Sunday, November 11, 2012

မြို့ တော်ဝါရှင်တန် သို့ တခေါက်..


မင်္ဂလာပါရှင်~~~

မစ္စတာဘုရှ် နဲ့ အိုဘားမား တို့ အပြောင်းအလဲကာလ အချိန်ခရစ်မတ်ပိတ်ရက်မှာသွားခဲ့တဲ့
ခရီးစဉ်လေးတခုပါ။ ကိုင်း...အိုဘားမားကြီးတောင် ဒုတိယသက်တမ်းအတွက် အသည်းအသန် 
မဲဆွယ်နေခါမှ ကျမက၊ဒီခရီးအကြောင်းလေး မြန်မြန်တင်အုံးမယ် ဆိုပြီး ကြားဖြတ်လေးပေါ့နော်..၊ 
အာလူးဖုတ်လိုက်ပါအုံးမယ်လေ..။ တကယ်ဆိုရင် ဒီအကြောင်းက ဂျုးများနှင့်ခရီးထွက်ခြင်း လို့ ဘဲပြောရမှာလား၊  ဂျုးတသိုက်နဲ့ ခရီးသွားခြင်း လို့ ခေါင်းစဉ်တပ်ရမှာလား၊ ကိုယ့်ဖာသာကိုယ်
စဉ်းစားနေတာ၊ ဖြစ်သေးပါဘူးလေ...ဆိုပြီး နောက်ပြီးတော့လည်း စာကိုဖြင့်လှတပတမရေးတတ်ဘဲနဲ့ ၊
ခေါင်းစဉ်ကိုလာပြီးဇီဇာချဲ့ နေမိတဲ့ ကိုယ့်အဖြစ်ကိုဘဲရီချင်နေတယ်လေ။

ကဲပါလေ..ဒါက ဟိုနယူးယောက်ရဲ့ အဆက်ပေါ့ရှင်။ ဒီမှာ အပိုင်း(၁) နဲ့ အပိုင်း(၂) ပါ။ 
ဝါရှင်တန်မှာနေတဲ့သူတွေအဖို့ တော့အမြင်ရိုးနေပေမဲ့ ကျမတို့ အတွက်တော့ ထူးဆန်းထွေလာ ကမ္ဘာသစ်ကြီးတခုပေါ့..။ ကျမတို့ က Tour group နဲ့ သွားတာ..။ တခြားလူဆိုလို့  ဂျုးလူမျိုး လင်မယား၊
တစုံတွဲရယ် နောက်ဂျုးပါဘဲ အမျိုးသမီး ၂ယောက် နဲ့ ကျမတို့ ၂ယောက် ..အော်..guide ကလည်းဂျုးတဲ့။
(မဆီမဆိုင် ဂျုးမြစ်ချဉ် ဟင်းလေးတောင်စားချင်လာသလို :)) တညအိပ်၊ ၂ရက်ခရီးလေးပါ။

ကားပေါ်ကနေဘဲလှမ်းရိုက်တာ မိုးတွေလည်းအုံ့ နေတယ်လေ
နယူးယောက်ကနေထွက်ကတဲကမိုးရွှာနေလိုက်တာ..။ လမ်းမှာတနေရာလောက်ဘဲနားတာပါ။  
ဝါရှင်တန်ရောက်တာနဲ့ စစ်သင်းချိုင်းကုန်း(ဂျွန်အက်ဖ်ကနေဒီကိုမြုပ်တဲ့နေရာ၊နားထောင်လို့ မကောင်းသလို
ဘဲနော်) ဆီကိုတန်းခေါ်သွားပါတယ်။ ဆောင်းချမ်းချမ်းတကယ့်ပိတ်ရက်ကြီးဆိုတော့သူတို့ 
ဘာသာမဟုတ်တဲ့သူတွေဘဲ၊(ကျမတို့ လို ကိုဂျုးတို့ တသိုက်ပေါ့) လျောက်သွားကြတာလား မသိပါဘူး။
မြို့ တော်ကြီးကလည်း ခြောက်ကပ်နေတာပေါ့ရှင်..။ 

အထဲဝင်ကြည့်မှ စိတ်ဝင်စားစရာတွေ တွေ့ ရတာ...။
ကဗ္ဗည်း ကျောက်စာတိုင်တွေတန်းစီနေတာဘဲ၊ မြေပုံရှိတယ်။ အလွယ်တကူဘဲရှာရလွယ်တယ်။ ဘယ်နံမည်နဲ့ ဘယ်နေရာမှာဆိုတာ အတိအကျပါတယ်တဲ့။

