Thursday, November 22, 2012

“သဘာဝ ကျတဲ့ ပန်းချီကား”



တစ်ခါက စပ်စုတတ်၍ အမေးအမြန်းအလွန်ထူသော အမျိုးသမီးကြီး တစ်ယောက်သည် ပန်းချီ ဆရာအိမ်သို့ သွားလည်ရင်း နံရံတွင် ချိတ်ထားသော ပန်းချီကားများကိုလိုက်ကြည့်နေလေသည်။ တနေရာတွင် ဘာပုံမှ ရေးဆွဲ မထားသော အလွတ် ပန်ချီ ကားနေရာတွင် 
မြန်မာနိုင်ငံရဲ့  ချမ်းသာကြွယ်ဝမှု သယံဇာတ ပေါများပုံ စာတမ်းရေးထားလေသည်။

ထို့နောက် ပန်းချီဆွဲရန် ပြင်နေသော ပန်းချီဆရာ အနီးသို့ သွားကာ


xx ဆရာ ဘာပုံတွေ ဆွဲနေတာလဲ။


-- မြန်မာနိုင်ငံရဲ့  ချမ်းသာ ကြွယ်ဝမှု သယံဇာတ ပေါများပုံတွေ ဆွဲနေတာလေ။


xx ဘာပုံမှ မမြင်ရပါလား။


--သေသေချာချာ ကြည့်ပါဗျ။ အလွန်လှပြီး အလွန်အဓိပ္ပါယ်ပြည့်ဝတဲ့ ပန်းချီကားကို ထင်ထင်ရှားရှားကြီး မြင်ရပါတယ်။


xx အဖြူရောင်ပိတ်ကားကြီးပါ။ တကယ် ဘာမှ မမြင်ရတာပါရှင်။


--ဘယ်မြင်ရပါ့မလဲ ၊အဖြူရောင်ဖြစ်နေမှာပေါ့။ ဘဏ္ဍာတွေ၊သယံဇာတတွေက စစ်ဗိုလ်တွေ၊၀န်ထမ်းဆိုးတွေ ခိုးလို့ ကုန်ပြီလေ။ တိုင်းပြည်လဲ ဖြူပြာ ကျနေပြီ။



သမိန်စစ်မုန်း ၂၆။သြဂုတ် ၂၀၀၉

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...