သစ်ထူးလွင် သတင်းစုစည်းမှု (၂၁-၁၁)
သစ်ထူးလွင်
|
- အိုစမာဘင်လာဒင်သည် စီအိုင်အေ အေးဂျင့်တစ်ဦးဖြစ်ခဲ့
- ဝန်ကြီးချုပ်ဟောင်း ဦးခင်ညွန့်ကို လုပ်ကြံရန် ကြံစည်မှုဖြင့် အကျဉ်းကျ ခံခဲ့ရသော နိုင်ငံရေး အကျဉ်းသား လွတ်မြောက်
- ကျန်းမာရေး အခြေအနေမှာ နှလုံးခုန်နှုန်း ထိန်းညှိစက်ပေါ် မူတည်ကြောင်း သမ္မတ ပြောကြား
- ရိုဟင်ဂျာကို လက်မခံဟု နယ်စပ်ရေးရာ ဝန်ကြီးဆို
- ကျေးရွာတစ်ရွာတွင် သဘာဝဓာတ်ငွေ့များအလိုအလျောက်ထွ
က်ရှိ - အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံနှင့် စစ်ဘက်ဆိုင်ရာ ဆက်ဆံရေးစတင်
- ဆေးပေါင်းစက်ရုံအတွက် သစ်ပင်များခုတ်လှဲနေသဖြင့် သစ်တော်ပြုန်းတီမှာကို ပေါက်မြို့ခံများစိုးရိမ်
- ကညွှတ်အိုင်အင်း သတင်းယူခဲ့သော သတင်းထောက် နှစ်ဦးအား ပုဒ်မ (၃)ခုဖြင့် တရားစွဲခံနေရ
- မင်္ဂလာဆောင်တစ်ခုမှ လက်ဖွဲ့ပစ္စည်းနှင့် ငွေများအား လိမ်လည်ယူဆောင်မှု ဖြစ်ပွား
- မောင်တောနယ်စပ်နှင့် ဘင်္ဂလားဒေ့ရှ်သို့ နယ်စပ်ဖြတ်ကျော်သွားလာမှု အကန့်အသတ် မရှိရပ်နား
- အစိုးရကို ပြန်လည်တရားစွဲဆိုမည် မဟုတ်ဟု ဦးမြင့်အေး ဆို
- သမ္မတဦးသိန်းစိန်၏ ရခိုင်အရေးနှင်ပတ်သက်ကာ ပြောကြားချက်
- ဒေါ်အောင်ဆန်းစုကြည်ကို UNAIDS သံတမန် ခန့်အပ်
- နိုဝင်ဘာလ (၂၂ )ရက်နေ့ ထုတ် The Hot News Weekly Journal Vol-3,No-117
- နိုဝင်ဘာလ (၂၂ )ရက်နေ့ ထုတ် Venus News Weekly အတွဲ ၄ အမှတ် ၁၈
- သမိုင်းဝင်နေ့တွင် အင်းစိန်ထောင်မှအထွက်
- စူပါ ပါဝါကြောင့် ပြန်လည်ထွန်းလင်းလာတဲ့ ရန်ကုန်တက္ကသိုလ်
- ၁၉ လအတွင်း တရားမ၀င် လာရောက်သော တရုတ်နိုင်ငံသား ၂၀ ဦးကို အရေးယူ
- သမ္မတဦးသိန်းစိန် အိုဘားမားထံမှ အကူအညီ ၂ခု တောင်းဆိုခဲ့
- ရပ်ရွာအေးချမ်းသာယာရေး ရဲတပ်ဖွဲ့မှ ဆက်လက်ဆောင်ရွက်
- အုပ်စုဖွဲ့ရမ်းကားပြီး လူနှင့်ယာဉ်အား ရိုက်နှက် ဖျက်ဆီးခဲ့သည့် သူများအား တရားစွဲတင်ခြင်း
- နေပြည်တော်မှ သိန်း ၁၆၀ ဘိုး ရွှေ/ငွေ ပစ္စည်း ခိုးယူလာသူအား ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှ ဖော်ထုတ်ရမိခြင်း
- တရုတ်၊ ဂျပန်တို့နဲ့ အမေရိကန်ဆက်ဆံရေး အိုဘားမားချီးကျူး
- မြန်မာနဲ့ ထိုင်း သဘောတူ လက်မှတ်ရေးထိုး
- ဂါဇာကို တညလုံး အစ္စရေးဘက်က ပစ်ခတ်ခဲ့
Posted: 21 Nov 2012 07:13 AM PST
အိုစမာဘင် လာဒင်ဟာ စီအိုင်အေရဲ့  အေးဂျင့် တစ်ဦး ဖြစ်ခဲ့ဖူးတယ် ဆိုတာ ၁၀ ယောက်မှာ ၇ ယောက် မသိတဲ့ ကိစ္စ ဖြစ်ပါတယ်။ ငြင်းဆိုချက်တွေ အမျိုးမျိုးကို အမေရိကန်တို့ ထုတ်ပြန်ခဲ့ပေမယ့် သက်သေ အထောက်အထား အခိုင်အမာ ချပြတဲ့အခါ ငြင်းဆန်ရန် ခက်ခဲသွားပါတယ်။ အမေရိကန် စီအိုင်အေ
