သစ်ထူးလွင် သတင်းစုစည်းမှု (၁-၁၁)
သစ်ထူးလွင်
|
- မြောက်ဦး ဒုက္ခသည် စခန်းများတွင် ကလေးငယ်များ ဝမ်းရောဂါဖြစ်ပွား
- ရခိုင်ပဋိပက္ခကြောင့် ရန်ကုန်ရောက် ဒဏ်ရာရသူများ ကျန်းမာရေး စောင့်ရှောက်မှု အားနည်း
- နိုဝင်ဘာလ (၁) ရက်နေ့ ထုတ် ပြည်မြန်မာ ဂျာနယ် အမှတ် ၈၄၃
- အောက်တိုဘာလ (၃၁)ရက်နေ့ ထုတ် Good Health ကျန်းမာရေးနှင့် အလှအပ ဂျာနယ် အမှတ် ၄၀၉
- ပိုက်ဆံချေး၍ ကရမည့်ပွဲအတွက် ခံဝန်ထိုးထားရတဲ့ ပန်းသီး
- သူတစ်လူ ငါတစ်မင်း လွှတ်တော်တွင်း ဗလောင်ဆူစေမယ့် PR စနစ်
- တော်ဝင် သစ်စက်မှ အလုပ်သမားများ အစာငတ်ခံဆန္ဒပြ
- အမြဲတမ်းနေထိုင်ခွင့်စနစ်အတွက် ဆွေးနွေး
- တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေး ကော်မတီ နှင့် တိုင်းနှင့် ပြည်နယ် အသီးသီးမှ တရားသူကြီးချုပ် များတွေ့ဆုံ
- နိုင်ငံကူးလက်မှတ် အမျိုးအစားအားလုံးကို သက်တမ်းငါးနှစ် တစ်ပြေးညီသတ်မှတ်
- ရပ်ကွက် အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲကို လွှတ်တော် ကိုယ်စားလှယ် တဦး ၀င်ရောက် စွက်ဖက်မှု့ ကြောင့် ပျက်စီးခဲ့ရ
- ခိုးဆိုးလုယက် ဘ၀ ပြန်မရောက်လို၍ အနှေးယာဉ်လုပ်သားများဆန္ဒထုတ်ဖော
် - ခရိုင်တရားရုံးအတွင်း ဓမ္မသတ်ရွာသားများ ဆန္ဒထုတ်ဖော်
- ရန်ကုန်-မန္တလေး အမြန်ရထားပေါ် ဒုစရိုက်သမားများပျော်နေ
- နိုဝင်ဘာလ ၁ ရက်နေ့ ထုတ် Venus News Weekly အတွဲ-၄ အမှတ်-၁၅
- ယခုအပါတ်ထုတ် Flower News Journal အတွဲ(၈)အမှတ်-၄၂
- ဗြောက်မဖောက်ရန် တားမြစ်သည့် မန္တလေးမှ ရဲတပ်ကြပ်ကြီးတစ်ဦး ထိုးကြိတ်ခံရ
- မင်းမဲ့စရိုက် ဆန်ဆန် ပြိုင်ကား ၄ စီးနဲ့ စုပြီး ကားတစ်စီး ကို ၀ိုင်းရိုက်မှုဖြစ်ပွါး
- ရခိုင်အရေးမှာ ကြိုးကိုင်သူတွေ အရေးယူခံရမယ်
- နင့်တို့ရေကို ခွေးတောင်မသောက်ဘူး (ရုပ်/သံ)
- ပြည်ခိုင်ဖြိုး ပါတီ ညီလာခံ အလံပြောင်းပြန် လွှင့်ထူမှု ဥပဒေနှင့်ငြိစွန်း
Posted: 01 Nov 2012 06:18 AM PDT
ရခိုင်ပြည်နယ် အတွင်း တကျော့ပြန် ဖြစ်ပွား ခဲ့သော ပဋိပက္ခ များကြောင့် နေရပ်စွန့်ခွာ ထွက်ပြေး ခဲ့ရသည့် မြောက်ဦး မြို့ပေါ်ရှိ မီးဘေးသင့် ရခိုင် ဒုက္ခသည် စခန်းများ၌ အသက် ၁ဝနှစ် အောက် ကလေးငယ် များ ယခု ရက်ပိုင်းက စပြီး ကာလ ဝမ်းရောဂါ များ ဖြစ် ပွါးလျက် ရှိကြောင်း ယင်း ဒုက္ခသည် များကို ကူညီ စောင့်ရှောက် နေသည့် ဘုန်းတော်ကြီး များနှင့် လူမှု ကူညီရေး အဖွဲ့ အစည်း များ ထံမှ သိရှိရသည်။
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
