စစ်
ကျင့်ဝတ်အချက်ပြတိုင် ဒီဧရိယာတ၀ိုက်မှာ ပျက်စီး
ဘာ သတင်းအချက်အလက်မှ အသေအချာလက်ခံမရ
အချိန်ကတော့ လူလူချင်း သတ်တဲ့ နာရီ . . .
နိမ့်ချီ မြင့်ချီ
မူမမှန် စိတ်အခြေအနေများဟာ
ပါတ်ဝန်းကျင် အပူချိန်အလိုက် နီလာ ရဲလာ
ဆူလာ ပွက်လာ . . . ဒါဟာ
အသိညဏ်အစာရေစာ ငတ်ပြတ်တာ
အတွေးအခေါ်တရား မွတ်သိပ်တာ
တကယ်တမ်းဆာလောင်လာချိန်မှာ
ဘယ် အရာကိုမှ စတေးပစ်ဖို့ ၀န်မလေး . . .
မြင်မြင်သမျှ ကြားရသမျှ ဒေါသ
အသိမှန်သမျှ စိတ်မှန်သမျှ မောဟ
သိကြားမင်း နကင်းကြီးနဲ့လဲ တရားပြ၍မရ
မုတ်ဆိတ်ဖားဖား သူတော်စင်များလဲ နားချလို့မရ
အဖြစ်မှန်ဆိုတာ အမှန်ဖြစ်နေ
လူ့အသက်နဲ့ ပြာစတွေသာ လေယူရာဝေ့ . . .
ငြိမ်းချမ်းရေး ဂျိုးဌက်လည်း အတောင်ကျိုးလို့
နီရဲရဲ မိစ္ဆာ အိမ်တွေကို ၀ါးစားလို့
ယမ်းငွေ့တွေဟာ တဒိုင်းဒိုင်း ရယ်လို့
သက်ရှိတွေဟာ တဘိုင်းဘိုင်းသေလို့
ငရဲပြည်ဟာ အရပ်တပါးမှ ဤနေရာသို့ရောက်ရှိလာ
ဒီဧရိယာ တောင်စွန်း နေကွန်းချိန် မှာ . . .
မာဃသစ္စာ
0 comments:
Post a Comment