Monday, November 5, 2012

တော်လှန်ရေးရဲ့ သားပျိုး၊ သမီးပျိုးများ


by General Knowledge on Monday, November 5, 2012 at 3:29pm ·

   ပေကျင်းမြို့တော်ရဲ့ အလယ် ကောင် ကျန်နန်မင်ရင်ပြင်နဲ့ ၁၅ ကီလိုမီတာလောက်သာ ကွာဝေးတဲ့ တာစန်ကျီ ဆင်ခြေဖုံး ရပ်ကွက် က လေးထဲ မှာ Art Zone 798 လို့ ခေါ်ကြတဲ့ အနုပညာရပ်ဝန်းတစ်ခု ရှိတယ်။ ကျန်နန်မင် ရင်ပြင်ဝန်း ကျင်က အစိုးရ အိမ်ရာတွေ မွဲ ခြောက်ခြောက်နိုင်သလောက် အနု ပညာရပ်ဝန်းက အသွေးအရောင် စုံတဲ့ ပန်းခင်းကြီးပမာ သစ်လွင်လှ ပတယ်။

အစိုးရက ထုတ်ဝေတဲ့ ခရီး သွားလမ်းညွှန်မြေပုံမှာ ဒီအနုပညာ ရပ်ဝန်း ၇၉၈ ကို ဖော်မပြထားဘူး။ ခြေရာလက်ရာ ဖျောက်ထား တယ်။ ဘာကြောင့်လဲဆိုတော့ ခင်းကျင်းပြ သထားတဲ့ အနုပညာယဉ်ကျေးမှု လက်ရာတွေထဲမှာ အစိုးရရဲ့အမြင် အတွေးတွေနဲ့ ဆန့်ကျင်ဘက်တွေ လည်း ပါဝင်တယ်။ အစိုးရက ဒီ အနုပညာရပ်ဝန်းကို ပိတ်သိမ်းပစ် ချင်တယ်။ ဒါပေမယ့် ကမ္ဘာက တရုတ်ပြည် သစ်လို့ ထင်မြင်နေတဲ့ အတွေးပုံရိပ်ကိုလည်း ပျောက်ပျက် မသွားစေချင်ဘူး။


    စနေနေ့ရဲ့ တစ်ခုသော မွန်း လွဲပိုင်း။ အနုပညာရပ်ဝန်းရဲ့ ကျဉ်း မြောင်းတဲ့ လမ်းတွေ၊ လမ်းကြိုလမ်း ကြားတွေမှာ လူတွေနဲ့ ကြိတ်ကြိတ်တိုး စည်ကားနေတယ်။ ကမ္ဘာ လှည့်ခရီးသွားဆိုလို့ တစ်ယောက် တလေတောင် မရှိဘူး။ အားလုံးက ဌာနေက လူငယ် လူရွယ်တွေပါပဲ။ ပေကျင်းမြို့တော်သား လူငယ်တွေ အနုပညာလက်ရာ ပြခန်းတွေ၊ ဈေး ဆိုင်တွေနဲ့ ဥရောပပုံစံ လမ်းဘေး ကဖေး ဆိုင်တွေမှာ ပြည့်ကျပ်နေ တယ်။ ယာဉ်ရပ်စခန်းတွေမှာ တွေ့ မြင်ရတဲ့ ကားတွေက Bentley တွေ၊ BMW တွေ။
     အနုပညာလက်ရာတွေက လည်း စိတ်ဝင်စားဖို့ကောင်းတယ်။ တော်လှန်ရေးကြီးကို မခိုးမခန့် လုပ်နေကြတာများလား။ ဒါမှမ ဟုတ် မော်စီတုန်း ဘက်တော်သား တွေရဲ့ ခေတ်ပြောင်းအနုပညာ လက်ရာတွေပဲလား။ အနုပညာရပ် ဝန်းမှာတော့ မော်ပဲဖြစ်ဖြစ်၊ အို ဘားမားပဲဖြစ်ဖြစ်၊ မာ့ခ်စ် ဒါမှမ ဟုတ် ဟစ်တလာပဲဖြစ်ဖြစ် လှောင် ပြောင်သရော်ခံကြရတာပါပဲ။

   တရုတ်ကွန်မြူနစ်ပါတီ Communist Party of China -CPC အတွက် အနုပညာရပ်ဝန်း ၇၉၈ ဟာ သိပ်ပြီးအန္တရာယ်ကြီး မားတဲ့ ဇုန်တစ်ခုဖြစ်တယ်။ ငွေကြေး ဥစ္စာဓန ပြည့်စုံတဲ့ တရုတ် လူငယ်တွေ၊ ထက်မြက်တဲ့ အနု ပညာဖန်တီးနိုင်စွမ်းရှိသူတွေနဲ့ လွတ်လပ် တဲ့ အတွေးအခေါ်ပညာ ရှင်တွေ စုဝေးရာ နေရာ ဖြစ်နေ တယ်။ အစိုးရနဲ့ ကွဲလွဲတဲ့ သဘော ထား ရှိသူတွေကိုလည်း ဒီရပ်ဝန်း မှာ တွေ့မြင်နိုင်တယ်။

