သစ်ထူးလွင် သတင်းစုစည်းမှု (၁၈-၁၁)
သစ်ထူးလွင်
|
- ရခိုင်ပြည်နယ် ပဋိပက္ခ ကောင်းမွန်စွာ မဖြေရှင်းနိုင် ပါက အစွန်းရောက်ဝါဒ ကြီးထွားနိုင် ဟုဆို
- အမေရိကန်သမ္မတအိုဘားမား မရောက်မီအကြိညတွင် နိုင်ငံတော်သမ္မတက အကျဉ်းသား ၆၆ဦးအား လွတ်ငြိမ်းချမ်းသာခွင့်ထပ်ပေး
- အိုဘားမား မရောက်ရှိမီ နာရီပိုင်းအလို ထိုင်းတောင်ပိုင်းတွင် ဗုံးခွဲတိုက်ခိုက်မှုဖြစ်ပွား
- မြန်မာနိုင်ငံတောင်သူလယ်သမား
အသင်းနှင့်အမေရိကန်ပြည်ထောင်စု USAID မှ တာဝန်ရှိသူများနှင့်တွေ့ဆုံ - ဂျပန်အစိုးရက မြန်မာနိုင်ငံအတွက် ချေးငွေကန်ဒေါ်လာ ၆၁၅ သန်း ပေးမည်
- နျူကလီးယား စာချုပ် ဝေဖန်မှုများရှိနေကြောင်း နိုင်ငံတော် သမ္မတဆို
- ဥပဒေဘောင်ကျော်လျှင် ရဲကိုလည်း ပြန်အမှုဖွင့်လို့ရတယ်
- နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်မီးစစ်ကိုင်းတိုင်းဒေသြ
ကီးတွင် စတင်တပ်ဆင် - လက်ပံတောင်းတောင် စီမံကိန်း ထိုင်သပိတ် ဆန္ဒပြ
- မြန်မာ့ပညာရေး တိုးတက်အောင် အိန္ဒိယကူညီဖို့ ဒေါ်စုတိုက်တွန်း
- မြောက်ကိုရီးယားနဲ့ ဆက်ဆံရေး မြန်မာပြည်ခရီးမှာ အိုဘားမားပြောမည်
- ဒေါ်အောင်ဆန်းစုကြည် အိန္ဒိယခရီးစဉ်မှ ပြန်လည် ရောက်ရှိ
- အိုဘားမား အာရှ ခရီးစဉ် အပြေးအလွှား စတင် (ရုပ်/သံ)
- ဒေါ်အောင်ဆန်းစုကြည် အိန္ဒိယ ခရီးစဉ် ပြီးဆုံး
- အီဂျစ်မှာ ရထားနဲ့ကား တိုက်လို့ လူ ၅၀ သေဆုံး
- အိုဘားမားခရီးစဉ်ကြောင့် မြန်မာ့စီးပွားရေး အခွင့်အလမ်းကောင်းမျှော်လင့်
- လက်လုပ်လက်စား အများစုဆီက လမ်းခင်းဖို့  အဓမ္မငွေကြေး ကောက်ခံနေ
- ဟာမတ် အစိုးရရုံးတွေကို အစ္စရေးတိုက်ခိုက်
- အန္ဒာရာပရာဒတ်ပြည်နယ်တွင်းရှိကျေ
းရွာတစ်ခုအား "အောင်ဆန်းစုကြည်ကိုလိုနီ" အဖြစ်အမည်ပြောင်းဂုဏ်ပြု
Posted: 18 Nov 2012 07:04 AM PST
ဖနွမ်းပင်၊ နိုဝင်ဘာ ၁၈
မြန်မာနိုင်ငံ ရခိုင် ပြည်နယ် တွင် ဖြစ်ပွားနေသော ပဋိပက္ခ ကို ကောင်းမွန်စွာ ကိုင်တွယ် မဖြေရှင်း နိုင်ပါက ဒေသတွင်း အစွန်း ရောက်ဝါဒ အင်အား ကြီးထွား လာမှုကို ပိုမို တွန်းအား ပေးနေ သကဲ့သို့ ဖြစ်သွား နိုင်ကြောင်း အာဆီယံ အတွင်းရေးမှူး ချုပ် ဆူရင်ပစ်ဆူဝမ်က အာဆီယံ လူ့အခွင့်အရေး ကြေညာချက် ထုတ်ပြန် အပြီး ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆို လိုက်သည်။ အထက်ပါ အကြောင်း အရာကို အာဆီယံ အတွင်းရေးမှူးချုပ် ဆူရင်ပစ်ဆူဝမ်ကို RFA (လွတ်လပ်သော အာရှအသံ) သတင်း ဌာနမှ မေးမြန်းချက် ကို ပြန်လည် ဖြေကြား ခဲ့ခြင်း ဖြစ်သည်။ အာဆီယံ လူ့အခွင့်အရေး ဆိုင်ရာ ကြေညာချက်ကို မြန်မာနိုင်ငံ အနေဖြင့်လည်း ယင်း ကြေညာချက် တွင် ပါဝင်သည့် အတိုင်း လိုက်နာမည် ဖြစ်ကြောင်း ဖနွမ်းပင် အာဆီယံ အစည်းအဝေး တွင် နိုင်ငံခြားရေး ဝန်ကြီးဌာန ဝန်ကြီး ဦးဝဏ္ဍမောင်လွင် က မီဒီယာ များကို ပြောကြားသည်။ ဖနွမ်းပင် မြို့ရှိ ငြိမ်းချမ်းရေး နန်းတော် (Peace Palace) တွင် ယနေ့ ကျင်းပ နေသော အာဆီယံ ထိပ်သီး အစည်းအဝေး တွင် အချက် ၅၁ ချက် ပါသော အာဆီယံ လူ့အခွင့်အရေး ဆိုင်ရာ ကြေညာချက် ကို ယနေ့ မွန်းလွဲ ၁၂ နာရီ မိနစ် ၄၀ ခန့်တွင် အာဆီယံ ၁၀ နိုင်ငံရှိ ခေါင်းဆောင်များ လက်မှတ် ရေးထိုးကာ ထုတ်ပြန်ခဲ့သည်။ ကမ္ဘောဒီးယား နိုင်ငံ ဖနွမ်းပင် မြို့၌ ကျင်းပနေသည့် အာဆီယံ ထိပ်သီး