သစ်ထူးလွင် သတင်းစုစည်းမှု (၁၀-၁၁)
သစ်ထူးလွင်
|
- ယုဇနဥယျာဉ် မြို့တော်တွင် ဆန္ဒပြ
- ပေါက်တော နိုင်ငံသား စိစစ်ရေး ပြဿနာ
- စက်တပ်လှေတစ်စီး တိမ်းမှောက်ကာ ကိုရင် ၃ ပါးနှင့် လူတစ်ဦး ပျောက်ဆုံး
- အစိုးရအား ရန်ကုန်ပြည်သူ့ဆေးရုံကြီး အဆင့်မြှင့်တင်ပေး ရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း
- ဘုရားဂေါပက အဖွဲ့အား အောင်လံ NLD တရားစွဲ
- ကိုရီးယား ရုပ်ရှင်ပွဲတော် (ရုပ်/သံ)
- ရဲတပ်ဖွဲ့ဝင်များကို မချေမငံ ပြောဆိုသော တပ်မတော်ဗိုလ် တစ်ဦးအား အမှုဖွင့်
- နိုဝင်ဘာလ (၁၂)ရက်နေ့ ထုတ် The Voice Weekly Vol.8 / No.45
- ဘင်္ဂါလီ လွှတ်တော်ကိုယ်စားလှယ်များအား တရားဝင်ပယ်ဖျက် စစ်ဆေးပေးရန် မူလမဲဆန္နရှင် ၁ %ကျော်မှတိုင်ကြားခြင်း
- ရခိုင်အရေးနဲ့ပတ်သတ်ပြီးသံရုံး
များစုပေါင်းသဘောထားထုတ်ပြန် - ဒေါ်အောင်ဆန်းစုကြည် အဆိုကို တပ်မတော်သား ကိုယ်စားလှယ်အများစုကပါ ထောက်ခံမဲပေးခဲ့
- သက်ကြီးတွေလည်း ဖေ့စ်ဘွတ်ခ်ပျော်သည်
- နေအိမ်များကို စွန့်ခွာ ထွက်ပြေး လာခဲ့သည့် ရခိုင်လူမျိုး ဒုက္ခသည်များ ပိုများလာ
- ကျောက်တော် မြို့နယ်အတွင်း ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေ အရ ဘင်္ဂလီ လုံးဝမရှိဟုဆို
- နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် မြန်မာပြည် လာမယ်
- CIA အကြီးအကဲ လိင်ကိစ္စကြောင့် ရာထူးကနှုတ်ထွက်
- ဒုက္ခသည် စခန်းတွေမှာ ဖြစ်သလို နေရ
- ဘက်ဂျက် အရေး အိုဘားမား သတိပေး
- စီအိုင်အေ ညွှန်မှူး ရာထူးက နှုတ်ထွက်
- အပျိုစင်အား ဈေးဦးဖောက်ခြင်း
- ဒေါ်စုတင်သွင်းတဲ့အဆို ၂ ရပ် လွှတ်တော် အတည်ပြု
- သရုပ်ဆောင်မေဇွန်၏ မွေးစားဖခင် ဧရာတိုင်းရဲမှူးကြီး နေပြည်တော် စည်ပင် ရဲတပ်ဖွဲ့သို့ ပြောင်းရွှေ့
- သမ္မတ ဦးသိန်းစိန်နဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်တွေ့ဆုံ
- နိုဝင်ဘာလ (၈)ရက်နေ့ ထုတ် ပြည်မြန်မာ သတင်းဂျာနယ် အမှတ်(၈၄၄)
- နိုဝင်ဘာလ (၇)ရက်နေ့ ထုတ် Good Health ကျန်းမာရေးနှင့် အလှအပ ဂျာနယ် အမှတ် (၄၁၀)
Posted: 10 Nov 2012 07:16 AM PST
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် ယုဇနဥယျာဉ် မြို့ တော် အိမ်ယာ၌ သန့်ရှင်းသော သောက်သုံးရေ လုံလောက်စွာ မရရှိခြင်း ၊လမ်းများ ရေမြောင်းများ နောက်ဖေး လမ်းကြားများ၌ အမှိုက်များဖြင့် ညစ်ပါတ်နေခြင်း မိုးရာသည်တွင် လမ်းများ ရေမြှပ် သဖြင့်ရေတံခါး ရေနူတ်မြောင်းများ ရှင်းလင်းဖေါ်ပေရေး၊ လမ်းမီးတိုင်များအပြည့်အ၀မီး
ဤဆန္ဒပြမှုကို ခွင့်ပြုချက်ရယူကာ ပြုလုပ်ခြင်းဖြစ်ပြီး။ သက်ဆိုင်ရာများမှလည်း လုံခြုံရေးအရ ဆောင်၇ွက်ပေးခဲ့ကြောင်း တွေ့ရပါသည်။ By Myanmar News Now
| ||
Posted: 10 Nov 2012 07:00 AM PST
ရခိုင်ပြည်နယ် ပေါက်တော မြို့နယ်မှ မွတ်ဆလင် ကျေးရွာ ၅ရွာမှ ကျေးရွာသားများကို နိုင်ငံသား ဟုတ် မဟုတ် စိစစ် နေရာ ရှုပ်ထွေမှုများ ပေါ်ပေါက် နေသောကြောင့် ကာကွယ်ရေး ၀န်ကြီးဌာနမှ ဒုတိယ ဗိုလ်ချုပ်ကြီး လှမင်းနှင့် ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးလှမောင်တင်တို့ ဦးဆောင်သော အဖွဲ့သည် ယမန်နေ့က ပေါက်တောမြို့နယ်သို့ လာရောက် ဖြေရှင်း ပေးခဲ့သည် ဟုသတင်းရရှိသည်။