     အနုပညာရပ်ဝန်း ၇၉၈ ကို ၂ဝဝ၂ ခုနှစ်က ထူထောင်ဖန်ဆင်း ခဲ့ကြတယ်။ ၁၉၇ဝ နှစ်များကစပြီး အသုံးမပြုတော့ဘဲနဲ့ ပစ်ထား ခဲ့တဲ့ ပြိုပျက်နေတဲ့ စက်ရုံတစ်ရုံကို သိမ်း ပိုက်ပြီး အနုပညာရပ်ဝန်းအဖြစ် ဖော်ဆောင်ခဲ့ကြတာပါ။ စက်ရုံရဲ့ နံပါတ်က ၇၉၈ ဖြစ်လို့ အနုပညာ ရပ်ဝန်းက ၇၉၈ လို့ ခေါ်ဝေါ်ခဲ့ကြတယ်။

    ဒီရပ်ဝန်းက ထင်ရှားကျော် ကြားတဲ့ သဘောထားကွဲလွဲသူတွေ ကို ထုတ်လုပ်ပေးခဲ့တယ်။ မကြာ သေးမီက ထွက်ပေါ်လာ သူတစ်ဦး က Ai Weiwei ဖြစ်တယ်။  သူ့ရဲ့ အနုပညာက လက်ရာမြောက်တယ်။ အစိုးရက သူ့ကို ၂ဝဝ၈ ပေကျင်းအိုလံပစ် ပွဲတော်မှာခေါ်ယူ အသုံးပြုခဲ့သေးတယ်။ ဒါပေမယ့် အစိုးရနဲ့သဘောကွဲလွဲတာက ကွဲလွဲတာပဲ။ တရုတ်ပြည်မှာ ဒီမိုကရေစီနဲ့ လူ့ အခွင့်အရေး မရှိမှုကို ထုတ်ဖော်ပြောကြားလွန်းတဲ့ အတွက် အစိုးရက ၂ဝ၁၁ ခုနှစ် မှာ Ai Weiwei ကို စီးပွားရေးပြစ်မှု များနဲ့ ဖမ်းဆီးထိန်းသိမ်းခဲ့တယ်။

    အနုပညာရပ်ဝန်းက Ai Weiwei တို့လို အနုပညာရှင်တွေ  အမြောက်အမြား ထွက်ပေါ်လာ နိုင်တယ်။ ဒီလို သဘောထား ကွဲ လွဲတဲ့ အနုပညာဖန်ဆင်းရှင်တွေ ပေါ်ထွက်လာမှုဟာ တရုတ်ခေါင်း ဆောင်သစ်တွေကို ပြဿနာတက် စေနိုင်တယ်။

    မကြာမီကာလမှာ တရုတ် ကွန်မြူနစ်ဇာတ်ခုံပေါ်မှာ တရုတ် ခေါင်းဆောင်သစ်တွေကို တွေ့မြင် လာကြရတော့မှာ ဖြစ်ပါတယ်။ လက်ရှိသမ္မတ Hu Jintao နေရာ မှာ အသက် ၅၉ နှစ်သာရှိသေးတဲ့ Xi Jinping က သမ္မတသစ်ဖြစ် လာမယ်။ အဲသလိုပဲ ဝန်ကြီးချုပ် Wen Jiabao နေရာမှာ အသက် ၅၇ နှစ်သာရှိသေးတဲ့ Li Keqiang က ဝန်ကြီးချုပ်သစ် ဖြစ်လာတော့ မယ်။

    ဒီခေါင်းဆောင်သစ်တွေဟာ ယဉ်ကျေးမှုတော်လှန်ရေးခေတ်ရဲ့ မျိုးဆက်သစ်တွေ ဖြစ်တဲ့အပြင် ယဉ်ကျေးမှုတော်လှန်ရေးကာလ အတွင်းမှာ အထုအထောင်းခံခဲ့ကြ ရသူများလည်း ဖြစ်တယ်။ ယဉ် ကျေးမှုတော်လှန်ရေးရဲ့ အနိဋ္ဌာရုံ တွေကို လက်တွေ့ခံစားခဲ့ကြ ရသူတွေ ဖြစ်တယ်။ သူတို့ဆီမှာက ခေါင်းဆောင်အပြောင်းအလဲ ဖြစ် စဉ်ဟာ အောက်တိုဘာလကစပြီး ၂ဝ၁၃ ခုနှစ် မတ်လအထိ ကြာ မြင့်နိုင်တယ်။

