သစ်ထူးလွင် သတင်းစုစည်းမှု (၉-၁၁)
သစ်ထူးလွင်
|
- သာကေတ ၃၅ ဘတ်စ် မှတ်တိုင်မှ ကားစောင့်နေသူ ခရီးသည်များကို ၀င်တိုက်
- ရန်ကုန်တက္ကသိုလ်နှင့်ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်အဆို အနိုင်ရ
- ကန့်ဘလူမြို့နယ်တွင် ဆီတွဲရထား မီးလောင်ကျွမ်းခဲ့မှု (၂၅)ဦး သေဆုံးပြီး (၆၂)ဦး ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံပိုင် မီဒီယာမှ ကြေညာ
- နယ်ကျော် မွတ်စလင် ၇၈ဦးကို ရခိုင်ပြည်နယ် ပြန်ပို့ (ရုပ်/သံ)
- မိုးညှင်းခရိုင်ရှိ လက်ဖက်ရည် ဆိုင်များကို သိန်းရာချီ ကေအိုင်အို အခွန်ကောက်
- ဆောမြို့ အရှေ့ ခြမ်းနဲ့ အနောက်ခြမ်းကို ဆက်သွယ်ထားသော ဘေလီတံတားကျိုးကျ
- ဆီရထား တိမ်းမှောက်မှု ဒါဏ်ရသူ အရေးပေါ်လူနာတွေကို ကူညီနေ
- ဆီရထား တိမ်းမှောက် မီးလောင်မှု နောက်ဆက်တွဲ (သတင်း-ဓါတ်ပုံ)
- ဆီရထားတွဲ တိမ်းမှောက် မီးလောင်၊ လူ(၃၀)သေဆုံးပြီး၊ (၈၄)ဦး ဒါဏ်ရာရ
- ညသန်းခေါင်ကျော် မြို့တွင်း လက်နက်ကြီး ၅ လုံးကျ
- တရားဥပဒေစိုးမိုးရေး သည် မြန်မာအတွက် စိမ်ခေါ်မှု
- နိုဝင်ဘာလ (၈)ရက်နေ့ ထုတ် 7DayNews ဂျာနယ် အတွဲ(၁၁)၊ အမှတ်(၃၅)
- စစ်တွေဆေးရုံသို့ သေနတ်ဒဏ်ရာဖြင့် လူနာတစ်ဦး ထပ်မံရောက်ရှိလာ
- ဆံတော်ရှင်မှ ဘုရားဖူး၍ အပြန် ရခိုင် သားအဖနှစ်ဦး တူမီးသေနတ်ဖြင့် ပစ်ခတ်ခံရ
- ဖမ်းဆီးခံ မြန်မာ တပ်သား (၃) ဦး ကိစ္စ နစကနှင့် ဘီဂျီပီ အလံတင် အစည်းအဝေး ပြုလုပ်ပြီး ဆွေးနွေး
- နိုင်ငံကျော် အဆိုတော်ကြီး ဦးခင်မောင်တိုးရဲ့ ကျန်းမာရေး အခြေအနေ
- ဆွီဒင် ဝန်ကြီးချုပ် မြန်မာနိုင်ငံကို သွားရောက်ပြီး ဒေါ်စုနဲ့ တွေ့မည်
- နိုဝင်ဘာလ (၁၀) ရက်နေ့ ထုတ် မြန်မာ သံတော်ဆင့် သတင်း ဂျာနယ်
- နိုဝင်ဘာလ (၈) ရက်နေ့ ထုတ် မြန်မာအင်ဒီပဲန်ဒင့် သတင်းဂျာနယ် အမှတ် (၂၆)
- ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့် အထိန်းသိမ်းခံရဟု သတင်းထွက်ပေါ်
- နိုဝင်ဘာလ (၁၂) ရက်နေ့ ထုတ် လျှပ်တစ်ပြက်သတင်းဂျာနယ် အတွဲ (၄)၊ အမှတ် (၅)
- မလွယ်သေးသော ကျောပိုးအိတ် နေ့ရက်များ
- ရိုဟင်ဂျာလူမျိုးအဖြစ် အသိအမှတ်ပြုဖို့ ရွာ ၅ ရွာက နေထိုင်သူတွေ တောင်းဆို
- ရှမ်းပြည်နယ်အတွင်း SNDP ပါတီ တရားမဝင် ဂေါဒန်ကျောက်တူးဖော်
- ဖယ်ဒရယ် ဥပဒေမူကြမ်း ရေးဆွဲရေး တာဝန်ပေး
Posted: 09 Nov 2012 07:03 AM PST
ယနေ့နံနက် ၉ နာရီ ၀န်းကျင်ခန့် က သာကေတမြို့နယ် ၊ မြင်တော်သာ လမ်းပေါ်ရှိ ကျန်းမာရေး မှတ်တိုင်တွင် မြို့ထဲသို့ ဦးတည်မောင်း လာသော၃၅ မီနီဘတ်စ် ၅ခ/----မှလမ်းဘေး၌ ကားစောင့်နေသူ ခရီးသည် များကို အရှိန်လွန်၍ ၀င်တိုက်ခဲ့ပြီး ခရီးသည် ၃ ဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း သိရသည်။
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
Posted: 09 Nov 2012 06:51 AM PST