ပေါက်တောမြို့နယ် ပြည်နယ် လွှတ်တော် အမတ် ဦးတက်ထွန်းအောင်က ဒုတိယ ဗိုလ်ချုပ်ကြီး လှမင်းနှင့် အဖွဲ့ ပေါက်တောမြို့နယ် ဆင်တက်မော်ရွာသို့ ရောက်ရှိ လာကြောင်းကို ယခုလို ပြောကြားသည်။ “ နိုင်ငံသား ဖြစ်ရေးအတွက် နိုင်ငံသားကဒ်တွေကို စိစစ်နေတဲ့ နေရာမှာ အရင်က ထုတ်ပေးထားတဲ့ ယာယီ ကဒ်ပြားမှာ လူမျိုး ဘင်္ဂလီ လို့ရေးသားထားတာကို ခုရိုဟင်ဂျာ နာမည် ရေးမှ လက်မှတ်ထိုးမယ် ဆိုပြီး တောင်းဆိုနေ ကြတဲ့အတွက် တော်တော် ရှုပ်ထွေးနေပါတယ်။ အဲဒါကြောင့် ဒီပြဿနာကို ကိုင်တွယ်ဖို့ မနေ့က ပေါက်တောမြို့နယ် ဆင်တက်မော်ကို ဗိုလ်ချုပ်ကြီး လှမင်းနဲ့ ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးလှမောင်တင်တို့ အဖွဲ့ ရောက်လာပါတယ်။ သူတို့က ဘယ်ပုံ ဘယ်နည်းနဲ့ ညွှန်ကြားသွားမယ် ဆိုတာ မသိသေးဘူး” ဟုပြောသည်။ ပေါက်တောမြို့နယ်ရှိ မွတ်ဆလင် ကျေးရွာ ၅ ရွာကို အဖွဲ့ ၁၅ ဖွဲ့ ခွဲပြီး ကျေးရွာများတွင် စခန်းချကာ လူဦးရေ စာရင်း နှင့် နိုင်ငံသား ကဒ်ပြားများကို စစ်ဆေးနေသည်ဟု သိရသည်။ ထိုသို့ စစ်ဆေးနေစဉ် ဘင်္ဂလီ လူမျိုးဟု ရေးသားထားသဖြင့် လက်မှတ်ထိုးရန် ငြင်းဆန် နေကြခြင်း ဖြစ်ကြောင်း သူက ပြောသည်။ “ဘင်္ဂလီတွေဘက်က လက်မှတ်ထိုးဖို့ ငြင်းဆန်တဲ့ ကိစ္စကဒီလိုပါ။ ၀န်ကြီးချုပ် ဦးနုခေတ်က ကျွန်တော်တို့ကို ရိုဟင်ဂျာ အမည်နဲ့ အသိအမှတ်ပြုခဲ့တယ်။ ပြီးရင်မြန်မာ့ အသံလွှင့်ဌာနကလည်း ထုတ်လွှင့်ခွင့် ပြုခဲ့တယ်။ အဲဒီ အထောက် အထားနဲ့ ငြင်းဆန်းနေတာကို တွေ့ရပါတယ်” ဟုဆိုသည်။ ၎င်းပြင်သူက “ နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်ကတောင်မှ ရိုဟင်ဂျာလူမျိုးဆိုတာ မြန်မာနိုင်ငံမှာ မရှိဘူးလို့ အတိအလင်း တရားဝင်ထုတ်ပြန် ပြီးသားဖြစ်တယ်။ ဒါပေမယ့်လည်း သူတို့က ဒီဟာကြီးကို မရမက တောင်းဆိုနေတယ်။ ဒါကြောင့် နိုင်ငံသား စိစစ်ရေးမှာ အခက်အခဲ ဖြစ်နေတာ ဖြစ်ပါတယ် ” ဟုပြောသည်။ ပြည်ပမှ သွေးထိုးကြိုးကိုင်သည့် အဖွဲ့အစည်းများ ရှိသည့်အတွက် သူတို့ လူမျိုးအတွင်းမှာ တနေ့ တမျိုး တနေ့ တမျိုး ပြောင်းလဲမှုများတွေ တွေ့ရကြောင်း ဦးတက်ထွန်းအောင်က ပြောသည်။ နိုဝင်ဘာ ၉ရက်နေ့ မှ စတင်ပြီး ဘင်္ဂလီလူမျိုးများအား နိုင်ငံသားဖြစ်ရေးနှင့် မဖြစ်ရေးကို စစ်ဆေးနေရာ လက်မှတ်ရေးထိုးရန် ငြင်းဆန်နေသဖြင့် အချိန်နှင့် တပြေးညီ လုပ်ငန်းများကို မလုပ်ဆောင်နိုင်ဘဲ ဖြစ်နေသည်ဟု သတင်း ရရှိသည်။ ယခုစစ်ဆေးနေသည့် ကျေးရွာများမှာ ဆင်တမော်၊ ကြိမ်နီပြင်၊ ငှက်ချောင်း(ပုဏ္ဏားကြီး)၊ ဆည်သုံးတန်(င၀က် ချောင်း)၊ ပြိုင်းတောင်တို့ ဖြစ်ကြသည်။ အဖွဲ့ ၁၅ဖွဲ့ခွဲပြီး စစ်ဆေးရာတွင် တဖွဲ့ တစ်ခုတွင် အဖွဲ့ဝင် ၁၅ဦးပါပြီး ထိုအထဲတွင် ရခိုင်မှတဦးနှင့် မွတ်ဆလင်များ ဘက်မှ တစ်ဦးစီ ပါဝင်သည်ဟု သိရသည်။ ထွန်းထွန်း - နိရဉ္စရာသတင်းဌာန | ||
Posted: 10 Nov 2012 06:50 AM PST
အောက်တိုဘာလ ၉ ရက်နေ့ ညပိုင်းက မုံရွာမြို့ မှ ညောင်ပင်ကြီး ဆိပ်ကမ်းဘက်သို့ ညပိုင်း ၈ နာရီ ခွဲခန့်တွင် ခုတ်မောင်း လာသော ဟွန်ဒါ အမျိုးအစား မြင်းကောင်ရေ ၇ကောင် ၂၅ပေ×၃ပေ အနက်၂ပေခန့်ရှိ သစ်သား ကိုယ်ထည် စက်တပ်လှေတစ်စီး တိမ်းမှောက်ကာ ကိုရင် ၃ ပါးနှင့် လူတစ်ဦး ပျောက်ဆုံး လျက်ရှိကြောင်း သိရသည်။
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
Posted: 10 Nov 2012 06:29 AM PST