ဟိုး..ကလွှတ်လပ်ရေးကျောက်တိုင်နဲ့ လင်ကွန်းရုပ်တုရှိတဲ့အဆောက်အဦ လှမ်းမြင်နိုင်တယ်။


တောင်ကုန်းတွေ အားလုံးပေါ်မှာကဗ္ဗည်း ကျောက်စာတိုင်တွေ မျက်စိတဆုံးပါဘဲ။ သူ့ အကွက်နဲ့ သူ။ နံပါတ်တွေရှိတယ်။ တကယ်ဘဲ စည်းစနစ်ရှိပြီး ..အင်း သေရင်တောင် ဒီနေရာမှာလာမြုပ်ရင် ကြောက်စရာ၊
ထက်၊နေချင်စရာတောင်ကောင်းလှသေးတယ်လို့ စဉ်းစားခဲ့သေးတယ်လေ။


ဝင်းကြီးကကျယ်လွန်းလို့  လမ်းမလျောက်နိုင်ရင်လည်း ဘတ်စ်ကားလိုမျိုးစီစဉ်ထားပေးပါတယ်။
ကျမတို့ ကတော့ အားလုံးကိုသွားမကြည့်ပါဘူး။ ကနေဒီတို့ မိသားစုနေရာဘဲသွားပါတယ်။
သူနဲ့ သူ့ မိန်းမရယ် သူ့ ကလေး ၂ယောက်ရယ် ၄ခုတွေ့ ခဲ့ရတယ်။



ကျမတို့ အုပ်စုလေ..။ရှေ့ ဆုံးကအရပ်မြင့်မြင့်နဲ့ ဂိုက်၊ အဖိုးကြီးတို့ စုံတွဲနဲ့ အမျိုးသမီး၂ယောက်နဲ့ ကျမပေါ့။
ဝင်းထဲကို ကိုယ့်ကားနဲ့ သွားလို့ ရဘူး။ဒီနေရာကိုထိန်းသိမ်းစောင့်ရှောက်တဲ့ဌာနကကားဘဲ သွားလို့ ရတာ။
ဟိုမှာမြင်နေရတဲ့ကားပေါ့..။

လမ်းမှာတွေ့ ရတာ အစိုးရရုံးကြီးတွေဆိုတော့လည်း ကြီးမားခန့် ညားနေတာဘဲ.။




ဆင်ခြေဖုံးရပ်ကွက်ကအိမ်တွေ..။


အနောက်နိုင်ငံတွေမှာ ဒီလိုမျိုး လမ်းကိုခွပြီးဆောက်ထားတဲ့ အဆောက်အဦတွေအများကြီးတွေ့ ရတတ်
တယ်။ အထူးသဖြင့် နယ်သာလန်(ဟော်လန်) မှာပေါ့။တခါခါ ဘာပုံစံမှန်းကိုမကြည့်တတ်ဘူး..။
စောင်းငန်းစောင်းငန်းကြီးလိုဘဲ..။ နယ်သာလန် အဝေးပြေးလမ်းမ တခုမှာတွေ့ ရတာက လမ်းကိုခွပြီး ၃ ထပ်ဆောက်အဦ အမြင့်ကြီးနဲ့ အကြီးကြီးဘဲ..။ စားသောက်ဆိုင်တွေနဲ့ အိမ်သာလေ။ ဘယ်ဖက်ကလာတဲ့ကားက ဘယ်ဖက်ခြမ်းထဲက ကားထားတဲ့နေရာမှာထားပြီး ဓါတ်လှေခါးနဲ့ တက်၊
ညာဖက်ကလာရင် ညာဖက်မှာကားထား အပေါ်တက် စားသောက်ပေါ့..ကဲ..မိုက်တယ်နော်

ဒါက နယူးဂျာစီကနေ နယူးယောက်မြို့ အသွား ဂျော့ဝါရှင်တန်တံတားကနေ အဝင်မှာ တွေ့ ရတာ..။
ဒီလိုမိုးမျော်တိုက်ကြီး ၃လုံးတန်းစီနေတာ...ကားလမ်းကအောက်မှာလေ...။

ခပ်ကြောင်ကြောင်စဉ်းစားတတ်တယ်ဘဲပြောပြော..အဲလိုနေရာတော့နေချင်ဘူးဗျို့ ..။ တချို့ နေရာမှာ ရေကတဖွားဖွားကျလို့ ..။ကဲ...တောရောက်တောင်ရောက်ပြန်ပြီလေ..:))

 နောက်တနေရာကတော့ The National Air and Space Museum ပေါ့။ ကျမအမျိုးသားကတော့ 
အရမ်းကြီးကိုကြိုက်တာဘဲ။ အဲဒီပြတိုက်ကိုကျမတို့ ကအရှေ့ ကနေဝင်တာကိုး..။ 
နာက်ပေါက်ကနေထွက်ရင် အလယ်မှာ မြေကွက်လပ်ကြီး ပန်းခြံကျယ်ကြီး၊  သူတို့ ပြောတဲ့ 
National Mall Park ပေါ့။ The National Gallery of Art ကို ဂိုက်ကလက်ညှိးလေးထိုးပြပြီး၊
ဒီပြတိုက်၂နေရာဘဲသွားပါလို့ ပြောလို့ ဒီ၂ခုနဲ့ အချိန်ကုန်ခဲ့တာပေါ့။

Lincoln Memorial ထိပ်ကနေရိုက်ယူထားတဲ့ပုံတဲ့။ အဲမြေကွက်လပ်ရဲ့ ဘေးတဖက်တချက်မှာ၊
စိတ်ဝင်စားစရာနေရာတွေတန်းစီနေတာဘဲ။ မြို့ ကွက်လေးတည်ထားတာ အရမ်းကြီးကို လှတယ်။
ကျောက်တိုင်အလယ်မှာ Lincoln Memorial ၊နဲ့ US Capitol Hall ကတတန်းထဲဘဲ။
ဘယ်လိုအမြင်ရူဒေါင့်ကနေယူသလဲတော့မသိဘူး။ ကွန်ကရက်ကြီးက အားလုံးရဲ့ ထိပ်ကနေတယ်။ သမ္မတကြီးလင်ကွန်းကလည်းပါတယ်။ကိုယ့်ဖာသာသာကိုယ် ရူဒေါင့်အဖက်ဖက်၊ ကနေ စဉ်းစားစရာ
တွေးတောစရာတွေ လုပ်ယူလို့ ရသလိုပါဘဲ။

 The National Air and Space Museum ဒီပြတိုက် ထဲသွားကြည့်ရအောင်..။

လေယာဉ်ပျံမျိုးစုံတွေပါဘဲ..။


   
ဒုံးပျံတွေ...။

အပိုလို ၁၃...တဲ့( Apollo 13)(သူတို့ အထဲမှာဘယ်လိုလုပ်ပြီး တပတ်ဆယ်ရက်ကြာနေနိုင်လည်းမသိပါဘူး၊ကျဉ်းကျဉ်းကျပ်ကျပ်လေးရယ်)။


အပိုလို...၁၁ တဲ့(ဓါတ်ပုံလေးလှလှရိုက်မလို့ ဟာ၊ရှိသမျှအင်္ကျီတွေကိုင်ထားရတော့ အီးမှန်တဲ့မျက်နှာပေးနဲ့ လေ...:(((



ဒီရဟတ်ယာဉ်က စိတ်ဝင်စားစရာကောင်းတယ်။ ရက်ပေါင်း၃ဝကမ္ဘာတပတ်ပတ်မောင်းတော့
မြန်မာနိုင်ငံမှာလည်း၊ ခရီးတထောက်ဝင်နားတယ်တဲ့။

အဲဒီတုံးက သူ့ ဝတ်စုံနဲ့ သူသွားခဲ့တဲ့လမ်းကြောင်း...။


အဲဒီတုံးက မြန်မာနိုင်ငံဓါတ်ပုံလေးနဲ့ ...(ရွှေတိဂုံဘုရားနားက လူနေရပ်ကွက်တဲ့)

လေယာဉ်ပျံတွေ စက်တွေငေးနေတာနဲ့ အချိန်တွေတော်တော်လင့်ကုန်တယ်။
အဲဒီမှာဘဲ စားသောက်ပြီး နောက်ပြတိုက်တခု ဆက်ကြတယ်။ The National Gallery of Art တဲ့။

  
 အထဲမှာ ခန်းနားလှပနေတယ်။ ဒါပေမဲ့ ဥရောပက ကြေးရုပ်တွေကပိုလှနေသလိုပါဘဲ။


ပန်းချီကားတွေလည်းကြီးမားလွန်းတယ်။ အနားကပ်ရပ်တာတောင် အရပ်ကဘောင်နားမထိဘူး:((
တချို့ ပန်းချီကားတွေကြတော့ ဓါတ်ပုံတွေပေးမရိုက်ပါဘူး။

ကျမတို့ ဓါတ်ပုံရိုက်ပြီးမှ လာပြောတာခံရတယ်...ဟီး၊ကားယားကြီးတော့ပါသွားပြီလေ..။

နောက်ပြီးတော့ ဂျုးတွေကိုမျိုးသုန်းသတ်ဖြတ်ခံရတာ အမှတ်တရပြတိုက် Holocaust ကိုသွားပါတယ်။
အထဲမှာ ဓါတ်ပုံရိုက်ခွင့်မရှိပါဘူး..။တော်တော်သနားစရာကောင်းတယ်။ ဖိနပ်တွေပုံထားတဲ့အခန်းဆို ရင်ထဲဆို့ သွားတာဘဲ..။ ကျမအတွေ့ အကြုံအရ ဒီဂျုးတွေဟာ တကယ်ဆက်ဆံရခက်တယ်။
ဒီခရီး စစထွက်ချင်းဘဲကားဆရာလည်းဟုတ် ဂိုက်လည်းဟုတ်တဲ့ လူကကျမတို့ ၂ယောက်ကို
တောင်းပန်စကားတခုပြောပါရစေတဲ့..။ သူ့ တို့ ဘာသာစကားနဲ့ ဘဲ ပြောချင်လို့ ပြီးမှ ကျမတို့ ကို 

အင်္ဂလိတ်လို ရှင်းပြပါရစေတဲ့..။အိုကေပါတယ်။ ကျမတို့ ၂ယောက် ကင်မရာတယောက်တလုံးနဲ့ 
အလုပ်တွေရှုပ်နေတာ သူလိုက်လိုက်ဖမ်းရတယ်။ ၂ယောက်ပူးနေမှ ရှင်းလို့ ရတာကိုး...။
ရတယ်ရတယ်..ပြောလည်းအတင်းဘဲရှင်းပြနေတာဘဲ။ဘာတဲ့..ဝါရှင်တန်မြို့ ကို ချောကလက်မြို့ လို့ ၊
လည်းခေါ်တယ်တဲ့။ လူမည်းတွေများလို့ လေ...:P
ဒီပြတိုက်မှာတော့ ကျန်တဲ့လူ၎ ယောက်က ကျမတို့ ၂ယောက်ကို အတင်းလိုက်ရှင်းပြနေခဲ့တယ်။
ဒီတခါတော့ စိတ်ပါလက်ပါနားထောင်ခဲ့ပါတယ်။ သနားစရာကောင်းလိုက်တာ...မျက်ရည်တောင်ဝဲတယ်။
သူတို့ ထားတဲ့အမှတ်တရမှတ်တမ်းမှာလည်း အားပါးတရမြန်မာလိုရေးခဲ့တယ် သိလား..။
အဟား..ဘာရေးသလဲတော့မပြောဘူး..ဒါပေမဲ့ ကိုယ်တို့ လည်း အနှိမ်ခံခဲ့ရတဲ့လူတန်းစားတွေထဲကပါ..။
:((((((( 


ဆောင်းရာသီချမ်းချမ်းမှာ ဒီလို အိမ်ယာမဲ့ တွေလည်း အများကြီးတွေ့ ခဲ့တယ်..။
ကဲ...တခါထဲပြီးအောင်လုပ်လို့ လည်းရဘူး....။

အိမ်ဖြူတော်ရှေ့ ဖိုက်စတားဟော်တယ်ထဲဝင် ကျမကော်ဖီဝယ်ချင်ယောင်ဆောင်ပြီး
(ခင်သက်ထွေးဇာတ်လမ်းလုပ်ခဲ့တာတွေကို)နောက်တခေါက်ပေါ့နော့်။
:)))))

အားလုံးဘဲ ရွှင်လန်းချမ်းမြေ့ ပါစေ...
မီးမီး 
You might also like:
                                               


Juggernaut
Inline image 1  http://blog.mrjugger.net စာလာဖတ်ဖို့ဖိတ်ခေါ်ပါတယ်

★* 。 • ˚ ˚ ˛ ˚ ˛ •
•。★.★ 。* 。
° 。 ° ˛˚˛ * _Π_____*。*˚
˚ ˛ •˛•˚ */______/~\。˚ ˚ ˛
˚ ˛ •˛• ˚ | 田田 |門| ˚



0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...