ဒီနေ့ ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ဒေါ်အောင်ဆန်းစုကြည် တင်သွင်းတဲ့ ရန်ကုန်တက္ကသိုလ်နဲ့ ပတ်သက်တဲ့ အရေးကြီး အဆိုကို ချက်ချင်းဆွေးနွေး၊ ချက်ချင်း မဲခွဲဆုံးဖြတ်ရာမှာ မဲအပြတ်သတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။
အဆိုကတော့ “ရန်ကုန် ၀ိဇ္ဇာနှင့် သိပ္ပံ တက္ကသိုလ်အား ပြုပြင်မွမ်းမံပြီး သင်ထောက်ကူပစ္စည်းများနှင့် ဘာသာရပ်ဆိုင်ရာ ပစ္စည်းများဖြင့် အဆင့်မီ တက္ကသိုလ်ကြီး တခု ဖြစ်မြောက်ရေးအတွက် ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ လွှတ်တော်ရေးရာ ကော်မတီ ကော်မရှင် အဖွဲ့ဝင်များ၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများနဲ့ အသိပညာရှင် အတတ်ပညာရှင်များ ပါဝင်သည့် ကြီးကြပ်ကွပ်ကဲရေး အဖွဲ့ကို ဖွဲ့စည်းပေးပါရန် ပြည်ထောင်စု အစိုးရအားတိုက်တွန်းကြောင်း” ဆိုပြီး ဖြစ်ပါတယ်။ အဆိုကို အရေးတကြီး တင်သွင်းရတာနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က “မြန်မာနိုင်ငံကို နိုင်ငံတကာကနေ ပညာရေးနဲ့ ပတ်သက်ပြီး အကူအညီတွေ ပေးချင်နေကြတဲ့အကြောင်း၊ ကမ်းလှမ်းမှုတွေလည်း အများကြီး ရှိနေကြောင်း၊ ပညာရေးကဏ္ဍ တိုးတက်ဖို့အတွက် တက္ကသိုလ်ပညာရေး အဆင့်မြှင့်ဖို့ လိုသလို ရန်ကုန်တက္ကသိုလ်ကိုလည်း အဆင့်မြှင့်တင်ဖို့လိုကြောင်း၊ နိုင်ငံတကာက အကူအညီပေးလိုသူတွေကလည်း အချိန် ကြာသွားရင် စိတ်ဝင်စားမှုလျော့နည်းသွားနိုင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဆိုကို ကချင်ပြည်နယ် အမတ် ဒေါ်ဒွဲဘူ အပါအ၀င် ရန်ကုန်တက္ကသိုလ် တက်ရောက်ခဲ့သူ အမတ်တချို့က ထောက်ခံ ဆွေးနွေးခဲ့ကြပါတယ်။ ပညာရေးဝန်ကြီးဌာန ၀န်ကြီးက “မြန်မာနိုင်ငံမှာ တက္ကသိုလ် ၁၆၀ ကျော် ရှိကြောင်း၊ ရန်ကုန်တက္ကသိုလ် တခုတည်းကို အဆင့်မြှင့်တင်လို့ မဖြစ်ကြောင်း၊ ဒီကိစ္စ ပညာရေးဝန်ကြီးဌာနက ဆောင်ရွက်နေတဲ့အတွက် သီးခြား အဖွဲ့ ဖွဲ့စည်းဆောင်ရွက်ဖို့ မလိုသေးဘူး ထင်ကြောင်း၊ အဆိုကို မှတ်တမ်းအဖြစ်သာ ထားစေလိုကြောင်း” ပြန်လည် ပြောဆိုခဲ့ပါတယ်။ ပညာရေးဝန်ကြီးရဲ့ ဖြေရှင်းချက်အပေါ် ဒေါ်အောင်ဆန်းစုကြည်က မြန်မာ့ပညာရေးစနစ် တခေတ် တခါတုန်းက အဆင့် မြင့်မားခဲ့ပြီး အနှစ် ၂၀ အတွင်း နိမ့်ကျသွားခဲ့ပုံ၊ တက္ကသိုလ် အားလုံး မဟုတ်ဘဲ လက်တွေ့ကျကျ ရန်ကုန်တက္ကသိုလ်ကို အဆင့်မြှင့်ဖို့ လိုအပ်ပုံ၊ အရာရာကို ဗဟိုက ချုပ်ကိုင်တာ လုပ်ဖို့မသင့်ပုံတွေ ပြောဆိုပြီး မဲခွဲဆုံးဖြတ်ဖို့ တောင်းဆိုခဲ့ပါတယ်။ အဆိုကို မဲခွဲဆုံးဖြတ်တဲ့အခါ ဆန္ဒမဲပေးခွင့်ရှိသူ ၃၇၆ ဦးရှိတဲ့ထဲက ထောက်ခံမဲ ၂၄၈ မဲ၊ ကန့်ကွက်မဲ ၆၄ မဲ နဲ့ ကြားနေမဲ ၉ မဲ ဖြင့် လွှတ်တော်က အတည်ပြု လက်ခံခဲ့တဲ့အတွက် မဲအပြတ်အသတ်နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့အဆို အနိုင်ရခဲ့ပါတယ်။ by ဒီဗွီဘီ ဒေါ်အောင်ဆန်းစုကြည် အရေးကြီးအဆိုတင်သွင်း အသံဖိုင်နားဆင်ရန်။ | ||