  • ကွန်မြူနစ်ခံတပ်ကြီးကို ထိပါးလာ တဲ့ ခြစားမှု
CPC အတွက် ဒီနှစ်က သိပ် မကောင်းဘူး။ ၁ဝ နှစ်ကာလအ တွင်း တစ်ကြိမ်သာ ကြုံကြိုက်နိုင် တဲ့ ပါတီခေါင်းဆောင်ပိုင်း အာဏာ အလွဲအပြောင်းလုပ်မယ့်အချိန်မှာ ထိပ်ပိုင်းက အကျင့်ပျက်ခြစားမှု သတင်းတစ်ရပ် ထွက်ပေါ်လာခဲ့ တယ်။ ၂ဝ၁၂ ဖေဖော်ဝါရီလမှာ ချုံချိန်းမြို့က ရဲအရာရှိကြီးတစ်ဦး ဟာ သူ့အသက်ဘေး စိုးရိမ်ရတယ် ဆိုပြီး အမေရိကန်ကောင်စစ်ဝန်ရုံး ထဲ ဝင်ရောက်လာခဲ့တယ်။

သူ့ကို ခြိမ်းခြောက်တယ်ဆိုတဲ့ ပုဂ္ဂိုလ်က ချုံချိန်းက ပါတီအကြီး အကဲ Bo Xilai ဖြစ်တယ်။ Bo က အတော်နာမည်ကြီးတဲ့ပုဂ္ဂိုလ်။ ကျင်းပမယ့် CPCညီလာခံက ရွေး ချယ်မယ့် ပေါ်လစ်ဗျူရိုရဲ့ အမြဲ တမ်းကော်မတီမှာတောင် ပါဝင်နိုင်တယ်လို့ သတင်းကြီးနေ သူ ဖြစ် တယ်။ ပြဿနာက Bo ရဲ့ ဇနီးဖြစ် သူ Gu Kulai ဟာ ၂ဝ၁၁ နိုဝင် ဘာလအတွင်းက ဗြိတိသျှစီးပွား ရေးလုပ်ငန်းရှင် တစ်ဦးကို သတ် ဖြတ်ဖို့ ခိုင်းစေမှုနဲ့ ပတ်သက် တယ်။ ဒါနဲ့ Bo ကို မတ်လက ဒေ သပါတီအတွင်းရေးမှူးရာထူးမှ ဖြုတ်ချပစ်ခဲ့ပြီး ဇနီးဖြစ်သူကို လူသတ်မှုနဲ့ တရားစွဲတင်ခဲ့တယ်။ ပြစ်မှုထင်ရှားတဲ့အတွက် Kulai ကို သြဂုတ်လ ၂ဝ ရက်နေ့ က ဆိုင်း ငံ့သေဒဏ် ချမှတ်ခဲ့တယ်။ Boရဲ့ ကံကြမ္မာကိုတော့ မသိကြရ သေးဘူး။ ကွန်မြူနစ်ပါတီက အာဏာအလွဲသုံးစားလုပ်မှုကို လုံးဝ သည်းမ ခံကြောင်း ပြည်သူတွေကို ပြသဖို့အတွက် Boကို အသုံးချနိုင်တယ်။

    စက်တင်ဘာလ ပထမအ ပတ်ထဲမှာ နောက်ထပ် ပြဿနာ တစ်ခု တက်လာပြန်တယ်။ အပျံ စား Ferrariကားတစ်စီး ကား တိုက်မှု ဖြစ်တယ်။ Ferrariကား မောင်းတဲ့လူငယ်က ပွဲချင်းပြီးသေဆုံးသွားတယ်။ ကားပေါ်မှာ လိုက် ပါလာကြတဲ့ ဝတ်လစ်စားလစ် နီး ပါး အမျိုးသမီးကလေးနှစ်ဦးက ပိုးလိုးပက်လက်။ ဖြစ်ချင်တော့ ကား မောင်းတဲ့ကလေးက Ling Jihua ရဲ့ သားဖြစ်နေတယ်။ Ling က သမ္မတ ဟူကျင်ထောင်ရဲ့ အထက် တန်းအရာရှိကြီး။ ဒီသတင်းက အင်တာနက်ပေါ် ရောက်လာတော့ အရာရှိကြီးတစ်ဦးရဲ့ သားက ဘယ် လိုလုပ်ပြီး Ferrari ကားစီးနိုင်သ လဲလို့ မေးခွန်းထုတ်လာကြတယ်။