(လျှို့ ဝှက်ထောက်လှမ်းရေး အေဂျင်စီ)မှာ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 21 Nov 2012 06:58 AM PST
တပ်မတော် အစိုးရ လက်ထက်တွင် ဗိုလ်ချုပ်ကြီး ဦးခင်ညွန့်ကို လုပ်ကြံရန် ကြံစည်မှုဖြင့် သေဒဏ် ကျခံ ခဲ့ရသော နိုင်ငံရေး အကျဉ်းသား တစ်ဦး ဖြစ်သော ဦးသိန်းထွန်းသည် အမေရိကန် သမ္မတ အိုဘားမား ခရီးစဉ် အတွင်း ပြစ်ဒဏ် လွတ်ငြိမ်း သက်သာခွင့် အရ လွတ်မြောက် လာခဲ့ကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်း များ အဖွဲ့ဝင်များ ၏ ပြောကြားချက် အရ သိရသည်။
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 21 Nov 2012 06:52 AM PST
နှလုံးခုန်နှုန်း ထိန်းညှိစက် ဒုတိယ အကြိမ် အသစ်ထပ်မံ လဲထား ရသော သမ္မတ ဦးသိန်းစိန်သည် အဆိုပါစက် ကောင်းနေသမျှ ဘာမှ မဖြစ်ဘူးဟု ပြောရမည် ဖြစ်ပြီး စက်ပေါ်တွင်သာ မူတည်ကြောင်း ၄င်းက နိုဝင်ဘာလ ၂၁ ရက်နေ့ နံနက် ပိုင်းတွင် ကမ္ဘောဒီးယား နိုင်ငံ ဖနွမ်းပင် မြို့ရှိ ကမ္ဘောဒီးယားနား ဟိုတယ်တွင် ပြုလုပ်သော ဖနွမ်းပင် ရောက် မြန်မာ သတင်းစာ ဆရာများနှင့် တွေ့ဆုံပွဲတွင် ပြောကြားသည်။
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 21 Nov 2012 06:24 AM PST
ရိုဟင်ဂျာ အခေါ်အဝေါ်နှင့် ရိုဟင်ဂျာ တိုင်းရင်းသား ဆိုသည့် အသုံး အနှုန်း ကို ပြည်ထောင်စု အစိုးရ က လက်ခံမည် မဟုတ်ကြောင်း နယ်စပ် ရေးရာ ဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးက သတင်း မီဒီယာ များကို ယနေ့ ပြောကြားသည်။ ယနေ့ည ၅နာရီ ၃၀ မိနစ် ခန့်က ကုန်သည် များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် တွင် ကျင်းပသော ရခိုင်ပြည် နယ် အရေး ကိစ္စနှင့် ပတ်သက်၍ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 21 Nov 2012 05:56 AM PST
ရန်ကုန်တိုင်း ဒေသကြီး ကျောက်တန်း မြို့နယ် တစ်ဖက်ကမ်း မြကိုင်းကျေးရွာ အနီးရှိ လူနေအိမ် အချို့တွင် သဘာဝ ဓာတ်ငွေ့များ ထွက်ရှိနေသဖြင့် သုံးစွဲသူများ ရှိနေကြောင်း သတင်း ရရှိသည်။ ကျောက်တန်းမြို့နယ်မှ ၁၅ မိုင်အကွာ မြကိုင်းကျေးရွာအပိုင် သုံးပေါက်ပြွန်အစုရှိ လူနေတဲများတွင် စတင်သုံးစွဲ နေခြင်းဖြစ်သည်။ ထွက်ရှိသော သဘာဝ ဓာတ်ငွေ့ဖြင့် ထမင်း၊ဟင်းချက်ပြုတ်ခြင်း၊ တီဗီကြည့်ခြင်း၊ စပါးခြွေလှေ့စက် အချို့တွင် သုံးစွဲနေကြောင်း ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 21 Nov 2012 05:19 AM PST