Posted: 09 Nov 2012 06:21 AM PST
မန္တလေးမြို့ မြို့ဟောင်း ဘူတာမှ နိုဝင်ဘာ (၈)ရက် ည (၁၂) နာရီအချိန်တွင် ထွက်ခွာ လာသည့် ဓာတ်ဆီ (၇)တွဲ၊ ဒီဇယ် (၂) တွဲပါ စက်ခေါင်းမောင်း ဦးလှိုင်ဝင်း မောင်းနှင်သော ရထားအမှတ် (၈၀၇) အဆန်ဆီတွဲ ရထားသည် ကန့်ဘလူမြို့နယ် ချပ်ကြီး ဘူတာအဝင် မိုင်တိုင်အမှတ် (၅၁၁/၈)နှင့် (၅၁၁/၁၃) ကြားသို့ ရောက်ရှိစဉ် နိုဝင်ဘာ (၉)ရက် နံနက်(၉)နာရီ မိနစ် (၅၀)ခန့်တွင် ဓာတ်ဆီတွဲ (၃)တွဲမှ သံလမ်း အနောက်ဘက်သို့ လဲကျခဲ့ပြီး ဓာတ်ဆီတွဲ (၂)တွဲ ဘီးချော်ကျခဲ့ရာမှ ဆီများ ယိုဖိတ်ပြီး မီးစတင် လောင်ကျွမ်းခဲ့သည်။ ----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 09 Nov 2012 06:07 AM PST
လူဝင်မှုကြီးကြပ်ရေး ဥပဒေအရ ရခိုင် ပြည်နယ် ကနေ နယ်ကျော်ပြီး ရောက်လာတဲ့ မွတ်စလင် ၇၀ကျော်ကို ကော့သောင်း မြို့ကနေ ပြန်ပို့ ခဲ့ပါတယ်။ မြန်မာ့ ကြယ်ငါးပွင့် သင်္ဘောနဲ့ သယ်ဆောင် လာတဲ့ ရခိုင် ပြည်နယ်က မွတ်စလင် ၇၈ယောက်ကို နိုဝင်ဘာ ၉ရက်နေ့ မနက်က ရန်ကုန် သာကေတ ဆိပ်ကမ်းမှာ ပြန်လွှဲပြောင်းပေးပြီး ပြည်မြို့ကနေ ရခိုင် ပြည်နယ်ကို ပြန်ပို့မယ်လို့ လူဝင်မှု ကြီးကြပ်ရေး အရာရှိက ပြောပါတယ်။ Kamayut Media
ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 09 Nov 2012 06:28 AM PST
အဆိုပါ အကောက် အခွန် ငွေကျပ်သိန်း သုံးရာကို မပျက်မကွက် လာရောက် ပေးဆောင်ရန် နှင့် ထွက်ပြေး တိမ်းရှောင်ပါက ရှေ့တန်း တပ်စခန်းမှ ထိရောက်စွာ အရေး ယူသွားမည် ဖြစ်ပြီး အခွန်ငွေ ကို ငြင်းဆန်ပါ ကလည်း မအောင်မြင် မခြင်း လက်တွေ့ အကောင်အထည်ဖော် ပြုမူ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း လက်ဖက်ရည် ဆိုင် ပိုင်ရှင် များထံ ကေအိုင်အိုက အကြောင်းကြား သည့် စာတွင် ဖော်ပြ ထားသည်။
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
Posted: 09 Nov 2012 06:42 AM PST
ဆောမြို့နယ် ဆောမြို့မှာ ဆောချောင်းကို ဖြတ်ပြီး ဆောက်လုပ်ထားတဲ့ အထင်ကရ ဘေလီ သံဘောင်နှစ်ထပ် တံတားဟာ နိုဝင်ဘာလ (၈)ရက်နေ့  မနေ့ည ၉ နာရီဝန်းကျင်တွင် ဖြတ်မောင်း လာသော အုတ်သယ်ကား၏ တန်ပို အလေးချိန်ကို မခံနိုင်လို့ ကျိုးကျ ပျက်စီးသွားခဲ့ ရပါတယ်။
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ ကားလဲမှောက် တံတားလဲ ကျိုးပျက်သွားပုံ(ဆောမြို့ အနောက်ခြမ်းမှ တွေ့ မြင်ရစဉ်) | ||
Posted: 09 Nov 2012 04:56 AM PST
စစ်ကိုင်းတိုင်းဒေသကြီး ကျွန်းလှမြိုကနယ် ဝေနေယျသုခအသင်းသားများ အနေဖြင့်