    တရုတ်ပြည်မှာက အကျင့်ပျက်ခြစားမှုတွေ နေရာတကာမှာ တွေ့မြင်လာကြရတယ်။ ကွန်မြူ နစ်ပါတီတွင်း ခြစားမှုတွေကတော့ အဆိုးရွားဆုံးပဲပေါ့။ ပြည်သူတွေက ကွန်မြူနစ်မူဝါဒတွေကို ထောက်ခံကြပေမယ့် အကျင့်ပျက် ခြစားမှုကို တော့ မကြိုက်ကြဘူး။ ဒါပေမယ့် ပါတီတွင်း အကျင့်ပျက် ခြစားမှု တွေက သပွတ်အူလိုက်နေတယ်။ ထိပ်ပိုင်းအထိတောင် ရောက်လာ နေပြီ။

  • Ferrari ဝယ်စီးနိုင်တဲ့ နိုင်ငံ
    ပြည်သူတွေရဲ့ အမြင်မှာ အကျင့်ပျက်ခြစားမှု တစ်ခုတည်း သာ ကွန်မြူနစ်ပါတီအတွက် အရေးကြီးတဲ့ပြဿနာ မဟုတ်သေး ဘူး။ နောက် ထပ် ပြဿနာတစ်ခု ရှိသေးတယ်။ ဒါက အာဏာရှိ  အသိုင်းအဝိုင်းနဲ့ နီးစပ်တဲ့ ပုဂ္ဂိုလ် တွေနဲ့ သာမန်ပြည်သူတွေ အကြား ဥစ္စာဓနပိုင်ဆိုင်မှု အကြီးအကျယ် ကွာဟလာတဲ့ကိစ္စ ဖြစ်တယ်။

   ပေကျင်းမြို့တော်ရဲ့ ကျင် ပေါင်လမ်းမပေါ်က Ferrariကား အရောင်းပြခန်းမှာ အရောင်းစာ ရေးမလေးတွေက နောက်လာ မယ့် ဖောက်သည်ကို စောင့်မျှော်နေကြ တယ်။ အသစ်စက်စက် Ferrari ကားတစ်စီးရဲ့ တန်ဖိုးက ယွမ်လေး သန်းရှိတယ်။ အမေရိ ကန်ဒေါ်လာ နဲ့ဆိုရင် ဒေါ်လာ ၆ဝဝဝဝဝ တန် တယ်။ အရောင်းစာရေးမလေးက အင်္ဂလိပ်လို မပီကလာ ပီကလာနဲ့ ပြောပြတယ်။ ၂ဝ၁၁ ခုနှစ်က Ferrari ကားစီးရေ ၁၇ဝ ရောင်းချ ခဲ့ရတယ်တဲ့။ ဒီနှစ်မှာတော့ စီးပွားရေးမကောင်းလို့ ကားအစီး ၄ဝ ပဲ ရောင်းချရသေးတယ်ဆိုပဲ။ ကား ဝယ်သူတွေက အားလုံးတရုတ် တွေ။  နိုင်ငံခြားသားတွေ မဝယ်ကြ ဘူး။ တရုတ်ပြည်ဟာ ဇိမ်ခံ ကား Ferrari တွေရောင်းချရတဲ့ နိုင်ငံတွေထဲမှာ အမေရိကန်ပြည်ထောင်စုနဲ့ဂျာမနီပြီးရင် တတိယအရောင်းရဆုံးဈေး ကွက် ဖြစ် တယ်။ Ferrariကားအရောင်းပြခန်း နဲ့ မီတာ ၅ဝ လောက်အကွာမှာ အပျံစားကားတွေချည်း ရောင်းတဲ့ အရောင်းပြခန်းတစ်ခု ရှိသေးတယ်။ FFF လို့ဆိုင်းဘုတ် ချိတ် ဆွဲထားတယ်။ Bugatti ကားတွေ အပြင် အဆင့်မြင့် Ferrari တွေ ကိုလည်း ပြသထား တယ်။ ကားပြခန်းထဲကို ကြိုတင်အကြောင်းကြားမှ ဒါမှမဟုတ် အချိန်းအချက် လုပ်ထားမှ ဝင်ကြည့်လို့ရတယ်။ ပြခန်းထဲမှာ တရုတ် လူငယ်စုံတွဲတစ်တွဲ ကားတွေ လိုက်ကြည့်နေတာ လှမ်း မြင်နေရတယ်။

  အဲဒီကားပြခန်းရဲ့ ဝန်းကျင် မီတာ ၁ဝဝ မှာ နောက်ထပ်ကား ပြခန်းတွေ ရှိသေးတယ်။ အဲဒီ ကားပြခန်းတွေ မှာ Lamborghini, Aston Martin, Rolls-Royce နဲ့ Mercedes-Benz တို့လို အကောင်းစားကားတွေ ရောင်းချတာ တွေ့ရတယ်။ ဒါပေမယ့် ကားပြ ခန်းတွေ ရှိတဲ့နေရာက ပေကျင်းမြို့ မှာ လူလတ်တန်းစားတွေ ကျပ် ကျပ်တည်းတည်းနဲ့ နေထိုင်ကြတဲ့ ရပ်ကွက် ဖြစ်နေတယ်။

