Thursday, November 22, 2012

Dialouge




မူရင်းဂရိစကားက ဒိုင်ယာလိုဂို (Dialogos) ပါ။ Dia ဆိုတာက Through လို့ အဓိပ္ပါယ်ရတယ်။ ဖောက်ထွက်တာ၊ အပြန်အလှန်စီးမျောတာလို့ ယူနိုင်ပါတယ်။ Logos ဆိုတာကတော့ Words သို့မဟုတ် Meaning လို့ အဓိပ္ပါယ်ပေါက်တယ်။ ဒါ့ကြောင့် ဒိုင်ယာလော့ ဆိုတာ လူတွေကြား ထင်မြင်ယူဆချက်တွေ အပြန်အလှန် လွတ်လွတ်လပ်လပ် စီးဆင်းစေတာလို့ ယူနိုင်ပါတယ်။ A free flow of meaning between people လို့ အဓိပ္ပါယ် ဖွင့်ကြပါတယ်။

ဒီတော့ ဒိုင်ယာလော့မှာ ပြောတဲ့အပိုင်းနဲ့ နားထောင်တဲ့အပိုင်းဆိုပြီး နှစ်ပိုင်း ရှိနိုပါတယ်။ ပါဝင်တဲ့ ဘက်အသီးသီးက ပြောလဲပြောကြမယ်၊ နားလဲနားထောင်ကြမယ်ပေါ့။ ပြောသူသာရှိပြီး နားထောင်သူ မရှိရင် ဒိုင်ယာလော့ မဟုတ်ပါဘူး။ မိုနိုလော့(Monologue) သာဖြစ်ပါတယ်။ များသောအားဖြင့် လူဆိုတာ နားထောင်ရတာထက် ပြောတာကို ခံတွင်းတွေ့ကြမှာပါ။ ဒါနဲ့အမျှ ကိုယ်ပြောတာကို နားထောင်မယ့် ပရိတ်သတ်ကိုလဲ မျှော်လင့်ကြမှာပါပဲ။ ဒီသဘာဝကို ကိုယ်ချင်းစာစိတ်နဲ့ ဆင်ခြင်နိုင်ကြရင် ပြောသူတိုင်းဟာ နားထောင်သူလဲ လုပ်နိုင်ကြပါလိမ့်မယ်။ တကယ်တော့ ဒိုင်ယာလော့ ဆိုတာ အလှည့်ကျပြောတဲ့ဖြစ်စဉ်ပါ။ တပြိုင်တည်းမှာ အလှည့်ကျနားထောင်ကြတာလဲ ဖြစ်ပါတယ်။

ဘက်နှစ်ဖက် ဒိုင်ယာလော့ကြပြီဆိုရင် ဒိုင်ယာလော့မဖြစ်ပဲ ဒီဘိတ်ဖြစ်သွားတတ်တာမျိုးတွေ ရှိတတ်ပါတယ်။

ဒီဘိတ်(Debate) က ထိပ်တိုက်စနစ် (Adversary System) နဲ့ အပြန်အလှန် စကားရည်လုကြတာပါ။ တစ်ဖက်ရဲ့အရှုံးဟာ ကိုယ့်အတွက် အနိုင်ဆိုတော့၊ တစ်ဖက်ရဲ့အားနည်းချက်ကို ဖော်ထုတ်ရေးက အဓိကဖြစ်လာပါတယ်။ ဒီလိုနဲ့ ပြသနာဖြေရှင်းဖို့ထက် ဖော်ထုတ်ဖွင့်ချရေးက လွှမ်းလာတော့တယ်။ ခေတ်သစ် ဂိမ်းသီအိုရီ(Game Theory) အလိုအရတော့ ဒါမျိုးဟာ သုညဆက်ဆံရေး(Zero Sum Game) သာဖြစ်ပါသတဲ့။ အရှုံးအနိုင်ထေလိုက်ရင် အဖြေဟာ သုညမို့ တစ်ခုလုံးအတွက် အကျိုးမရှိပါဘူး။ ဒိုင်ယာလော့က (Non-Zero Sum Game) လို့ဆိုပါတယ်။ သူမနာကိုယ်မနာ ဆက်ဆံရေးပေါ့ ဒီလိုဖြစ်နိုင်ဖို့အတွက် ဒိုင်ယာလော့ ဟာ ပြသနာပြေငြိမ်းရေးကို ဦးတည်ကြရပါလိမ့်မယ် (Case Orientate) ကိုယ့်လိုအင်ဆန္ဒကို တောင်းဆိုတာမျိုး (Demand) နဲ့ ချဉ်းကပ်လို့ မရပါဘူး။ နှစ်ဖက်ညှိနှိုင်းယူရမယ့်အဆိုပြုချက် (Proposal) တွေနဲ့ သွားဖို့လိုပါတယ်။ သူ့ရဲ့ရည်မှန်းချက်ဟာ ဘက်တစ်ဖက်ရဲ့ မဟာဗျူဟာကို အကောင်အထည်ဖော်ဖို့မဟုတ်ပါ။ ကြားအဖြေ (Compromise) တစ်ခုရဖို့ဖြစ်ပါတယ်။

ဒီနေ့ခေတ်ပြိုင်ကမ္ဘာမှာရေပန်းစားနေတာကတော့ ယဉ်ကျေးမှုဒိုင်ယာလော့တွေဖြစ်ပါတယ်။ ယဉ်ကျေးမှုချင်း ထိပ်တိုက်တွေ့မယ့်အန္တရာယ်ကို ရှောင်ရှားနိုင်ဖို့ တစ်ခုတည်းသော နည်းလမ်းလို့ ဆိုကြပါတယ်။ ပြောရရင် ယဉ်ကျေးမှုနယ်ပယ်မှာမှ မဟုတ်ပါဘူး။ ဂလိုဘယ်လိုက်ဇေးရှင်းခေတ်မှာ ဒိုင်ယာလော့နဲ့သာ ဖြေရှင်းလို့ရနိုင်မယ့် ပြသနာတွေ များသထက် များလာနေပါပြီ။

ကျော်ဝင်း

အတောင်ပါသောစကားလုံးများ

-- 
This is JEKYLL & HYDE
if u want my fwd mails u can join this group >> Click here
If u want to visit my blog >> Click here

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...