သစ်ထူးလွင် သတင်းစုစည်းမှု (၁၃-၁၁)
သစ်ထူးလွင်
|
- ဆွမ်းခံသံဃာတော် ၇ ပါးအား ရဲစခန်းပိုင်သုံးဘီးယာဉ်ဝင်တို
က် - အရေးယူမှုမရှိ - တောင်ပိုင်း ဝ တပ်ဖွဲ့က သျှမ်း/အရှေ့ ဒေသခံ လယ်ယာမြေများအား နည်းအမျိုးမျိုးဖြင့်သိမ်းယူ
- ကမန်အမည်ဖြင့် နိုင်ငံသား စိစစ်ရေး ကဒ် ရယူထားသူ နှစ်သိန်းကျော်ရှိ
- အိမ်ပြန်ချိန် ဘယ်တော့လဲ
- ရခိုင်ပြည်နယ်ဆောက်လုပ်ရေးကဏ္ဍအတွ
က် လွှတ်တော်သို့ ကျပ် ၅၈ ဘီလီလျံဘိုးတင်ပြ - ဖက်ဒရယ်စနစ် ချင်းအမျိုးသားပါတီဥက္ကဌ ပူဇိုဇမ် ပြော
- အင်းလေးကန် အခြေအနေ ဆိုးဝါးလာ
- တပ်မိသားစုဝင်များ အဖမ်းခံရသဖြင့် ဒီကေဘီအေ နယ်စပ်ဂိတ်ပိတ်
- မောင်တော တိုက်ခိုက်မှု လူ ၁၅ ဦးကို အစိုးရတပ်က ဖမ်းဆီးရမိထား
- ပျဉ်းမနား ဒေသခံရွာသားများ ကိုယ့်အိမ်ကိုယ်ဖျက်ပေးရ
- အိန္ဒိယ သတင်းစာတွေက ဘာပြောလဲ
- ဒေါ်အောင်ဆန်းစုကြည်၏ ဒေဝါလီပွဲတော်ချိန် အလည်ခရီးက အမှတ်ရစရာများ ပြည့်နေခြင်း
- ၂၅ နှစ်အကြာ အိန္ဒိယမြေသို့ အလည်အပတ် ရောက်လာပြန်သော ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ် (ရုပ်/သံ)
- မန္တလေးဆေးရုံရောက် ငလျင်လူနာများ အခြေအနေ တိုးတက်၊ ဆေးကုသစရိတ်နှင့် ဆေးဖိုးဝါးခ အကူအညီလိုအပ်
- တရုတ်သို့အဓမ္မထိမ်းမြားမှုနှင့် လူကုန်ကူးခံခဲ့ရသူ အမျိုးသမီးတစ်ဦး၏ ဖွင့်ဟ၀န်ခံချက်
- ရွှေဘိုငလျင် ပျက်စီးဆုံးရှုံးမှုနှင့် အသေအပျောက်စာရင်း အတိအကျမသိနိုင်သေး
- ငလျှင်ဒဏ်သင့် ဒေသက အိမ်အချို့ ပြန်ဆောက်ဖို့ အခက်အခဲရှိ
- တောင်ကိုရီးယားပိုင် စက်ရုံက အလုပ်သမား ၇၀ ကျော် အလုပ်ထုတ်ခံရ
- နှစ်လေးဆယ်အတွင်း ဒေါ်စု အိန္ဒိယ ပြန်ရောက်
- အခွင့်အရေး တောင်းဆိုမှု နားလည် ဖြေရှင်းတတ်ဖို့ လို
- နိုဝင်ဘာ ၁၃ ရက်နေ့ထုတ် First Eleven Sports Journal အတွဲ ၁၃ အမှတ် ၂၄
- ပျောက်ဆုံး စစ်သားများ အရေး နှစ်နိုင်ငံ ဆက်သွယ် ဆောင်ရွက်နေ
- မြေငလျင် ကြောင့် သေဆုံးသူ ၁၆ ယောက် ရှိ
Posted: 13 Nov 2012 06:48 AM PST
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့၌ ယခုလဆန်းပိုင်းက ဆွမ်းခံသံဃာတော်များအား သုံးဘီးယာဉ် ဝင်တိုက်မှု ဖြစ်ပွါးခဲ့ရာ သံဃာတော် ၇ ပါး ဒဏ်ရာရပြီး ဆေးရုံတင်ထားရသော်လည်း ယာဉ်မောင်းအား အာဏာပိုင်မှ တစုံတရာအရေးယူမှု မရှိသေးကြောင်း မြို့ခံများကပြောပါသည်။
“ဒီလ ၅ ရက် မနက် ၈ နာရီကပေါ့။--- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
Posted: 13 Nov 2012 06:58 AM PST
သျှမ်းပြည် အရှေ့ပိုင်း မိုင်းတုံမြို့နယ် အတွင်း ဝ တပ်ဖွဲ့က လူထု လယ်မြေ များအား အဓမ္မ သိမ်းယူမှု၊ အဓမ္မ ဝယ်ယူမှု အပေါ် ဒေသခံများ မကျေမနပ် ဖြစ်နေသည်ဟု ဒေသတွင်း သတင်းရပ်ကွက်က ဆိုပါသည်။
“ဂျူလိုင်လ ကတည်းက နိုင်ငံရေး ပါတီတွေ ဆီ တင်ထားတယ်။ ဝ တပ်ဖွဲ့က ကျမတို့ရဲ့ လယ်မြေတွေကို အဓမ္မ ဝယ်ယူ တယ်။ အဓမ္မသိမ်း ယူတာလဲရှိတယ်။ အခုဆက်တိုက် ဖြစ်နေသေးတယ်။--- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
Posted: 13 Nov 2012 07:15 AM PST