    ကမ္ဘာလှည့် ခရီးသည်တွေကလည်း ဒီဘက်ကို သိပ်ပြီး ခြေဦးမလှည့်ကြဘူး။ ရပ်ကွက်မှာ နေထိုင်ကြသူတွေက ဓာတ်ပုံရိုက် မခံ ချင်ကြဘူး။ သူတို့ရဲ့ဆင်းရဲမွဲတေမှုကို မဖော်ထုတ် ချင်ဘူး ထင်ပါရဲ့။

   အဲဒီကားပြခန်းတွေနဲ့ သိပ်မ ဝေးလှတဲ့နေရာမှာ ပုလဲဈေးဆိုတာ ရှိတယ်။ အီလက်ထရွန်းနစ်ပစ္စည်း တွေကစပြီး အဝတ် အထည်တွေအထိ ပျံကျဈေးခင်းပြီး ရောင်းချ နေကြတယ်။ အဲဒီက တရုတ်လူငယ်ကလေးတွေကတော့ ပွင့်လင်း တယ်။ သူတို့ရဲ့ ဆင်းရဲတဲ့ဘဝကို ပြောပြကြတယ်။ ဈေးဆိုင်ကလေး တစ်ဆိုင်မှာ ဈေးရောင်းနေတဲ့ အသက် ၂၅ နှစ် သာ ရှိသေးတဲ့ Yang Yang က ပေ ကျင်းမြို့ အရှေ့မြောက်ဘက်က Laioning ဒသသူ ဖြစ်တယ်။ သူမအလုပ်လုပ်နေတဲ့ ဈေးဆိုင်က အမျိုးသမီး လက်ကိုင် အိတ်တွေ ရောင်းတယ်။ တစ်ပတ်မှာ ခြောက် ရက်၊ တစ်ရက်မှာ နံနက် ၉ နာရီမှ ညနေ ၈ နာရီထိ အလုပ်လုပ်ရပြီး တစ်လ ယွမ် ၃ဝဝဝ ရတယ်။ ယွမ် ၁ဝဝဝ က တောမှာနေတဲ့ သူမရဲ့ မိဘတွေဆီ ပို့ရတယ်။ ယွမ် ၅ဝဝ က အိမ်လခ။ သူမရဲ့ ဆွေမျိုးသား ချင်းတစ်ဦးနဲ့အတူ ငှားရမ်းနေကြတာ။ စားဖို့သောက်ဖို့နဲ့ အခြား ဝေယျာဝစ္စအတွက် ယွမ် ၁၅ဝဝ ပဲ သူမမှာ ကျန်တယ်။

    ''ကျွန်မအတွက် ပျော်စရာဆို လို့ အိမ်မှာ ရုပ်သံထိုင်ကြည့်တာပဲ ရှိတယ်'' ယန်းယန်းက ဆိုတယ်။ ဒါပေမယ့် သူမကတော့ ရည်မှန်းချက်ကြီးတယ်။ ကိုယ်ပိုင်ဆိုင်က လေးဖွင့်ချင်တယ်။ တရုတ်စီးပွားရေး ကျဆင်းလာတော့ သူမအတွက် မျှော်လင့်ချက် သိပ် မရှိသလို ဖြစ်သွားတယ်။ သူမကတော့ အစိုး ရကို အပြစ်မတင်ပါဘူး။

  • လွတ်မြောက်ရေးကို သင်ယူခြင်း
   အနာဂတ် တရုတ်ခေါင်း ဆောင်တွေရဲ့ လုပ်ငန်းဟာ သူတို့ အရင် ခေါင်းဆောင်တွေထက် ပို ပြီးခက်ခဲလာနိုင်တယ်။ အကြောင်း ကတော့ အင်တာနက်ရဲ့ ဒီမိုကရေ စီ ဖော်ဆောင်နိုင်စွမ်းဟာ မြင့်မား လာတဲ့အတွက် ဖြစ်တယ်။ တရုတ် နိုင်ငံဟာ Facebook နဲ့ Twitterတို့လို အနောက်တိုင်းရဲ့ လူမှုမီဒီ ယာတွေကို ပိတ်ဆို့ထားပေမယ့် တရုတ်ပြည်ဖြစ် Weibo ကိုတော့ ခွင့်ပြုတယ်။ Ferrari ကားတိုက်မှု ပြဿနာဟာ Weibo မှတစ်ဆင့် ပျံ့နှံ့သွားခဲ့တာပါ။ ကားတိုက်မှုဖြစ် ပြီးနောက် Weibo ပေါ်မှာ Ling Jihua ရဲ့မျက်နှာက ခပ်ပြုံးပြုံး တွေ့ခဲ့ကြရတယ်။ သူက ဥပဒေရဲ့ အထက်မှာ ရှိတယ်လို့ ဖော်ညွှန်း လိုရင်း ဖြစ်တယ်။ သူ့လက်မှာပတ် ထားတဲ့ နာရီကလည်း အင်မတန် ဈေးကြီးတဲ့ လက်ပတ်နာရီဖြစ် တယ်လို့ Weibo ပေါ်မှာ တွေ့မြင် ကြရသူတွေက ထောက်ပြခဲ့ကြ တယ်။

   စက်တင်ဘာလ ဒုတိယအ ပတ်က Tianjin မြို့မှာ ကျင်းပခဲ့ တဲ့ World Economic Forum-WEF ရဲ့ စည်းဝေးပွဲတစ်ခုမှာ တ ရုတ်ဘောဂဗေဒပညာရှင် Li Daikou က ဆိုရှယ်မီဒီယာတွေ ဟာအစိုးရအပေါ် ပြည်သူတွေရဲ့ ဒေါသပုန်ထနေမှုကို ပထမဆုံး အကြိမ် ထုတ်ဖော်ပြသလာကြ ကြောင်း ပြောကြားခဲ့တယ်။ ''ပြည် သူတွေဟာ အရာရှိကြီးတွေရဲ့ အကျင့်ပျက်မှုနဲ့ အစိုးရရဲ့ အလွန် အကျွံဝင်ရောက်ခြယ်လှယ်မှုတွေ ကို ကျယ်ကျယ်လောင်လောင် ဆန့်ကျင်ထုတ်ဖော်လာခဲ့ကြတယ်'' လို့ ထောက်ပြခဲ့တယ်။
တရုတ်ပြည်အခြေစိုက် အမေရိကန်စီးပွားရေးလုပ်ငန်းရှင်တစ်ဦး ဖြစ်တဲ့ Kai Fu Lee က တရုတ်ခေါင်းဆောင်တွေဟာ အင်တာနက် ရဲ့ စွမ်းအားကို သိတယ်။

အင်တာနက်ပေါ်မှာ ပြောကြဆိုကြတာ တွေအားလုံး တရုတ်အစိုးရက စောင့်ကြည့်လျက်ရှိတယ်။ ဒါပေ မယ့် လောလောဆယ်တော့ ဘာမှ မလုပ်သေးဘူးလို့ သူက ရှင်းလင်း ပြတယ်။ အင်တာနက်ကို လုံးလုံး လျားလျား ဆင်ဆာလုပ်ဖို့ ခက် တယ်။ တစ်ယောက်ကို ပယ်ဖျက် လိုက်ရင် နောက်တစ်ယောက်က ထပ်ရောက်လာတယ်လို့ သူက ဆို တယ်။

    တကယ်တော့ အစိုးရအနေနဲ့ သဘောထား ကွဲလွဲသူတွေရဲ့ အသံ ကို မပယ်ဖျက်ချင်တာလည်း ဖြစ် နိုင်တယ်။ အင်တာနက်က အစိုးရ အတွက် လုံခြုံမှုဗား- Safety Valve တစ်ခုကို ဖော်ဆောင်ပေး တယ်။ ကွန်မြူနစ်စနစ်အပေါ် မကျေနပ်မှုတွေ ကို ဖော်ပြနိုင်တဲ့ နေရာတစ်ခုအဖြစ် အသုံးပြုနိုင် တယ်။ ဒါပေမယ့် ခေါင်းဆောင် ပိုင်းအတွက် အနီရောင်မျဉ်းက တော့ လူထု လှုပ်ရှားမှု  ဖြစ်တယ်။ ဒါကိုတော့ ခွင့်မပြုဘူး။ တစ်ဦး ချင်း မကျေနပ်မှုကိုတော့ လက်ခံ တယ်။ အစိုးရအနေနဲ့ လူမှုရေးမီဒီ ယာတွေကို လေ့လာဆန်းစစ်ပြီး သူ တို့ရဲ့ မှားယွင်းမှုတွေကို ပြုပြင်နိုင် တယ်။ ဒါပေမယ့် ဒီကြားထဲက လူ မှုရေးမီဒီယာတွေဟာ အာရပ်နွေဦး ပုံစံလို ပေါက်ကွဲမထွက်လာနိုင်ဘူး လို့တော့ ပြောလို့မရဘူးပေါ့။