ရန်ကုန်ဆေးရုံ ကိုအဆင့်မြှင့်မည့် အဆိုနှင့် ပတ်သတ်၍ ဒေါ်အောင်ဆန်း စုကြည်က"ကျွန်မ ဒီအဆိုကိုတင်သွင်းရတဲ့ အကြောင်းကလည်း စောစော တုန်းက ရန်ကုန် တက္ကသိုလ်လို တင်သွင်းရတဲ့ အကြောင်းအရင်း တစ်ခု ပါပါတယ်။ကျွန်မတို့ နိုင်ငံရဲ့ ကျန်းမာရေး စောင့်ရှောက်မှု အခြေအနေဟာ အင်မတန်မှ နိမ့်ကျနေတာကြောင့် တက်နိုင်သမျှ ပြုပြင်ပြောင်းလဲဖို့လိုနေ ပါတယ်။
အခုဆိုလို့ရှိရင် တတ်နိုင်တဲ့သူတွေက ပုဂ္ဂလိက ဆေး ရုံတွေမှာ ဆေးကုသခံပါတယ်၊တချို့ဆိုရင် နိုင်ငံခြားမှာသွားပြီးဆေးကုခံ တယ်၊သာမန်ပြည်သူတွေက ဒီလိုမတတ်နိုင်တဲ့ အခါကျတော့ နိုင်ငံတော် ကနေပြီးတော့ စီစဉ်ပေးထားတဲ့ ဆေးရုံတွေမှာပဲကုသမှု ခံယူရပါတယ်။ ၀န်ခံရမယ်ဆိုရင် ကျွန်မကိုယ်တိုင်လည်း ပုဂ္ဂလိကဆေးရုံမှာ ပဲ ဆေးကုသပါတယ်။ ဒါပေမဲ့ အများပြည်သူတွေက ဒိလိုလုပ်နိုင်တဲ့ အခြေအနေမရှိပါဘူးဆိုတာ ကျွန်မတို့ သဘောပေါက်ပါတယ်။ ဒီလို ကျွန်မတို့ရဲ့ကျန်းမာရေးစောင့်ေ ရန်ကုန်တိုင်းအတွင်းက ပုဂ္ဂလိက ဆေးရုံတွေကို မတတ်နိုင်တဲ့ ပြည်သူတွေ တွင် မကဘူး ရန်ကုန်တိုင်းအပြင်ကနေပြီး အရေးပေါ်အခြေ အနေကြောင့်ဖြစ်စေ၊ နယ်ကဆေးရုံတွေမှာ မကုသနိုင်တဲ့ ရော ဂါတွေကြောင့်ဖြစ်စေ ရန်ကုန်ဆေးရုံကြီးကို အားကိုးနေရပါတယ်။ ဒီလိုအားကိုးနေရတဲ့ ဆေးရုံကြီးလို ဆေးရုံ တစ်ခုဟာ ဆေးရုံတစ်ခုရဲ့ အနိမ့်ဆုံးရှိသင့်ရှိထိုက်တဲ့ လက္ခဏာတွေနဲ့တောင်မှ မကိုက်ညီဘူးဆိုတော့ ကျွန်မတို့နိုင်ငံအတွက် အင်မတန်မှ ၀မ်းနည်းစရာကောင်းပါတယ်။ လူထုအတွက်လည်း အင်မတန်ကြေကွဲစရာ ကောင်းပါတယ်။ မကြာမီ ကာလအတွင်းက ဆေးရုံကြီးမှာ လက်မောင်းတစ်ဖက်လုံးကို ဖြတ် လိုက်ရတဲ့ လူငယ်တစ်ယောက်ကို သွားတွေ့ပါတယ်။ သွားတွေ့တဲ့အခါ ၀င်ဝင်ချင်းဖြတ်သွားရတဲ့ ဆေးရုံကြီးရဲ့ ခြံဝင်းဆိုတာ ကလည်း ပြောရရင် စည်ပင်အမှိုက်ပုံကြီးလို ၊အမှိုက်တွေကလည်း တောင်ပုံရာပုံပုံနေပါတယ်။ အင်မတန်မှ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အခြေအနေဖြစ်ပါတယ်။ ဆေးရုံ ထဲရောက်သွားပြန်တော့လည်း ကံကောင်းတဲ့ လူနာတွေကတော့ ကုတင်တွေအပြင် မွေ့ယာပါရပါတယ်။ ကံမကောင်းတဲ့သူတွေကျတော့ ကုတင်ပဲရတယ်ဆိုတဲ့ အခြေအနေမျိုးပါ။ ဒီကလေးကိုသွားကြည့်တော့ ဒီကလေးပြောတာ ဆရာဝန်များဟာ စေတနာ အပြည့်အ၀နဲ့ကုသပေးပါတယ်။ဆရာဝန် လူနာကို အားလုံးယူခဲ့ခိုင်းရတယ်။ ချုပ်ဖို့ကြိုးလည်း ယူခဲ့ခိုင်းရတယ်။ ဂွမ်းတို့ပတ်တီးတို့အားလုံးယူခဲ ပညာရေးနဲ့ ပတ်သတ် လို့ပြောခဲ့တဲ့အတိုင်းပဲ ကျန်းမာရေးပတ်သတ်လို့ ကျွန်မတို့နိုင်ငံ ကို ထောက်ပံ့ချင်တဲ့ နိုင်ငံတွေ အဖွဲ့အစည်းတွေ ပုဂ္ဂိုလ်တွေ အများကြီးရှိပါတယ်။ ဒါပေမဲ့လည်း လုပ်တဲ့နေရာမှာ စုစုစည်စည်းနဲ့ ထိထိမိမိလုပ်ဖို့က အင်မတန်မှ အရေးကြီးပါတယ်။ ရန်ကုန်ဆေးရုံကြီး ကို ပြုစုပြီးပြန်လည်မွမ်းမံပြီး အဆင့်မီတဲ့ ဆေးရုံကြီးတစ်ခု ဖြစ်အောင် လို့လုပ်နိုင်မယ်ဆိုလို့ရှိရင် ကျွန်မတို့ ရန်ကုန်တိုင်းသာမက တစ်တိုင်းပြည် လုံးက ပုဂ္ဂလိက ဆေးရုံတွေကို မသွားနိုင်တဲ့ လူတွေကို အများကြီး အထောက်အကူပေးနိုင်မှာပါ။ ဒါ့အပြင်ရန်ကုန်ဆေးရုံကြီးဆိုတာ မတိုးတက်နိုင် ဘူးဆိုပေမဲ့ ဒါတွေက ရှိပြီးသားတွေဆိုတော့ ခေတ်မီအောင် လုပ်လိုက်နိုင် ရင် အများကြီးကောင်းသွားပါလိမ့်မယ်၊ ဒီလွှတ်တော်ထဲက ကော်မတီကော်မရှင် အဖွဲ့ဝင်များ၊ အသိပညာ အတတ် ပညာရှင်များနဲ့ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများ အားလုံးပါဝင်တဲ့ ကြီးကြပ်ရေးအဖွဲ့တစ်ခုကို ဖွဲ့ပြီးလုပ်လို့ရှိရင် ကျွန်မတို့ အနေနဲ့ရှိတဲ့ အလှုရှင်တွေဆီက အများကြီးပံ့ပိုးမှုတွေ ရနိုင်ပါတယ်။ အခုတောင်မှ ပံ့ပိုးမယ်ဆိုပြီး ကတိက၀တ်ပေးထားတဲ့အဖွဲ့အစည်းများ အောင်ထက်(NYK) Popular Myanmar News Journal | ||