အမေရိကန် ပြည်ထောင်စု၏ USS Bonhomme Richard စစ်သင်္ဘော ပေါ်သို့ မြန်မာ ရေတပ် အရာရှိများလာ ရောက် လည်ပတ် ခဲ့ကြောင်း သိရသည်။ ယင်းသည် ဆယ်စု နှစ်များ အတွင်း အမေ ရိကန် စစ်တပ်နှင့် မြန်မာနိုင်ငံ စစ်တပ်တို့ ၏ ချစ်ကြည် ရင်းနှီးသော ဆက်ဆံမှုတစ် ရပ်အဖြစ် တွေ့မြင်ရခြင်း လည်းဖြစ်သည်။ အမေရိကန် စစ်သင်္ဘော USS Bonhomme Richard သည် အန်ဒါမန်ဆီး အနီးရှိ ဆိပ်ကမ်းတစ်ခုတွင် ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 21 Nov 2012 05:03 AM PST
မကွေးတိုင်း ပခုက္ကူခရိုင် ပေါက်မြို့မှာရှိတဲ့ ဗားဂျီးနီးယား ဆေးပေါင်း စက်ရုံမှာ အသုံးပြုဖို့ ထင်းလောင်စာတွေ အတွက် သစ်ပင်တွေ ခုတ်လှဲနေလို့ သစ်တောတွေ ပြုန်းတီးသွားမှာကို ပေါက်မြို့ ဒေသခံတွေက စိုးရိမ်နေကြပါတယ်။ တပ်မတော်ပိုင် စီးပွားရေး ဦးပိုင်လီမိတက် RPMM ဗားဂျီးနီးယား ဆေးပေါင်း စက်ရုံကနေ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 21 Nov 2012 04:46 AM PST
ဧရာဝတီတိုင်း ဒေသကြီး ကျောင်းကုန်း မြို့နယ်တွင် ဒေသခံ အင်းသူ အင်းသားများ၊ ရေလုပ်သားများနှင့် အင်းသူကြီး တို့အကြား ဖြစ်ပေါ် နေသော ကညွှတ်အိုင် အင်း ကိစ္စအား သတင်းယူခဲ့သော သတင်းထောက် နှစ်ဦးအား ပုဒ်မ (၃)ခုဖြင့် တရားစွဲ ခံထားရကြောင်း သိရှိရသည်။ အဆိုပါ သတင်းထောက် နှစ်ဦးမှာ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 21 Nov 2012 04:30 AM PST
ရန်ကုန်မြို့ ဒဂုံမြို့နယ်၊ အလုံလမ်းရှိ Summit Parkview ဟိုတယ်တွင် နိုဝင်ဘာလ ၃ရက်နေ့က ကျင်းပခဲ့သည့် မင်္ဂလာဆောင် တစ်ခုမှ လက်ဖွဲ့ ပစ္စည်းများအား နှစ်ဖက်ဆွေမျိုး ဟန်ဆောင်၍ လက်ဖွဲ့ ပစ္စည်းများနှင့် ငွေသားများအား လိမ်လည် ယူဆောင် သွားမှု ဖြစ်ပွား ခဲ့ကြောင်း သတင်း ရရှိပါသည်။
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 20 Nov 2012 10:56 PM PST
မောင်တော နယ်စပ်နှင့် ဘင်္ဂလားဒေ့ရှ်သို့ နယ်စပ် ဖြတ်ကျော်သွား လာခွင့်ပြုထား သည့် တစ်ပိုင် တစ်နိုင်ကူး သန်းသွား လာသူ များကို နိုဝင်ဘာလ(၁၉) ရက်နေ့မှ အကန့်အသတ်မရှိ ရပ်နားထား လိုက်ကြောင်း တစ်ပိုင်တစ်နိုင် ကုန်သွယ်သူများမှ သိရသည်။
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 20 Nov 2012 10:43 PM PST
ဖောက်ခွဲရေး ပြုလုပ်သည်ဟု စွပ်စွဲခံရပြီး အကျဉ်းးကျရာမှ ပြန်လွတ်မြောက် လာသူ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများ ကွန်ရက်တည်ထောင်သူ အစိုးရကို ပြန်လည် တရားစွဲဆိုမည် မဟုတ်ဟု ဦးမြင့်အေးက ပြောသည်။