ကန့်ဘလူမြို့နယ် ချက်ကြီးကျေး၇ွာ မြောက်ဘက် ၈ ဖာလုံခန့်အကွာဆီဘောက်ဆာတင် ရထားတစင်း ၉-၁၁-၁၂ ရက်နေ့ နေ့လည် တွင်တိမ်းမှောက်၊ အရေးပေါ်လူနာများအား ဦးကျော်လင်း ဥက္ကဌ၊ ဦးမောင်နိုင် ဒုဥက္ကဌ၊ ဦးသာဦး ဒုဥက္ကဌ၊ ဦးဝင်းထူး အတွင်းရေးမှူး၊ ဦးဇော်မြင့်ထွန်း(လ၀က) တွဲဘက်အတွင်းရေးမှူး တို့မှဦးဆောင်မှုဖြင့် ကန့်ဘလူ့ ရုဏာရှင်အသင်းနှင့် တွဲဘက်ပြီး ကန့်ဘလူနှင့် ကျွန်းလှဆေးရုံများသို့ ကူညီပို့ဆောင်ပေးလျှက်ရှိကြောင် လူအသေအပျောက်နှင့် ဒဏ်ရာရရှိသူ များပြားကြောင်း သေဆုံးသူ ဒဏ်ရာရ သူ အများအပြားရှိပါတယ်။ သတင်း - ဓါတ်ပုံ ။ ။ ၀င်းလွင်လတ် | ||
Posted: 09 Nov 2012 04:33 AM PST
လမ်းတွေမကောင်းလို့ မှောက်တာ။ ဓာတ်ဆီတွေကမှောက်ပြီးတော့ လယ်ကျင်းထဲ ဆင်းသွားတာ။ အဲဒါတွေကို ရွာသူရွာသားတွေက ခပ်ကြတာ။ အဲ့အချိန်မှာ မီးလောင်သွားတာ။ မနက် ၈ နာရီ ၅၀ မိနစ်မှာ မှောက်တာ။ ခပ်နေတဲ့ ရွာသူရွာသားတွေ ထိခိုက်သေဆုံးမှုက လောလောဆယ် ဆရာဝန်တွေ စစ်ပြီးတဲ့အချိန်မှာ ကျား ၁၆ ယောက်၊ မ ၇ ယောက်၊ ကျား၊မ ခွဲလို့မရတာက ၂ ယောက်၊ စုစုပေါင်း ၂၅ ယောက်။ ဆေးရုံကိုပို့ထားတဲ့ သေစာရင်းတော့မသိဘူး။ (ဒေသခံဆရာဝန် ဒေါက်တာလှိုင်မြင့်)
စစ်ကိုင်းတိုင်း ကျွန်းလှမြို့နယ်အပိုင် ချက်ကြီးဘူတာအ၀င်မှာ မန္တလေးကနေ- မြစ်ကြီးနားကိုသွားမယ့် ဓာတ်ဆီတင်ဆောင်တဲ့ ရထားတိမ်းမှောက်ပြီး မီးလောင်မှုဖြစ်ပွားတဲ့အတွက် အနည်းဆုံး လူ ၂၅ ဦးသေဆုံးပြီး ၈၀ လောက် ဒဏ်ရာရရှိသွားကြောင်း သတင်းရရှိပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီး ဒေသခံတစ်ဦးဖြစ်တဲ့ ဒေါက်တာ လှိုင်မြင့်က အခုလို ဒီဗွီဘီကို ပြောပါတယ်။ " ချက်ကြီးဘူတာအ၀င် လမ်းအခွဲမှာမှောက်တာ။ လမ်းတွေမကောင်းလို့ မှောက်တာ။ ဓာတ်ဆီတွေကမှောက်ပြီးတော့ လယ်ကျင်းထဲ ဆင်းသွားတာ။ အဲဒါတွေကို ရွာသူရွာသားတွေက ခပ်ကြတာ။ အဲ့အချိန်မှာ မီးလောင်သွားတာ။ မနက် ၈ နာရီ ၅၀ မိနစ်မှာ မှောက်တာ။ ခပ်နေတဲ့ ရွာသူရွာသားတွေ ထိခိုက်သေဆုံးမှုက လောလောဆယ် ဆရာဝန်တွေ စစ်ပြီးတဲ့အချိန်မှာ ကျား ၁၆ ယောက်၊ မ ၇ ယောက်၊ ကျား၊မ ခွဲလို့မရတာက ၂ ယောက်၊ စုစုပေါင်း ၂၅ ယောက်။ ဆေးရုံကိုပို့ထားတဲ့ သေစာရင်းတော့မသိဘူး။ ကျနော်တို့က ချက်ကြီးရောက်နေတယ်။ မီးလောင်လို့ ဆေးရုံတက်နေတဲ့ လူနာက ၇၄ ယောက်လောက် ရှိတယ်။ ကန့်ဘလူကုတင် ၁၀၀ ဆေးရုံမှာ အများဆုံးပဲ ၆၄ ယောက်ရှိတယ်။ ကျွန်းလှမှာ ၈ ယောက်၊ ချက်ကြီးမှာ ၂ ယောက်။ အဓိကက ခပ်တဲ့သူတွေလောင်တယ်။ နောက် အထက်ကလာတဲ့ ရထားတစင်းက ဆိုက်နေတယ်။ ကောလင်းရထားခေါ်တယ် ဒေသအခေါ်။ အဲမှာ ၀ိုင်းအုံကြည့်နေတဲ့အချိန်မှာပဲ ကြည့်နေတဲ့သူတွေပါ မီးဟပ်တာ၊ မီးသတ်ကားတွေ ၀ိုင်းငြှိမ်းကြတယ်၊ ၂ နာရီခွဲလောက်မှာ ငြိမ်းသွားတယ်၊ အပူရှိန်တွေကတော့ ကျန်နေသေးတယ်။ ရေထွက်ထွက်လောင်းပေးနေရတယ်။ မီးလောင်မှု မြင်ကွင်း ဓါတ်ပုံများ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ ဒေသခံတွေက ပျောက်တဲ့သူတွေ ရှာနေတယ်။ မနက်ကတည်းက သတင်းမရကြတော့ ကိုယ့်လူတွေထဲ သေသလား