အစည်းအဝေး သို့ အာဆီယံ ခေါင်းဆောင်များ အပါအဝင် သမ္မတနှင့် ဝန်ကြီးချုပ် စုစုပေါင်း ၁၅ဦး တက်ရောက်မည် ဖြစ်သည်။ အာဆီယံ ၁၀ + ၃ နိုင်ငံ ခေါင်းဆောင်များ အပြင် အမေရိကန် သမ္မတ အိုဘားမား၊ နယူးဇီးလန် ဝန်ကြီးချုပ် ဟွန်ဂျွန်ကေး၊ သြစတြေးလျ န်ကြီးချုပ် ဂျူလီယာဂေးလတ်၊ အိန္ဒိယ ဝန်ကြီးချုပ် မန်မိုဟန်ဆင်းမ် တို့လည်း တက်ရောက်မည် ဖြစ်ကာ အစိုးရ အဖွဲ့ဝင် ကြီးများ လည်း တက်ရောက် မည် ဖြစ်သည်။ ၂၁ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေး နှင့် ဆက်စပ် အစည်းအဝေး များကို ကမ္ဘောဒီးယား နိုင်ငံ ဖနွမ်းပင်မြို့ ၌ ယခုလ ၁၅ ရက်နေ့ မှ ၂၀ ရက်နေ့ ထိ ကျင်းပမည် ဖြစ်သည်။ ရခိုင်ပြည်နယ် တွင် ဇွန်လ အတွင်းက စတင် ဖြစ်ပွား ခဲ့သော ပဌိပက္ခ များကြောင့် သေဆုံးသူ ၁၃၉ ဦး၊ ဒဏ်ရာ ရရှိသူ ၁၉၀ ဦး၊ အိုးမဲ့ အိမ်မဲ့ ဒုက္ခသည် ၉၃၆၉၃ ဦး၊ နေအိမ် အပျက်အစီး ၇၅၈၁ လုံး၊ ဘာသာရေး အဆောက်အအုံ ၁၄ လုံးနှင့် ဒေသန္တရ လုပ် တူမီးသေနတ် ၁၈၀ လက် ဖမ်းဆီး ရမိခဲ့ကြောင်း အစိုးရက တရားဝင် ထုတ်ပြန်ထားပြီး ယခု အချိန်အထိ ဒေသ အလိုက် အုပ်စုဖွဲ့ အကြမ်းဖက်မှု များ ရှိနေသေးကြောင်း ဒေသခံ များနှင့် ရခိုင်ပြည်နယ် အစိုးရထံမှ သိရသည်။ The Voice Weekly | ||
Posted: 18 Nov 2012 06:56 AM PST
အမေရိကန် ပြည်ထောင်စုသမ္မတ ဘားရတ်အိုဘားမား မြန်မာနိုင်ငံ ရန်ကုန်မြိ့သို့ အလုပ်သဘော ခရီးမရောက်မီ အကြိုညတွင် မြန်မာနိုင်ငံတော် သမ္မတက အကျဉ်းသား ၆၆ဦးအား လွတ်ငြိမ်း ချမ်းသာခွင့်ပြု လိုက်ကြောင်း သိရသည်။
ထိုလွတ်ငြိမ်းချမ်းသာခွင့် သတင်းကို နိုဝင်ဘာ ၁၈ရက်ည ၈နာရီ အစိုးရသတင်း အစီအစဉ်များတွင် ကြေညာထုတ်လွှင့် သွားခြင်းဖြစ်သည်။ “လွှတ်ပေးမယ့် အကျဉ်းသားတွေ အားလုံးဟာ နိုင်ငံရေး အကျဉ်းသားတွေလို့ ပြောဆိုထား သူများ ဖြစ်ပါတယ်။လူ့အခွင့်အရေး လှုပ်ရှားသူ ဦးမြင့်အေးတို့လို၊ ABSDF ကသူတွေလို သူတွေ ပါဝင်ပါလိမ့်မယ်” ဟု အစိုးရအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောပြသည်။ သတင်းတွင် နိုဝင်ဘာ ၁၅ရက်နှင့် ၁၆ရက်များတွင် စိစစ်ပြီး ထိုအကျဉ်းသားများအားလွှတ်ပေးခြဲ့ Yangon Media Group | ||
Posted: 18 Nov 2012 06:51 AM PST
ထိုင်းနိုင်ငံသို့ အမေရိကန်သမ္မတ အိုဘားမား ရောက်ရှိရန် နာရီပိုင်း အလိုတွင် နိုင်ငံတောင်ပိုင်း၌ သူပုန်များက မီးရထားတစ်စင်းအား ဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပွားခဲ့ရာ မီးရထားလမ်း လုံခြုံရေးတပ်ဖွဲ့ဝင် နှစ်ဦး သေဆုံးသွားကြောင်း AP သတင်းက ပြောကြားသည်။
ယနေ့ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်နှစ်ဦးမှာ ရရှိသော ဒဏ်ရာများဖြင့် သေဆုံးသွားပြီး အခြား ဒဏ်ရာရရှိသူ ၁၅ ဦးကို ဆေးရုံသို့တင်ပို့လိုက်ရသည်။ ယခုတိုက်ခိုက်မှုမှာ အမေရိကန်သမ္မတ အိုဘားမာ လာရောက်သည့် သီတင်းပတ်ကုန်အတွင်း ထိုင်းနိုင်ငံတွင် ဖြစ်ပွားသည့် ဒုတိယအကြိမ်မြောက် တိုက်ခိုက်မှုလည်းဖြစ်သည်။ ပထမအကြိမ်ဖြစ်ပွားခဲ့သည့် မော်တော်ဆိုင်ကယ်ဗုံးပေါက်ကွဲမှု ထိုင်းနိုင်ငံတောင်ပိုင်းတွင် ၂၀၀၄ ခုနှစ်ကစ၍ အစ္စလာမ်မစ်သူပုန် အဖွဲ့၏ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် လူပေါင်း ၅,၀၀၀ ကျော် သေဆုံးခဲ့ပြီးဖြစ်ကြောင်း သိရသည်။ Planet Myanmar Network | ||