ရခိုင်ပြည်နယ် အတွင်း မှီတင်း နေထိုင်နေကြသော ကမန်တိုင်းရင်းသား လူမျိုး အရေအတွက်မှာ သုံးသောင်းခန့်သာ ရှိသော်လည်း ကမန် တိုင်းရင်းသား အမည်ဖြင့် နိုင်ငံသား စိစစ်ရေး ကဒ် ရယူ ထားသူမှာ နှစ်သိန်း (၂၀၀၀၀၀) ကျော် ရှိကြောင်း ကမန် တိုင်းရင်း ခေါင်းဆောင် တစ်ဦးက ပြောသည်။
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 13 Nov 2012 05:46 AM PST
မြောက်ဦး၊နိုဝင်ဘာလ ၉။ ရခိုင်ပြည်နယ် အတွင်း အောက်တိုဘာလ ၂၁ ရက်တွင် ပြန်လည် ဖြစ်ပွားခဲ့သော ပဋိပက္ခစတင်ရာမြောက်ဦးအရပ်၌ ဒေသတွင်း ဆူပူသောင်းကျန်းမှုများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော ဒုက္ခသည်များသည် မြောက်ဦး၊ မင်းပြားအရပ်ရှိဒုက္ခသည်ကယ်ဆယ်ေ
“ဇွန်လကနေစပြီးတစ်ရက်မှကောင်းေ ဇွန်လအတွင်းရခိုင်ပြည်နယ်၊ကျော် ထို့အပြင် နီးစပ်ရာအေးချမ်းတည်ငြိမ်သည့် အရပ်များသို့ စာရင်းမ၀င်သည့် ဒုက္ခသည် သောင်းဂဏန်းခန့်သည်လည်းစီးပွားေ သမ္မတရုံး၏ အောက်တိုဘာတွင်းထုတ်ပြန်ခဲ့သော “ကျနော်တို့မှာအလုပ်အကိုင်တွေလဲ “ဘင်္ဂါလီလူမျိုးကတိုင်းရင်းသာလဲ အောက်တိုဘာအတွင်း ပြန်လည်ဖြစ်ပွားခဲ့သောပဋိပက္ခြေ မြောက်ဦးမြို့ရှိဘုန်းတောင်ကြီ “ကျမတို့ကအရာရာကိုကြောက်နေရတယ်။ “အများစုကပဋိပက္ခကိုကြောက်တော့ နီးစပ်ရာမြို့တွေကဘုန်းကြီးကျော မြောက်ဦးမြို့ရှိအလိုတော်ပြည့် “ကျနော်တို့မှာစားရသောက်ရတာလည် ဒေသတွင်းရှိသောပါတီများမှလည်းေ “အခုလောလောဆယ်တော့ အားလုံးတည်ငြိမ်မှုရှိနေပါပြီ၊ စူးရှ-The Myanma Age | ||
Posted: 13 Nov 2012 05:39 AM PST
စစ်တွေ၊နိုဝင်ဘာလ ၁၂။
ရခိုင်ပြည်နယ် လွှတ်တော်တွင် ယခုနှစ် ဘက်ဂျတ်တင်ပြထားသော စာရင်းအရ ဆောင်လုပ်ရေး ကဏ္ဍအတွက် ၅၈ ဘီလီလျံ တင်ပြထားကြောင်းနှင့် ငွေစာရင်းတွင် အများဆုံးတင်ပြထားသော ကဏ္ဍဖြစ်ကြောင်း ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မြကျော်က ထုတ်ဖော်ပြောကြားသည်။ ယမန်နှစ် ဘက်ဂျတ်တွင် စုစုပေါင်း ၆၅ ဘီလီလျံ တင်ပြထားကြောင်း သိရပြီး ၄ ဘီလီလျံမှာအစိုးရအဖွဲ့၏စီမံခန့် “အစိုးရအဖွဲ့ကလုပ်ပိုင်ခွင့်ရထာ ဘတ်ဂျတ်မှာ ၄ ဘီလီလျံ ပြန်အသိမ်းခံရတယ်။ စီမံခန့်ခွဲမှုမလုပ်နိုင်တဲ့ အတွက် ပြန်သိမ်းသွားတယ်။အစိုးရအဖွဲ့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့နှင့် ပြည်နယ်လွှတ်တော်တို့တွင် အုပ်ချုပ်ရေး ယန္တရားနှင့် ဥပဒေပြုရေးတို့အကြားနားလည်မှု အခက်အခဲ များစွာရှိကြောင်းနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေအရရရှိထားသော ပြည်နယ်အစိုးရ၏လုပ်ပိုင်ခွင့် နှင့် ပြည်နယ် လွှတ်တော်တို့၏ လုပ်ပိုင်ခွင့် အားအသုံးချမှုတွင် အခက်အခဲ ရှိကြောင်းသိရသည်။ ပြည်နယ်တွင်း ဒေသဖွံဖြိုးမှုဆိုင်ရာအားနည်းမှု “ရခိုင်ပြည်မှာ အစိုးရအဖွဲ့နဲ့ လွှတ်တော်အဖွဲ့တွေ ပူးပေါင်းကြဖို့လိုတယ်။ လွှတ်တော် ဆိုတာ အုပ်ချုပ်ရေး ယန္တရားကို တည့်မက်ပေးချင်တဲ့ စိတ်ပဲရှိပါတယ်။ လွှတ်တော် အဖွဲ့တွေကို အစိုးရအနေနဲ့ အမြင်ကြည်လင်ဖို့လိုတယ်” ဦးအောင်မြကျော်ကပြောကြားခဲ့သည် စူးရှ-The Myanma Age | ||
Posted: 13 Nov 2012 05:33 AM PST
လက်ရှိစနစ်သည် ဖက်ဒရယ်စနစ်နှင့် မဆန့်ကျင်ဟုဆိုသော်လည်း အခြေခံဥပဒေတွင် အားနည်းချက်ရှိနေဟု ချင်းအမျိုးသားပါတီဥက္ကဌ ပူဇိုဇမ် ပြော