“ကျွန်တောက လူ့အခွင့်အရေးကို လုပ်နေတဲ့သူ၊ ဖောက်ခွဲရေးနဲ့ ဘာမှ မဆိုင်ဘူး၊ ပြည်သူတွေ အမြင်ရှင်းအောင် ဒီလိုသတင်းစာရှင်းလင်းပွဲ လုပ်ရတာပါ” ဟု ၄င်းကပြောသည်။ ၄င်းတို့အနေဖြင့် မတရားခံရသည့်အတွက် အများပြည်သူသိရှိရန်သာ ဆန္ဒရှိကြောင်း ထိုကဲ့သို့ မတရားစွပ်စွဲခံရပြီး ခုခံချေပခွင့် မရှိဘဲ မတရား စီရင်ခံရသည့် ကိစ္စများ မဖြစ်ရန် လိုအပ်ကြောင်း ၄င်းကပြောသည်။ သာယာဝတီအကျဉ်းထောင်မှ လွတ်မြောက်လာသူ ကိုလက်ျာထွန်းက အစိုးရသစ်လက်ထက် အကျဉ်းထောင်များတွင် နှိပ်စက်ညှင်းပန်းမှုများ ရှိမရှိ သတင်းထောက်တစ်ဦးက မေးမြန်းမှုကို မည်သူ့ကိုမျှ ထိခိုက်နစ်နာစေလို သည့် ဆန္ဒမရှိသည့်အတွက် မဖြေကြားလိုကြောင်း ပြောသည်။ ၄င်းအနေဖြင့် ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့နှင့် ပူးပေါင်းဆောင် ရွက်နိုင်ကြောင်း ပြောသည်။ အမေရိကန်သမ္မတ အိုဘားများခရီးစဉ် အကြို ပြန်လည်လွတ်မြောက် လာသော နိုင်ငံရေးအကျဉ်းသားများ၏ သတင်းစာရှင်းလင်းပွဲကို နိုဝင်ဘာ ၂၀ ရက်နေ့တွင် ရန်ကုန်မြို့ တော်ဝင်နှင်းဆီ စားသောက်ဆိုင်တွင် ပြု လုပ်ခဲ့သည်။ Popular Myanmar News Journal | ||
Posted: 20 Nov 2012 10:38 PM PST
“အကျည်းတန် အရုပ်ဆိုးတဲ့ ရာဇ၀တ်မှုပေါ်မှာ အခြေခံပြီးတော့ လူအုပ်စု ၂ခုက ခုနကလို တလှည့်စီ လက်စားချေကြ တိုက်ခိုက်ကြ သတ်ဖြတ်ကြ မီးရှို့ကြနဲ့ ဒီလိုတွေ ဖြစ်ပွားတာ ဖြစ်ပါတယ်”
သမ္မတဦးသိန်းစိန်သည် ဖနွမ်းပင်ရောက် သတင်းသမားများနှင့် ယနေ့ နံနက် ၉ နာရီခန့်တွင် ဖနွမ်းပင်ရှိ ကမ္ဘောဒီးယား နားဟိုတယ်တွင် တွေ့ဆုံခဲ့ပြီး ရခိုင်အရေးနှင့် ပတ်သက်ကာ (၂၁)ကြိမ်မြောက်အာဆီယံအစည်းအဝေး “ရခိုင်ပြည်နယ် ပဋိပက္ခ က လူမျိုးရေးနဲ့ ဘာသာရေးကို အခြေခံပြီးတော့ ဖြစ်တာ မဟုတ်ပါဘူး။ အကျည်းတန်အရုပ်ဆိုးတဲ့ ရာဇ၀တ်မှုပေါ်မှာ အခြေခံပြီးတော့ လူအုပ်စု ၂ခုက ခုနကလို တလှည့်စီ လက်စားချေကြ ပြုကြ တိုက်ခိုက်ကြ သတ်ဖြတ်ကြ မီးရှို့ကြနဲ့ ဒီလိုတွေဖြစ်ပွားတာ ဖြစ်ပါတယ်။ သေဆုံးတဲ့အရေအတွက်ကလည်း ဟိုတစ်နေ့က မြန်မာနိုင်ငံမှာ ဘုန်းကြီး ရဟန်းတွေ လျှောက်တဲ့ အတိုင်းပါပဲ။ မှန်မှန်ကန်ကန်သိအောင် ရှင်းပြခဲ့ပါတယ်။ ရာဇ၀တ်မှုတစ်ခုအပေါ်မှာ မကျေနပ်တဲ့အတွက်ကြောင့် အစပျိုးပြီးတော့ ဒီကနေ စတင်ဖြစ်လာတာ ဖြစ်ပါတယ်။ သို့သော်လည်းပဲ ဒီလိုရာဇ၀တ်မှုတစ်ခုပေါ်မှာ အခြေခံပြီးဖြစ်ပေမယ့်လည်း ကိုးကွယ်တဲ့ဘာသာမတူညီကြတဲ့ လူမျိုးစု အချင်းချင်း၊ လူမျိုးချင်းမတူကြတဲ့အတွက် လူမျိုးစုအချင်းချင်း၊ ဒီအချင်းချင်းတွေဟာ ပဋိပက္ခ အခြေအနေဆောင်သွားပြီး နည်းနည်းကျယ်ပြန့်သွားတဲ့ သဘောဖြစ်ပါတယ်။ ဒီလိုကြီးမားကျယ်ပြန့်သွားအောင် တချို့ဆိုရင် ဆန္ဒတွေဘာတွေ ပြကြ ပြုကြနဲ့ ။ သံရုံးတွေက လုံခြံရေးတွေပါ ဒါတွေဟာ အင်မတန်မှ ဂရုစိုက်ရတဲ့ အနေအထားမှာ ရှိပါတယ်။ အီဂျစ်တို့ဘာတို့ဆိုရင် သံရုံးက မိသားစုဝင်တွေ ဘာတွေ အသက်အနရယ်ရှိလို့ ခေါ်ထားရတာတွေ ဘာတွေ ရှိပါတယ်။ ဒီအစည်းအဝေးမှာ ၇ခိုင်ပြည်နယ်အကြောင်းကို ကိုယ့်နိုင်ငံဘက်ကနေပြီးတော့ ရှင်းပြနိုင်တဲ့အခွင့်အရေး ကျွန်တော်တို့ ရရှိခဲ့ပါတယ်။ လူ့အဖွဲ့အစည်း ၂ခု ရာသက်ပန် အတူယှဉ်တွဲ နေထိုင်နိုင်ဖို့ အခြေခံအားဖြင့် ကျွန်တော်တို့ ဘာတွေ လုပ်ရမလဲ။ အခြေခံအားဖြင့် ကျွန်တော်တို့ Mind set တွေကို ပြောင်းသွားဖို့ လိုပါတယ်။ လူသားချင်းစာနာတဲ့ လူသားချင်းထောက်ထားတယ်ဆိုတဲ့ စိတ်ဓာတ်မျိုးတွေကို ကျွန်တော်တို့ ပြောင်းသွားအောင် လုပ်ဖို့လိုပါတယ်။ နောက်တစ်ခုက ဒီဒေသတွေမှာ ပညာရေးနဲ့ပတ်သက်ပြီး အလွန်နိမ့်ကျပြီး ပညာေ၇းနဲ့ပတ်သက်ပြီး အဆင့်အတန်းတွေ မြှင့်ပေးဖို့ လိုပါတယ်။ ပညာေ၇းနဲ့ပတ်သက်ပြီး အဆင့်အတန်းတွေ မြှင့်ပေးမှ လူတွေရဲ့ အသိစိတ်ဓာတ်တွေ ပိုပြီး မြင့်မားလာမှာဖြစ်ပါတယ်။ အသိစိတ်ဓာတ်တွေ တိုးတက်လာမှ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေဖြစ်အောင် နေနိုင်ကြမှာ ဖြစ်တယ်။ နောက်တစ်ခုက အလုပ်အကိုင် အခွင့်အလမ်းတွေ တော်တော်လေး လိုပါတယ်။အလုပ်အကိုင်အခွင့်အလမ် ဒီကနေ့ဆိုရင် မီးလောင်ပျက်စီးဆုံးရှုံးတဲ့အတွ ဒါကြောင့်မလို့ ဒီဒေသနဲ့ ပတ်သက်ပြီးတော့ အစိုးရ၊ နောက် စေတနာထက်သန်တဲ့ ကျွန်တော်တို့ရဲ့ ပြည်သူတွေ မြန်မာနိုင်ငံမှာ ရှိနေတဲ့ UN က လူတွေ၊ ဌာနေအဖွဲ့အစည်းတွေ၊ ဒီအဖွဲ့အစည်းအတွေရဲ့ အကူအညီနဲ့ ဒါတွေကို ၀ိုင်းဝန်းပြီးတော့ ဆောင်ရွက်နေတာ ရှိပါတယ်။အဲ့ဒါအပြင် တခြား နိုင်ငံတွေထဲက တစ်နိုင်ငံချင်းအလိုက် သူတို့ရဲ့အထောက်အပံ့အကူအညီတွေ ကျွန်တော်တို့ရယူနေတာတွေလည်း ရှိပါတယ်။ ဥပမာ မလေးရှားဆိုရင်လည်း သဘောင်္နဲ့ ဘာနဲ့ပို့ပေးပြီးတော့မှ အစားအသောက်တွေ၊ အသုံးအဆောင်တွေ ဒါတွေ ပို့ပေးတာ ရှိပါတယ်။ အင်ဒိုနီးရှားက ကြက်ခြေနီဆိုရင်လည်း ကူညီကယ်ဆယ်တဲ့ ပစ္စည်းတွေ ပို့ပေးနေတာတွေ ရှိပါတယ်။ အလားတူပဲ တူရကီတို့ဘာတို့ကလည်း ပို့ပေးနေတာတွေ ရှိပါတယ်။ တစ်နိုင်ငံချင်းပို့ပေးတဲ့ အကူအညီတွေ ဒါတွေကိုလည်း ကျွန်တော်တို့ ရယူနေပါတယ်။ သို့ပေမယ့်လည်း မူဆလင်အဖွဲ့အစည်းဖြစ်တဲ့ OIC အနေနဲ့ကတော့ ဒါကို International Issue တစ်ခုလိုမျိုးဖြစ်အောင် လုပ်မယ့်သဘောမျိုးတွေ တွေ့ပါတယ်။ အဲ့တော့ဒီအဖွဲ့အစည်းက ပုဂိုလ်အချို့ကလည်း ကျွန်တော်တို့ ခုနကလို ခေါ်ပြီးတော့မှ ဒီအဖြစ်အပျက်တွေကို