ရှင်သလားမသိ။ တချို့ ကန့်ဘလူသွားတဲ့ထဲမှာ ဒဏ်ရာရသူတွေနောက် လိုက်သွားကြတဲ့သူတွေလည်း ရှိတော့ မိဘတွေက သေသလားရှင်သလားမသိ စိတ်ပူနေတယ်။ နာမည်နဲ့အတိအကျ မရသေးဘူး။ ရွာထဲမှာ မနက်ခင်ကတည်းက ပျောက်တဲ့သူ စာရင်းတွေရနေပြီ။ ဘယ်သူဘယ်ဝါတော့ အတိအကျ စာရင်းမထွက်လာသေးဘူး။" ကန့်ဘလူမြို့နယ် ချက်ကြီးကျေးရွာ အနီး ဆီဘောက်ဆာ ရထား တစ်စီး တိမ်းမှောက် ကျွန်းလှမြို့နယ် ဝေနေယျသုခ လူမှုကူညီရေး အသင်းနှင့် ကန့်ဘလူမြို့ ဂရုဏာရှင်အသင်းတို့ တွဲဘက်ပြီး မီးလောင်ဒဏ်ရာရ လူနာများအား ကန့်ဘလူနှင့် ကျွန်းလှဆေးရုံများသို့ ပို့ဆောက်ပေးလျှက်၇ှိ (iCJ) DVB TV News | ||
Posted: 09 Nov 2012 05:02 AM PST
မြစ်ကြီးနား-မန္တလေး ပြေးဆွဲသော ဆီသယ်ရထားသည် စစ်ကိုင်းတိုင်း ဒေသကြီး ကန့်ဘလူမြို့နယ် ချက်ကြီးကျေးရွာ အနီးရှိ ချက်ကြီး ဘူတာအဝင် ပွိုင့်ခွဲတွင် ယနေ့ နံနက် ၁၀ နာရီခွဲက ဆီတွဲ တိမ်းမှောက်ခဲ့ရာ ချက်ကြီးရွာသူ၊ ရွာသားများ ဆီလုယက် ခပ်ယူကြရာမှ မီးလောင်မှု ဖြစ်ပွားခဲ့ပြီး မီးလောင်မှုကြောင့် လူ ၃၀ ဦး သေဆုံးခဲ့ကာ ဒဏ်ရာရရှိသူ ၈၄ ဦး ရှိသွားပြီဖြစ်ကြောင်း----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ မီးလောင်မှုမြင်ကွင်း ဓါတ်ပုံများကို ကိုဝင်းလွင်လတ် မှ Myanmar News Now ကို ပေးပို့ ထားတာဖြစ်ပါတယ်။ | ||
Posted: 09 Nov 2012 03:30 AM PST
သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲခရိုင် မိုင်းငေါ့မြို့နယ်ခွဲ အတွင်း၌ ညသန်း ခေါင်ကျော် ယနေ့နံနက် ၃ နာရီ၌ လက်နက်ကြီး ၅ လုံးကျကြောင်း၊ ဒေသခံနေအိမ် အချို့ ပျက်စီးသွားကြောင်း မျက်မြင်များက ပြောပါသည်။
“ဒီမနက် ၃ နာရီလောက် မိုင်းငေါ့မြို့ ဝမ့်တုံ့လုံရွာ အပိုင်းမှာ လက်နက်ကြီး ၅ လုံးကျတယ်။ မြို့ပြင် ကနေ ပစ်ထည့်တာ။ ဗုံးထိမှန်တဲ့ အိမ်ရှင်ကိုလဲ ရဲစခန်းက မနက်ကတည်းက ခေါ်သွားတယ်” - ဟု မိုင်းငေါ့မြို့ခံ အိုက်နောင့်က ပြောပါသည်။ ယနေ့နံနက် ၃ နာရီအချိန် အမည်မသိလက်နက်ကိုင်တစုက မြို့ပြင်မှနေ၍ မိုင်းငေါ့မြို့နယ်ခွဲ၊ ဝမ့်တုံ့လုံ ရွာ အား ၄၀ mm ရော့ကက်ဖြင့် ၅ ကြိမ်ပစ်ခတ်ရာမှာ သုံးလုံးမှာကွဲသွားပြီး ကျန်နှစ်လုံးက မကွဲ ကြောင်း၊ စိုင်းထွန်းမြတ် နန်းမြသိန်း နေအိမ် ထိမှန်ပြီး တံစက်မြိတ်ပြိုပျက်သွားကြောင်း - ကျားဖြူပါတီ အသိုင်းအဝိုင်းကလည်းပြောပါသည်။ “ဝမ့်တုံ့လုံဆိုတာ မိုင်းငေါ့မြို့တွင်းဘဲဗျ။ ဘယ်အဖွဲ့လဲဆိုတာကျနော်တို့လဲမသိ အဆိုပါဒေသဘက်တွင် မြန်မာအစိုးရ စစ်တပ်အပြင် သျှမ်းပြည်တပ်မတော် SSPP/SSA ၊ RCSS/SSA အပြင် ရံဖန်ရံခါ တအာင်းအမျိုးသားလွတ်မြောက်ရေး by သျှမ်းသံတော်ဆင့် | ||
Posted: 08 Nov 2012 10:30 PM PST