ရန်ကုန်၊ နိုဝင်ဘာ ၁၃ ညီနောင်တိုင်းရင်းသာပါတီများ ဖက်ဒရေးရှင်း (NBF) ၏ ၁၃ ကြိမ်မြောက်တွေ့ဆုံဆွေးနွေးပွဲ ယ်စနစ်နှင့်ပက်သက်၍ ချင်းအမျိုးသားပါတီ ဥက္ကဌ ပူဇိုဇမ်ကို မြန်မာ့ခေတ်က တွေ့ဆုံမေးမြန်းခဲ့သည်။ မြန်မာ့ခေတ် ။ ။ လက်ရှိကျင့်သုံးနေတဲ့ စနစ်နဲ့ တိုင်းရင်းသားပါ တီတွေ ဆွေးနွေးနေတဲ့ ဖက်ဒရယ်စနစ်က ဘာများကွာခြားပါသလဲ။ ပူဇိုဇမ် ။ ။ လက်ရှိနိုင်ငံတော်အစိုးရက နားလည်တဲ့ဖက်ဒရယ်နဲ့ ကျွန်တော် တို့နားလည်တဲ့ ဖက်ဒရယ်က ကျွန်တော်ထင်ပါတယ်။ ဘာမှ မကွဲပြားပါဘူး ။ ဘာဖြစ်လို့လဲဆိုတော့ ဒို့တာဝန်အရေးသုံးပါးကို အခြေခံတာပါပဲ ။ ကျွန်တော် လူတိုင်းသိအောင် ပြောပြချင်ပါတယ် ။ ကျွန်တော်တို့ပြောပြောနေတဲ့ ဖက်ဒရယ်ဆိုတဲ့မူဟာ ဒို့တာဝန်အရေးသုံးပါးကို အားဖြည့်ပေးဖို့ပါပဲ ။ မြန်မာ့ခေတ် ။ ။ နိုင်ငံတော်အစိုးရကနားလည်တဲ့ ဖက်ဒရယ်စနစ်နဲ့ ဦးတို့နားလည်တဲ့ ဖက်ဒရယ်စနစ် အတူတူပဲဆိုရင် ဘာလို့တိုင်းရင်း သား (၁၃) ပါတီက ဆက်ဆွေးနွေးနေတာပါလဲ ။ ပူဇိုဇမ် ။ ။ အခြေခံဥပဒေမှာရေးထားတာက သီအိုရီအရတော့ အတူတူ ပါပဲ။ ဖက်ဒရယ်စနစ်က အတူတူပဲ ဆိုပေမဲ့ အခြေခံဥပဒေရဲ့ အားနည်း ချက်ကို ပြောပြချင်တာပါ ။ တိုင်းတွေပြည်နယ်တွေမှာ အစိုးရဖွဲ့နိုင်တဲ့ အခြေအနေရှိတယ်။ ဒါက ဖက်ဒရယ်ရဲ့ မရှိမဖြစ် အချက်တစ်ချက်ပါပဲ။ ဒါပေမဲ့  ပြည်နယ်အစိုးရ ၊ တိုင်းအစိုးရတွေမှာ အာဏာခွဲဝေထားတဲ့အခါ လုပ်ပိုင်ခွင့်တွေပါ ပေးရမယ် ။ သူတို့ရဲ့ အခွန်အခတွေ ကို ပြည်ထောင်စုအစိုးရကိုပဲ အလုံးအရင်းနဲ့မသွင်းပဲ သူ့ပြည်နယ် နဲ့သူ ခံစားခွင့်ရှိရမယ် ။ ဥပမာ ချင်းတောင်ကသစ်တွေကိုထုတ်တယ် ။ အခွန်အလုံးအရင်းက မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းဘတ်ဂျက်ထဲကို ဝင်တယ်ဗျာ ။ အစိုးရဟောင်းတွေရဲ့ မှားယွင်းခဲ့တဲ့ အစီအမံတွေ ဖြစ်တယ် ။ အဲ့တာတွေက ဖက်ဒရယ်ပုံစံမျိုးတော့ လုံးဝမဟုတ်ဘူး ။ ဒါက အသေးအမွားဆုံးကိစ္စ။ အဲ့တာတွေတောင် ကျွန်တော်တို့ အခုထိမရသေးဘူး ။ ဒီအခြေခံဥပဒေထဲမှာကတော့ ဖတ်လိုက်ရင် ဖက်ဒရယ်ဆန်ဆန်ပဲ ။ မဆန့်ကျင်ပါဘူး ။ ဒါပေမယ့် မပီပြင်ဘူး ။ အဲဒါကို ကျွန်တော်ပြောချင်တာပါ ။ မြန်မာ့ခေတ် ။ ။ အဲ့တာဆိုရင် အစိုးရကကျင့်သုံးနေတဲ့ ဖက်ဒရယ်စနစ်က ဦးတို့တိုင်းရင်းသားတွေ လိုချင်နေတဲ့ ဖက်ဒရယ်စနစ်မဟုတ်ဘူးပေါ့ ။ ပူဇိုဇမ် ။ ။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး အခုလောလော ဆယ်ကြည့် ။ ပြည်ထောင်စုဝန်ကြီး အယောက်ငါးဆယ်ကျော် ရှိတယ် ။ တိုင်းရင်းသားတစ်ယောက်မှ မပါဘူး ။ ကျွန်တော်မျက်စိလျှမ်းတာလားတော့ မသိဘူး ။ ဒါမဖြစ်သင့်ဘူး ။ ပြည်ထောင်စုမြန်မာနိုင်ငံဟာ ဗမာ အပေါင်း ကချင် ၊ ရှမ်း ၊ ချင်း ၊ ရခိုင် ၊ ကယား ၊ ကရင် တိုင်းရင်းသား (၁၃၅)မျိုးရှိတယ် ။ ဒါပေမဲ့ ၀န်ကြီး (၁၃၅)ယောက်တော့ ဘယ်ခန့်လို့ရမလဲ ။ တကယ်ပေါင်းလိုက်ရင် (၇)မျိုး ၊ (၈)မျိုးပဲရှိတယ် ။ မြန်မာ့ခေတ် ။ ။ တိုင်းရင်းသားလူမျိုးထဲမှာ ဗမာပါတယ်ဆိုရင် ဖက်ဒရယ်စနစ်ကို နောက်ထပ်ဆွေးနွေးတဲ့အခါ ဗမာတိုင်းရင်းသားတွေ ပါဖို့ရှိလား ။ ပူဇိုဇမ် ။ ။ ဒီ ဖက်ဒရယ်ဆိုတာ ဗမာပြည် ၊ ဗမာလူမျိုးအတွက် အရမ်း အရေးကြီးပါတယ် ။ ကျွန်တောယ်တို့နဲ့ ရင်းနှီးတဲ့ ဗမာပါတီတွေက လည်း ဒါကိုလက်ခံလာတယ် ။ ဖက်ဒရယ်ဆိုတာ တိုင်းရင်းသားတောင်ပေါ်သား တွေရဲ့ကိစ္စ ပြဿနာ မဟုတ်ပါဘူး ။ တိုင်းရင်းသားအားလုံး ဖက်ဒရယ်ထူထောင်နိုင်မှသာ ကျွန်တော်တို့နိုင်ငံက ငြိမ်းချမ်းရေးရမယ် ။ ရေရှည်တည်တံ့ခိုင်မြဲမယ် ။ အောင်သိုက် - The Myanma Age | ||