မှန်မှန်ကန်ကန်နဲ့သိအောင် ဆိုပြီးတော့ ရခိုင်ပြည်နယ်ဘက်ကိုလည်း ပို့လွှတ်ပေးတာတွေ ရှိပါတယ်။ သို့သော်လည်းပဲ OIC အနေနဲ့ ဒီကိစကို International Issue တစ်ခုအနေနဲ့ UNမှာ agenda တစ်ခုအနေနဲ့ ပါလာအောင် ကျွန်တော်တို့ လုပ်ဖို့ UN ရဲ့ လူ့အခွင့်အရေးဆိုင်ရာနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံအပေါ်မှာ ဖိအားပေးတဲ့လုပ်ရပ်တွေလုပ်ဖို့ ကြိုးစားပြီးဆောင်ရွက်နေတဲ့အတွ နောက်တစ်ခါ ဘရူနိုင်းဆိုလို့ရှိရင် အလားတူပါပဲ။ ကျွန်တော်တို့ နိုင်ငံအပေါ်မှာ ထောက်ခံအားပေးနေတာ ဖြစ်ပါတယ်။ သူတို့ပြသနာဖြစ်တာကို သူတို့အနေနဲ့လည်း ဘာသာရေးကြောင့် ဖြစ်တယ်။ လူမျိုးရေးကြောင့် ဖြစ်တယ်။ အလားတူ မလေးရှားနိုင်ငံဆိုလို့ရှိရင် by The Voice Weekly | ||
Posted: 20 Nov 2012 10:33 PM PST
မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ကုလသမဂ္ဂက HIV နဲ့ AIDS ရောဂါ ကူးစက်ပြန့်ပွားမှု တားဆီးရေး ဆိုင်ရာ အစီအစဉ်ရဲ့ UNAIDS သံတမန်အဖြစ် မနေ့က ခန့်အပ်လိုက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ HIV/AIDS ရောဂါကူးစက် ခံနေသူတွေ အပေါ် ခွဲခြား ဆက်ဆံမှုတွေကို တိုက်ဖျက်တဲ့ တာဝန် ထမ်းဆောင် ရမယ်လို့ UNAIDS က ဆိုပါတယ်။ လူ့အသိုင်းအ၀ိုင်း အပြင်ဘက်မှာ နေထိုင်နေရသူတွေ လူသားဂုဏ်သိက္ခာနဲ့ အခြေခံ လူ့အခွင့်အရေးတွေ ထိန်းသိမ်းထားနိုင်ဖို့ နေ့စဉ်နဲ့အမျှ ရုန်းကန်ကြိုးပမ်းနေရသူတွေကို ရပ်တည်ကာကွယ်ပေးရမယ့်သူအဖြစ် ရွေးချယ်ခံရတာကို အထူးပဲ ဂုဏ်ယူပါတယ်လို့ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်က ကြေညာချက် ထုတ်ပြန် ပြောဆိုခဲ့ပါတယ်။ အသံမဲ့တွေရဲ့အသံ တနည်းအားဖြင့် ပြောဆိုခွင့် မရသူတွေရဲ့ကိုယ်စား ပြောဆိုနိုင်သူ တယောက် ဖြစ်ချင်ပါတယ်လို့လည်း ဖြည့်စွက်ပြောကြားခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဒီတာဝန်ကို လက်ခံခဲ့တဲ့အတွက် အေဂျင်စီက ဂုဏ်ယူပါတယ်လို့ UNAIDS အဖွဲ့အမှုဆောင် ညွှန်ကြားရေးမှူး မစ်ချယ် ဆိုင်းဒိုင်းက ဆိုပါတယ်။ ဒီဗွီဘီ ၂၁ နိုဝင်ဘာ ၂၀၁၂
| ||
Posted: 20 Nov 2012 10:20 PM PST
နိုဝင်ဘာလ (၂၂ )ရက်နေ့ ထုတ် The Hot News Weekly Journal Vol-3,No-117
ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 20 Nov 2012 10:18 PM PST
| ||
Posted: 20 Nov 2012 09:48 PM PST
အမေရိကန်သမ္မတ အိုဘားမား ရန်ကုန်မြို့ပေါ်သို့ ခြေမချမီ နာရီပိုင်း အလိုတွင် အင်းစိန် အကျဉ်းထောင်၌ အကျဉ်းကျ ခံနေရသည့် ကေအင်န်ယူ တပ်သားဟောင်းကို စောထူးဗို တစ်ယောက် အကျဉ်းထောင် အပြင်ဘက် ရန်ကုန်မြေပေါ် လွတ်လွတ် လပ်လပ် ခြေချခွင့် ရခဲ့သည်။