Posted: 18 Nov 2012 06:39 AM PST
အမေရိကန် ပြည်ထောင်စုUSAID အဖွဲ့သည် မြန်မာနိုင်ငံ သို့ (၃၀.၁၀.၂၀၁၂ မှ ၁၇.၁၁. ၂၀၁၂)အထိ နှစ်ပတ်ကြာလာ ရောက်၍ စိုက်ပျိုးရေး ကဏ္ဍနှင့် ပတ်သက်၍ လာရောက်လေ့လာ ခဲ့ကြပြီး Team Leader အဖြစ် လိုက်ပါလာပြီး အဖွဲ့ ၀င်များအပြင် Mr.Jakson နှင့် Professor John တို့လိုက်ပါခဲ့ကြပြီး မြန်မာနိုင်ငံမှ MMRD နှင့်ပူးပေါင်း ၍ တောင်သူလယ်သမားများ၏ လိုအပ်ချက်များကိုလေ့လာ၍ စာတမ်းပြုစုပြီး အမေရိကန်ပြည်ထောင်စု အစိုးရသို့ ပြန်လည်တင်ပြ သွားမည်ဟု သိရသည်။
၂၀၁၂ခုနှစ် နိုဝင်ဘာလ(၁၅) ရက်နေ့ ညနေ (၄း၃၀)အချိန်တွင် ရန်ကုန်မြို့ UMFCCIအစည်း အဝေးခန်းမ၌ မြန်မာနိုင်ငံတောင် သူလယ်သမားအသင်းဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းနှင့်တွေ့ဆုံ၍ ၎င်းတို့၏တွေ့ရှိချက်အား Power Point ဖြင့်ရှင်းလင်းတင်ပြခဲ့သည်။ အဆိုပါတွေ့ဆုံပွဲတွင်UMFCCIမှတာ USAID မှတင်ပြသော တွေ့ ရှိချက်များအနက်မှ တောင်သူ လယ်သမားများနှင့်ပတ်သက်၍ မြန်မာနိုင်ငံတောင်သူလယ်သမား အသင်းဥက္ကဋ္ဌက ““တောင်သူလယ် သမားများ၏ ၀င်ငွေအားတစ်ဖက်လျှင် ကျပ်(၂၃၀၀၀၀)ဖော်ပြထား ချက်မှာ ယေဘူယျဆန်ပြီး စပါး အထွက်နှုန်းအား တစ်ဧကတင်း ၁၀၀နှင့်ရောင်းချငွေ ကျပ် ၄၀၀၀၀၀ဟုဖော်ပြထားရှိမှုမှာ တစ်နိုင်ငံလုံးကိုယ်စားပြု Date အဖြစ်လက် ခံနိုင်ဖွယ်မရှိကြောင်း ရွေးချယ်မှု ပုံစံမှားယွင်းခြင်း (Selection Bias) နှင့်မေးခွန်းပုံစံ အားနည်း ချက် (Relibility ofquestionan) ကြောင့် ဖြစ်နိုင်ကြောင်း””ဆွေး နွေးခဲ့ကြောင်းသိရသည်။ ၎င်းအပြင် ရှမ်းပြည်နယ်၊ချင်းပြည်နယ်၊ကချ နောက်ဆုံးအနေဖြင့် ““ပညာရှင်ကြီးများပါမောက္ခကြီးမျ ပိုမိုထိတွေ့သင့်ကြောင်းနှင့် မြန်မာလူမျိုးများ၏ သဘာဝနှင့် ယဉ်ကျေးမှုကို သေချာနားလည် သဘောပေါက်အောင် လေ့လာ ပြီးမှသာValid ဖြစ်မည့် သုတေ သန Report တစ်ခုရနိုင်မည်ဖြစ် ကြောင်း၊ ဥပမာ-တောင်သူလယ် သမားများထုတ်လုပ်မှုစရိတ်အတွက် ဖြေကြားရာတွင် မိသားစု လုပ်အား (Family labour) လိုသည့် ရှင်းလင်းချက်ဖြေကြားခြင်းမပြု မြန်မာနိုင်ငံဆန်စပါးအသင်း ချုပ်မှ သုတေသနပြုကောက်ယူ ထား စစ်တမ်းReport အားပေး အပ်ပြီး အစည်းအဝေးကို ညနေ (၆)နာရီတွင် ရုတ်သိမ်းခဲ့ကြောင်း သိရသည်။ မြင့်မြတ်ကြည် Hot News | ||
Posted: 18 Nov 2012 06:31 AM PST
တိုကျို၊ နိုဝင်ဘာ-၁၇
ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံအတွက် အစိုးရချေးငွေ ကန်ဒေါ်လာ ၆၁၅ သန်းပေးအပ်မည်ဖြစ်ကြောင်း သိရသည်။ ယင်းမှာ မြန်မာနိုင်ငံမှ ပို့ကုန်များ တင်သွင်းမှု ပိတ်ပင်ထားခြင်းကို ပယ်ဖျက်ပေးလိုက်ကြောင်း အမေရိကန်က ကြေညာပြီး ရက်အနည်းငယ်အတွင်း ထွက်ပေါ်လာခြင်းဖြစ်သည်။ ချေးငွေပေးမည့် ကြေညာချက်အား မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံချိန်တွင် ဂျပန်ဝန်ကြီးချုပ် ယိုရှီဟီကိုနိုဒါက ကြေညာမည်ဖြစ်ကြောင်း နီကေးစီးပွားရေးနေ့စဉ် သတင်းကဖော်ပြသည်။ ဂျပန်ဝန်ကြီးချုပ်နှင့် မြန်မာသမ္မတတို့သည် အာဆီယံ ထိပ်သီးဆွေးနွေးပွဲနှင့် အရှေ့အာရှထိပ်သီး ဆွေးနွေးပွဲသို့ တက်ရောက်ရန် ကမ္ဘောဒီယားနိုင်ငံ ဖနွမ်းပင်မြို့၌ ရောက်ရှိနေပြီး နိုဝင်ဘာ ၁၉ ရက်တွင် နှစ်ဖက်တွေ့ဆုံဆွေးနွေးမည် ဖြစ်သည်။ အတိုးနှုန်း နည်းနည်းနှင့် ရေရှည်ပေးအပ်မည့် ဂျပန်အစိုးရ ချေးငွေမှာ နှစ်ပေါင်း ၃၀ အတွင်း ပထမ ဆုံးပြန်လည်ပေးအပ်သည့် ချေးငွေဖြစ်ပြီး ယင်းမှာ ဂျပန်ကုမ္ပဏီများ မြန်မာနိုင်ငံသို့ ၀င်ရောက်ခြင်းကို ကျော ထောက်နောက်ခံပေးရန်နှင့် မြန်မာနိုင်ငံတွင် သြဇာကြီးမားလာသည့် တရုတ်နိုင်ငံအား စောင့်ကြည့်ရန်လည်း ဖြစ်သည်ဟု သတင်းတွင်ဖော်ပြသည်။ ဂျပန်နိုင်ငံက ချေးငွေများကို ၂၀၁၃ ခုနှစ် မတ်လ ဘဏ္ဍာရေးနှစ်အတွင်း ပေးအပ်သွားမည်ဖြစ်ပြီး ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်နှင့် အခြားမြီရှင်နိုင်ငံများကလည်း လာမည့်နှစ် ဇန်န၀ါရီလအတွင်း မြန်မာ နိုင်ငံ၏ ကြွေးမြီများကို သက်သာခွင့်ပေးရန် ကြေညာကြလိမ့်မည်ဟု မျှော်လင့်ရသည်။ 7Day News Journal | ||
Posted: 17 Nov 2012 10:34 PM PST
မြန်မာနိုင်ငံသည် နျူကလီးယား သတိံ္တကြွ ပစ္စည်းများ ဆိုင်ရာ နောက်ဆက်တွဲ စာချုပ်တွင် လက်မှတ် ရေးထိုး ထားခြင်းမရှိသည့် အတွက် နိုင်ငံတကာ ဝေဖန်မှူများ အပေါ် ဖြေရှင်းနေရသဖြင့် ယင်းကို လက်မှတ်ရေးထိုးရန် နိုင်ငံတော် သမ္မတမှ ပြည်ထောင်စု လွှတ်တော်သို့ သ၀ဏ်လွှာပေးပို့ လိုက်ကြောင်း သိရသည်။ မြန်မာနိုင်ငံသည် နျူကလီးယား လက်နက် မပြန့်ပွားရေး စာချုပ်ဝင် နိုင်ငံဖြစ်ပြီး ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
Posted: 17 Nov 2012 10:05 PM PST
ပဲခူးတိုင်း ပေါင်းတည်မြို့နယ် ကြူတောကန် အုပ်စု နတ်ပုတီးကျေးရွာတွင် နိုဝင်ဘာ(၁၀)ရက်နေ့ ည(၉နာရီ၃၀)အချိန်က မူးယစ် ဆဲဆိုသူကို ရဲတပ်ဖွဲ့မှ ဖမ်းဆီး အရေးယူသည့် ဖြစ်စဉ်တွင် နယ်ထိန်း ရဲတပ်ဖွဲ့ဝင် တစ်ဦးနှင့် အပေါင်းအပါ တစ်ဦးမှ ရိုက်နှက် ခဲ့ကြောင်း ဖမ်းဆီးခံရသူက ထွက်ဆို တိုင်ကြား ပြီးနောက် နယ်ထိန်း ရဲတပ်ဖွဲ့ဝင်မှလည်း ၀တ္တရား နှောင့်ယှက်မှုဖြင့် ပြန်လည် တရားစွဲဆိုသည့် အမှုတစ်ခု ဖြစ်ပွားခဲ့ ကြောင်းသိရသည်။
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 17 Nov 2012 07:03 PM PST
စစ်ကိုင်းဒေသကြီးရှိ ကျေးရွာများတွင် နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ်မီးများ စတင်
တပ်ဆင် ဆောင်ရွက်လျက် ရှိရာ ယခုအခါတွင် အိမ်ထောင်စု၃၀၄ စုကို တပ်ဆင်ပေးပြီး ဖြစ်ကြောင်း သိရသည်။ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်မီးများကို မီးကြိုးသွယ်တန်းရန် ခက်ခဲသောနေရာ---- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 17 Nov 2012 06:31 PM PST
ကျေးရွာပေါင်း ၂၆ ရွာက ရွာသားတွေ ပါဝင်ပြီး လုပ်ငန်းတွေ မရပ်မချင်း ထိုင်သပိတ် ပုံစံနဲ့ ဆက်လက် ဆန္ဒပြ ထုတ်ဖော်ဖို့ ရှိတယ်လို့ သပိတ် ခေါင်းဆောင် တယောက်က ပြောပါတယ်။ ဆန္ဒပြကြတဲ့ ရွာတွေထဲက တရာဖြစ်တဲ့ တုံရွာသစ်ရွာက ကိုတင်ဇော်က အင်အား တထောင်လောက် ရှိတယ်လို့ ဆိုပြီး နေ့ည ထိုင်သပိတ် လုပ်သွားမယ်လို့ သိရပါတယ်။ တရုတ် ကုမ္ပဏီက လာတွေ့ပြီး မေးသွားခဲ့တယ်လို့ သူက ပြောပါတယ်။ ခုညပိုင်းမှာတော့ ထိုင်သပိတ်မှာ လူနှစ်ရာလောက် ဆန္ဒပြတယ်လို့ ဆိုပြီး အာဏာပိုင်တွေ လာကြည့်တာ ရှိတယ်လို့လည်း သိရပါတယ်။ သူတို့ လိုက်လျောသည် ဖြစ်စေ မလိုက်လျောသည် ဖြစ်စေ စီမံကိန်း ရပ်ဆိုင်းတဲ့ အထိ ဆန္ဒပြသွားမယ်လို့ သူက ပြောကြားသွားခဲ့ပါတယ်။ ဘီဘီစီ (မြန်မာပိုင်း) | ||