  • တရုတ်မော်ဒယ်နိဂုံး
  လွန်ခဲ့တဲ့ နှစ် ၃ဝ လောက်က စပြီး တရုတ်ခေါင်းဆောင်တွေဟာ ပြည်သူများအတွက် မြင့်မားတဲ့ စီးပွားရေးတိုးတက်မှု ကို ဖော်ဆောင်ပေးခဲ့ကြတယ်။ တရုတ်ရဲ့စီးပွားရေးမော်ဒယ်က ကုန်စည်သဗ္ဗရနံ့ပေါင်းစုံကိုနိုင်ငံခြားတင်ပို့ရောင်း ချပြီး ပြည်တွင်း မှာ အခြေခံ အဆောက်အအုံကို ဖော်ဆောင် ဖန်ဆင်းတယ်။ ဒါပေမယ့် ဒီမော်ဒယ်ဟာ ခုတော့ ဟန်မကျ ဖြစ် လာ တယ်။ ၂ဝ၁၂ ခုနှစ် ပထမ ခြောက်လအတွင်းမှာ တိုးတက်မှု က ၇.၆ ရာခိုင်နှုန်းအထိ ကျဆင်းသွားတယ်

    အဓိက အကြောင်းရင်းက တော့ တရုတ်ပြည်က အကြီး အကျယ် ကုန်စည်တင်ပို့ရောင်းချ နေတဲ့ နိုင်ငံများဖြစ်ကြတဲ့ အမေရိ ကန်ပြည်ထောင်စုနဲ့ ဥရောပမှာ ဆက်လက်ပြီး စီးပွားရေး ကျဆင်း လျက်ရှိတဲ့အတွက် ဖြစ်တယ်။ တ ရုတ်ပြည်ရဲ့ အခြေခံ အဆောက်အအုံဟာ ကမ္ဘာပေါ်မှာ အရည် အသွေး အမြင့်မားဆုံးဖြစ်ပေမယ့် တစ်ဦးချင်း ဝင်ငွေက အမေရိကန် ဒေါ်လာ ၅၄ဝဝ ပဲ ရှိတယ်။ ဒီလို အခြေအနေမှာ အခြေခံအဆောက် အအုံကို ထပ်ပြီးတိုးမြှင့်ခဲ့ရင် အသုံး မချနိုင်တဲ့ လုပ်နိုင်စွမ်းလွန်အဆင့် တစ်ခု ကို ရောက်သွားနိုင်တယ်။ ဒါ ကြောင့် ဘောဂဗေဒပညာရှင်အ ချို့က တရုတ်မော်ဒယ်ကို ပြည်တွင်းစားသုံးမှု ဇောင်းပေးတဲ့ Domestic Consumption-Orientedစီးပွားရေးသို့ ရွှေ့ပြောင်းဖို့ လိုပြီ လို့ ထောက်ပြခဲ့ကြတယ်။

သမ္မတဟူကျင်တောင်ကလည်း စက်တင်ဘာလ ၉ ရက်နေ့က ရုရှားနိုင်ငံ Vladivostok မြို့မှာ ကျင်းပခဲ့တဲ့ APEC အစည်းအဝေး မှာ ''ကျွန်ုပ်တို့အနေနဲ့ စီးပွားရေး အဆောက်အအုံနဲ့ ငွေဖောင်းပွမှု တို့အကြားမှာ ဟန်ချက်ညီတဲ့ တိုး တက်မှု ဖြစ်ပေါ် လာအောင်ဆောင်ကြဉ်းသွားမှာပါ။ အခြေခံ ဈေးနှုန်းတွေ တည်ငြိမ်အောင် လည်း လုပ်ဆောင်သွားမှာ ဖြစ် တယ်'' လို့ ပြောကြား ခဲ့တယ်။

   ဝန်ကြီးချုပ် ဝန်ကျားပေါင်က လည်း Tianjin မြို့ WEF အစည်း အဝေးမှာ တရုတ်နိုင်ငံဟာ စိန်ခေါ် မှုတွေနဲ့ ရင်ဆိုင်နေရ တဲ့အ ကြောင်း၊ ပြည်တွင်းမှာ မျှတမှုမရှိ ဖြစ်နေတဲ့အတွက် ပြည်တွင်းစား သုံးမှု တိုးတက်လာအောင် လုပ် ဆောင်ဖို့ လိုနေတဲ့ အကြောင်းတွေ ကို ထည့်သွင်းပြောကြားသွားပါ သေးတယ်။
   တကယ်တော့ ကျွမ်းကျင်သူ တွေရဲ့ အမြင်မှာ တရုတ်အစိုးရ ဟာ လွန်ခဲ့တဲ့ လေး-ငါးနှစ်လောက် စပြီး ဝန်ကြီးချုပ် ထောက်ပြခဲ့ သလို  မျှတမှုမရှိတာကို မျှတမှုရှိလာအောင်ပြီးတော့ ပြည်တွင်းစားသုံး မှု တိုးတက်လာအောင် အကောင် အထည်ဖော် ဆောင်ရွက် လာခဲ့တဲ့အကြောင်း ဖော်ညွှန်းခဲ့ကြတယ်။ အနိမ့်ဆုံး လုပ်ခလစာကို တိုးမြှင့် ခဲ့ကြပြီး လူမှုဖူလုံရေးအသုံး စရိတ်တွေ ကို မြှင့် တင်ခဲ့ကြတယ်။  သွင်း ကုန်ထက် ပို့ကုန်က ပိုများနေတဲ့ အတွက် သာမန်စာရင်းမှာ ပိုငွေပြ မှု- Current Account Surplus ဟာ အရင်က   ဂျီဒီပီရဲ့ ၁ဝ ရာခိုင် နှုန်းရှိခဲ့ရာက အခုတော့ ဂျီဒီပီရဲ့ သုံးရာခိုင်နှုန်းအထိ ကျဆင်းသွားတယ်။