Posted: 10 Nov 2012 06:20 AM PST
အောင်လံ၊ နိုဝင်ဘာ ၁၀
သရက်ခရိုင် ၊ အောင်လံမြို့ သိမ်ကုန်းဓမ္မာရုံ ဘုရားပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ရန်ပုံငွေအဖြစ် ဈေးရောင်းချ ရာတွင် NLDပါတီ ဆိုင်းဘုတ်အား ဘုရားဂေါပက အဖွဲ့က ဖြုတ်ချခဲ့သည့် အတွက် NLDပါတီက တရား စွဲဆိုလိုက်ကြောင်း ယင်းမြို့နယ် တရားရုံးထံမှ သိရသည်။ အောက်တိုဘာလ ၃ဝရက်နေ့တွင် အောင်လံ NLD ပါတီဝင်များ မုန့်ဟင်းခါးနှင့် ပါတီဝတ်စုံများ ရောင်းချနေစဉ် ဂေါပက အဖွဲ့များက ခြိမ်းခြောက်ခြင်း ၊ မတရား ကန့်ကွက်ခြင်း၊ ကျူးကျော် ဝင်ရောက်ခြင်း ၊ အဓမ္မ အနိုင်အထက် ပြုကာ ဓါတ်ပုံနှင့် ဆိုင်းဘုတ်များကို ဖြုတ်ချခြင်း များ ပြုလုပ် ခဲ့သည့်အပြင် ချက်ပြုတ်ထားသော မုန့်များ မရောင်းရဘဲ ဆုံးရှုံးရခြင်း တို့ကြောင့် အောင်လံမြို့ NLD ပါတီညီလာခံ ကျင်းပရေး ကော်မရှင် ဥက္ကဋ္ဌ ဦးရန်နောင်ထွန်း က တရားလို ပြုလုပ်၍ တရားရုံး ဦးတိုက် လျှောက်ထားခဲ့ကြောင်း ၄င်းထံမှ သိရသည်။ The Voice Weekly | ||
Posted: 10 Nov 2012 06:03 AM PST
ကိုရီးယား ရုပ်ရှင်ပွဲတော် ရန်ကုန်တွင် စတင် ကိုရီးယား ယဉ်ကျေးမှု လွှမ်းမိုးခြင်း ခံနေတဲ့ မြန်မာ အနုပညာ ပရိသတ် အတွက် ၇ကြိမ်မြောက် ကိုရီးယား ရုပ်ရှင်ပွဲတော် ကို ရန်ကုန်မြို့မှာ နိုဝင်ဘာ ၉ရက်နေ့က စပြီးဖွင့်လှစ် လိုက်ပါတယ်။
ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 09 Nov 2012 11:33 PM PST
ကားပြိုင်မောင်းသူများနှင့် တုတ်၊ဓား စသည့် လက်နက်ပုန်းများ သယ်ဆောင်လာသည့် ယာဉ်များကို စစ်ဆေး ဖမ်းဆီး နေသော တာဝန်ကျ ရဲတပ်ဖွဲ့ဝင်များ ကို မချေမငံ ပြောဆိုခဲ့သော ဗိုလ်မင်းသန်းထွန်းအားအမှုဖွင့် ထားကြောင်း ရန်ကုန် တိုင်း ရဲတပ်ဖွဲ့မှူးရုံး၏ ထုတ်ပြန်ချက်များ အရ သိရသည်။
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
Posted: 09 Nov 2012 11:08 PM PST
| ||
Posted: 09 Nov 2012 10:50 PM PST
ရခိုင် ပြည်နယ် တွင်းရှိ လွှတ်တော် ကိုယ်စားလှယ်များ ဖြစ်ကြသော ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးရွှေမောင်(ခေါ်) ဦးအဒူရာဇတ်၊ ဦးအဘူဘာဟဲရ် ၊ ဦးအောင်လှ၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် အူအာလိန်ဟူဆိန်း။ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များ ဖြစ်ကြသော ဦးဘော်ရှီးအာမတ်၊ ဦးအောင်မြင့်(ခေါ်) ဇာဟီးဒူလာ၊ ဒေါက်တာ ဘော်ရှီးအာမတ်။
တို့သည် ဥပဒေနှင့် မညီညွတ်ပဲ ၀င်ရောက် အရွေးချယ်ခံသော လွှတ်တော် ကိုယ်စားလှယ်များ ဖြစ်ခြင်း--- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
Posted: 09 Nov 2012 10:25 PM PST
