Wednesday, November 14, 2012

ကိုတိုးကြီးအတွက် ဂီတနယ်မှ အသံများ



၁၅.၁၁.၂ဝ၁၂ (ကြာသပတေးနေ့) စင်္ကာပူစံတော်ချိန် နံနက် (၈း၂ဝ) နာရီအချိန်တွင် နိုင်ငံကျော် အဆိုတော် တေးသံရှင် ကိုခင်မောင်တိုး ကွယ်လွန်သွားခဲ့ပါသည်။အဆိုတော် ဦးခင်မောင်တိုး၏ ကြွင်းကျန်သေသာ ရုပ်ခန္ဓာ အား စင်ကာပူ စံတော်ချိန် ညနေ ၃ နာရီ မိနစ် ၄၅ အချိန်တွင် မွန်ဒိုင်း သုဿန်တွင် သဂြိုလ်မည်ဖြစ်ကြောင်းသိရသည်။ကိုခင်မောင်တိုး ကွယ်လွန်သွားခဲ့တဲ့အတွက် အနုပညာရှင်များရဲ့ ဝမ်းနည်းစကာသံကိုဖော်ပြပေးလိုက်ပါတယ်။


ထွန်းအိန္ဒြာဗို
လ်
မိသာစုနဲ့ ထပ်တူဝမ်းနည်းပါတယ်။အခုလိုကြွေလွင့်သွားတယ်ဆိုတာဂီတလောကအတွက် ဆုံးရှုံးမှုတစ်ရပ်ပါပဲ။


ဓိရာမိုရ်
ဦးတိုးကြီးကတကယ် အနုပညာရှင်တစ်ယောက်ပါ။သူက ကိုယ်ပိုင် သံတစ်ခုနဲ့ ရပ်တည်ခဲ့တဲ့သူပါ၊အနုပညာရှင်တွေရဲ့ လေးစားမှုလည်းရခဲ့တဲ့သူပါ။အခုချိန်ထိ ရပ်တည်ခဲ့တဲ့သူ တစ်ယောက်အခုလို ဖြစ်သွားတဲ့အတွကစိတ်မကောင်းပါဘူးသူလို လူမျိုးကရှားပါတယ်။


သျှီ
ဦးတိုးက သမာသမတ်ကျတယ်။အဲဒီသူရဲ့ သမာသမတ်ကအင်မတန်အံ့သြဖို့ ကောင်းတယ်။အခုလိုမျိုးဖြစ်သွားတဲ့အတွက် ဂီတလောကအတွက် ဆုံးရှုံးမှုတစ်ရပ်ပါပဲ။


ဆုန်သင်းပါရ်
ကိုယ်လောကသားတစ်ယောက်လျော့သွားတဲ့အတွက်ဝမ်းနည်းရပါတယ်။သတင်းဆိုးကြားရတာစိတ်မကောင်းပါဘူးမိသားစု၊ပရိသတ်တွေနဲ့ ထပ်တူ ကြေကွဲရပါတယ်။


ပိုးအိစံ
ဦးတိုးကွယ်လွန်သွားတဲ့အတွက်တကယ်ကိုစိတ်မကောင်းပါဘူး။


ကော်နီ
စိတ်ထားမြင့်မြတ်တဲ့ ဂီတလောကက အနုပညာရှင်တစ်ဦးမရှိတော့တာသိတော့ဝမ်းနည်းမိတယ်။ဂီတလောကမှာဒီလိုလူမျိုး တစ်ဦးဆုံးရှုံးသွားတော့စိတ်မကောင်းဖြစ်မိတယ်

အေးချမ်းမွန်မှ Popular Journal တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။



Photo From :Popular Journal

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...