ပဲခူးတိုင်းဒေသကြီး အတွင်းရှိ အစွန်အဖျားရွာငယ်လးမှ သူပုန်တပ်သားဟောင်းလေး၏ အိမ်ပြန်ခရီးမှာ သီးသန့်ကြိုသူမရှိဘဲ တိတ်ဆိတ်ခြောက်ကပ်လှသည်။ သူ့အမည်အော်ကာ နှုတ်ဆက်မည့်သူလည်းမရှိ။ သူနှင့် အတူလွတ်မြောက်လာသော အခြားနိုင်ငံရေးအကျဉ်းသား ကိုးဦးနှင့် အတူလာရောက်ကြိုဆိုနေသည့် နိုင်ငံရေးအကျဉ်းသားဟောင်းများ နိုင်ငံတကာ အသိုင်းအ၀ိုင်းတွင်မြန်မာနိုင် နိုင်ငံရေးအကျဉ်းသားဟောင်းများ ထောင်များထဲတွင် နိုင်ငံရေး အကျဉ်းသား ၂၃၁ ဦးရှိသည်ဟုဆိုသည်။ ၄င်းတို့ထဲတွင် ကိုစောထူးဗိုကဲ့သို့ လူမသိ၊ သူမသိဖြင့် နေ့စဉ် ဘ၀ဖြတ်သန်းနေသူများလည်းရှိနေသည် “နိုင်ကျဉ်းတွေ လွတ်လာတယ်။ သို့သော်ထောင်ထဲမှာ အများကြီး ကျန်နေသေးတယ်။ အဲဒီတော့ အိုဘာမားလာတဲ့ခရီးစဉ်မှာ လက်ရှိအစိုးရအဖွဲ့ကို တိုက်တွန်းသွားတာတွေ ရှိတယ်။ သူကိုယ်တိုင် ထုတ်ပြောသွားတာရှိတယ်။ ဒီမိုကရေစီ ကူးပြောင်းနေတဲ့ နိုင်ငံတစ်ခုမှာ နိုင်ငံရေး အကျဉ်းသားတစ်ယောက် ကျန်နေတာပဲ တော်တော်လေးကို များလှပြီလို့ သူ့မိန့်ခွန်းထဲမှာ ထည့်ပြောသွားတယ်” ဟု ၈၈ မျိုးဆက်ကျောင်း သားများအဖွဲ့မှ ကိုပြုံးချိုက မှတ်ချက်ချသည်။ အစိုးရသစ်လက်ထက် အံ့အားသင့်စရာ ပြုပြင်ပြောင်းလဲမှုများ၏ ရလဒ်အဖြစ် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ဝင်များ၏ ဆက်ဆံရေးရုံး အချို့ပင်အစိုးရ ထိန်းချုပ်နယ်မြေများအတွင်း ဖွင့်လှစ်နိုင်သည်အထိ နှစ်ဖက်အကြား ဆက်ဆံရေးကောင်းမွန်နေခဲ့သည်။ သို့သော်လည်း လက်နက် ကိုင်အဖွဲ့ဝင်များနှင့် ပတ်သက်ခဲ့သူအချို့မှာ အကျဉ်းထောင်များအတွင်း ကျန်ရှိနေဆဲဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ အရေး ဆောင်ရွက်သူများက ဆိုသည်။ အကျဉ်းကျခံနေရသူများထဲမှ ၅၁၈ ဦးကို နိုင်ငံတော်သမ္မတက နိုဝင်ဘာလ ၁၅ နှင့် ၁၆ ရက်များတွင် ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ပြု အဖမ်းခံရသူ ၅၃ ယောက်ခန့်ပါဝင်ခဲ့ကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ (နိုင်/ကျဉ်း)နှင့် နိုင်ငံရေးအကျဉ်းသားဟောင်း များအဖွဲ့ချုပ်တို့က အတည်ပြုပြောဆိုသည်။ ၎င်းတို့ လွတ်မြောက်လာခြင်းမှာ အိုဘားမားခရီးစဉ်ကြောင့်ဟု ထင်သူများလည်း ရှိသည်။ “ဘယ်လိုပဲဖြစ်ဖြစ် လွတ်မြောက်ရေးတိုက်ပွဲဝင်ခြဲ့ ကိုမင်းကိုနိုင်ကပြောသည်။ ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ်အတွင်းရှိ ကျေးရွာငယ်တစ်ရွာတွင် နေထိုင်ခဲ့သည့် ကိုစောထူးဗိုသည် ငယ်စဉ်ကတည်းက စစ်သားတစ်ဦးဖြစ်ချင်ခဲ့သည်ဟု