သြစတြေးလျသံရုံး၊ အီဂျစ်သံရုံး၊ ပြင်သစ်သံရုံး၊ ဂျာမနီသံရုံး၊ ဂျပန်သံရုံး၊ ဆော်ဒီ အာရေဗျသံရုံး၊ တူရကီသံရုံး၊ တူရကီသံရုံး၊ အင်္ဂလန်သံရုံး၊ အမေရိကန် သံရုံးတွေက မနေ့က အခုလို သဘောထား ထုတ်ပြန်ပါတယ်။ မိမိတို့ သံရုံးများ အနေနဲ့ ရခိုင်အရေးနဲ့ ပတ်သတ်ပြီး လွန်စွာ စိတ်မကောင်း ဖြစ်မိတဲ့ အကြောင်း၊ ယခု နောက်ဆုံး ဖြစ်ပွားခဲ့တဲ့ အရေးအခင်းမှာ ထောင်ပေါင်းချီတဲ့ အပြစ်မဲ့သူတွေရဲ့ အသက်နဲ့ အိမ်ခြေပေါင်း အမြောက်အများ ပျက်ဆီးဆုံးရှုံးခဲ့ပါတယ်။
အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
Posted: 09 Nov 2012 10:15 PM PST
အန်အယ်လ်ဒီ ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ပထမဆုံး တင်သွင်းသည့် အဆို(၂)ခုကို ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များ သာမက တပ်မတော်သား ကိုယ်စားလှယ် အများစုကပါ ထောက်ခံ မဲပေးခဲ့ပြီး အတည်ပြု အောင်မြင်ခဲ့သည်ဟု သိရှိရသည်။
“ ထူးခြားတာ တစ်ခုကတော့ တပ်မတော်သား တွေက ပြည်သူ့ လွှတ်တော်မှာ(၁၁၀)ဦးရှိတယ်။ ပျက်ကွက်တာက တစ်ယောက် နှစ်ယောက်လောက် ပဲရှိမယ်။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဆိုကို ကန့်ကွက်သူက (၆၄) ဦးပဲရှိတော့ ကျန်တဲ့ တပ်မတော်သားတွေက ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံမဲ ပေးခဲ့တယ်လို့ ပြောလို့ရတယ်။ အဲ့တော့ တပ်မတော်သားတွေက ထိန်းချုပ်မှု အောက်မှာ မရှိတော့ဘဲ လွတ်လွတ်လပ်လပ် ထောက်ခံမဲ ပေးခဲ့ကြတယ်လို့ ပြောလို့ရတယ်” ဟု အမျိုးသား ဒီိမိုကရေစီ အင်အားစုပါတီမှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ပြောသည်။ နိုဝင်ဘာလ (၉) ရက်နေ့တွင် ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် အန်အယ်လ်ဒီပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်သည် ရန်ကုန် ၀ိဇ္ဇာ-သိပ္ပံတက္ကသိုလ်ကျောင်းအား ပြုပြင်မွမ်းမံခြင်း၊သင်ထောက်ကူ ပစ္စည်းများထောက်ပံ့ခြင်း အဆိုနှင့် နိုင်ငံတကာမှ ပညာရှင်များ ၊ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ၊ ဥပဒေပညာရှင်များ နှင့်လွှတ်တော်ရေးရာကော်မတီပါဝင် “ကျွန်တော်အနေနဲ့က ပထမနဲ့ ဒုတိယလွှတ်တော်အစည်းအဝေးတွေမှာ တုန်းကလည်းပညာရေးနဲ့ ပတ်သက်ပြီး အဆိုတင်သွင်းခဲ့ဖူးတယ်။ အခုဒေါ်အောင်ဆန်းစုကြည် တင်သွင်းတဲ့ အဆိုကို လက်မခံနိုင်စရာမရှိပါဘူး။ နိုင်ငံတကာကလည်း ထဲထဲဝင်ဝင် အင်တိုက်အားတိုက်နဲ့ ကူညီပါမယ်ဆိုပါလျက်နဲ့အခုလို plan မရှိထား ဘူးဆိုရင် မြန်မာနိုင်ငံရဲ့ ပညာရေးကတိုးတက်လာမှာမဟုတ်တော့ဘူ အရေးကြီးအဆိုအနေဖြင့်တင်သွင်းခဲ ရန်ကုန်ဝိဇ္ဇာ-သိပ္ပံတက္ကသိုလ်ကျော ဒေါ်အောင်ဆန်းစုကြည်မှအရေးကြီး အဆိုပါ တက္ကသိုလ်ကျောင်းများကို ပြန်လည်ပြုပြင်သင့်သည်သာမကဘာသာ “ဒေါ်အောင်ဆန်းစုကြည်တင်သွင်းတဲ ၎င်း အဆိုနှင့်ပတ်သက်ပြီး လွှတ်တော် အစည်းအဝေးတွင် ပြည်ထောင်စု ဒုဝန်ကြီးဦးဘရွှေမှ မူ မြန်မာနိုင်ငံတွင် တက္ကသိုလ်ကျောင်း (၁၄၆)ခန့် ရှိပြီး ၎င်းအနေဖြင့် ပြုပြင်ဆောင်ရွက် ခြင်းများ ပြုလုပ်နေခြင်းကြောင့် ထိုအဆိုများကို မှတ်တမ်းတင်ခြင်းသာ ပြုလုပ် ရန်လိုအပ်သည်ဟု ဖြေကြားခဲ့သည်။ သို့သော် ဒေါ်အောင်ဆန်စုကြည်မှ ပြန်လည်ပြီး မြန်မာနိုင်ငံရှိတက္ကသိုလ်ကျောင် ဝင့်သင်ဇာကျော်(မြစ်မခ) by Myit Makha Mediagroup | ||
Posted: 09 Nov 2012 10:10 PM PST
