သစ်ထူးလွင် သတင်းစုစည်းမှု (၂-၁၁)
သစ်ထူးလွင်
|
- ဆူရင်ရဲ့ သုံးပွင့်ဆိုင် ဆွေးနွေးရေး အဆိုပြုချက်ကို ပယ်ချလိုက်တာ မှန်တယ်
- သိမ်းဆည်းခံမြေ ပြန်လည်ရရှိရေး ချောင်းသာတွင် ဒေသခံများ ဆန္ဒပြ
- သံတွဲတွင် လူအချို့ လက်နက်မှုဖြင့် တရားစွဲဆိုခံရ
- တရားဥပဒေစိုးမိုးရေးကော်မတီ မန္တလေးတိုင်း တရားရုံးများကို လေ့လာ
- မြေယာစုံစမ်းရေး ကော်မရှင် ရိုးသားပါ့မလား
- သံသယဖြစ်ဖွယ် ဖုံးကွယ်ထားသည့်အလား ကျောင်းသားတစ်ဦး အသက်ဆုံးရှုံးမှု
- ရှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့တွင် အိမ်ခြေ ၅၀ ကျော် မီးလောင်
- နိုင်ငံခြားငွေ မှောင်ခိုဈေးကွက်၌ မလဲသင့်
- လိုင်းကားများ သတ်မှတ် ပြေးဆွဲပေးပါရန် သက်ဆိုင်ရာသို့ တင်ပြခြင်း
- ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်ပင်ပြီး ပြည်နယ် အစိုးရသစ် ပြန်ဖွဲ့ ပါ
- မြန်မာသံတော်ဆင့်အပတ်စဉ်သတင်းဂျ
ာနယ်..Vol-1,No-34 ..Nov 3-9,2012 - အခွန်ရှောင်သူတွေကို ဖေါ်ထုတ်လို့ မဂ္ဂဇင်း အယ်ဒီတာကို တရားစွဲ
- အမေရိကန်တွင် ဆန်ဒီမုန်တိုင်းကြောင့် သေဆုံးသူ ၇၂ ဦးထိရှိလာ
- နိုဝင်ဘာ ၁ ရက်နေ့ထုတ် 7Day News ဂျာနယ် အတွဲ ၁၁၊ အမှတ် ၃၄
- နိုဝင်ဘာ ၂ ရက်နေ့ထုတ် Premier Eleven Sports Journal အတွဲ ၁၀ အမှတ် ၁၀
- ကျောင်းသားတပ်မတော် ၂၄ နှစ်ပြည့်အခမ်းအနား
- ရင်းနှီးမြှုပ်နှံမှုဥပဒေကြမ်း လွှတ်တော် ပြင်ဆင်အတည်ပြု
- တရားမဝင် နယ်စပ် ကုန်သွယ်သူများကို အရေးယူမည်
- သုံးလောင်းပြိုင်လူသတ်မှု နှစ်ကြိမ်ဖြစ်ပွား
- မိုဘိုင်း အင်တာနက် အသုံးပြုခကို ဒေတာ ပမာဏဖြင့် ပြောင်းလဲ ကောက်ခံရန် စီစဉ်
Posted: 02 Nov 2012 06:57 AM PDT
ရခိုင်ပြည်နယ်က ပဋိပက္ခမှာ မြန်မာ-အာဆီယံနဲ့ ကုလသမဂ္ဂ သုံးပွင့်ဆိုင် ဆွေးနွေးကြဖို့ အာဆီယံ အတွင်းရေးမှူး ဆူရင် ပစ်ဆူဝမ် (Surin Pitsuwan) က အဆိုပြုလာပါတယ်။ ဒါကို မြန်မာအစိုးရက ပယ်ချလိုက်ပါတယ်။ ဒီလို ပယ်ချ လိုက်တာဟာ မှန်ကန်တဲ့ လုပ်ရပ် ဖြစ်တယ်လို့ ဆိုရပါမယ်။ မြန်မာနိုင်ငံမှာ အာဏာရှင် စနစ် မရှိနိုင်တော့ လောက်တဲ့ အချိန်ဖြစ်သွားလို့ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 02 Nov 2012 05:47 AM PDT