ဆိုသည်။ မိဘစီးပွားရေးအခြေအနေကြောင့် အတန်းပညာနှစ်တန်းအထိသာ သင်ယူခွင့်ရခဲ့သည့်သူသည် ထော်လာဂျီ အဌားမောင်းသူတစ်ဦးအဖြစ် အသက်မွေးဝမ်းကျောင်းပြုနေခြင်ြး သည့် သုံးနှစ်ခန့်က တပ်မတော် တပ်သားတစ်ဦးနှင့် အမှတ်မထင် ဖြစ်ရပ်တစ်ခုက သူ့အား တပ်မတော်သားတစ်ဦး ဖြစ်လာရန်ထက် သူပုန်တပ်သားတစ်ဦးဖြစ်ရန် တွန်းအားပေးခဲ့သည်ဟုဆိုသည်။ “စက်ဘီးစီးလာတုန်း ခြေနင်းပြုတ်ကျတာ လမ်းကြောင်းရှိလို့ မကောက်ရဘူး ပြောတယ်။ ကျွန်နော်လည်း နှိမ်တယ်လို့ ထင်တယ်။ ဒါနဲ့စစ်ထဲဝင်ရင် ကေအင်န်ယူထဲပဲဝင်မယ်လို့တွေးတယ် “မိဘနဲ့ မခွဲချင်ဘူး။ အဲဒီတော့မိဘနဲ့တူတူ ပြန်ပြီးလုပ်ကိုင်စားသောက်မလို့ ပြန်လာတာ။ ပိုက်ဆံလည်း တစ်ပြားမှမရှိဘူး။ ခြေလျင်ပဲလာတာ။ ဘူတာရောက်တော့ အကူအညီ သွားတောင်းတော့ ဖမ်းလိုက်တာ”ဟု ၂၀၁၂ ဖေဖော်ဝါရီလအတွင်းက သူဖမ်းဆီးခံခဲ့ရပုံကို ပြန်ပြောသည်။ ကမ္ဘာ့သက်တမ်းအရှည်ဆုံး ပြည်တွင်းစစ်ဒဏ်နှင့်အတူ ၀ါဒ ကွဲပြားမှုများ၏ နောက်ဆက်တွဲ အကျိုးဆက်များအဖြစ် ကိုစောထူးဗိုကဲ့သို့ လူငယ်များ၊ သူ့ကဲ့သို့ လက်နက်ကိုင် တပ်ဖွဲ့ဝင်များနှင့် ပတ်သက်ခဲ့ဖူးသူများသည် အကျဉ်းထောင်များနောက်တွင် ရှိ နေဆဲဖြစ်သည်။ ၄င်းတို့အထဲမှ အနည်းငယ်မျှသာ လူသိများသူများအဖြစ် နေထိုင်ခဲ့ရသည်။ “တစ်ချိန်က လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ပက်သက်မိတဲ့ပြည်သူတွေပေါ့။ တချို့ထမင်းတစ်နပ်ကျွေးလိုက်ရုံ အိုဘားမားလာသည့်နေ့တွင် သူလွတ်မြောက်လာသော် လည်း အိုဘားမား မည်သူမှန်းသူမသိ။ လွတ်ငြိမ်းချမ်းသာခွင့်ပေးသည့် တစ်ချိန်က မျက်နှာချင်းပင် မဆိုင်နိုင်သည့် နိုင်ငံတော်နှင့် လက်နက်ကိုင် တပ်ဖွဲ့ဝင်များမှ ထိပ်တန်းအရာရှိများသည် ပြုပြင်ပြောင်းလဲရေး၏ ရလဒ်များအဖြစ် စားပွဲတစ်ဝိုင်းတည်း ထိုင်ကာ စကားပြောနေပြီဖြစ်သည်။ သို့ သော်လည်း ယင်းနှစ်ဖက်မပြေလည်စဉ်အချိန် ယုံကြည်ရာကို စွဲကိုင်ကာ တိုက်ပွဲဝင်ခဲ့သည့်စနစ်ဆိုး၏ သားကောင်အချို့ကမူ သံတိုင်များနောက် ရောက်နေဆဲဖြစ်သည်။ အကျဉ်းထောင်အတွင်း ကျန်ရှိနေသေးသည့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်လာရေး၊ ကိုစောထူးဗိုကဲ့သို့သောလူများ လွတ်မြောက်လာရေးသည်လည်း အရေးကြီးသည့် အရာများအနက်တစ်ခုဖြစ်ကြောင်း ကိုမင်းကိုနိုင်က ပြောသည်။ “သူတို့တွေလွတ်မြောက်ရေးဟာ တစ်စုံတစ်ခုနဲ့ အလဲအထပ် လုပ်ရတာမျိုး ကျွန်တော်တို့ မနှစ်မြို့ဘူး” ဟု ကိုမင်းကိုနိုင်က ပြောသည်။ ။ ရေးသားသူ- မင်းဟိန်းကျော်၊ထွန်းခိုင်၊သန်း | ||
|
[Message clipped] View entire message
0 comments:
Post a Comment