အွန်လိုင်းပေါ် တက်တက်ချင်း သူစဖွင့်တာက သစ်ထူးလွင် ၀က်ဘ်ဆိုက်ဖြစ်သည်။ အဲဒီမှာ သတင်းထူးတွေ ဖတ်ရမည်။ ပြီးလျှင် ပြည်တွင်းပြည်ပမှ မိတ်ဆွေများ၊ သား၊ မြေး၊ တူမများ ပေးပို့ထားသော မေးလ်တွေကို ဖွင့်ဖတ်မည်။ ထို့နောက်မှာတော့ Facebook လူမှုကွန်ရက် စာမျက်နှာကို ဦးမျိုးလွင်စတင် သုံးစွဲပါတော့သည်။ Facebook ကို စသုံးစဉ်က သူများတွေ ရေးထားသော ပို့စ်များကိုသာ ဖတ်ရှုခဲ့၊ Like လုပ်ခဲ့ရာမှ အခုတော့ ဦးမျိုးလွင်တစ်ယောက် မှတ်ချက် Comment များရေးသားခြင်း၊ ကိုယ်ပိုင်အတွေးအမြင်များကို Status ရေးသားခြင်းတို့ကို ပြုလုပ်တတ်လာပြီဖြစ်သည်။ Facebook Status ပေါ်က What's on your mind ဆိုတဲ့ စာသားလေးကို သူသဘောကျနေခဲ့သည်။ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီ “စွဲသွားတာ၊ လူငယ်တွေအခေါ်အရဆိုရင် ပိုးဝင်တာပေါ့”ဟု သူကပြောသည်။ အသက် ခြောက်ဆယ်ကျော်လျှင် လူကြီးပိုင်းထဲ ၀င်ရောက်နေပြီ ဖြစ်သည့်အတွက် စိတ်အင်အားနှေးကွေးခြင်းမျိုး သားသမီးမြေးမြစ်များနှင့် နွေးထွေးပျော်ရွှင်စွာနေထိုင်သွာ ထိုအချိန်တွင် များသောအားဖြင့် လောကုတ္တရာတရား အားထုတ်ခြင်းဖြင့် အချိန်ကုန်လွန်တတ်ကြသလို လူမှုရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ရင်း ပတ်ဝန်းကျင်ကို အကျိုးပြုသွားကြတတ်ကြသည်။ မည်သို့နည်းလမ်းများဖြင့်ပင်ြ ယခင်နှစ်များကထက် သိသာစွာကျယ်ပြန့်လာသော Facebook စာမျက်နှာပေါ်သို့ မြန်မာနိုင်ငံသား လူငယ်၊ လူလတ်ပိုင်းများသာမက အသက် ၆၀ ကျော်အရွယ် လူကြီးပိုင်းများပါ ၀င်ရောက်သုံးစွဲလာကြပြီဖြစ်သည်။ အများဆုံးသုံးစွဲကြသည့် လူကြီးပိုင်းများမှာ ဆေးဘက်ဆိုင်ရာ အငြိမ်းစားများ၊ အင်ဂျင်နီယာ အငြိမ်းစားများ၊ ပညာရေးဆိုင်ရာ အငြိမ်းစားများ၊ နိုင်ငံရေးသမားများ၊ ပညာရှင်များဖြစ်ကြသည်။ ပင်စင်စားအရွယ်များ Facebook သုံးစွဲလာခြင်းဖြင့် ၎င်းတို့၏ အထီးကျန်မှုများကို ဖြေဖျောက်နိုင်မည်ဖြစ်သလို မိမိတတ်ကျွမ်းထားသော ပညာရပ်များကို ပြန်လည်မျှဝေခြင်းဖြင့်လည်း လူမှုပတ်ဝန်းကျင်ကို အကျိုးပြုစေနိုင်သည်ဟု ဦးမျိုးလွင်က သုံးသပ်သည်။ “ပင်စင်စားတွေဆိုတာ ပညာတတ်တွေ။ အတွေ့အကြုံများတယ်။ အထီးကျန်နေမယ့်အစား နောက်လူငယ်တွေကို ပညာဖြန့်ပေးစေချင်တယ်။ တစ်နေ့ တစ်နေ့ အလုပ်မရှိဘဲ ကုန်သွားမယ့်အချိန်တွေကို အကျိုးရှိစွာအသုံးချစေချင်ပါတယ် အထွေထွေရောဂါကု ဆရာဝန်ကြီး ဒေါ်ငြိမ်းငြိမ်းဝင်းသည် အသက် ၆၇ နှစ်အရွယ်ရှိပြီဖြစ်သည်။ Facebook ကိုလည်း စပေါ်စဉ်ကတည်းက သုံးစွဲလာခဲ့ ခြင်းဖြစ်ပြီး လုပ်ငန်းနှင့် သက်ဆိုင်သည့်အရာများ၊ ပုဂ္ဂလိကသုံးစွဲမှုများသာမက သတင်းများကိုလည်း ဖတ်ရှုဖြစ်ကြောင်း သူမကပြောသည်။ ထို့အပြင် Facebook ကို ဒေါ်ငြိမ်းငြိမ်းဝင်း နှစ်သက်သည့် တစ်ချက်က Farmville Game ကို ကစားရခြင်းပဲဖြစ်သည်ဟု ဆိုသည်။ “ကိုယ်စိုက်ထားတဲ့ အပင်လေးတွေ ပွင့်လာသီးလာရင် ငါလုပ်ထားတာလေး အောင်မြင်ပြီဆိုပြီး ပျော်တယ်။ ပြီးတော့အချင်းချင်း Game Request တွေ လုပ်ပြီး ကိုယ့်ရှိတာ သူ့ပေး။ သူ့ရှိတာ ကိုယ့်ပေးဆိုတော့ တအားရင်းနှီးလာကြတာလို့ မြင်တယ်” ဟု ဒေါ်ငြိမ်းငြိမ်းဝင်းက အပင်များ စိုက်ပျိုးရသည့် ဂိမ်းအား နှစ်သက်ရသော အကြောင်းရင်းကို ပြောပြသည်။ အစိုးရ၀န်ထမ်းအဖြစ်မှ ၁၉၈၅ ခုနှစ်နောက်ပိုင်းတွင် ထွက်ခဲ့ပြီး ကိုယ်ပိုင်ဆေးခန်းဖွင့်ထားသည့် ဒေါ်ငြိမ်းငြိမ်းဝင်း၏ Facebook သုံးစွဲမှု သက်တမ်းမှာ သုံးနှစ်ကျော်လာပြီဖြစ်သလို သူမ၏ သားများကိုလည်း