Posted: 13 Nov 2012 06:32 AM PST
ရှမ်းပြည်နယ် တောင်ပိုင်း ညောင်ရွှေမြို့နယ်မှာရှိတဲ့ မြန်မာနိုင်ငံရဲ့ ဒုတိယအကြီးဆုံး အင်းလေကန်ရဲ့ သဘာဝပတ်ဝန်းကျင် အနေအထားဟာ တနေ့တခြား ပိုဆိုးဝါးလာတယ်လို့ အင်းလေး အထူးဒေသ ဖွံ့ဖြိုးရေး ဥက္ကဋ္ဌ ကိုရေအေးက ပြောပါတယ်။
ပတ်ဝန်းကျင်ဒေသက အနယ်အနှစ်တွေ ပိုချတာတွေ များပြားလာတဲ့အပြင် တခြားသော ဆိုးကျိုး သက်ရောက်မှုတွေကြောင့် အင်းလေးကန် အခြေအနေဟာ အတော်ဆိုးဝါးနေတယ်လို့ ပြောပါတယ်။ အင်းလေးကန်ထဲကို စီးဝင်တဲ့ချောင်းတွေ မြစ်ဖျားခံတဲ့ ဒေသတွေမှာ သစ်တော ပြုန်းတီးတာတွေကြောင့် နုန်းပို့ချတာတွေ များလာပြီးတော့ အင်းလေးကန်က တိမ်လာတယ်လို့ သူကပြောပါတယ်။ အင်းလေးဒေသမှာ သစ်တောတွေကို ခုတ်ယူရာကနေ သစ်တောပြုန်းတီးတာကလည်း ဒီလိုဖြစ်ပွားစေတဲ့ အချက်တခု ဖြစ်တယ်လို့ ဆိုပါတယ်။ စိုက်ပျိုးရေး လုပ်ငန်းတွေမှာ အသုံးပြုတဲ့ ဓာတု ဆေးပစ္စည်းတွေကလည်း အင်းလေးကန်ရဲ့ အခြေအနေကို ဆိုးဝါးစေတယ်လို့ ကိုရေအေးက ပြောပါတယ်။ “အင်းသားတွေက စိုက်ပျိုးရေးကို အဓိကထားတယ်၊ ရေခြံလုပ်ငန်းမှာ ဘာသုံးလဲဆိုတော့ ဓာတုပစ္စည်းတွေ လိုတာထက် သုံးကြတော့ အင်းလေးကန်ရေက ညစ်ညမ်းတာပေါ့။ စိုက်ပျိုးရေးကဏ္ဍကနေ ထိခိုက်တယ်။ အင်းလေးကန်ဒေသမှာ လျှပ်စစ်မီးမရဘူး။ အဲတော့ သစ်တောသစ်ပင်တွေခုတ်ပြီး မီးသွေးမီးဖိုအဖြစ် သုံးရတယ်။ အဲတော့ သစ်ပင်တွေပြောင်တယ်၊ မြေဆီလွှာထိန်းသိမ်းမှုမရှိတော့ နုန်းပို့ချမှုတွေများလာတယ်။ တချက်တည်းကြောင့် မဟုတ်ဘဲ အချက် အချက်တွေရှိတာပေါ့။ ဒါတွေပေါင်းဆုံပြီး အင်းလေးကန်ဟာ အသက်ငင်နေတဲ့ လူနာတယောက်လိုဖြစ်နေတယ်။” ဓာတုပစ္စည်းတွေ အသုံးပြုတာတွေကြောင့်လည်း အယ်လကာလီပါဝင်မှုကို ဖော်ပြတဲ့ အတိုင်းအတာ ပီအိပ်ခ်ျ level က ပိုမိုမြင့်တက်လာပြီးတော့ ရေကို သောက်သုံးမရတော့သလို ဒေသခံတွေမှာ လည်ပင်းကြီးရောဂါတွေ ဖြစ်ပွားတာတွေ တိုးလာတယ်လို့ ဆိုပါတယ်။ ၁၉၉၆ ခုနှစ်ကနေ စတင်ပြီးတော့ ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာ အန်ဂျီအိုတွေက အင်းလေးကန် ထိန်းသိမ်းဖို့အတွက် ဒေါ်လာ ၂၆ သန်း အသုံးပြုခဲ့ပေမယ့် ထိရောက်မှုမရှိခဲ့ဘူးလို့ ပြောပါတယ်။ တန်ဆောင်မုန်း လဆန်း ၁ ရက်နေ့ကို အင်းအမျိုးသားနေ့အဖြစ် တနေ့မှာ သတ်မှတ်နိုင်ဖို့ ရည်ရွယ်ပြီးတော့ အင်းသားများဆုံဆည်းရာနေ့ အခမ်းအနားကို ဒုတိယအကြိမ်အဖြစ် နိုဝင်ဘာ ၁၄ ရက်နေ့ ကျင်းပမှာ ဖြစ်ပါတယ်။ by ကိုထွေး (ဒီဗွီဘီ) | ||
Posted: 13 Nov 2012 06:28 AM PST
ဒီကေဘီအေ (ကလိုထူးဘော) တပ်ရဲ့ မိသားစုဝင်တချို့ကို ထိုင်း အာဏာပိုင် တွေက တရားမ၀င် နိုင်ငံထဲ ၀င်ရောက်လာမှုနဲ့ ဖမ်းဆီးခဲ့ပြီးတဲ့နောက် ဒီကေဘီအေ ဘက်ကလည်း နယ်စပ် ဖြတ်ကျော်ဂိတ်တွေ ယာယီပိတ်ထားခဲ့ပါတယ်။
တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ) ခေါင်းဆောင်ဖြစ်သူ ဗိုလ်ချုပ်စောလားဘွယ်ရဲ့ ယောက္ခမ၊ အဒေါ်နဲ့ တူမ ၂ ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တဲ့အတွက် ဒီကေဘီအေဘက်ကလည်း ပြန်တုံ့ပြန်တဲ့အနေနဲ့ သူတို့ထိန်းချုပ်နယ်မြေထဲက ထိုင်း-မြန်မာနယ်စပ်ဂိတ်တွေကို ၁ ရက်ကျော် ပိတ်ထားခဲ့တယ်လို့ ဒီကေဘီအေ ပြောခွင့်ရ ဗိုလ်မှူးစန်းအောင်က ပြောပါတယ်။ “အမျိုးသမီး ၄-၅ ယောက်သွားတာကို ဖမ်းတယ်ဆိုရင် ဂိတ်ကိုပိတ်မယ်၊ အိမ်နီးချင်းနိုင်ငံ၊ အဖွဲ့အစည်းတွေက မဖြစ်သင့်ဘူး။ ၂၈ နာရီလောက်ပိတ်တဲ့သဘောပါ။ အခု ဖွင့်ပါပြီ။ ကျနော်တို့လူတွေလည်း ပြန်ရောက်ပြီဆိုတော့။ အဓိက ကားတစီးနဲ့လူ ပြန်လွှတ်ပေးဖို့ အခက်အခဲရှိတယ်။ ကုမ္ပဏီမှာဝယ်တဲ့ စာရွက်စာတမ်းတွေမို့လို့ပါ။” ဖမ်းဆီးခံရသူ အမျိုးသမီးတွေ ဆုံဆည်းမြိုင်ကို ပြန်ရောက်လာပြီဖြစ်တဲ့အတွက် ဒီကေဘီအေဘက်က နယ်စပ်ဂိတ်တွေလည်း ဒီနေ့မနက် ၉ နာရီလောက်က ပြန်ဖွင့်ပေးခဲ့ပြီလို့ ဗိုလ်မှူးစန်းအောင်က ပြောပါတယ်။ နယ်စပ်ဧရိယာ နှစ်ဘက်ကြားမှာ သူတို့မိသားစုဝင်တွေအနေနဲ့ ကျန်းမာရေး၊ လူမှုရေးကိစ္စနဲ့ တခါတရံ အသွားအလာလုပ်ရတာ မျိုးရှိပြီး အရင်က နားလည်မှုနဲ့ သွားလာခဲ့ကြတယ်လို့ ဆိုပါတယ်။ နောက်နောင် အခုလို ဖမ်းဆီးတာမျိုးတွေ မရှိရအောင် အ၀င်အထွက် လက်မှတ်တခုခု လုပ်ပေးသင့်ကြောင်း ထိုင်းရဲဝန်ထမ်းကို ပြောခဲ့တယ်လို့ ဗိုလ်မှူး စန်းအောင်က ပြောပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၁ ရက်နေ့က တာ့ခ်ခရိုင် မဲဆောက် – အုန်းဖျန်သွားလမ်းပေါ်မှာ ထိုင်းအထူးစစ်ဆေးရေး ရဲတပ်ဖွဲ့အမှတ် ၆ က ယဉ်အသွားအလာ စစ်ဆေးရင်း မဟာဝမ်းရပ်ကွက်နားမှာ ဒီကေဘီအေ မိသားစုဝင်တွေ ပါဝင်တဲ့ကားကို ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဧပြီလတုန်းကလည်း ဗိုလ်ချုပ်စောလားဘွယ်ကို ထိုင်းအစိုးရက မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး ဆုငွေ ဘတ် ၁ သန်းနဲ့ ဖမ်းမိန့်ထုတ်ခဲ့တဲ့အပေါ် တုံ့ပြန်တဲ့အနေနဲ့ ဒီကေဘီအေက နယ်စပ်ဂိတ်တွေကို ပိတ်ခဲ့ပါသေးတယ်။ by နန်းမြနဒီ (ဒီဗွီဘီ)
| ||
Posted: 13 Nov 2012 06:00 AM PST
ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင်း ဗန္ဓုလကျေးရွာအနီးမှာ နိုဝင်ဘာ ၁၁ ရက်နေ့က အစိုးရတပ်နဲ့ အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့တခု ထိတွေ့ ပစ်ခတ် တိုက်ခိုက်ခဲ့ ကြပြီးနောက် လူ ၁၅ ဦးကို အစိုးရတပ်က ဖမ်းဆီးရမိထားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
အဲဒီရွာနားမှာ လွန်ခဲ့တဲ့ရက်ပိုင်းက အမည်မသိ သေနတ်သမားတွေက စစ်မြေပြင် အင်ဂျင်နီယာတပ် (ဂျီးအီး) က အရာရှိတဦးကို ပစ်သတ်ပြီး သုံးဦးကို ဖမ်းဆီးခဲ့တယ်ဆိုတဲ့ သတင်းထွက်ပေါ်ခဲ့ပါတယ်။ ဖမ်းခံရသူတွေကို ပြန်လည်ရှာဖွေဖို့ သွားရောက်တဲ့ တပ်မတော်တပ်ဖွဲ့နဲ့ သေနတ်သမားတွေ နိုဝင်ဘာ ၁၁ ရက်နေ့ ညပိုင်းက ပစ်ခတ်ပြီး လူ ၁၅ ဦးနဲ့ သေနတ် အလက် ၃၀ ဖမ်းဆီးရမိတယ်လို့ သတင်းက ဆိုပါတယ်။ အဲဒီ ၁၅ ဦးကို မောင်တောမြို့နဲ့ ခုနှစ်မိုင်ခန့်အကွာမှာရှိတဲ့ နယ်စပ်ဒေသ လုံခြုံရေးနဲ့ ကွပ်ကဲရေးစခန်း (နစက) မှာ စစ်ဆေးမေးမြန်းနေတယ်လို့ နစက သတင်းရပ်ကွက်ကို ကိုးကားပြီး နယ်မြေခံက ပြောပါတယ်။ “ဘင်္ဂလားဒေ့ရှ်ဘက် ပြေးသွားတယ်လို့ ကောလာဟလတွေကြားတယ်။ ဒါပေမယ့် မသွားဘူး၊ မြန်မာပြည် တောထဲမှာ နေတာပေါ့။ အဲမှာ နစကရယ်၊ တပ်ရယ် သူတို့ကို ၀ိုင်းတယ်၊ တယောက်နဲ့ တယောက် ပစ်ခတ်တာပေါ့။ အဲမှာ လူအသေအပျောက်တော့ မရှိဘူး။ လူ ၁၅ ယောက်နဲ့ လက်နက် ၃၀ မိတယ်။ အဲဒါကို နစက အဖွဲ့က ပြီးခဲ့တဲ့ ၁၁ ရက်နေ့က လူ ၁၅ ယောက်ကို ခေါ်လာတယ်၊ လက်နက် ၃၀၊ လက်နက်ကြီးတွေပါ ပါတယ်။” ဒီသတင်းကို ဒီဗွီဘီက တခြား သီးခြားအတည်ပြုချက် မရနိုင်သေးပါဘူး။ မောင်တောကို ရောက်ရှိနေတဲ့ ရခိုင်ပြည်နယ်အစိုးရ ပြန်ကြားရေးအဖွဲ့က ဦးဝင်းမြိုင်ကို မေးကြည့်ရာမှာ တိုက်ပွဲဖြစ်တဲ့သတင်းကို ကြားမိပေမယ့် တပ်ပိုင်းဆိုင်ရာကိစ္စကို သူမသိပါဘူးလို့ ဖြေပါတယ်။ “ဒါတော့ မသိဘူး။ ဒါပေမယ့် ဒီရောက်တဲ့ညက ပစ်တာခတ်တာတော့ သူတို့ပြောလို့ ကြားလိုက်တယ်။ ကျနော်တို့ အတိအကျတော့ မသိဘူး။ လုံခြုံရေးပိုင်းဆိုင်ရာကတော့ သိမယ်ထင်တယ်။” မောင်တောမှာ ဒုက္ခသည်တွေအတွက် နေအိမ်တွေဆောက်လုပ်ရေး အခြေအနေနဲ့ ပေါက်တောမြို့နယ်တွင်းမှာ နိုင်ငံသားစိစစ်မှု လုပ်ဆောင်မှုအခြေအနေအကျဉ်းကို ဦးဝင်းမြိုင်က ခုလိုပြောပြပါတယ်။ “ဒုက္ခသည်တွေ မီးလောင်ထားတဲ့ အိမ်တွေပြန်ဆောက်ပေးတယ်. သူတို့ကလည်း တောင်းဆိုကြတယ်လေ။ ယူနီဆက်ဖ်နဲ့ ဆောက်မယ့် ကုမ္ပဏီကို မြန်မြန်လုပ်ဖို့ ပြောတယ်။ ကျနော်တို့ စစ်တာက ဟိုးအရင်က မှတ်ပုံတင်တွေပြန်စစ်တာလေ။ အရင် သူတို့မှာ နိုင်ငံသားဖြစ်မှု မှတ်ပုံတင်ပေါ့၊ ဧည့်နိုင်ငံသား လက်မှတ်တို့ဘာတို့ ပြန်စစ်တာ။ အသစ်ပေးတာမဟုတ်ပါဘူး အရင်ဟာပဲ စစ်တာ။” မောင်တောမြို့မှာ တိုက်ပွဲဖြစ်တဲ့သတင်း၊ ဂျီအီးတပ်က တပ်ဗိုလ်သေနတ်ပစ်ခံရလို့ သေဆုံးသတင်းနဲ့ တပ်မတော်သား ၃ဦး ကို အမည်မသိအဖွဲ့ ဖမ်းဆီးခေါ်ဆောင်တဲ့ သတင်းတွေကို ပြည်ထောင်စု အစိုးရကရော၊ ပြည်နယ်အစိုးရကပါ တစုံတရာ ထုတ်ဖော်ပြောဆိုခြင်းတော့ မရှိသေးပါဘူး။ by အေးနိုင် (ဒီဗွီဘီ) | ||
Posted: 13 Nov 2012 05:20 AM PST
တရားရုံးကနေ နောက်တကြိမ် ရုံးချိန်းမတိုင်ခင် ကျူးကျော်ဆောက်လုပ်ထားတဲ့ အိမ်တွေကို ဖျက်သိမ်းပေးဖို့ တောင်းဆိုချက်ကြောင့် မန္တလေးတိုင်း ပျဉ်းမနားမြို့ ဥယျာဉ်စုအုပ်စု ဦးကျေးရွာက ရွာသားတချို့ အိမ်ဖျက်ပေးနေကြပါတယ်။
အိမ်ဖျက်ရာမှာပါတဲ့ ရွာသား ကိုဇော်မြင့်ဦးက နှစ်ကာလရှည်ကြာမြင့်စွာကတည်းက နေထိုင်သူတွေပါ အိမ်ဖျက်ပေးရာမှာ ပါတယ်လို့ ပြောပါတယ်။ “ကျနော်တို့ကို ၄၈(က) လယ်ယာမြေကျူးကျော်အိမ်ဆောက်တယ် လယ်ယာမြေပေါ်မှာ အိမ်ဆောက်လုပ်ခွင့်မရှိဘဲ ဆောက်လုပ်နေထိုင်လို့ မြေစာရင်းက တရားစွဲဆိုတာ ဖြစ်ပါတယ်။ သူတို့အိမ်တွေ မဖျက်ရရေးနဲ့ အစားထိုးနေရာ ရရှိရေးအတွက် သမ္မတအပါအ၀င် ဌာနဆိုင်ရာတွေကို အကြိမ်ကြိမ် အသနားခံပေမယ့် မထူးဘူးလို့ ဆိုပါတယ်။ ဦးကျေးရွာရဲ့ လမ်းတဖက်ခြမ်းမှာ ဆောက်လုပ်နေထိုင်ကြတဲ့ သူတို့အိမ်ခြေတွေဟာ ကနဦးပိုင်းက အိမ်အနည်းငယ်သာရှိရာကနေ ကျေးရွာစည်ပင်လာတဲ့အတွက် အိမ်ခြေများလာတာလို့ ဆိုပါတယ်။ အခုဖျက်ပေးလိုက်ရတဲ့ အိမ်တလုံးစီရဲ့ ပျမ်းမျှ ကာလပေါက်ဈေးဟာ သိန်း ၁၅၀ ၀န်းကျင်ရှိမယ်လို့ ခန့်မှန်းရပါတယ်။ သူတို့ကို မြေစာရင်းဌာနနဲ့ အုပ်ချုပ်ရေးပိုင်းက တရားလိုအဖြစ် လယ်ယာမြေကျူးကျော်မှု ပုဒ်မ ၄၈ (က) နဲ့ အိမ်ခြေ ၁၀ လုံးကို တရားစွဲထားပြီး ကျန်အိမ်အလုံး ၄၀ ခန့်ကို တရားစွဲဖို့ သတိပေးစာ ထုတ်ပြန်ထားတယ်လို့ ဆိုပါတယ်။ နိုဝင်ဘာ ၁၅ ရက်နေ့ ရုံးချိန်းမတိုင်ခင် အိမ်ဖျက်တဲ့ပုံကို ဓာတ်ပုံရိုက်ပြီး တင်ပြကြရမှာ ဖြစ်ပါတယ်။ ဒီနေ့ အိမ် ၄ လုံးဖျက်ပေးရပြီး လွန်ခဲ့တဲ့လပိုင်း ၆ လုံး ဖျက်ပေးခဲ့ရတယ်လို့ ဆိုပါတယ်။ သူတို့ အိမ်ဖျက်ပေးမယ့် သူတွေအတွက် နေစရာနေရာအသစ် မစီစဉ်ပေးပေမယ့် ဖျက်တဲ့နေရာမှာတော့ တဖက်ရပ်တဲ ပုံစံထိုးပြီးနေဖို့ သက်ဆိုင်ရာက ခွင့်ပြုတယ်လို့ ဆိုပါတယ်။ အိမ်ဖျက်ပေးခဲ့ရတဲ့ ရွာသား ဦးတင်ဦးက “ကျနော်တို့နေလာတာ နှစ်ပေါင်း ၃၅ နှစ်လောက် ရှိပါပြီ။ ကျနော်တို့ကို လယ်ယာမြေကျူးကျော် လန ၃၉ ခွင့်ပြုမိန့်မရှိဘဲ ဆောက်လုပ်နေထိုင်လို့တဲ့။ အိမ်တွေဖျက်လိုက်တော့ တဖက်ရပ်တဲထိုးပြီးနေရတော့ ကစဥ့်ကလျားရှိတာပေါ့။ မြေရှင်တွေက တဖက်ရပ်တဲထိုးနေတဲ့ အဆောက်အဦ ကြီးကြီးမားမားသာ ဆောက်ခွင့်မပေးတာတဲ့” လို့ ပြောပါတယ်။ by ဒီဗွီဘီ | ||
Posted: 13 Nov 2012 06:41 AM PST
(အယ်ဒီတာ။ ။ ဒေါ်အောင်ဆန်း စုကြည် ၏ အိန္ဒိယ ခရီးစဉ်နှင့် ပတ်သက်ပြီး အိန္ဒိယထုတ် နေ့စဉ် သတင်းစာများ ရေးသားထား သည်များ အနက် ရွေးချယ်ဖော်ပြခြင်း ဖြစ်ပါသည်။)
တန်ဖိုး မဖြတ်နိုင်သည့် ဆက်သွယ်မှု ဒေါ်အောင်ဆန်းစုကြည်က The Hindu ၏ နိုင်ငံရေး သတင်းထောက် ကေ၊ ရန်ဂါဆွာမိ (K. Rangaswamy) နှင့် ၁၉၄ဝ-၅ဝ-၆ဝ ခုနှစ်များက သိကျွမ်း ခဲ့ရသည့် အပေါ် ကြည်နူးစွာ ပြန်အမှတ်ရ မိကြောင်း၊ indianewpaperမစ္စတာ ရန်ဂါဆွာမိ (Mr. Rangaswamy) ၏ သမီးနှင့် ကျောင်းမှာ ကျမ စတင် သိကျွမ်းရသည်။ ကျမတို့က ဂျီးဆပ်စ် နှင့် မေရီ ကွန်ဗင့်ကျောင်းတွင် အတူတူ တက်နေကြ သူများ ဖြစ်သည်။ ကမ်မလာ (Kamla) နှင့် ကျမတို့က အတန်းဖော် များဖြစ်ပြီး တနှစ်တည်း တွင်ပင် လေဒီ ရှရီရမ် Lady Shri Ram ကောလိပ်သို့ အတူတက်ခွင့် ရကြသည်။ ကျမတို့ နှစ်ယောက်လုံးက နိုင်ငံရေးသိပ္ပံ ဂုဏ်ထူးတန်း ကို ယူကြသည်။ ဤသို့နှင့် ကျမက သူတို့နှင့် သိကျွမ်း လာရခြင်း ဖြစ်သည်။ သို့သော်လည်း ကျမက အောက်စဖို့ဒ် တက္ကသိုလ် ကျောင်းဝင်ခွင့် အတွက် ပြင်ဆင်ချိန်တွင် အန်ကယ် ရန်ဂါဆွာမိနှင့် ပို၍ သိကျွမ်း မိတ်ဆွေဖြစ်ရန် ဖြစ်လာခဲ့သည်။ ထိုခေတ်က အောက်စဖို့ဒ် တက္ကသိုလ် တက်ခွင့်ရရန်အတွက် လက်တင် ဘာသာကိုပါ ပြင်ဆင်ကြရသည်။ ကျမက လက်တင်ဘာသာဆို၍ လုံးဝ မတတ်ကျွမ်းပေ။ အကြောင်းမှာ မြန်မာနိုင်ငံနှင့် အိန္ဒိယတွင် လက်တင်ဘာသာ မသင်ကြားသောကြောင့် ဖြစ်သည်။ အခြား ရွေးချယ်စရာ နည်းလမ်းတခု အနေဖြင့် ကျောင်းဝင်ခွင့် ရရန် ကျမက သင်္ချာတွင် အေ (A)အဆင့် ရဖို့ လိုအပ်သည်။ ကျမက နောက်တနှစ် စောင့်ရသည်ထက်စာလျှင်၊ ကျောင်းကို ထိုနှစ်တွင်ပင် တက်ချင်သည်။ ထိုအခါ ကျမအတွက် သင်္ချာ A အဆင့်ရဖို့ ပြင်ဆင်ရန် အချိန် သုံးလသာ ကျန်တော့သည်။ A အဆင့် ရဖို့က မြင့်လှသည်။ ကျမက စာပြမည့် ဆရာ ရှာသည့်အခါ ဆရာများက လက်ခံရန် ငြင်းကြသည်။ သူတို့က သုံးလနှင့် ပြင်ဆင်ရန် မဖြစ်နိုင်ဟု ဆိုကြသည်။ သူတို့က