Posted: 17 Nov 2012 03:42 PM PST
မြန်မာ နိုင်ငံရဲ့ ပညာရေး စနစ် ပိုမို ကောင်းမွန်အောင် လုပ်ဖို့ လိုအပ်နေတဲ့ အကြောင်းနဲ့ အိန္ဒိယ အနေနဲ့လည်း မြန်မာကို နည်းပညာ ဆိုင်ရာ အကူအညီတွေ ပေးသွားဖို့ အိန္ဒိယနိုင်ငံ ခရီးစဉ်အတွင်း မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း ပြောဆို သွားပါတယ်။ အိန္ဒိယနိုင်ငံရဲ့ နည်းပညာ မြို့ဖြစ်တဲ့ Bangalore နဲ့ နည်းပညာသိပ္ပံ ကျောင်းတွေကို သွားရောက် လည်ပတ်ခဲ့ ပြီးတဲ့နောက် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အလေးထား တိုက်တွန်း ပြောဆိုလိုက်တာပါ။
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
Posted: 17 Nov 2012 03:32 PM PST
မြန်မာနိုင်ငံ အနေနဲ့ မြောက် ကိုရီးယားနဲ့ စစ်ရေးအရ ဆက်ဆံနေတာ ဖြတ်တောက်ပစ်ဖို့ တနင်္လာနေ့ မြန်မာနိုင်ငံကို ရောက်လာတဲ့ အခါ အမေရိကန် သမ္မတ ဘရက်အိုဘားမား က မြန်မာ ခေါင်းဆောင် တွေကို တိုက်တွန်း သွားဖို့ ရှိတယ်လို့ အိမ်ဖြူတော် အရာရှိတွေ ပြောတဲ့ အကြောင်း စနေနေ့က ရိုက်တာ သတင်းမှာ ဖော်ပြ ထားပါတယ်။
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
Posted: 17 Nov 2012 02:01 PM PST
အိန္ဒိယနိုင်ငံသို့ ငါးရက်ကြာ ခရီးသွားရောက် ခဲ့သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချူပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် သည် နိုဝင်ဘာ ၁၈ ရက်နေ့ မနက် ၁ နာရီခွဲက ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည် ရောက်ရှိလာခဲ့ရာ၊NLD ပါတီ သဘာပတိ အဖွဲ့ဝင်များ၊ ဗဟိုအလုပ် အမှုဆောင် ကော်မတီဝင်များနှင့်NLD ပါတီဝင်များက လာရောက် ကြိုဆိုခဲ့ကြသည်။ Photo:RFA/Pe Maung Htet | ||
Posted: 17 Nov 2012 01:47 PM PST
အမေရိကန် သမ္မတ ဘရက်အိုဘားမား ဟာ အရှေ့ တောင် အာရှ ခရီးစဉ်ကို အပြေးအလွှား စတင် လိုက်ပါတယ်။ အိမ်ဖြူတော်ကနေ ရဟတ်ယာဉ်ဆီ ၊ အဲဒီကနေ လေယာဉ်ဆီကို လမ်းလျှောက်လာပြီး၊ လေယာဉ်ပေါ် ပြေးတက်သွားတာကို ရိုက်တာ သတင်း ဌာနက ရိုက်ကူးထားတဲ့ ရုပ်/သံ မှာ ကြည့်ရှုနိုင်ပါတယ်။ ထူးခြားတာကတော့ အမေရိကန် သမ္မတကို လိုက်ပို့ တဲ့သူ လုံခြုံရေး ၀န်ထမ်း တစ်ဦးသာတွေ့ ရပြီး လေယာဉ်ပေါ်ကိုတော့ သမ္မတ တစ်ယောက်ထဲ ပြေးတက်သွားပါတယ်။
ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 17 Nov 2012 12:37 PM PST
စနေနေ့ မနက်ပိုင်းကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ အန်ဒရာ ပရာဒေ့ရှ် ပြည်နယ်က အန်နန်တပူမှာ ရှိတဲ့ မဟတ္တမဂန္ဒီ အမျိုးသား ကျေးလက် ဒေသ အလုပ် အကိုင် အခွင့်အလမ်း ဖန်တီးရေး စီမံကိန်းကို သွားရောက် လေ့လာခဲ့ ပါတယ်။ ညနေပိုင်းမှာတော့ အိန္ဒိယ အိုင်တီ မြို့တော်လို့ နာမည်ကြီးတဲ့ ကာနာတကာ ပြည်နယ် ဘင်္ဂလောမြို့ အင်ဖိုစစ် နည်းပညာ ကုမ္ပဏီနဲ့ နည်းပညာ တက္ကသိုလ် တို့ကို သွားရောက် လေ့လာခဲ့ ပါတယ်။ တနင်္ဂါနွေနေ့ မနက်ပိုင်းမှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံကို ပြန်လည် ရောက်ရှိမှာ ဖြစ်ပါတယ်။ ဘီဘီစီ (မြန်မာပိုင်း) | ||
Posted: 17 Nov 2012 12:15 PM PST