Facebook သုံးစွဲကြရန် တိုက်တွန်းအားပေးခဲ့သူလည်းဖြစ် မြန်မာနိုင်ငံတွင် Facebook ကို များသောအားဖြင့် လူငယ်ပိုင်းသုံးစွဲမှု ပိုများသည့်အတွက် Facebook မှာပင် အချိန်ကုန်နေကြခြင်းသာမက လွတ်လပ်မှုကို တလွဲဆံပင်ကောင်း အသုံးချမှုများလည်း ရှိနေခဲ့သည်။ ဝေဖန်ခြင်းသက်သက်မဟုတ်သော တိုက်ခိုက်မှုများ၊ ၀ါဒဖြန့်လှုံ့ဆော်မှုများ ရှိသကဲ့သို့ ကောလာဟလများလည်း လျင်မြန်စွာပျံ့နှံ့တတ်ရာ လူမှုစာမျက်နှာတစ်ခုပင်ဖြစ်သည်။ “သုံးတတ်ရင် အကျိုးရှိတယ်။ မကြိုက်တာတွေလည်းရှိတယ်။ သူများကို အပုပ်ချတာမျိုးပေါ့။ Personal တွေပါလာတတ်တယ်။ ပြီးတော့ မဟုတ်ကဟုတ်ကပုံတွေ မတင်သင့်ဘူး။ ကိုယ်ကြားတာလေးနဲ့လည်း မတင်သင့်ဘူး။ မှန်ဦးတော့ ဘယ်သူမှအကျိုးမရှိရင် မတင်သင့်ဘူး” ဟု ဦးမျိုးလွင်ကသုံးသပ်သည်။ အသက် ၅၅ နှစ်အရွယ်ရှိ ပြည်ပတွင် နေထိုင်သူ စာရေးဆရာ မင်းဒင်ကလည်း “တချို့က ဘာအကျိုးအပြစ်မှ မမြော်မြင်ဘဲ တင်ချင်ရာ စွတ်တင်၊ ပြောချင်ရာ စွတ်ပြောတာတွေကြောင့် အာရုံနောက်စရာတွေလို့ ခံစားရတယ်။ အများသိသင့်တယ်၊ ဖတ်သင့်တယ်၊ သိပါစေ ဖတ်ပါစေဆိုပြီး မျှဝေကြတဲ့ အကြောင်းခြင်းရာတွေကတော့ စိတ်ကျေနပ်မှုရစေပါတယ်” ဟုဆိုသည်။ Facebook ၏ အသုံးဝင်မှုကို သိရှိလာကြသည်နှင့်အမျှ နယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များပါ Facebook စာမျက်နှာပေါ် ၀င်ရောက်လာခဲ့ကြသည်။ လူကြီးပိုင်းများကတော့ သတင်းအချက်အလက်ကို ဦးစားပေးသိလိုကြသည့်အတွက် အဓိကသုံးစွဲလာခဲ့ကြသည်။ ဂျာနယ်များတွင် ဖော်ပြထားသည်ထက် ပိုမိုစုံလင်သော သတင်းအချက်အလက်များက သူတို့အတွက် အဖော်ပြုစရာလည်း ဖြစ်လာခဲ့သည်။ သတင်းအချက်အလက်နှင့် သက်ဆိုင်သော နယ်ပယ်မှ လူကြီးပိုင်းများလည်း Facebook ကို အကျိုးရှိစွာအသုံးချလာကြသည်ကို “သတင်းကို စိတ်ဝင်စားတဲ့သူတွေ၊ နိုင်ငံရေးစိတ်ဝင်စားတဲ့သူတွေ ဒါတွေအားလုံးက ဖေ့စ်ဘွတ်ကို သတိထားမိတာ၊ အားလုံးက ဖေ့စ်ဘွတ်ကို source အနေနဲ့ သုံးလာကြတာတွေ့တယ်။ နောက်တစ်ခုကလည်း သတင်းကို ရှဲလ်လုပ်ချင်တဲ့သူတွေ ကိုယ့်ရဲ့ ဝေါလ်ပေါ်ကနေ ပို့စ်လုပ်ကြတာရှိတယ်။ ကျွန်တော်တို့ပေးချင်တဲ့ မက်ဆေ့ခ်ျကလည်း ရောက်သွားတာပေါ့” ဟု Facebook ကို ၂၀၀၉ ခုနှစ်က စတင်သုံးစွဲခဲ့သော ငြိမ်းချမ်းရေးအကျိုးဆောင် တစ်ဦးဖြစ်သူ ဦးလှမောင်ရွှေက ပြောသည်။ ဦးလှမောင်ရွှေက အသက်အရွယ်အားဖြင့် ၆၀ ၀န်းကျင်ရှိနေပြီဖြစ်ပြီး Facebook ကို သူ၏လက်ထောက်လူငယ်များ သုံးစွဲခြင်းကိုမြင်၍ စသုံးဖြစ်ခဲ့တာဖြစ်သည်ဟု သိရသည်။ အလုပ်ချိန်အားလပ်လျှင် အနည်းဆုံးသတင်းများကို ရှာဖွေဖတ်ရှုဖြစ်ပြီး တစ်နေ့လျှင် နှစ်နာရီမှ သုံးနာရီခန့် သုံးစွဲဖြစ်ကြောင်း သူကဆိုသည်။ “အသက်ကြီးတဲ့သူတွေအတွက် နိုင်ငံရေးနဲ့ ဖြစ်ပျက်နေတာတွေ စီးပွားရေးနဲ့ ပတ်သက်တဲ့ပြောင်းလဲမှုတွေ ချက်ချင်းသိနိုင်တာ Facebook ပဲရှိတယ်” ဟု တရုတ်ပြည်သူ့သမ္မတနိုင်ငံ နယ်စပ်ရွှေလီမြို့တွင် နေထိုင်သောအသက် ၆၄ နှစ်အရွယ် စစ်ရေး၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောက ပြောသည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် Facebook သုံးစွဲမှုကို တားမြစ်ပိတ်ပင်ထားသည့်အတွက် ဦးအောင်ကျော်ဇောက ကျော်ခွသည့် Proxy များ အသုံးပြုကာ သုံးစွဲနေရခြင်း ဖြစ်သည်။ သူ၏ Facebook