သောမတ် ကိုဟေး ကင်တားနားက ပြောပါတယ်။ အကြမ်းဖက်မှုတွေ ဖြစ်ပွါးခဲ့တဲ ရခိုင်ပြည်နယ်မှာလည်း တရားဥပဒေစိုးမိုးမှု ကင်းမဲ့နေပြီး အထက် အမိန့်အရ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက အခြေအနေတွေကို ထိန်းသိမ်းမှု ကြိုးပမ်းမှုမျိုး သာရှိတယ်လို့ မစ္စတာ ကင်တားနားက ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။ အသေးစိတ်ကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ဦးကျော်ဇံသာက ပြောပြပေးပါမယ်။ တရားဥပဒေစိုးမိုးဆိုတာဟာ ရခိုင်ဒေသက ပဋိပက္ခကို ရေတို ထိန်းသိမ်းရေး အတွက်ရော ရေရှည်ဖြေရှင်းရေးအတွက်ပါ အရေးတစ်ကြီး လိုအပ်နေတယ် ဆိုတာကိုတော့ ဒေါ်အောင်ဆန်းစုကြည် နဲ့ မြန်မာ့ခေါင်းဆောင် များ နှင့်တကွ နိုင်ငံတကာ ကပါ ပြောဆို ထုတ်ပြန် နေကြတာဖြစ်ပါတယ်။ တကယ်တော့ ရခိုင်ပြည်နယ်သာမကပါဘူး။ မြန်မာနိုင်ငံ တစ်နိုင်ငံလုံးမှာပါ တရားဥပဒေ တည်ဆောက်ရေးဟာ အခြေခံလိုအပ်ချက်ကြီးတစ်ရပ်ဖြစ် "ကျနော့်အယူအဆကတော့ တရားဥပဒေစိုးမိုးရေး ဆိုတာဟာ မျှော်လင့်ချက် တစ်ရပ်ဖြစ်ပါတယ်။ လက်တွေ့အခြေအနေကတော့ ဆယ်စုနှစ်တွေ နဲ့ချီပြီး စစ်အစိုးရအုပ်စိုးခဲ့တဲ့ မြန်မာနိုင်ငမှာ တရားဥပဒေ စိုးမိုးရေး မရှိပါဘူး။ ဒါဟာ အစိုးရအတွက်သာမက လွှတ်တော်အပါအဝင် သက်ဆိုင်သူအားလုံး အတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်ပါတယ်။ တရားဥပဒေစိုးမိုးရေး ကော်မတီ တစ်ရပ်ကို ဒေါ်အောင်ဆန်းစုကြည် အမှုးပြုပြီး ဖွဲ့စည်း ပေးထားတာလည်း သိရပါတယ်။ ဒီအဖွဲ့အစည်း အပါအဝင် သက်ဆိုင်သူတွေ ဟာ ယုတ်စွ အဆုံး တရားဥပဒေ စိုးမိုးရေးအတွက် အခြေခံဘောင်တစ်ရပ်ကို ဦးစွာချမှတ်သင့်ပါတယ်။ တရားဥပဒေ လုံးဝ ကင်းမဲ့နေတယ်ဆိုတဲ့ နမူနာကိုတော့ ရခိုင်ပြည်နယ်မှာ တွေ့မြင်နေရပါတယ်။ အဲ့ဒီ့ကပြဿနာကို ကိုင်တွယ်တဲ့နေရာမှာ ဥပဒေစိုးမိုးရေးကို အခြေခံချမှတ်ထားတဲ့ မူဝါဒမျိုး မတွေ့ရပါဘူး။ အမိန့်နဲ့ လုံခြုံရေးအဖွဲ့တွေဟာ အခြေအနေကို လိုက်ထိန်းနေတာပဲရှိပါတယ်။” လုံခြုံရေးတပ်ဖွဲ့တွေအနေနဲ့ အခုလို ရခိုင်က ပဋိပက္ခလိုဟာမျိုးကို ဝင်ရောက်ထိန်းသိမ်းကြတဲ့နေရာမှာ “ဒေသန္တရအဆင့်မှာလည်း ပြဿနာရှိပါတယ်။ ဒီအဆင့်မှာ လုံခြုံရေးအာဏာပိုင်တွေဟာ တရားဥပဒေစိုးမိုးရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ စံချိန်စံညွှန်းတွေ လိုက်နာခြင်းမရှိဘူးဆိုတဲ့ အချက်အလက်တွေ ကျနော်တို့ရထားပါတယ်။ ဒီလိုမလိုက်နာတဲ့အတွက် လုံခြုံရေးတပ်ဖွဲ့တွေဟာ လူ့အခွင့်အရေးချိုးဖောက်ပြီး အင်အားအလွဲသုံးစား လုပ်တာမျိုးတွေရှိပါတယ်။” တရားဥပဒေစိုးမိုးမှု တည်ဆောက်ရေးဆိုတဲ့နေရာမှာ ၁၉၈၂ခုနှစ် နိုင်ငံသားဖြစ်မှု ဥပဒေကို ပြန်လည်စစ်ဆေးဖို့ လိုအပ်နေတယ်လို့လည်း မစ္စတာကင်တာနားက ဆိုပါတယ်။ အဲ့ဒီ့ဥပဒေအရ မြန်မာနိုင်ငံမှာ ဝင်ရောက်လာခဲ့သူတွေရဲ့ တတိယမျိုးဆက်ကို နိုင်ငံသားအဖြစ် အသိအမှတ်ပြုမယ်ဆိုတဲ့အချက်ကိုေ “ဒီပြဌာန်းချက်ဟာ ပြန်ပြီးတော့ သုံးသပ်ရမယ့် အချက်တခုဖြစ်ပါတယ်။ ဒါပေမဲ့ ကျနော့်လို ကုလသမဂ္ဂ ကိုယ်စားလှယ်တယောက်က သုံးသပ်ရမယ့်ကိစ္စမဟုတ်ပါဘူး။ ခင်ဗျားတို့ မြန်မာပြည်သူတွေ၊ အစိုးရသာမက သက်ဆိုင်တဲ့ တိုင်းရင်းသားလူမျိုးစု အားလုံးက ဆုံးဖြတ်ကြရမှာပါ။ လူထုကိုယ်စားလှယ်တွေ စုဝေးရာ လွှတ်တော်ကသာ ဆုံးဖြတ်ရမှာပါ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသားအမတ်တွေကနေ ဒီဥပဒေကို ပြန်လည်သုံးသပ်ဖို့ ကြေညာချက် ထုတ်ပြန်ထားတာ တွေ့ရပါတယ်။” ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စတာသောမတ်အိုဟေးကင်တာနားဟာ လူအုပ်စုလိုက် အကြမ်းဖက်မှုတွေ၊ သတ်ဖြတ်မှုတွေဖြစ်ပွားခဲ့တဲ့ ရခိုင်ဒေသကို သွားရောက်လေ့လာခဲ့သူဖြစ်ပါတယ်။ မကြာခင်မှာလည်း ကချင်ဒေသနဲ့ အဲ့ဒီ့ရခိုင်ဒေသကို ပြန်လည်သွားရောက်ဖို့ သူစဉ်းစားနေတယ် ပြင်ဆင်နေတယ်လို့ လည်း ပြောကြားသွားပါတယ်။ ဦးကျော်ဇံသာ (ဗွီအိုအေ မြန်မာဌာန) | ||
Posted: 08 Nov 2012 10:12 PM PST
| ||
Posted: 08 Nov 2012 09:27 PM PST
ယနေညနေ ၅နာရီခွဲခန့်က ပေါက်တောမြို့နယ် ဆွမ်းမဲကြည်ကျေးရွာမှ ဦးမောင်သန်းဦး (၄၄) နှစ်နှင့် သား မောင်းဝင်းဝင်းရွှေ (၉) နှစ်တို့ ငါးဖမ်းနေစဉ် ဘင်္ဂါလီအချို့ စက်လှေဖြင့် ရောက်လာပြီး တူမီးသေနတ်ဖြင့် ပစ်ခတ်သောကြောင့် ဦးမောင်သန်းဦး၏ ၀မ်းဗိုက်၊ ပေါင်၊ ဒူးနှင့် လက်များတွင် အပြင်းအထန် ဒဏ်ရာရရှိခဲ့သောကြောင့်---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
Posted: 08 Nov 2012 09:20 PM PST
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်တွင် ဆံတော်ရှင်မှ ဘုရားဖူး၍အပြန် နောက်ဆုံးကျန်ရစ်ခဲ့သော သားအဖနှစ် ဦးမှာ တူမီးသေနတ်ဖြင့် ပစ်ခတ်ခံရသည်ဟု သတင်းရရှိသည်။ တူမီးသေနတ်ဖြင့် ပစ်ခတ်ခံရသူတို့မှာ ပေါက်တောမြို့နယ် ဆံတော်ရှင်ကျွန်း စောမဲကျီ ကျေးရွာမှ ဦးလပြည့် ဦး (၄၀ကျော်) သားအဖ နှစ်ဦးဖြစ်သည်။
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
Posted: 08 Nov 2012 09:10 PM PST
နယ်စပ်ဒေသ လူဝင်မူ ကြီးကြပ်ရေး အဖွဲ့ နစကနှင့် ဘီဂျီပီ ဘင်္ဂလာဒေခ်ျ့ နယ်ခြား စောင့်တပ်ဖွဲ့တို့ သည် နယ်စပ်တွင် ယမန်နေ့က တွေ့ဆုံကာ ဖမ်းဆီးခံ ထားရသော မြန်မာနိုင်ငံမှ GE တပ်သား ၃ ဦး အရေးနှင့် ပတ်သက်ပြီး တွေ့ဆုံ ဆွေးနွေး ခဲ့ကြသည်ဟု သိရသည်။ နှစ်နိုင်ငံ တပ်မှူး အဆင့် အလံတင် တွေ့ဆုံ ဆွေးနွေးပွဲတွင် မြန်မာဘက်မှ ဖမ်းဆီးခံထားရသော တပ်သား (၃) ဦး ပြန်လည် လွှတ်မြောက်ရေး အတွက် ----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
Posted: 08 Nov 2012 08:54 PM PST
တေးသံရှင် ခင်မောင်တိုး စကာင်္ပူတွင် သက်၇ှိထင်ရှား ရှိနေသေးကြောင်း သိရပြီး မြန်မာနိုင်ငံမှ တေးသံရှင်