Posted: 01 Nov 2012 06:23 AM PDT
ရခိုင်ပြည်နယ် အတွင်း တကျော့ပြန် ဖြစ်ပွားခဲ့သည့် ပဋိပက္ခ များကြောင့် ထိခိုက် ဒဏ်ရာရသူ များအနက် ဒဏ်ရာ ပြင်းထန် မှု ကြောင့် ရန်ကုန်မြို့ ပြည်သူ့ ဆေးရုံကြီးသို့ ပြောင်းရွှေ့ ကုသ နေသော လူနာ ၅ဦး မှာ ကျန်းမာရေး စောင့်ရှောက် မှု အားနည်း လျက်ရှိကြောင်း ယင်း ဒဏ်ရာ ရသူများကို----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
Posted: 01 Nov 2012 05:14 AM PDT
| ||
Posted: 01 Nov 2012 05:12 AM PDT
အောက်တိုဘာလ (၃၁)ရက်နေ့ ထုတ် Good Health ကျန်းမာရေးနှင့် အလှအပ ဂျာနယ် အမှတ် ၄၀၉
ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 01 Nov 2012 04:37 AM PDT
နိုင်ငံတော်အား ထိခိုက် နစ်နာ စေနိုင်သော ပြတ်လုံးများ မပျက်ရန် ခံဝန် လက်မှတ် ရေးထိုး ခဲ့ရသော လူရွှင်တော် ပန်းသီး၏ တကိုယ်တော် နိုင်ငံရေး ဟာသ တင်ဆက်မှုကို နိုဝင်ဘာ (၅)ရက်နေ့တွင် အမျိုးသား ကဇာတ်ရုံ၌ ပြုလုပ်သွားမည် ဖြစ်သည်။ “တကိုယ်တော် ဟာသ တင်ဆက် မှုလေးတွေကို ထူးထူးခြားခြား လုပ်ချင်တဲ့ ရည်ရွယ်ချက်ကြောင့် လုပ်တာပါ။ လုပ်လာတဲ့အခါမှာ ပွဲချပါမစ်ပေးတဲ့ အချိန်ကျတော့ အခက်အခဲတွေက အများကြီး ရှိလာတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 01 Nov 2012 04:20 AM PDT
သွေးနုသားနု ဒီမိုကရေစီ နိုင်ငံသစ်အား သည်းခြေပျက်စေမည့် ဇာတ်လမ်း နောက်ဆက်တွဲ(၂)
“အစက ရိုးရိုး -- နောက်တော့ တစ်မျိုးတိုးလို့ ချစ်ပြန်ဆိုပဲ .. ဆိုပဲ… ” ဆိုသည့် ရေဒီယို သီချင်းလေးတစ်ပုဒ်ကို ကြားဖူးကြမည် ထင်ပါသည်။ လူငယ်များကတော့ ကြားဖူးချင်မှ ကြားဖူးကြပါလိမ့်မည် ။ ရေဒီယိုခေတ်တွင် လူဖြစ်လာ ကြသည့် အသက်၄၀ ကျော် ပုဂ္ဂိုလ်များ ကတော့ ကြားဖူးသူများပါ လိမ့်မည် ။ယနေ့ နိုင်ငံရေးလောကတွင် ပါဝင်ပတ်သက် နေသည့် လူလတ်ပိုင်း လူကြီးပိုင်း နိုင်ငံရေးသမားများကတော့ မကြားဘူး စရာ ရှိမည်မထင်ပါ ။ ထိုခေတ်က နိုင်ငံရေး သမားများအကြား တွင်တွင်ကျယ်ကျယ် သုံးခဲ့သော “ကြောင်ကို ၀မ်းနှုတ်ဆေး ကျွေးမိသလို .. ကျွေးမိသလို… ပျော့ပျော့ လေးနဲ့ နံမယ့် ပုံပေါ်တယ်” ဟူသော ထိမိလှသည့် စကားလုံးကလေးများက ဤသီချင်းထဲတွင် ပါဝင်နေ၍ ဖြစ်ပါသည်။ ယခုလည်း ဤသီချင်းကလေးက တစ်ကျော့ပြန် တစ်ခေတ်ဆန်းလာပြန်ပါသည် ။ နိုင်ငံရေးဆိုသည်မှာ နိုင်ငံသူနိုင်ငံသားများ အကျိုးစီးပွားကို ဆောင်ရွက်ခြင်းဖြစ်သောကြောင့် ပင်ကိုယ်ပကတိ အားဖြင့် အလွန်ဖြူစင်မွန်မြတ်လှသည် ၊ နိုင်ငံရေးကိုခုတုံးလုပ်၍ ကိုယ်ကျိုးရှာသူများ ၊ ကိုယ်ကျိုးစီးပွား ကာကွယ်ရန် နိုင်ငံရေး လုပ်စားသူများကြောင့်သာလျှင် နိုင်ငံရေးသည် ညစ်ထေးသွားရသည် ။ ယနေ့မြန်မာနိုင်ငံသည် စစ်အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်သို့ ကူးပြောင်းကာစဖြစ်ပါသည်။ အကူး အပြောင်း ကာလတိုင်းသည် လွန်စွာအရေးကြီးလှသည်။ လွတ်လပ်ကာစမြန်မာပြည်တွင် ဤအခြေအနေမျိုးတွင်ပင် ပြည်တွင်းစစ်မီး များထတောက်ခဲ့သည်မှာ ယခုပင်မငြိမ်းသေး ။ ဤအခြေအနေမျိုးတွင်ပင် အာဏာရှင် တို့ တစ်စခန်းထတတ်ကြသည် ။ လွတ်မြောက်လာရသည်မှာ နှစ်နှစ်ပင်မပြည့်သေး ။ ဤသို့သောအချိန်မျိုးတွင် သူတစ်လူငါတစ်မင်းနှင့် လွှတ်တော်တွင်း ဗလောင်ဆူ၍ တိုင်းပြည်မတည်မငြိမ်ဖြစ်လျှင် တောင်တက်လှည်းစည်းကုန်းပြတ်သကဲ့ လွန်ခဲ့သည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို နာဂစ်မုန်တိုင်းအလွန် မိုးထဲရေထဲ အသည်းအသန် အတည်ပြု ပြဌာန်းခဲ့စဉ်က မြန်မာနိုင်ငံ၏ ဒီမိုကရေစီရွေးကောက်ပွဲများကို PR စနစ်ဖြင့် ကျင့်သုံးကျင်းပသွားမည် ဟု မည်သည့် တာဝန်ရှိ နိုင်ငံတော်အကြီးအကဲ ပုဂ္ဂိုလ်ကြီးတစ်ဦးတစ်ယောက်ကမျှ လေသံပင် မသလပ်ခဲ့စဘူး ။ ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီကလည်း PR စနစ် ကျင့်သုံးမည်ဆိုသည်ကို နားမှလေသံ မကြားခဲ့စဘူး ၊ ကြံ့ခိုင်ရေးပါတီက အမတ်အများစု အနိုင်ရ၍ အစိုးရဖွဲ့ကြ၊ သမ္မတရွေးချယ်တင်မြှောက်ကြ၊ ပြည်သူ့လွှတ်တော် အစည်းအဝေး များ ကျင်းပစဉ်အခါများ ကလည်း PR စနစ်ကို ကျင့်သုံးကြလျှင် ကောင်းမည်ဟု ဆွေးနွေးညှိနှိုင်းသံမျှတစ်ခွန်း ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ ပြန်လည်လွတ်မြောက်သည် ။ သမ္မတကြီး ဦးသိန်းစိန်၏ အပြုသဘောဆောင်သော လက်ကမ်းကြိုဆိုမှုများ ကိုလက်ခံ၍ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) တရားဝင် နိုင်ငံရေးပါတီ မှတ်ပုံ ပြန်တင်သည် ။ ကြားဖြတ်ရွေးကောက်ပွဲတွင် ၀င်ပြိုင်သည် ၊ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော NLD ကိုယ်စားလှယ် ၄၃ ဦး လွှတ်တော်တွင်းသို့ ချဉ်းနင်းဝင်ရောက်လာသည် ။ တရားဥပဒေ စိုးမိုးရေးကို မူဝါဒ (၃)ရပ်အနက်မှ တစ်ချက် အဖြစ် ချမှတ်၍ ရွေးကောက်ပွဲဝင်လာသော NLD က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပြင်ဆင်ရန်လိုအပ်သည်ဟု ယူဆသော အချက်(၁၂)ချက်ကို ကိုင်စွဲလာသည် ။ ဒေါ်အောင်ဆန်း စုကြည် ပြည်ပနိုင်ငံများ ခရီးထွက်ခွာသည် ။ နှစ်ပေါင်း၃၀၀ကျော် အတွင်း ပြင်သစ် သမ္မတ ချားစ်ဒီဂေါလ်၊ တောင်အာဖရိက သမ္မတ နယ်လ်ဆင်မင်ဒဲလား၊ ပုပ်ရဟန်းမင်းကြီး ဘင်နီဒစ် (၁၆) နှင့် ပထမဆုံး လူမည်းအမျိုးသား အမေရိကန် သမ္မတ ဘာရက်အိုဘားမား စသည့် ထင်ရှားကျော်ကြားသူတို့သာ တက်ရောက် စကား ပြောခွင့် ရခဲ့သော အင်္ဂလန်လွှတ်တော်တွင် စကားပြောခွင့် ပေးအပ်ခြင်းခံရသည့် ၅ဦးမြောက်ပုဂ္ဂိုလ် အခွင့်အရေးကို ပေးအပ်ခြင်းခံခဲ့ရသည် ။ အမေရိက သို့သွားသည် ၊သမ္မတအိုဗားမားနှင့် တွေ့ဆုံသည် ။ မြန်မာပြည်အား အကူအညီ ပေးရန် ပြောခဲ့သည် ။ သမ္မတ ကြီး ဦးသိန်းစိန်၏ နိုင်ငံကို ပြုပြင်ပြောင်းလဲလိုစိတ် စေတနာများကို ယုံကြည်ကြောင်း ဖွင့်ဟ ပြောဆိုခဲ့သည်။ (မိမိ ကိုယ်တိုင်လည်း သမ္မတကြီး၏ပြုပြင်ပြောင်းလဲလိုစိ ပါတီအဖွဲ့အစည်းများအနေဖြင့် မိမိတို့အမတ်ဖြစ်ရေး၊ လွှတ်တော်တွင်ပါဝင်နိုင်ရေး၊မိမိ ထိုသူတို့ ထုတ်ဖော်ရန် ကြံစည်နေသည့် PR စနစ်ဆိုသည်မှာအဘယ်နည်း၊ မည်သည့်နိုင်ငံများတွင် ကျင့်သုံး သနည်း ၊ မည်သို့ကျင့်သုံးသနည်း ။ PR ( Proportional Representation) အချိုးကျ ကိုယ်စားပြု စနစ်အမျိုးအစား (၄)မျိုးကို ကမ္ဘာ့ နိုင်ငံအတော် များများတွင် ကျင့်သုံးကြပါသည် ။ (ကမ္ဘာ့စွယ်စုံကျမ်းတစ်ခုဖြစ်သော ၀ီကီပီးဒီးယား ( Wikipedia)တွင် ဖော်ပြထားသည့် နိုင်ငံပေါင်း ၉၀ ရှိပါသည် ဤစာတွင် အကုန်တင်ပြ၍မဖြစ်နိုင်သဖြင့် ထင်ရှားသော နိုင်ငံများကိုသာ တင်ပြသွားပါမည်။) ထိုသို့သော စနစ်ကို ကျင့်သုံးခြင်းအားဖြင့် တစ်ပါတီ လက်ဝါးကြီးအုပ်ချုပ်ကိုင်သည့် စနစ်ကို ကာကွယ်နိုင်ရန်ဖြစ်သည် ဟု ပြောဆိုကြပါသည်။ ထို PR စနစ်များမှာ ၁။ Party List System ၂။ Mixed Member Proportional System ၃။ Mixed Member Majoritarian system ၄။ Single Transferable Vote System ဟူ၍ဖြစ်ပါသည် ။ Party List System (ပါတီကိုသာ မဲပေးရွေးချယ်ရသော စနစ်) ဒီစနစ်တွင် ရွေးကောက်ပွဲဝင်ရန် ပါတီများအလိုက်အမည်စာရင်းတင်သွ ဤစနစ်ကို ဘယ်လ်ဂျီယမ် နိုင်ငံသား Victor-D’ Hondt က ၁၈၇၈ ခုနှစ်တွင် စတင်ဖော်ထုတ်ခဲ့သည် ။ သို့ဖြစ်၍ ဤစနစ်ကို Victor-D’ Hondt method ဟုလည်းကျယ်ကျယ်ပြန်ပြန့်ခေါ်ဆြို ၂။ Mixed Member Proportional System ( ကိုယ်စားလှယ်လောင်းအားတစ်ကြိမ် ၊ ပါတီအားတစ်ကြိမ် မဲပေးရွေးချယ်ရသော စနစ်) ဒီစနစ်မှာ မဲဆန္ဒရှင်များက မိမိတို့ရွေးချယ်လိုသည့် ပုဂ္ဂိုလ်အားတိုက်ရိုက်တစ်ကြိမ် ၊ ပါတီအားတစ်ကြိမ် ၊ နှစ်ဆင့် ထပ် မဲပေးရွေးချယ်ရသောစနစ် ဖြစ်ပါသည်။ဤစနစ်တွင် မဲဆန္ဒနယ်အလိုက် လူပုဂ္ဂိုလ်အရပေးသည့် ဆန္ဒမဲအများဆုံးရ သူ ကလွှတ်တော်ကိုယ်စားလှယ် (တိုက်ရိုက်)ဖြစ်သည်။ ထို့နောက် ပါတီအားပေးသည့်ဆန္ဒမဲရာခိုင်နှုန် ဤစနစ်(သို့မဟုတ်ဤစနစ်အားပြုပြင် ထိုသို့သောလွှတ်တော်မျိုးတွင် PR စနစ်ကြောင့် ပါတီများစွာ လွှတ်တော်ထဲတွင်ပါဝင်လာပြီး မည်သည့် ပါတီကမျှ ကိုယ်စားလှယ် ဦးရေ ၅၀%ထက် မကျော်လွန်ပါက အစိုးရဖွဲ့ရန် မဟာမိတ်ပါတီများ ဖွဲ့ရခြင်း ၊ ထိုမဟာမိတ်ပါတီများ အတွင်း မည်သည့်ပါတီကို ၀န်ကြီးနေရာ မည်မျှပေးမည် စသည့် အပေးအယူများပြုလုပ်ခြင်းများ ရှိလာပါလိမ့်မည် ။ ထို့အပြင် ထိုသို့ အစိုးရအဖွဲ့၏ လုပ်ဆောင်ချက်များကို (ကောင်းသည်ဖြစ်စေ ၊ မကောင်းသည်ဖြစ်စေ) မိမိတို့ ဆန္ဒသဘောထားနှင့် မညီညွတ်၍ မကျေနပ်လျှင် ကျန်ပါတီများက ယာယီစုပေါင်းကာ ထိုအစိုးရအဖွဲ့အား ပြုတ်ကျစေရန် လွှတ်တော်တွင် အယုံအကြည်မရှိအဆိုတင်ခြင်း ၊ မဲခွဲခြင်းတို့ကို ပြုလုပ်ကြပါလိမ့်မည် ။ ထို့နောက်တွင် အစိုးရဖွဲ့ထားသော ပါတီမှ ပါတီဝင်များက အစိုးရအဖွဲ့အား ထောက်ခံဆန္ဒပြခြင်းများ ၊ ကျန်ပါတီများ၏ပါတီဝင်များမှ အစိုးရကို ကန့်ကွက် ဆန္ဒပြခြင်းများ ပြုလုပ်ကြပါလိမ့်မည် ။ ထို့နောက်ပြည်သူများအကြား မလိုလားအပ်သည့် ပဋိပက္ခများ ပေါ်ပေါက်လာပါ လိမ့်မည် ။ ဤစနစ်သည် ပါတီကိုသာ အဓိကရွေးချယ်ရခြင်းဖြစ်သဖြင့် မဲဆန္ဒရှင်ပြည်သူများသည် ကိုယ့်မြို့နယ် ကိုယ့်ဒေသအတွက် ကိုယ်ရွေးချယ်လိုသော ကိုယ်စားလှယ်လောင်းအား တိုက်ရိုက်မဲပေးခွင့် ဆုံးရှုံးသွားမည်ဖြစ်ပါသည် ။ ကိုယ့်မြို့နယ်မှ အရွေးခံယှဉ်ပြိုင်သော ကိုယ်စားလှယ်အား နှစ်သက်သည် ၊ မနှစ်သက်သည်ကို ရွေးချယ်ခွင့် မရှိတော့ပဲ ပါတီကိုသာ ရွေးချယ်ရသည်ဖြစ်သောကြောင့် အရပ်တကာ အော့ကြောလန် နိုင်ငံရေးလုပ်စားသူများလည်း ကိုယ်စားလှယ် ဖြစ်သွားနိုင်ပါသည်၊ ပါတီရံပုံငွေများများထည့်ဝင်သော ငွေရှင်ကြေးရှင် Crony များလည်းနိုင်ငံရေးဈေးကွက်တွင် ၀င်ရောက်ခြယ်လှယ်ကြရန် လွယ်ကူသွားပါလိမ့်မည် ။ အာဆီယံနိုင်ငံတစ်ခုဖြစ်သောအင်ဒိ ၃။ Mixed Member Majoritarian system (ကိုယ်စားလှယ်လောင်း အားတစ်ကြိမ် ၊ ပါတီအားတစ်ကြိမ်မဲပေး ရွေးချယ်သည် ၊ သို့သော် လူပုဂ္ဂိုလ်အား နေရာအများစုပေးထားသောစနစ်) အထက်ပါ Mixed Member Proportional System စနစ်နှင့်တူသော်လည်း ကိုယ်စားလှယ်လောင်း အရေအတွက် အချိုးကို ပိုမိုသတ်မှတ်ပေးထားသော စနစ်ဖြစ်ပါသည် ။ မြန်မာနိုင်ငံ၏အိမ်နီးချင်းဖြစ် ၀န်ကြီးချုပ်ဟောင်း သက်ဆင်သြဇာလွှမ်းမိုးသောပါတီကလွှ ဤစနစ်ကျင့်သုံးခြင်း၏ ပြဿနာများမှာ မကြာခဏ လွှတ်တော်တွင်းပြဿနာများ ရင်ဆိုင်ရခြင်း ၊ လွှတ်တော်နှင့် အစိုးရအဖွဲ့အကြား ပြဿနာများ ပေါ်ပေါက်ခြင်း အစိုးရအဖွဲ့မကြာခဏ နှုတ်ထွက်ပေးရခြင်း တို့ဖြစ်ပါသည် ၊ နိုင်ငံရေး မတည်ငြိမ်ဟု ဆိုနိုင်ပါသည် ။ တိုးတက်လှပါသည်ဆိုသော ဂျပန်နိုင်ငံတွင်ပင် ဤပြဿနာများ (၀န်ကြီးချုပ်နှုတ်ထွက် ၊ အစိုးရအဖွဲ့ပြုတ်ကျ) မကြာခဏကြုံတွေ့ရရာ မြန်မာနိုင်ငံကဲ့သို့ သွေးနုသားနု ဒီမိုကရေစီနိုင်ငံ တစ်ခုတွင် ပုံတူကူးသင့် မကူးသင့် သတိကြီးစွာဖြင့် ဆင်ခြင်ကြရန်ဖြစ်ပါသည် ။ မကြာသေးမီက ထိုင်းနိုင်ငံတွင်ဖြစ်ပွားခဲ့ သည့် ရှပ်နီတို့၏ဆန္ဒပြမှု များ၊ အဓိကရုဏ်းများ ကဲ့သို့သော ပြဿနာကြီးများ ကြုံလာခဲ့ပါက မြန်မာနိုင်ငံ၏ နိုင်ငံရေးလမ်း ကြောင်း တစ်ဆစ်ချိုးမည် မချိုးမည်ကို မည်သူက အာမခံပါမည်နည်း ။ (ထိုစနစ်ကို ကျင့်သုံးသော အခြားနိုင်ငံများမှာ ဘိုလစ်ဗီးယား၊ ဟန်ဂေရီ၊ ဂျပန် ၊ လီဆိုသို၊ မက္ကဆီကို၊ တောင်ကိုးရီးယား ၊ တိုင်ဝမ် ၊ နှင့် ဗင်နီဇွဲလား နိုင်ငံတို့ဖြစ်ကြပါသည် ။) ၄။ Single Transferable Vote စနစ် (အမတ်လောင်းများအနက်မှ မိမိတို့နှစ်သက်မှုအရ ဦးစားပေး နံပါတ်စဉ် ၁၊၂၊၃၊၄ တပ်ပြီး ရွေးချယ်သောစနစ်) ဤစနစ်မှာ အမတ်လောင်းများအား မဲဆန္ဒရှင်ပြည်သူများ၏ နှစ်သက်မှုအရ ဦးစားပေးနံပါတ်တပ်၍ ရွေးချယ်ခြင်း ဖြစ်ပါသည် ။ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားရွေ ကိုယ်စားလှယ်လောင်း အမည်နှင့် ပါတီအမှတ်အသားဘေး ဆန္ဒပြု ကွက်လပ် တွင် မိမိ မဲပေးလိုသော ကိုယ်စားလှယ်ကို မှန်ကန်စွာမဲပေးရန်ပင် မနည်း ရှင်းပြရသော မြန်မာနိုင်ငံသူ/သား အများစု သည် ထိုသို့သော ရှုပ်တွေးပွေလီမှုများ ကို မည်သို့ ရင်ဆိုင်၍ မှန်မှန်ကန်ကန် မဲပေးနိုင်ကြပါမည်နည်း ။ ဤစနစ်ကို ဗြိတိသျှလူမျိုးကျောင်းအုပ်ဆရြာ အထက်တွင်ဖော်ပြခဲ့သော PR စနစ်များထဲမှ မည်သည့်စနစ်ကို ကျင့်သုံးသည်ဖြစ်စေ သေချာပေါက် အကျိုးရှိ မည်မှာ ပါတီငယ်များဖြစ်ကြ၍ သေချာပေါက် အမတ်ဖြစ်မည်မှာ ထိုပါတီများ၏ ဥက္ကဌ ၊ ဒုဥက္ကဌ ၊ အတွင်းရေးမှူး ..စသော ထိပ်ဆုံးမှ တန်းစီထားကြသည့်ပုဂ္ဂိုလ်မျာြး သေချာသည်ကတော့ ထိုသို့နည်းဖြင့် လွှတ်တော်ထဲရောက်လာသူများသည် မိမိတို့ လုပ်ပိုင်ခွင့်ဖြင့် “တိုင်းပြည် တစ်ရိုး သဝေထိုးအောင်”ဆိုးတော့မည်ကတော့ေ ပြည်သူမျက်နှာကိုမကြည့် မိမိတို့ လွှတ်တော်အမတ်နေရာရဖို့အရေးက ဆင်ခြင်တုံတရားကို လွှမ်းမိုး၍ မျက်ကန်း တစ္ဆေမကြောက်သူများကတော့ တိုင်းပြည်အား ချောက်ကမ္ဘားစွန်းသို့တွန်းပို့ မြန်မာနိုင်ငံကို သွေးနုသားနုဒီမိုကရေစီ နိုင်ငံသစ် ဟု တင်စားခဲ့ပါသည် ။ လေစိမ်းတိုက်မခံနိုင် ၊ အစားမှား မခံနိုင် ၊ ရေအေးအေးကို သော်မှ မကိုင်ရဲသေးသည့် တကယ့်သွေးနုနုသားနုနု ကို အဘယ်ကြောင့် တောက်တိုမယ်ရ ဆေးစမ်း ချင်နေကြပါသနည်း ။ ဒီမိုကရေစီမဟာမိတ်များဆိုသည်တို ယခုအချိန်သည် နိုင်ငံတော်အတွက် သမိုင်းသစ်ကို ရေးထိုးနေချိန်ဖြစ်ပါသည် ။ ယခင့်ယခင်က မှားခဲ့သည်များကို သင်ပုန်းချေနေချိန်လည်း ဖြစ်ပါသည် ။ သို့သော် ပြည်သူများ ထပ်ကာထပ်ကာ ထိခိုက်နစ်နာစေမည့် ကိစ္စများကိုတော့ သတိကြီးစွာဖြင့် ရှောင်ရှားကြစေလိုပါသည် ။ သို့မဟုတ်ပါက သမိုင်းတရားခံ များဖြစ်ကြပါလိမ့်မည် ။ သွေးနုသားနု ဒီမိုကရေစီ နိုင်ငံသစ်အား သည်းခြေပျက်စေမည့် အတွေးဆိုး အတွေး မိုက်၊လုံ့လစိုက်ထုတ်မှုအမှားမျာ ထင်လင်းဦး (Wisdom Villa) by Messenger News Journal | ||
Posted: 01 Nov 2012 04:03 AM PDT
ရွှေပြည်သာ မြို့နယ် ၀ါးတစ်ရာ စက်မှုဇုံရှိ တော်ဝင် မိသားစု ကုမ္ပဏီ သစ်အချောထည်နှင့် ပရိဘောဂစက်ရုံမှ အလုပ်သမား အင်အား(၂၀၀)ခန့်သည် ၄င်းတို့၏ အလုပ်ခွင် နစ်နာချက်များကို ဆန္ဒပြ တောင်းဆို နေသည်မှာ ရှစ်ရက်ရှိပြီ ဖြစ်သော်လည်း အလုပ်ရှင်မှာ လာရောက် ဖြေရှင်းခြင်း မရှိသဖြင့် ယနေ့မှ စတင်ကာ ဆန္ဒပြရာမှာ ပါဝင်သူ အလုပ်သမား(၁၀)ဦးသည် မိမိတို့ အလုပ်သမားများ နစ်နာချက်များကို အစာမစားဘဲ မနက်ကိုးနာရီမှ စတင်ကာ အစာငတ်ခံ ဆန္ဒပြကြောင်း သတင်းရ ရှိပါတယ်။
"ကျမတို့ အလုပ်သမားတွေနဲ့ အလုပ်ရှင် နှစ်ဘက် သဘောတူ စာချုပ်ထားတယ်အဲဒီစာချုပ်ကို အလုပ်ရှင်က အကြိမ်ကြိမ် ချိုးဖောက်တယ်။ အခုကျမတို့ အလုပ်သမားတွေကို အပြင် ဆိုဒ်တွေကို ပို့လိုက်တယ်။ အဲဒီမှာ အလုပ်ခွင်နဲ့ မသက်ဆိုင်တဲ့ ကျမတို့ မလုပ်ရမဲ့ အလုပ်တွေကိုခိုင်းတယ်။ ပန်းရံရွက်ခိုင်းတယ်၊ အုတ်တွေသယ်ခိုင်းတယ် ကျမတို့အလုပ်သမားတွေ မလုပ်နိုင်လို့ စက်ရုံကို ပြန်လာတော့ စက်ရုံအတွင်းကို ၀င်ခွင့်အပေးဘူး။ အဲဒီကနေစတာဘဲ (၂၇)ရက်နေ့မှာ အလုပ်လာဆင်းတယ် သူတို့က ၀င်ခွင့် မပေးဘူး။နောက်ရက်လာလဲ ၀င်ခွင့်မပေးဘူး အဲဒါကြောင့် ကျမတို့ အလုပ်သမားတွေ စက်ရုံအရှေ့မှာနေပြီး အလုပ်ရှင်ကိုတောင်းဆိုနေတာပါ။ ကျမတို့ အခုတောင်း ဆို ချက်တွေ မရမခြင်း နေ့ရောညပါ ဆန္ဒပြမှာပါ။ ၄င်းတို့ တောင်းဆိုချက် များတွင် လုပ်ခ လစာ တိုးပေးေ၇း မပါဘဲ။ အလုပ်သမားတွေကို အပြင်ဆိုဒ်မပို့ဖို့၊လူမှုဖူလုံေ ၄င်းဆန္ဒပြ အလုပ်သမားများထဲမှ ဦးဆောင်သူ(၁၀)ဦးသည် မိမိတို့တောင်းဆို ထားသော