သုံးစွဲမှုသက်တမ်းမှာ တစ်နှစ်ပင်မရှိသေးသော်လည်း တစ်ရက်လျှင် ခြောက်နာရီခန့် ပုံမှန်သုံးစွဲလေ့ရှိကြောင်း သိရသည်။ “နိုင်ငံရေးလုပ်နေတဲ့သူဆီတော့ Facebook မှာ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ သုံးသပ်ချက်တွေကို ပိုစိတ်ဝင်စားဖို့ ကောင်းတဲ့လှုပ်ရှားမှုတွေကို Share လုပ်ပါတယ်” ဟုဦးအောင်ကျော်ဇောက ဆိုသည်။ Facebook မပေါ်ခင်က သတင်းများကို ဖတ်ရှုလိုလျှင် ၀က်ဘ်ဆိုက်လိပ်စာသိမှသာ ၀င်ရောက်ဖတ်ရှုနိုင်သည့်အတွက် အသက်အရွယ်ကြီးရင့်သူများ အနေဖြင့် နည်းပညာအားနည်းမှုကြောင့် အခက်အခဲရှိခဲ့ရသည်ဟု သူကပြောသည်။ လူငယ်ပိုင်းများပြားသော Facebook တွင် လူကြီးပိုင်းများ ၀င်ရောက်သုံးစွဲလာကြခြင်းက မျိုးဆက်နှစ်ခုအကြား ခြားနားမှုရှိမသွားဘဲ ခေတ်နှင့်အညီ စီးဆင်းမျောပါနိုင်ကြသည်ပဲ ဖြစ်သည်။ “လူငယ်ထုနဲ့အတူ တစ်စိတ်တစ်ပိုင်းသာ စီးမျောလိုက်ပါနိုင်တယ်ထင်ပါတယ် “လူငယ်တွေ ဖေ့စ်ဘွတ်ခ် အရမ်းသုံးတာတော့ မကြိုက်ဘူး။ ဒီထဲမှာချည်းပဲ အချိန်ကုန်နေကြတယ်။ ကောင်းတဲ့ဘက်ကဆိုရင် သတင်းတွေကို အချိန်မြန်မြန် သိလာရတယ်ပေါ့။ ဘဘရဲ့ဖေ့စ်ဘွတ်ခ်ကို သူများတွေ လုပ်ပေးတာ။ အဓိကပြောချင်တာက ဖေ့စ်ဘွတ်ခ်သုံးသလို စာကိုလည်း များများဖတ်ကြစေချင်တယ်။ အခုခေတ် လူငယ်တွေ စာဖတ်အားနည်းကြတယ်။ ဖေ့စ်ဘွတ်ခ်ထဲမှာပဲ အချိန်ပြည့်မရှိစေချင်ပါဘူး” ဟု Facebook သုံးစွဲနေသူ စာရေးဆရာကြီးမောင်မိုးသူက လူငယ်များကို အကြံပြုသည်။ ဦးမျိုးလွင်တို့ ဒေါ်ငြိမ်းငြိမ်းဝင်းတို့ကတော့ လူကြီးပိုင်းများ Facebook သုံးစွဲခြင်းကို “ဖြစ်သင့်သည်” ဟု အားပေးကြသည်။ “ခြောက်ဆယ်ကျော်ရင် မြန်မာတွေက စိတ်ကျသွားတတ်တယ်။ အင်တာနက်မှာ ပညာတွေအများကြီးရှိတယ်။ ကိုယ့်ဘ၀တွေဟာ အမြဲရှင်သန်နေတယ်။ ကမ္ဘာကြီးက မြန်နှုန်းမြင့်နဲ့ သွားနေတယ်ဆိုတာကို သိလာမယ်။ ပင်စင်စားတွေက ကိုယ်တတ်တဲ့ပညာတွေကို လူငယ်တွေဆီ sharing လုပ်ပြီး မိမိပတ်ဝန်းကျင်အတွက် အကျိုးရှိစွာ ဆက်လက်ဖြတ်သန်းသွားစေချင်တယ်” ဟု ဦးမျိုးလွင်က ပြောသည်။ “အသက်ကြီးလာတဲ့သူအဖို့ Facebook သုံးရတာ တော်တော်ကောင်းပါတယ်။ ဆွေးနွေးချင်တဲ့ အကြောင်းအရာကိုလည်းချက်ချင်း ဆွေးနွေးလို့ရတယ်။ Facebook က အရမ်းလွတ်လပ်တယ်” ဟု ဦးအောင်ကျော်ဇောက ဆိုသည်။ အထွေထွေရောဂါကုဆရာဝန်ကြီး ဒေါက်တာဒေါ်ငြိမ်းငြိမ်းဝင်းကလည် ယခင် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနတွင် လုပ်စဉ်ကအဆိုအမိန့်များ၊ မိန့်ခွန်းကောက်နုတ်ချက်များ စသဖြင့် သူကြိုက်နှစ်သက်သည့် စာတိုလေးများကို ကူးယူသိမ်းဆည်းထားခဲ့သော ဦးမျိုးလွင်က Facebook ပေါ်မှ သူ့မိတ်ဆွေများကို ပြန်လည်မျှဝေနေပါလိမ့်မည်။ ဒီကြားထဲမှာ လမ်းသွားရင်း၊ အလုပ်လုပ်ရင်း၊ မိတ်ဆွေများနှင့်တွေ့ဆုံရင်း Facebook သုံးစွဲလိုပါက အလွယ်တကူ သုံးနိုင်ရန်အတွက်Galaxy Tablet တစ်လုံးနှင့် Samsung Galaxy Ace ဖုန်းလေးတစ်လုံးကို ၀ယ်ယူထားပြီဖြစ်သည်။ ကမ္ဘာကြီးနှင့် လူ့ပတ်ဝန်းကျင်တစ်ရပ်လုံးက သူနှင့်အတူ မခွဲမခွာရှိနေသမျှ သူအထီးမကျန်တော့ပါ။အသက် ၇၁ နှစ်အရွယ် ဒုတိယညွှန်ကြားရေးမှူးချုပ်အငြိ “အရေးကြီးတာက အင်တာနက် Speed ပဲ” ဟူ၍ဖြစ်သည်။ ရေးသားသူ- ဥက္ကာကိုကို - 7Day News Journal | ||
|
[Message clipped] View entire message
0 comments:
Post a Comment