Monday, November 19, 2012

နိုင်ငံရေးဆိုတာ


by Bo K Nyein on Monday, November 19, 2012 at 5:38am ·


Mao Last Revolution ကို History Channel က Documentary ရိုက်ထားတယ်
တပ်နီလူငယ်ဟောင်းက ပြန်ပြောတာပါ
တပ်နီ တွေ အမေရိကန် သမ္မတနစ်ဆင် ရဲ့ ပုံကို
Target Practice လုပ်ကြရတယ်။ ဆဲကြဆိုကြ ...

ရုတ်တရက် ဒီ တပ်နီတွေကို ပဲ (မော်) က လမ်းပေါ်တင် ပြီး
အမေရိကန် အလံ လေးတွေ  ကိုင်ပြီး
နစ်ဆင် ကျမ်းမာပါစေ လို့ အော် ခိုင်းတော့
ဘ၀င် မကျဖူးတဲ့

တပ်နီလေးတွေ (မသိ) တာက
မော် တို့ က ကွန်မြူနစ် အချင်းချင်း သိတယ်
ရုရှား ၀က်ဝံက ၀င်ထိုက်မှာကို 
ဒါကြောင့် အမေရိကန် ကို ၀င်ဖက် ရတာာ

ဟော အခုလည်း တချိန် က တ၀ကြီး ဆဲ ခဲ့ကြတဲ့
အမေရိကန် ကို ရည်းစားဟောင်း နဲ့
ပြန်တွေ့ သလို သွားဖြဲ ပြီး ကြိုနေ ကြပြန်ပြီ

တကယ် ငါးခူး ပြုံး … ပြုံးနေမှာ က
မဟာဗျူဟာ ပညာ ရှင် ဗိုလ်ချုပ်မှူးကြီး (ဟောင်း)
(၀) အောင် အုပ်ချုပ်ပြီး မှ ထိုးကြွေး လိုက်တာ
နှစ်ကောင်ကြွေးပြီး ကင်းယူ တာလေ

အမေရိကန် တွေက (ငါကြောင့်) (ငါ့ကြောင့်) ဆိုပြီး မာန ထောင်နေ
ဒီမိုသမားတွေက လည်း ငါတို့ကြောင့် ဆိုပြီး ကျေနပ်နေ
အမေရိကန် ဆိုတာ က သူဌေးသား ငပေါတွေ
မြှောက်ပေးလိုက်ရင် ၊ ဂွေးတက်အောင် (က) မှာ
ငွေ အကုန် ခံပြီး ၊ လာ လက်ချာ ပေးသွားသေးတယ်
စိတ် ကျေနပ်ပြီးရင် ၊ ငွေ ပါကူ ဦးမှာ

ASEAN မှာကြွား ဦးမှာ ၊ ဆက်ရှင်ကြောင့် … ဆက်ရှင်ကြောင့်
နားမလည်တဲ့ သတင်းသမား က ..အိုဘားမား..လာ လက်ချာ ရိုက်သွားပါတယ်တဲ့
(ဂွင်) ဆင်ထားတယ် ဆိုတာ (မသိ) ဖူးလား ၊ သောက်ရူး ရယ်
လို့ပြောလိုက် ချင်တယ်

ပြောချင်သလောက် ပြော …. ကြွားချင်သလောက်ကြွား
အသားပဲ့ ပါ သွားတာမှ မဟုတ်တာ

နိုင်ငံရေး နားမလည်တဲ့ သူတွေက
စစ်ဗိုလ်ချုပ် တွေ ပညာမတတ်ဖူး ၊ စီးပွးရေး နားမလည်ဖူးနဲ့
နိုင်ငံရေး နားမလည် ကြဖူးတဲ့

တပွင့် ရကတည်း အချင်းချင်း တွယ်ရင်း ၊ အာဏါရှင်ရှေ့မှာ ငြိမ်ငြိမ်ဝပ်ဝပ် နေရင်း
တွယ်ကပ် တက်လာကြရတာ
စိတ်မပူ နဲ့ ဗိုလ်ချုပ်ဖြစ်တဲ့ သူတိုင်း ဟာ (၁၂) ကြိုးကြီးပဲ
အာဏါ နဲ့ (လူ့) ဆိုင်ကို ကိုကောင်းကောင်း နားလည်ကြတယ်
Street smart တွေ

အိုဘားမား လာတာ win,win,win ကြီးပဲ
အိုဘားမားတောင် နောက်ကျ မှာစိုးလို့ အတင်းပြေးချလာရတာ

ကြားဖူးကြမှာ ပေါ့
ခေတ်မှီ သူတိုင်း ပင်လယ် (ငါး) စားကြသည်တဲ့

လူတိုင်းက (ငါ့ကြောင့်) ဆိုပြီး (စိတ်) ကျေနပ် သွားကြတယ်
(အာဏါ) က ဘယ်သူ့ လက်ထဲ မှာလဲ

နိုင်ငံရေး ဆိုတာ (ကြည့်) တဲ့ (level) နဲ့ (angle) အပေါ်မူတည်တယ်..ဗျို့

နောက်ဆုံးတော့ (capacity) နဲ့ (ဗျူဟာ) ပါပဲလေ…

ဒီပွဲမှာ ကျန်ခဲ့တာက တော့ Zero sum ဆရာ ကြီးတွေပဲ
တော်လှန်ရေး ဟီးရိုး တွေ အတွက် က (ဇီးရိုး)ပဲ …ဗျို့.. ဟားဟားဟား …..

Mao & Nixon
Obama arriving
Students

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...