   ဒါတွေဟာ ပြုပြင်ပြောင်းလဲမှု ရဲ့ ရလဒ်ပါပဲ။ ဒါပေမယ့် အာဏာ ရှိသူတွေနဲ့ ကပ်ပေါင်းပြီး သူဌေး ဖြစ်နေကြသူတွ ရှိနေဆဲပဲ လို့ ဘော ဂဗေဒပညာရှင်- Arvind Subra-manjian က ထောက်ပြခဲ့တယ်။ အစိုးရဟာ ဘဏ်လုပ်ငန်းတွေကို တင်းတင်းကျပ်ကျပ် ချုပ်ကိုင်ထား တယ်။ အစိုးရအရာရှိကြီးတွေနဲ့ ခင်မင်ရင်းနှီးသူတွေကို အတိုးနှုန်း နည်းနည်းနဲ့ ငွေချေးငှားဖို့ ဘဏ် တွေကို အစိုးရ က ဖိအားပေးတယ်။ ဒီလိုနဲ့ ကပ်ပါးကပ်မြှောင်တွေ ချမ်း သာကြီးပွားနေကြတယ်လို့ Subramanianက ဆိုတယ်။ ဒါတွေ ကို နောက်တက်လာမယ့် တရုတ် ခေါင်းဆောင်ပိုင်းက ပြုပြင်ဖာထေး နိုင်ပါ့မလား။

  • ပဉ္စမမျိုးဆက်သစ်တို့ခေတ်

   တရုတ်ပြည်ဟာ စီးပွားရေးနဲ့ လူမှုရေး အကြီးအကျယ် ပြောင်းလဲ ပစ်တော့မယ့် စပ်ကူးမတ်ကူးအချိန် တစ်ခုကို ရောက်နေတယ် လို့လေ့လာသူတွေကရှုမြင်သုံးသပ်ကြတယ်။ နောက်တက်လာမယ့် Xi Jinping နဲ့ Li Keqiang တို့ဟာ တရုတ်ပြည်ခေတ်ကောင်း ချိန် ၁၉၇ဝ နှစ်များအတွင်းမှာ ပညာ သင်ကြားလာခဲ့ကြရသူတွေ ဖြစ် တယ်။ သူတို့ဟာ ပြုပြင်ပြောင်းလဲ ရေးကို လိုလားကြတယ် လို့ တရုတ် ပြည်သူတွေက ယုံကြည်ကြတယ်။

    ဒါပေမယ့် အခြားတစ်ဖက်မှာ Xi နဲ့ Li ဟာ ကွန်မြူနစ်ပါတီရဲ့ ထောက်ခံမှုနဲ့ ခေါင်းဆောင်ဖြစ် လာကြမယ့် သူတွေ ဖြစ်တဲ့ အတွက် ပြည်ရေးပြည်ရာကို ပါတီအလိုကျ ပဲ ကိုင်တွယ်လာနိုင်တယ်။ ပါတီဘက်ကကြည့်ရင် တိုင်းပြည်တည် ငြိမ်ရေးက ပထမဦး စားပေးဖြစ် တယ်။ ပြုပြင်ပြောင်းလဲရေးက အဓိကမကျဘူး။ ဒီတော့ Xi နဲ့ Li တို့ကလည်း အမြစ်မြေလှန်ပြုပြင် ပြောင်း လဲရေးတွေ ကို အလျင်စလို လုပ်ပြီး တရုတ်ပြည်ရဲ့ နောက်ဆုံး ကွန်မြူနစ်တွေလို့ သမိုင်းမှတ် တမ်း အတင်ခံချင်ကြမှာ မဟုတ်ဘူး။

မင်းရွှေမောင်
Ref :India Today, Oct, 8,2012. မင်းရွှေမောင်  

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...