အီဂျစ်နိုင်ငံ အလယ်ပိုင်း အက်စ်ဆူရက် ပြည်နယ်က မီးရထား လမ်းနဲ့ ကားလမ်း ဖြတ်တဲ့ နေရာ တခုမှာ ဘတ်စ်ကား တစီးကို ရထား တိုက်မိ တဲ့ အတွက် လူ ၅၀ သေဆုံးသွား တယ်လို့ အီဂျစ် အရာရှိတွေက ပြောပါတယ်။
သေဆုံးသွားသူထဲက အနည်းဆုံး ၄၇ ဦးဟာ ကျောင်းသား ငယ်လေးတွေ ဖြစ်ကြပြီး၊ တခြား ၁၇ ဦး ကတော့ ဒဏ်ရာ ရရှိသွားကြ ပါတယ်။ ရထားလာရင် ကားလမ်းကို ပိတ်ရတဲ့ မောင်းတံဟာ ရထားလာတဲ့ အချိန်မှာ ပွင့်နေ ခဲ့တယ် လို့ သတင်းတွေက ဆိုပါတယ်။ အဲဒီဂိတ်ကို စောင့်ပြီး ပိတ်ရတဲ့ တာဝန်ရှိသူဟာ ရထား အရှိန်နဲ့ လာနေချိန်မှာ အိပ်ပျော် နေတာ ဖြစ်တယ်လို့ ပြည်နယ် အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ ဒီအတွက် သူ့ကို ဖမ်းဆီး လိုက်ပြီလို့ ဆိုပါတယ်။ မျက်မြင် တွေ့ရှိသူ တဦး ပြောတာ ကတော့ ဘတ်စ်ကားဟာ ရထားလမ်းပေါ်မှာ ၁ ကီလိုမီတာ လောက် အထိ ရောက်ရှိ သွားတယ်လို့ ဆိုပါတယ်။ အခုလို ဖြစ်ရပ် အတွက် လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီးနဲ့ အီဂျစ် နိုင်ငံ မီးရထား ပို့ဆောင်ရေး အရာရှိချုပ်တို့ ရာထူးက နှုတ်ထွက် သွားပါတယ်။ ဘီဘီစီ (မြန်မာပိုင်း)
| ||
Posted: 17 Nov 2012 12:05 PM PST
သမ္မတ အိုဘားမား မြန်မာနိုင်ငံကို လာမယ့် ခရီးစဉ်နဲ့ အတူ၊ အမေရိကန် အနေနဲ့ မြန်မာနိုင်ငံက သွင်းကုန်ပိတ်ဆို့ အရေးယူ ထားတာတွေကို ဖယ်ရှားပေး လိုက်တာကြောင့် မြန်မာ့စီးပွားရေး အလားအလာ ပိုကောင်း လာမယ်လို့ မြန်မာ့ စီးပွားရေး လုပ်ငန်းရှင်တွေက ယူဆနေကြပါတယ်။ တချိန်တည်းမှာပဲ မြန်မာနိုင်ငံဟာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့ အလားအလာကောင်းတဲ့ တိုင်းပြည်ဖြစ်တယ် လို့ အမေရိကန်ဘက်က လည်း ယူဆနေတာပါ။ မြန်မာနိုင်ငံ စီးပွားရေး အနာဂတ်နဲ့ ပတ်သက်လို့ အမေရိကန်ဘက်က အမြင်၊ မြန်မာ့စီးပွားရေး လုပ်ငန်းရှင်တွေ ဘက်ကရော အမေရိကန်အပေါ်မှာ ဘယ်လို ရှုမြင်ပါသလဲ ကိုသားညွန့်ဦးက စုစည်း တင်ဆက်ပေးထားပါတယ်။
မြန်မာနိုင်ငံကို မကြာခင်ရက်ပိုင်းအတွင်း သမ္မတအိုဘားမား လာရောက်မှာဖြစ်သလို၊ မြန်မာနိုင်ငံ သွင်းကုန်တွေကို ပိတ်ပင်တဲ့ ယခင်အရေးယူမှုတွေကို အမေရိကန်ဘက်က ရုပ်သိမ်းမှု အသက်ဝင်သွားပြီ ဖြစ်တာကြောင့် မြန်မာ့စီးပွား ဖွံ့ဖြိုးရေးအတွက် မျှော်လင့်ချက်တွေ တိုးလာစေပါတယ်။ တကယ်တော့ မြန်မာနိုင်ငံဟာ စီးပွားဖွံ့ဖြိုးတိုးတက်ဖို့ အလားအလာကောင်းတဲ့ နိုင်ငံဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီး ကလင်တန်က ဒီကနေ့ပဲ စင်ကာပူနိုင်ငံမှာ ပြောသွားတာပါ။ “မြန်မာနိုင်ငံဟာ လုံခြုံရေးနဲ့ စိုးရိမ်ကြောင့်ကျမှု တွေကြောင့် ဒေသတွင်း တိုးတက်မှု နှေးကွေးနေတဲ့ နိုင်ငံဖြစ်ပါတယ်။ ဒါပေမဲ့လည်း ဒီလမ်းအတိုင်း သွားမရတော့ပါဘူး။ အခုဆိုရင် မြန်မာနိုင်ငံဟာ တံခါးဖွင့်လာသလို ပတ်ဝန်းကျင်နိုင်ငံတွေနဲ့ ဆက်ဆံရေးသစ် တွေကိုလည်း ထူထောင်လာတာကြောင့် ကုန်သွယ်ရေးအရ အချက်အချာ ဖြစ်လာပါတယ်။ မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှနဲ့ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် ဈေးကွက်တွေကို ချိတ်ဆက်ပေးတဲ့နေရာ ဖြစ်ပါတယ်။ စွမ်းအင်အရင်းအမြစ် သစ်တွေနဲ့ သယ်ယူပို့ဆောင်ရေး ကဏ္ဍတွေနဲ့ အင်ဒို-ပစိဖိတ် ဒေသရဲ့ စီးပွားရေးတံခါးပေါက်တခု ဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူတွေအတွက် အလုပ်အကိုင်သစ်တွေ ဖန်တီးနိုင်ပြီး၊ သန်းနဲ့ချီပြည်သူတွေ ဆင်းရဲမွဲတေမှုတွေကို လျော့ပါးလာနိုင်ပါတယ်။” မြန်မာနိုင်ငံဟာ ဒေသတွင်းမှာ ကုန်သွယ်ရေးအရ အချက်အချာကျတယ် ဆိုတဲ့ ဒီအချက်ကို အမေရိကန်ဘက်က အထူးစဉ်းစားခဲ့ပုံရပါတယ်။ ဒီအချက်ဟာ မြန်မာနိုင်ငံအပေါ်မှာ အမေရိကန်မူဝါဒ ပြောင်းလဲမှု၊ သမ္မတအိုဘားမား မြန်မာခရီးစဉ် လာရောက်မှုတွေ အတွက် အရေးပါတဲ့ အချက်တချက် ဖြစ်မယ်လို့ သုံးသပ်သူတွေ ယူဆပါတယ်။ သမ္မတအိုဘားမားခရီးစဉ် အတွက် စဉ်းစားရာမှာ မြန်မာနိုင်ငံဟာ ဒေသတွင်း မဟာဗျူဟာကျမှုကိုလည်း ထည့်သွင်းစဉ်းစားတယ်လို့ အိမ်ဖြူတော်အရာရှိတွေ ကလည်း တနေ့က ပြောခဲ့တာပါ။ ထိုင်းနိုင်ငံ ချူလာလောင်ကွန်းတက္ကသိုလ် ပါမောက္ခ Thitinan Pongsudhirak ကလည်း အမေရိကန်အနေနဲ့ ဒေသတွင်းမှာ စီးပွားရေးအရ သူတို့ ပြတ်ကျန်ခဲ့တယ်လို့ ယူဆတဲ့အကြောင်း သူ့ထင်မြင်ချက်ကို ပြောပါတယ်။ “ပုဂ္ဂလိကလုပ်ငန်းပိုင်း အကျိုးစီးပွားအရ ပြောမယ်ဆိုရင်တော့ အမေရိကန်က သူနောက်မှာ ပြတ်ကျန်ခဲ့တယ်လို့ ယူဆပါတယ်။ ဥရောပသမဂ္ဂတို့၊ အာဆီယံတို့ တရုတ် စသဖြင့် နိုင်ငံတွေနောက်မှာ ကျန်ခဲ့တယ်လို့ ယူဆတာပါ။ ဒါကြောင့် အခုအချိန်ဟာ အမေရိကန်အတွက် အထူးသဖြင့် အမေရိကန် စီးပွားရေး လုပ်ငန်းတွေ အတွက် အခွင့်အလမ်း ဆုပ်ကိုင်ရမယ့် အချိန်ဖြစ်ပါတယ်။ ဒါကြောင့်မို့ သမ္မတအိုဘားမား ခရီးစဉ်ဟာ အမေရိကန်စီးပွားရေးနဲ့ ကုန်သွယ်ရေး အကျိုးစီးပွား အတွက် အမေရိကန် ပုဂ္ဂလိကလုပ်ငန်းပိုင်းတွေ အကျိုးဖြစ်မယ့် ခရီးလို့ ယူဆရပါတယ်။” ဒါကြောင့်လည်း အခု သမ္မတအိုဘားမားဟာ ဒုတိယ သမ္မတသက်တမ်း ရွေးချယ်ခံရပြီးပြီးချင်း အာရှဒေသ ခရီးထွက်လာတာကိုကြည့်ရင်၊ သူ့အနေနဲ့ ဒီဒေသအပေါ်မှာ အထူးစိတ်ဝင်စားကြောင်း ဖော်ပြချက်ဖြစ်တယ်လို့ ယူဆပါတယ်။ အခု အာရှခရီးစဉ်နဲ့ ကမ္ဘောဒီယား နိုင်ငံမှာလုပ်မယ့် အာဆီယံထိပ်သီး အစည်းအဝေး ကာလမှာလည်း စီးပွားရေးနဲ့ ကုန်သွယ်ရေးကိစ္စကို ပိုအလေးထားမယ်လို့ တွက်ဆကြပါတယ်။ မြန်မာနိုင်ငံ ကုန်သည်ကြီးများနဲ့ စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးဝင်းအောင် ကလည်း အမေရိကန်နဲ့ မြန်မာ စီးပွားရေးအရ ဆက်ဆံမှုလမ်းပွင့်လာပြီး တိုးတက်လာမယ့် အလားအလာကိုလည်း မြင်ရပြီလို့ ပြောပါတယ်။ ရန်ကုန်မှာရှိတဲ့ ကုန်သည်အသိုင်းအ၀ိုင်း၊ စီးပွားရေးလုပ်ငန်းရှင် အသိုင်းအ၀ိုင်း အကြားမှာလည်း မကြာခင် သမ္မတအိုဘားမားလာမယ့် ခရီးစဉ်ကို အထူး စိတ်ဝင်စားကြပါတယ်။ မြန်မာနိုင်ငံကို အမေရိကန်ဘက်က ရင်းနှီးမြှုပ်နှံမှုတွေ ပိုဝင်လာမယ်လို့ မျှော်လင့်တဲ့အကြောင်း ပုံနှိပ်စက်လုပ်ငန်းပိုင်ရှင် “အဲဒီတစု လာတဲ့အတွက် အန်တီတို့ တိုင်းပြည်က တိုးတက်သွားမယ်၊ စီးပွားရေး လုပ်ငန်းရှင်တွေ အများကြီး များပြားလာမယ်။ ၀င်ငွေတွေ တိုးတက်လာမယ့်အတွက် အန်တီတို့က အိုဘားမားကို အရမ်းကို ကြိုဆိုပါတယ်။ အရမ်းလည်း ၀မ်းသာပါတယ်။” သမ္မတအိုဘားမားရဲ့ ဒီခရီးစဉ်ဟာ စောလွန်းသေးတယ် ဆိုပြီး လူ့အခွင့်အရေး အဖွဲ့အစည်းတွေ ကတော့ ကန့်ကွက်နေကြတာပါ။ တိုင်းရင်းသားဒေသ အချို့မှာ မငြိမ်းချမ်းသေးတာ၊ နိုင်ငံရေး အကျဉ်းသားတွေ ရှိနေသေးတာ၊ ဖွဲ့စည်းပုံအရ ဒီမိုကရေစီ မဆန်ဘဲ စစ်တပ်က