတအဖြစ်ပြန်အရွေးခံရပါတယ်။ ..ကောက်နုတ်ချက်ချရရင် ..တရုပ်ပြည်ပြောင်းလဲစနဲ့ အမေရိကန်သမ္မတနစ်ဆင်ရဲ့ ဟင်နရီကစ်ဆင်ဂျား (နိုင်ငံခြားရေးဝန်ကြီးဖြစ်မည့်လူ) July 1971 မှာ တရုပ်ပြည် ရှေ့ပြေးအလည်သွားပြီး ၈လ အကြား Feb 1972 မှာ သမ္မတနစ်ဆင် တရုပ်ပြည်လာလည်ခဲ့တော့ ပိုပြီးအရေးကြီးလို့ အမြန်ဆုံးအသော့နှင်တယ် ပြောနိုင်ပါတယ်။

ဘာပဲဖြစ်ပါစေ...
အမေရိကန်သမ္မတ စတင်ရွေးခံရပြီး ၂၀၀၈ ခုနှစ်မှာ အိုဘားမားပြောသွားတဲ့စကားရှိပါတယ်။  အိုဘားမားက “ဒီနေ့ တမ္ဘာလုံးကို ထပ်မံပြီး သက်သေပြလိုက်တာက အမေရိကန်ရဲ့ စစ်မှန်တဲ့အင်အားဟာ လက်နက်အင်အားနဲ့ ငွေကြေးကြွယ်ဝမှုကြောင့် မဟုတ်ပါဘူး၊ အမေရိကန်လူမျိုးတွေရဲ့ စံနမူနာတွေဖြစ်တဲ့ ဒီမိုကရေစီစနစ်၊ လွတ်လပ်မှု၊ အခွင့်အရေး၊ မဆုတ်မနစ်တဲ့ မျှော်လင့်ချက်တွေကြောင့်ပဲ ဖြစ်ပါတယ်” လို့ ပြောခဲ့ပါတယ်။

မြန်မာသမ္မတဦးသိန်းစိန် နဲ့ မြန်မာလူထုခေါင်းတောင် ဒေါ်အောင်ဆန်းစုကြည်တို့ အိုဘားမား မြန်မာပြည်ခရီးစဉ်နဲ့အတူ နိုင်ငံအကျိုးပိုမိုထမ်းရွက်နိုင်ပါစေလို့ ..ဆုတေင်းလိုက်ပါတယ်။  မုရန် 19-Oct-2012

Ref:  Spring Flowers, Young Prince နဲ့ ဗွီဒိယိုတင်ပေးတဲ့ မိတ်ဆွေများ၊ မိုးမခ၊ မြန်မာစင်ကာပူ အင်တာနက်များ
http://myanmarinsingapore.com/profiles/blogs/obama-oh-burma

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...