Thursday, November 8, 2012

လယ်မြေများ အလီလီအသိမ်းခံခဲ့ရသူတစ်ဦးရဲ. ရင်ပွင့်သံ



ပဒံလယ်သမားဦးလှအသက် ၇၅ နှစ်ရှိပြီဖြစ်တဲ့ အဘဦးလှကတော့ သူ့ဘ၀ဇာတ်ကြောင်းနဲ့ လယ်သိမ်းခံရတဲ့ဖြစ်စဉ်ကို အခုလို ပြောပြပါတယ်
 ။

အဘက အသက် ၇၅ နှစ်ရှိပြီ။ ငါ့မိန်းမက ဒေါ်သိန်းမြ သူလည်း လိုက်လာတယ် အခု ။ အဘ လယ်တွေ ကအများကြီးကွ အသိမ်းခံရတာလည်းအလီလီဘဲ ငါတို့မှမဆင်းရဲရင်ကွာ ဘယ်သူဆင်းရဲမလဲ ။ လယ်ချည်း အလီလီ အသိမ်းခံရတယ် ။ 

ပထမဆုံး အသိမ်းခံရတာက - သောင်ကြီးကွင်းမှာ လယ် ၁၈ ဧက လာသိမ်းတော့ သက်ကြီးတောင်ပျံတွေကာ မှည့်ကာနီးနေပြီ - မမှည့်တတ်သေးဘူး အစိမ်းတွေပေါ့ - အတင်းလိုက် ရိတ်ရ တယ်ကွာ - နည်းနည်းလေးမှမစောင့်ဘူး - ရွာသားတွေကမနေနိုင်လို့ ၀ိုင်းရိတ်ပေးကြတယ် ။ ဘယ်အကုန် တော့ရမလည်း အချို့အ၀က်လည်း ဂေါ်ထိုးတဲ့ထဲပါသွားတယ် ( မှတ်ချက် ရွာသားတွေ ဘူဒိုဇာကို ဂေါ်ဟုခေါ် ပါသည်)

နောက်တခါ အတွင်းပဒံ ကုလားကြီးစုကွင်းမှာ - လယ် ၆ ဧကခွဲလယ်ကလေးလုပ်တာ ၅ နှစ်လောက်ဘဲလုပ်ရတယ် ။ ငါ့လယ်ထဲမြောင်းတွေလိုက်ဖော် မြောင်းတွေဖြစ်ကုန်တော့ ငါ့လယ်ကလေးလည်း ဟိုတစ်စဒီတစ်စဖြစ်ပေါ့ကွာ ဘယ်လိုမှလုပ်လို့မရတော့ဘူး။

သုံးခါမြောက်ကျတော့ ထိန်ပင်ကွင်းမှာ- အခု ထိန်ပင်သုသာန်လုပ်ထားတဲ့နေရာတွေကွ - လာသိမ်းပြန်ရောဟေ့ -
တခါ ၅ ဧကပါသွားပြန်ရော သိမ်းတိုင်းသိမ်းတိုင်း ငါကိုတော့ဘယ်သူမှမလျော်ဘူးကွ ဒါပေမဲ့ ငါက ပြန်ဝယ်တိုင်းတော့ ပိုက်ဆံ ပေးဝယ်ရတာ တခါမှအလကားမရဘူးဟေ့ ။

ဟော အဲဒါနဲ့ဘဲ လယ်ချည်းအသိမ်းခံရတာ အကြိမ်ကြိမ်
ဆိုတော့ကြောက်နေပြီ လယ်လည်းမ၀ယ်၇ဲဘူး ဒါနဲ့ဘဲ မ၀ယ်ဘူးလို့ ဆုံးဖြတ်မိသေးတယ် ကိုယ်ကလည်းဘာမှမလုပ်တတ်တော့ အတော်ချောင်ကျတဲ့ နေရာလေး ၀ယ်မယ်လို့ စဉ်းစားပြီး ၇ှိတာလေးရောင်းချပြီး နောက်ဆုံးခေါင်းချပြီးသေမယ်ကွာလို့ဆုံးဖြတ် အတွင်းပဒံမှာ ၀ယ်လိုက်တယ်ကွာ စုစုပေါင်း ၈ ဧက -
ပိုဆိုးတာဘဲဟေ့ ဘာမှသိပ်မလုပ်ရသေးဘူး ၀ါဝါ၀င်းနဲ့တိုးတော့ပါဘဲ -
လယ်တွေသိမ်းပြီသိမ်းပြီဆိုတော့ အဘက မေးတယ် ဘယ်သူသိမ်းတာလည်းဆိုတော့ အိုးအိမ်တဲ့ သိမ်းပေါ့ကွာ မတတ်နိုင်ပါဘူးလို့ ။

မကြာပါဘူးကွာ - - ငါက ငါ့လယ်စပ်မှာ စိုက်ထားတဲ့ ကုက္ကိုပင်ပေါ်က ကိုင်းခြောက်ကလေးထင်း သုံးဖို့ တက်ခုတ်တဲ့ နေ့ပေါ့ကွာ
ဦးရွှေကြိုင်ဆိုသူနဲ့ ထိပ်တိုက်တွေ့ကရော - သူက ကားလေးနဲ့ ငါ့ကိုလက်ယက်လှမ်းခေါ်တယ် အနားရောက်တော့မေးတယ် - ခင်ဗျားဘာလို့ခုတ်တာလည်းတဲ့ ငါကလည်း ကျနော်စိုက်ထားတဲ့အပင်မို့
ခုတ်တာဗျ ဆိုတော့ ခင်ဗျားစိုက်ထားပေမဲ့ ကျနော်တို့သိ
မ်းထားပြီးပြီတဲ့ ခင်ဗျားတို့မပိုင်တော့ဘူးတဲ့။

သားသမီး တွေ ၃ ယောက်ရှိတယ် ။ အဲတုံးကတော့ ကျောင်းသားတွေပေါ့ကွာ အဲဒီကစပြီးလယ်လည်း မလုပ်ရတော့ဘူး လယ်လည်း ထပ်မ၀ယ်နိုင်တော့ဘူး ။
ဒီလောက် အလီလီ တစ်ပြားမှမရဘဲအသိမ်းခံ၇တဲ့ကောင်မှ
မမွဲဘယ်သူမွဲမလည်းကွာ ငါက လက်ကျောသိပ်တင်းတဲ့ကောင်ကွ စာရင်းငှားတွေ တောင် ငါမကြောက်ဘူးအပြိုင်လုပ်တာ -
အဲဒီထဲက ဒီလောက် ဖြစ်တဲ့ဘ၀ ဘာထူးမှာလည်းကွာ ငတ်လည်းသေပစေဆိုပြိးဘာမှမလုပ်တော့ဘူး လူကလည်း စိတ်ဘဲရှိတော့တာ ကျပြီလေ - သမီးလေးတွေက သူများ
လယ်တွေမှာ အငှားလိုက်လုပ်ကျပေါ့ကွာ အနီးအနားလည်း လယ်က
သိပ်မရှိတော့ ၇ှိတဲ့နေရာ လိုက်လုပ်ကြရတာပေါ့ - ငါ့သား
သုံးကောင်လည်း တစ်ကောင် ၆ တန်းစီအထိဘဲ
ကျောင်းတက်ဘူးတယ်ဟေ့ ဗလလေး နည်းနည်းထွက်လာရင် ကျောင်းထွက် ပေါ့ကွာ ဒါပဲ .................

( Nay Wai )

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...