မအောင်မြင်နိုင်မည့် တပည့်ကို သင်ကြားပေးရန် တာဝန်မယူလိုကြပေ။ အန်ကယ် ရန်မာဆွာမိက ကျမတွင် ဆရာမရသေးကြောင်းနှင့် သုံးလအတွင်း စာမေးပွဲ ဝင်လိုနေကြောင်း သိနေသည်။ အကြောင်းမှာ ကျမက သူတို့အိမ်ကို ဝင်လိုက်၊ ထွက်လိုက် ရှိသောကြောင့် ဖြစ်သည်။ သူက သူသင်ပေးမည်ဟု ပြောလာသည်။ အချို့သောသူများက သူ့ကို လန့်ကြသည်။ အကြောင်းမှာ အန်ကယ်ရန်မာဆွာမိက အပြင်ပန်းတွင် ကြောက်ရွံ့စရာ အသွင်ရှိသောကြောင့် ဖြစ်သည်။ ကျမအထင်တွင် အန်ကယ်က သဘောထား အလွန်ချိုသည်။ ကျမအတွက်တော့ အလွန်သဘော ထားကောင်းသူ ဖြစ်သည်။ တနေ့တွင် သူက ကျမကို ပြောလာသည်။ ထိုသို့ပြောလာသည်ကို မမေ့နိုင်ဘဲ၊ ထိုအတွက်ကြောင့် သူ့ကို ယနေ့ထက် တိုင် လေးစားနေရခြင်းလည်း ဖြစ်သည်။ သူက “ငါတတ်နိုင်သမျှတော့ သင်ပေးပြီးပြီ။ ဒီထက်ထပ်ပြီး သင်စရာမရှိ တော့ဘူး။ ဒါပေမယ့် မင်းက ငါ့ရဲ့ တပည့်တွေထဲမှာ အတော်ဆုံးပဲ။ ဒါကြောင့် ငါ ဆရာတယောက် ရှာပေးမယ်” ဟု ဆိုသည်။ ထို့ နောက် သူက အဆက်အသွယ်သင်္ချာဆရာတဦးကို ရှာပေးသည်။ ကျမ သိရသလောက် သူ၏ တပည့်ဟောင်းတဦး ဖြစ်သည်။ ထိုအမျိုးသမီးကို ကျန်ရှိနေသည့်သင်ရိုးညွှန်းတမ်း ကျေးဇူးကြောင့်ပဲ ဆိုရတော့မည်။ သူက ကျမအပေါ် ယုံကြည်မှုအပြည့်ရှိသည်။ သူက ကျမကို သူသင်ပေးမည်ဟု ပြောသည်။ သို့သော် သူတတ် သလောက်သာသင်ပေးမည်ဟု ပြောသည်ကို ကျမမေ့သေးပေ။ ကျမက သူ့ကို အလွန်သဘောကျသည်။ ယခုအချိန် တိုင် သူ့ကို အသက်ရှိနေစေချင်သေးလှသည်။ သူသာ အသက်ရှိသေးလျှင်ဖြင့် ကျမကို ပြောပြရန် ကိစ္စ အများအပြား ရှိလိမ့်မည် ဖြစ်သည်။ နယူးဒေလီ (မဇ္ဈိမ) | ||
Posted: 13 Nov 2012 05:04 AM PST
ဟိန္ဒူသတင်းစာ ။ ။ အိန္ဒိယနိုင်ငံ အနေဖြင့် ရှေ့သို့ ချီတက်နေသည့် နိုင်ငံတခု ဖြစ်ကြောင်း ပြသနိုင်ရန်၊ အစီအစဉ် များစွာ ထည့်သွင်း ထားသည့် ခရီးစဉ်အဖြစ် မြန်မာနိုင်ငံမှ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဒေဝါလီပွဲတော် အတွင်း ၆-ရက်ကြာ ရောက်ရှိလာဖို့ ရှိပြီး၊ အမှတ်ရစရာ အံ့သြစရာ ပြင်ဆင်မှုများလည်း မြင်တွေ့ရမည် ဖြစ်သည်။
နယူးဒေလီ အတွက်မူ ယခင် မိတ်ဆွေဟောင်း တဦးဖြစ်သလို၊ ဒီမိုကရေစီ တောင်းဆိုနေသူ လုပ်ဖော်ကိုင်ဖက် တဦးကို နွေးထွေးလှိုက်လှဲမှုပြသမည့် အခါသမယ ဖြစ်သည်။ အမှတ်ရစရာများ ပြည့်နေသည့် ခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့်၊ သူကျောင်းတက်ခဲ့ရာ လေဒီ ရှရီရမ်ကောလိပ်သို့ သွားရောက်လည်ပတ်မည် ဖြစ်ပြီး၊ မိတ်ဆွေဟောင်းများနှင့်လည်း တွေ့ဆုံ လိမ့်မည် ဖြစ်သည်။ မြန်မာခေါင်းဆောင်က နိုဝင်ဘာလ ၁၄-ရက်နေ့တွင် နေရူးအထိမ်း အမှတ် ဟောပြောပို့ချမှုလည်းပြုလိမ့်မည် ဖြစ်သည်။ ကွန်ဂရက်ပါတီ၏ ဥက္ကဋ္ဌ ဆွန်နီယာ ဂန္ဒီ (Sonia Gandhi) က ဒေါ်အောင်ဆန်းစုကြည်ကို သူ၏ အမှတ် ၁ဝ၊ ဂျန်ပတ် လမ်း နေအိမ်တွင် လက်ခံတွေ့ဆုံမည် ဖြစ်ပြီး၊ ၎င်းအိမ်က ၁၉၆ဝ ခုနှစ်များတွင် သံအမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ သူ သူ၏ မိခင် ဒေါ်ခင်ကြည်နှင့်အတူ ယခင်နေထိုင်ခဲ့ရာ အမှတ် ၂၄၊ အက်ကဘာလမ်းနှင့် ကပ်လျက်ပင် ဖြစ်သည်။ |
[Message clipped] View entire message
0 comments:
Post a Comment