အုပ်ချုပ်မှုကို ထိန်းထားနိုင်တာ စသဖြင့် ထောက်ပြကြပါတယ်။ ဒါပေမဲ့လည်း နာရီပိုင်းကြာမယ့် သမ္မတအိုဘားမားရဲ့ မြန်မာခရီးစဉ်အတွင်း စစ်အစိုးရ ရုံးစိုက်ခဲ့တဲ့ နေပြည်တော်ကို မသွားဘဲ ရန်ကုန်မှာပဲ အချိန်ယူထားပါတယ်။ ဒါကိုကြည့်ရင် အမေရိကန်အနေနဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ထောက်ခံတယ် ဆိုတဲ့ ပြသချက်ဖြစ်တယ်လို့ ပါမောက္ခ Thitinan က ယူဆပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်ကိုရော သမ္မတဦးသိန်းစိန်ကိုပါ တွေ့ဆုံမယ့် သမ္မတအိုဘားမား ခရီးစဉ်ဟာ အတော်လေးကို ထူးခြားပါလိမ့်မယ်။ အနှစ်သာရအရ ပြောမယ်ဆိုရင်တော့ သူ ဘယ်တွေကို သွားလဲဆိုတာ ကြည့်ရပါမယ်။ အခု ခရီးစဉ်အတွင်း သူဟာ နေပြည်တော်ကို မသွားဘဲ ရန်ကုန်မြို့ကိုပဲ သွားတာပါ။ ဒါကိုကြည့်ရင် ဒီခရီးစဉ်ဟာ ဦးသိန်းစိန်ထက် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံဖို့ ခရီးလို့ ပြောရပါမယ်။ သေချာတာကတော့ ခြုံပြောရရင် ဒါဟာ မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ထောက်ခံတဲ့ ခရီးစဉ်ဖြစ်ပါတယ်။” သမ္မတအိုဘားမားရဲ့ မြန်မာခရီးစဉ်အတွင်းမှာပဲ ထူးထူးခြားခြား တခုကတော့ မြန်မာ့လွတ်လပ်ရေး လှုပ်ရှားမှုမှာ အထင်ကရဖြစ်ပြီး၊ ဒီမိုကရေစီလှုပ်ရှားမှုတွေ မှာလည်း ကြီးကျယ်ခမ်းနားခဲ့တဲ့ ရန်ကုန်တက္ကသိုလ်မှာ မြန်မာလူထုကို မိန့်ခွန်းပြောမှာ ဖြစ်ပါတယ်။ ဒါဟာလည်း နိုင်ငံရေးအရ ထူးခြားမှုတရပ်လို့ ယူဆလို့ရပါတယ်။ ကိုသားညွှန့်ဦး (ဗွီအိုအေ မြန်မာဌာန)
| ||
Posted: 17 Nov 2012 11:58 AM PST
ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့ နယ်၊ (၇)ရပ်ကွက်၊ တေးဥယျာဉ် (၁)လမ်းတွင် ကွန်ကရစ် လမ်းခင်းရန် အတွက် ရပ်ကွက် အုပ်ချုပ်ရေးမှူး၏ ညွှန်ကြားချက် အရ ဆိုကာ ကွန်ကရစ် လမ်းခင်းရေး အတွက် အတင်းအဓမ္မ ငွေကြေး ကောက်ခံလျှက် ရှိပါသည်။ လမ်းအတွင်းရှိ လုပ်သား ပြည်သူများမှာ လက်လုပ်လက်စား ဆင်းရဲသား အများစု ဖြစ်ကြပြီး ညအချိန် အလုပ်မှ ပြန်ရောက်ချိန်တွင်မှ ဆန်၊ ဆီ ၀ယ်ပြီး ချက်ပြုတ် စားသောက်ရသော တစ်နေ့ လုပ်မှ တစ်နေ့ စားရသော သူများ ဖြစ်ကြပါသည်။
အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 17 Nov 2012 11:39 AM PST
ဒီတိုက်ခိုက်မှုတွေဟာ သောကြာနေ့က ဂါဇာ ကမ်းမြှောင်ဒေသမှာ ပါလက်စတိုင်း ဟားမတ်စစ်သွေးကြွတွေနဲ့ အစ္စရေးတပ်ဖွဲ့တွေ အကြား ဒုံးလက်နက်တွေနဲ့ အပြန်အလှန် တိုက်ခိုက်မှုနောက်ပိုင်း ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ပါလက်စတိုင်း ဒုံးကျည်တစင်း ဂျေရူစလင် မြို့ပြင်နားကိုလည်း ထိမှန် ကျရောက်ခဲ့ပါတယ်။ ဂျေရူစလင် မြို့နားမှာ မမျှော်လင့်တဲ့ တိုက်ခိုက်မှုအပြီး သောကြာနေ့က ဂျေရူစလင်မြို့ တလွှား လေကြောင်း အချက်ပေးသံတွေနဲ့ ဖုံးလွှမ်းနေခဲ့ပါတယ်။ ဂါဇာ ကမ်းမြှောင်ဒေသမှာ ဖြစ်လာနိုင်တဲ့ မြေပြင် တိုက်ခိုက်မှုတွေ အတွက် တပ်ဖွဲ့ဝင်အင်အား ၇၅,၀၀၀ လောက် ချထားနိုင်ဖို့ အစ္စရေး အရံတပ်ဖွဲ့ အင်အားတွေ တိုးမြင့် ခေါ်ယူနေပါတယ်။ နှစ်ဘက်အကြားမှာ လတ်တလော အခြေအနေအရတော့ စစ်ပွဲတပွဲအသွင် ပေါက်ကွဲလာမယ့် အသွင်ကို ဆောင်နေတယ်လို့ အကဲဖြတ်တွေက ပြောဆိုပါတယ်။ ဗွီအိုအေ (မြန်မာဌာန) |
0 comments:
Post a Comment