အချက်များအား မရမချင်း အစာမစားဘဲ ဆက်လက် အစာငတ်ခံ ဆန္ဒပြမည်ဟုသိရပါသည်။ ရန်ကုန်တိုင်းအတွင်း အလုပ်သမားများ ဆန္ဒပြမှုများ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေပြီး၊ ၄င်းတို့နှင့်အလား သဏ္ဍန်တူသော ဆန္ဒပြမှု ဒဂုံဆိပ်ကမ်းမြို့နယ် စက်မမှုဇုန်ရှိ A.S.I အအေးခန်းစက်ရုံ အလုပ်သမားများသည် ဆန္ဒပြမှု ငါးရက်မြောက်နေ့တွင် အလုပ်ရှင်နှင့် ညှိနှိုင်းဖြေရှင်းမှု ရရှိသွားသည်ဟု သိရပါသည်။ By Myanmar News Now
| ||
Posted: 01 Nov 2012 03:48 AM PDT
မြန်မာဒုတိယသမ္မတ ၂ ဦးဥာဏ်ထွန်း ဦးဆောင်ပြီး မြန်မာနိုင်ငံမှာ နိုင်ငံခြားသား အမြဲတမ်း နေထိုင်ခွင့် (ပီအာရ်) စနစ် တရပ် ပေါ်ပေါက်ရေး ဆွေးနွေးကြတယ်လို့ အစည်းအဝေး တက်တဲ့ လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်းက ပြောပါတယ်။ ပီအာစနစ် ပေါ်ပေါက်ဖို့ အတွက် ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
Posted: 01 Nov 2012 03:13 AM PDT
ယနေ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေး အပြီးတွင် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေး ကော်မတီ မှ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် တရားစီရင်ရေး ကော်မတီ မှ ဥက္ကဌ သူရဦးအောင်ကို တို့မှ ပြည်နယ် နှင့်တိုင်း မှ တရားသူကြီးချုပ်များနှင့် တွေ့ဆုံနေကြောင်း သိရသည်။
အဆိုပါတွေ့ဆုံပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ဥပဒေရေးရာ ကိစ္စများတွင် တရားရေးမဏ္ဍိုင် ယိမ်းယိုင် တိမ်းစောင်းနေခြင်း၊လာဘ်ပေးလာဘ် ယူမှု များရှိနေခြင်းကို စီမံချက် တစ်ခု အနေဖြင့်ပပျောက်ရန် စီမံချက် တစ်ခု အနေဖြင့် ရှေ့ဆက် ပြောကြားနေကြောင်းသိရသည်။ တက်ရောက်သော တရားသူကြီးချုပ်များစာရင်းတွင် ဦးတူးဂျာ(ကချင်) ဦးကျော်လင်းမောင် (ကယား)၊ဦးစောစံလင်း( ကရင်)၊ဦးမြင့်ကျော်(ချင်း)၊ဦး Popular Myanmar News Journal | ||
Posted: 01 Nov 2012 06:29 AM PDT
သဘောင်္သား ပတ်စ်ပို့ နည်းတူ အခြား မြန်မာ နိုင်ငံကူး လက်မှတ် အမျိုးအစား ခြောက်မျိုး ကိုလည်း ယခင်သုံးနှစ်နှင့် လေးနှစ် သက်တမ်း ပေးရာမှ ယခုအခါ ငါးနှစ် သက်တမ်းသို့ တိုးမြှင့် လိုက်ကြောင်း မြန်မာနိုင်ငံကူး လက်မှတ် ထုတ်ပေးရေးရုံး (ရန်ကုန်)မှ ဌာနခွဲမှူး ရဲမှူး စိုးထွန်းအောင်က ပြောသည်။---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
[Message clipped] View entire message
0 comments:
Post a Comment