ဂျေမောင်မောင်သည် ယနေ့ နံနက်၁၀ နာရီ အချိန်က စကာင်္ပူနိုင်ငံသို့ ထွက်ခွာ သွားကြောင်း သိရသည်။ ဂျေမောင်မောင် မထွက်ခွာမီ ၉နာ၇ီဝန်းကျင် အချိန် ထိ တေးသံရှင် ခင်မောင်တိုးမှာ သက်၇ှိထင်ရှား ၇ှိနေသေးကြောင်း သိရပြီး ဂျေမောင်မောင်ထံမှ ဆက်သွယ်မှုကို စောင့်ဆိုင်းနေကြသည့် အပြင် မိတ်ဆွေ သူငယ်ချင်းများ ကလည်း စောင့်ဆိုင်းနေကြကြောင်း သိရသည်။ နိုင်ငံကျော် အဆိုတော်ကြီး ဦးခင်မောင်တိုးရဲ့ ကျန်းမာရေး အခြေအနေဟာ အထူးစိုးရိမ်ဖွယ် အနေအထားနဲ့  ယမန်နေ့ က သတိပြန်လည်ရရှိခြင်း မရှိကြောင်းနဲ့  အထူးကြပ်မတ် ကုသဆောင်ထဲတွင် ထားရှိရကြောင်း ၊ စင်ကာပူမှ သတင်းများ ရရှိမှုနှင့်အတူ အွန်လိုင်းစာမျက်နှာ အချို့ မှာလည်း ကွန်လွန်ပြီဆိုသည့် သတင်းနှင့်  ထိုသတင်းကို အတည်ပြုနိုင်ခြင်း မရှိသေး ကြောင်း ဆိုတဲ့ သတင်းတွေပျံ့ နှံ့ နေဆဲဖြစ်တာမို့ သူရဲ့  ချစ်ပရိ သတ်များကတော့ ဦးခင်မောင်တိုး ပြန်လည် ကျန်းမာလာစေရန် ဆုတောင်းနေကြဆဲဖြစ်ပါတယ်။ ကွန်လွန်ပြီဆိုသည့် သတင်းမှန် ၊ မမှန်ကို နာရေးကူညီမှုသတင်း(ရန်ကုန်) သို့ လည်း မေးမြန်မှုများ အထူး များပြားနေကြောင်း နာရေးကူညီမှု အသင်း(ရန်ကုန်) အနေနဲ့ အဲဒီ သတင်းကို အတည်ပြုနိုင်ခြင်း မရှိသေးဘူးလို့ သာ ဖြေကြားပေးနေ ကြကြောင်း ကြားသိရပါတယ်။ အတူသီဆိုခဲ့ဘူးတဲ့ အဆိုတော် မီမီဝင်းဖေ ကလည်း “ ကိုခင်မောင်တိုး ကျေးဇူးပြုပြီး အားတင်းထားပါလို့ ” သူရဲ့ Facebook မှာ ဆန္ဒပြုထားပါတယ်။ Popular Myanmar News Journal | ||
Posted: 08 Nov 2012 08:38 PM PST
ဆွီဒင် ဝန်ကြီးချုပ် Fredrik Reinfeldt ဟာ လာမယ့် သီတင်းပတ်အတွင်း မြန်မာနိုင်ငံကို သွားရောက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမယ်လို့ ဆွီဒင်ဝန်ကြီးချုပ်ရုံးက မနေ့က ပြောပါတယ်။
ဆွီဒင်ဝန်ကြီးချုပ် ဟာ မြန်မာနိုင်ငံမှာ လာမယ့် တနင်္လာနဲ့ အင်္ဂါနေ့ နှစ်ရက် နေထိုင်မှာဖြစ်ပြီး သမ္မတ ဦးသိန်းစိန်၊ လွှတ်တော် ဥက္ကဌတွေ၊ တိုင်းရင်းသား ကိုယ်စားလှယ်တွေနဲ့လည်း တွေ့ဆုံမယ်လို့ သိရပါတယ်။ ဆွီဒင် ဝန်ကြီးချုပ်နဲ့ အတူ ဆွီဒင် ကုန်သွယ်ရေးဝန်ကြီးနဲ့ အဖွဲ့လည်း လိုက်ပါလာမှာဖြစ်ပါတယ်။ အခုခရီးစဉ်ဟာ ဆွီဒင်နိုင်ငံအစိုးရ အကြီးအကဲတစ်ယောက်ရဲ့ ပထမဆုံး မြန်မာနိုင်ငံခရီး ဖြစ်ကြောင်း ဝန်ကြီးချုပ်ရုံး ပြောခွင့်ရသူ ကပြောပါတယ်။ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး၊ ဒီမိုကရေစီမြှင့်တင်ရေး စီမံချက်တွေ စတဲ့ လူသားချင်းစာနာတဲ့ အကူအညီတွေအတွက် ဆွီဒင်နိုင်ငံ ဟာ မနှစ်က အမေရိကန်ဒေါ်လာ (၁၈)သန်း ကူညီခဲ့ပါတယ်။ RFA Burmese
| ||
Posted: 08 Nov 2012 08:25 PM PST
နိုဝင်ဘာလ (၁၀) ရက်နေ့ ထုတ် မြန်မာသံတော်ဆင့်သတင်းဂျာနယ် …Vol-1,No-35, Nov-10-16,2012
ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 08 Nov 2012 08:22 PM PST
|
[Message clipped] View entire message
0 comments:
Post a Comment