ဧရာဝတီတိုင်း ချောင်းသာမြို့မှာ ဒေသခံ ၃၀၀ လောက်က သိမ်းဆည်း ခံထားရတဲ့ သူတို့မြေတွေ ပြန်လည် ရရှိရေး အတွက် ဆန္ဒပြ တောင်းဆိုကြပါတယ်။
အရင် ခရိုင် အေးချမ်း သာယာရေးနဲ့ ဖွံ့ဖြိုးရေး ကောင်စီခေတ် လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ လောက်တုန်းက ချောင်းသာမြို့ခံတွေရဲ့ ကမ်းခြေမြေယာ ၆၁၅ ဧကကို မြို့သစ်တည်မယ် ဆိုပြီး လျော်ကြေး မပေးဘဲ သိမ်းဆည်းခဲ့ပါတယ်။ ဒါပေမယ့် အခုထက်ထိတိုင် အကောင်အထည်မဖော်တဲ့အတွက် ဒီမြေတွေကို ပြန်လည်ရရှိရေးနဲ့ နစ်နာကြေးရရှိရးအတွက် ဆန္ဒပြကြတာလို့ ဦးဆောင် ဆန္ဒပြသူ တဦးက အခုလို ပြောပါတယ်။ “၇ ရပ်ကွက် ဘောလုံးကွင်းကနေ အုပ်ချုပ်ရေးမှူးရုံးထိ ချီတက်တယ်။ ဟောပြောပွဲလုပ်တယ်။ အဓိက အကြောင်းရင်းက ၁၉၉၃ တုန်းက မြို့လုပ်မယ်ဆိုပြီး သိမ်းထားတဲ့မြေတွေ ပြန်တောင်းတာပါ။ မြေတွေကို ၁၉၉၃ တုန်းက လျော်ကြေးမပေးဘဲ သိမ်းခဲ့တယ်။ ပြန်တောင်းနေတာလည်း နှစ်ပေါင်း ၂၀ ကျော်ပြီ။ သိမ်းနေတာတွေကို ရပ်တန့်ဖို့လိုတယ်။ မတရားသိမ်းပြီး နစ်နာကြေးမရသေးသူတွေကိုလည်း နစ်နာကြေးရစေချင်တယ်။ မသိမ်းရသေးတဲ့ မြေတွေလည်း ထပ်မသိမ်းစေချင်တော့ဘူး။ ဒါတွေအတွက် တောင်းဆိုတယ်။” ဒီဆန္ဒဖော်ထုတ်မှုမှာ ဒီနေ့ နေ့ခင်း ၁၂ နာခွဲလောက်ကနေ ၂ နာရီအထိ ပြုလုပ်ခဲ့ပြီး အသိမ်းဆည်းခံ မြေယာပြန်ပေး၊ နစ်နာကြေးရရှိအောင်ဆောင်ရွက်ပေး အစရှိတဲ့ ကြွေးကြော်သံတွေ ဆိုင်းဘုတ်တွေ ကိုင်ဆောင်ကြွေးကြော်ခဲ့ကြပါတယ် အဲဒီမြေနေရာတွေကို ခယက က မြို့မြေကွက်အဖြစ် ၁၉၉၃-၉၄ ခုနှစ်က သိမ်းဆည်းခဲ့ပြီး ဗိုလ်ချုပ်တွေ၊ ဗိုလ်မှူးတွေကို နေရာချပေးခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီအချိန်တုန်းက မြို့ဖော်ဖို့ ချပေးတဲ့ရက်ကနေ စပြီး ၁ နှစ်အတွင်း ၅၀ ရာခိုင်နှုန်း မပြီးရင် ပြန်သိမ်းမယ်လို့ စည်းကမ်းချက်ထုတ်ထားပါတယ်။ ဒါပေမယ့် အခုချိန်ထိ တစုံတရာ အကောင်အထည်မဖော်သလို မနှစ်ကလည်း ဧရာဝတီတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးသိန်းအောင်က ဒီမြေတွေကို ပြည်သူလုထုကို ပြန်လည်ချပေးမယ်လို့ ကတိပေးခဲ့ပေမယ့် ဘာမှ လုပ်မပေးတဲ့အတွက် ခုလို ဆန္ဒထုတ်ဖော်ရတာလို့လည်း ဆန္ဒပြဦးဆောင်သူက ပြောပါတယ်။ “၂၀၁၁ ၁၀ လပိုင်း ၄ ရက်နေ့က ဦးသိန်းအောင်က ချောင်းသာကိုလာပြီး ရပ်မိရပ်ဖတွေနဲ့ ပြည်သူတွေကို ဘာပြောလဲဆိုတော့ မဆောက်ရသေးတဲ့ မြေကွက်တွေကို ၆ လအတွင်း သူချက်ချင်း ဆောင်ရွက်ပေးမယ်၊ လုပ်ငန်းရှင်တွေကို ပြောမယ် ၆ လအတွင်း ရောင်းချခြင်းမလုပ်နဲ့၊ ပြည်သူတွေကို ပြန်ချပေးမယ်လို့ ကတိပေးခဲ့တယ်။ အခု ၁ နှစ်ကျော်ပြီ ဘာမှလုပ်မပေးတဲ့အပြင် မြေတွေထပ်သိမ်းခံရတယ်။ ၀န်ကြီးချုပ်စကားအတိုင်း တိုင်တော့ ရုံးခေါ်ပြီး ခံဝန်ကတိတွေထိုးရတယ်၊ နောက်ဆုံး အဖမ်းခံရမယ့်ကိန်း ပေါက်လာတယ်။ ဒါတွေမခံနိုင်လို့ ဆန္ဒပြရတာပါ။” by နော်နိုရင်း (ဒီဗွီဘီ) | ||
Posted: 02 Nov 2012 05:43 AM PDT
ရခိုင်ပြည်နယ် သံတွဲမြို့ပေါ်က ဗလီဆရာ ၁ ဦးနဲ့ ဗလီဂေါပကဥက္ကဋ္ဌ ၁ ဦးအပါအ၀င် လူ ၄ ဦးကို သံတွဲမြို့နယ် တရားရုံးက လက်နက် သိုလှောင်မှုနဲ့ တရားစွဲဆို လိုက်ပါတယ်။
ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ရခိုင်ပြည်နယ် သံတွဲမြို့ပေါ်က ဘုန်းတော်ကြီး ကျောင်းတွေနဲ့ ဗလီတွေကို သက်ဆိုင်ရာ အဖွဲ့စုံက ရှောင်တခင် ၀င်ရောက် စစ်ဆေးရာမှာ မြို့ပေါ်က ဂျာမေဗလီမှာ လက်နက်တချို့ တွေ့ရှိရာက ဗလီဆရာ၊ ဗလီဂေါပကဥက္ကဋ္ဌနဲ့ လူငယ် ၂ ဦးကို ဖမ်းဆီးပြီး လက်နက်သိုလှောင်မှုနဲ့ ရုံးတင်ခဲ့တယ်လို့ နယ်မြေခံ မွတ်စလင်တဦးက ပြောပါတယ်။ “ဗလီကို မီးရှို့လာရင် ပြေးလို့ရအောင်၊ ကာကွယ်လို့ရအောင် လှံ ၁ ချောင်း၊ မြားပစ်တဲ့ဆူးလေး ၁၀ ချောင်းကို ကလေး ၂ ယောက်က ကာကွယ်ဖို့ထားတာ၊ တိုက်ခိုက်ဖို့ မဟုတ်ဘူး။ အကြမ်းဖက်ဖို့ မဟုတ်ပါဘူး။ ပြဿနာဖြစ်လာရင် ကာကွယ်ထွက်ပြေးဖို့ပါ။ ဖမ်းရင် သူတို့ကိုပဲ ဖမ်းလို့ပြောတယ်။ အဲတော့ သူတို့ ၂ ယောက်ကိုပါ အားလုံး ၄ ယောက်ကို ဖမ်းပြီး မနေ့က ၁၉ (က) လက်နက်သိုလှောင်မှုနဲ့ ရုံးထုတ်ပြီးစွဲတယ်။ အာမခံမပေးဘူး။ ဒီလ ၁၂ ရက်နေ့ ချိန်းလိုက်တယ်။” ဒီဖမ်းဆီးမှုမဖြစ်ခင်တုန်းက ရခိုင်ပြည်နယ်တွင်း မတည်မငြိမ်မှုတွေကြောင့် ဗလီကို ခဲပေါက်ခံရတာတွေ၊ ဗလီရှေ့ကနေ နှောင့်ယှက်တာတွေ ကြုံခဲ့ရပြီး ဒီအခြေအနေတွေကြောင့် တစုံတခုဖြစ်ရင် ထွက်ပြေးရင် လွယ်ကူအောင် ဒီပ္စည်းတချို့ထားရှိတာလို့ ဆိုပါတယ်။ ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ သံတွဲမြို့နယ်မှူးရုံးကို မေးမြန်းရာ သတင်းအရ ရှာဖွေရာမှာ ဂျာမေဗလီကနေ လက်နက်တွေဖမ်းဆီးရမိလို့ အရေးယူထားတယ်လို့ တာဝန်ကျအရာရှိက ဖြေပါတယ်။ “သံတွဲမှာ လုံခြုံရေးအရ ဘုန်းကြီးကျောင်းတွေ၊ အိမ်တွေ၊ ဂျာမေဗလီမှာရှာတော့ ဂျာမေဗလီကနေ ခဲယမ်းတော့မပါဘူး။ ဓား၊ ဂျင်ဂလိ၊ သံပိုက်လုံးတို့တွေ့တယ်။ ရဲစခန်းမှာ မနေ့က ၁၉(က)နဲ့ အရေးယူဆောင်ရွက်ထားတယ်။ တရားအုပ်ချုပ်ရေးအမိန့်နဲ့ တရားသူကြီးရမန် ၁၂ ရက်နေ့ထိ ပေးထားပါတယ်။” ဖမ်းဆီးတရားစွဲဆိုခံရတဲ့ ဗလီဂေါပကဥက္ကဋ္ဌ ဦးတင်အောင်ရဲ့သား ကိုတင်အောင်သန်းကတော့ ဒီအမှုဟာ အာမခံပေးလို့ရတဲ့အမှုလို့ ကြားသိထားပေမယ့် မရတဲ့အကြောင်းနဲ့ သူ့ဖခင်အတွက် မြို့က ရှေ့နေနဲ့ ဥပဒေကြောင်းအရ လိုက်ပါဆောင်ရွက်မယ်လို့ ပြောပါတယ်။ “ဥပဒေကြောင်းအရတော့ ရှေ့နေခေါ်ပြီး လုပ်နေပါတယ်၊ အာမခံကပေးလို့ရတဲ့ ပုဒ်မလို့တော့ ပြောတယ်။ ဒါပေမယ့် မပေးတော့ ကျနော်တို့လည်း ဘာမှလုပ်လို့မရဘူးပေါ့။” ဖမ်းဆီးခံရသူတွေကို သံတွဲထောင်အချုပ်ကို ပို့ဆောင်ထားပြီး သက်ဆိုင်ရာက သူတို့ကို အာမခံမပေးဘဲ လာမယ့် ၁၂ ရက်နေ့ကို ရုံးပြန်ချိန်းထားတယ်လို့ ဆိုပါတယ်။ သံတွဲမြို့ဟာ အစ္စလာမ်ဘာသာဝင် အများစုနေထိုင်တဲ့မြို့ဖြစ်ပြီး မြို့ပေါ်မှာ ဗလီ ၅ လုံးရှိပါတယ်။ ဘုန်းကြီးကျောင်းတွေ မြို့ပြင်ဘက်မှာရှိနေတဲ့မြို့ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး ရဲအရာရှိကတော့ သံတွဲမြို့မှာ အခုချိန်ထိ မီးရှို့တာ၊ မီးလောင်တာ၊ လူသတ်တာ တခုမှ မရှိပါဘူးလို့ ဆိုပါတယ်။ by အေးနိုင် (ဒီဗွီဘီ) | ||
Posted: 02 Nov 2012 05:35 AM PDT
ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် ဖွဲ့စည်းထားတဲ့ ပြည်သူ့ လွှတ်တော် တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်ရေး ကော်မတီ အတွင်းရေးမှူး ဦးဝင်းမြင့်နဲ့ အဖွဲ့ဝင် ၇ ဦး ဒီနေ့ မန္တလေးတိုင်း တရားရုံး၊ ခရိုင်တရားရုံးနဲ့ ချမ်းအေးသာဇံမြို့နယ် တရာရုံးတွေကို ရှောင်တခင် သွားရောက်ခဲ့တယ်လို့ အဖွဲ့ဝင် ဒေါက်တာဇော်မြင့်မောင်က ပြောပါတယ်။
ဥပဒေ ပုဒ်မ ၁ ခုအတွက် ရန်ကုန်မှာ စာနယ်ဇင်းသမား ဦးမြတ်ခိုင် တရားစွဲဆိုတဲ့ အမှုမှာ အာမခံရပြီး မန္တလေးက ကိုအေးသိန်း အာမခံမရတဲ့အတွက်လည်း တရားဥပဒေအရ ညီမျှစွာ မခံစားရတာကို ဒေါက်တာဇော်မြင့်မောင်က အခုလို ပြောပါတယ်။ “ရှေ့နေတွေ၊ သက်သေတွေ၊ အမှုသည်တွေမေးတယ်ပေါ့။ ဥပမာ ဆရာ ဦးသိန်းညွန့်လိုက်တဲ့ ကိုမြတ်ခိုင်ရဲ့ ၅၀၅ နဲ့ စွဲထားတာ အာမခံရတယ်။ မန္တလေးက ဖယောင်းတိုင်ဆန္ဒပြတုန်းက စွဲထားတဲ့ မောင်အေးသိန်းကို ၅၀၅ နဲ့ပဲ အာမခံမပေးဘူး။ ဒါတွေ မေးတယ်၊ ဘာကြောင့် တပြေးညီမဖြစ်တာလဲပေါ့။” နိုဝင်ဘာ ၁ ရက်နေ့မှာ တိုင်းနဲ့ ပြည်နယ်က တရားလွှတ်တော်တရားသူကြီးချုပ် ၁၄ ဦးနဲ့ ပြည်သူ့လွှတ်တော်မှာ ဖွဲ့စည်းထားတဲ့ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီ၊ သူရဦးအောင်ကို ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်တဲ့ တရားစီရင်ရေးနဲ့ ဥပဒေရေးရာကော်မတီက အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံခဲ့အပြီးမှာ မန္တလေးတိုင်းက တရားရုံးတွေကို ၀င်ရောက်လေ့လာခဲ့ ကြတာလည်း ဖြစ်ပါတယ်။ တရားရုံးတွေကို သွားရောက်လေ့လာတာဖြစ်ပြီး တရားရုံးတွေကို စစ်ဆေးတာ၊ တရားရေး မဏ္ဍိုင်ကို ၀င်ရောက်စွက်ဖက်တာ မဟုတ်ဘူးလို့ ဒေါက်တာဇော်မြင့်မောင်က ပြောပါတယ်။ မန္တလေးတိုင်းတရားရုံးတွေမှာ မြင်တွေခဲ့ရပုံတွေနဲ့ ပတ်သက်ပြီး ဒေါက်တာဇော်မြင့်မောင်က “အချုပ်ခန်းတွေ ပြင်ပေးဖို့၊ ၁၀ ပေပတ်လည် အချုပ်ခန်းထဲမှာ လူ ၄၀ လောက်ကို ပြွတ်သိပ်ထားတာ၊ လူ့ဂုဏ်သိက္ခာနဲ့ မသင့်လျော်တာလေးတွေကို ပြောခဲ့တယ်။ ဒါတွေက မရှိသင့်တော့ဘူး။ နောက် တရားရုံးခန်းကလည်း အရမ်းကျဉ်းလွန်းတယ်။ တရားလိုနဲ့ တရားခံ ၂ ယောက်လောက်နဲ့တင် ပြည့်နေတာ။ ၀င်နားထောင်ဖို့ နေရာတွေ မရှိဘူး။ ခရိုင်ရုံးကို ကျနော်တို့ ကြည့်ခဲ့တာ။ ပြင်တာကတော့ ဖြည်းဖြည်းချင်း ပြင်ရမှာပဲ။ အဓိက တရားဥပဒေစိုးမိုးဖို့အတွက် ကျနော်တို့ လုံးပန်းနေတာပါ” လို့ ပြောပါတယ်။ မန္တလေးတိုင်းဒေသကြီး တရားရုံးတွေက တရားသူကြီးတွေဟာ အကြောက်တရားတွေ ဆက်ရှိနေဆဲဖြစ်ပြီး တရားဥပဒေမဏ္ဍိုင် တည့်မတ်ဖို့ဆိုရင် အုပ်ချုပ်ရေးမဏ္ဍိုင်လည်း တည့်မတ်ဖို့ လိုတယ်လို့ တရားသူကြီး တဦးက ပြောဆိုကြောင်း ဒေါက်တာဇော်မြင့်မောင် က ပြောပြပါတယ်။ by မင်းလွင်(ဒီဗွီဘီ)
| ||
Posted: 02 Nov 2012 05:04 AM PDT
အစိုးရသစ် လက်ထက်တွင် လယ်ယာမြေ ပြဿနာ များသည် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပေါ်ပေါက် လာခဲ့သည်။ ယခင် အစိုးရဟောင်း လက်ထက်က တပ်မတော်မှ သော်လည်းကောင်း ၊ ၀န်ကြီးဌာန များမှသော် လည်းကောင်း ၊ ကုမ္ပဏီများမှ ဌာနဆိုင် ရာများနှင့် ပူပေါင်း သိမ်းဆည်းခြင်းများ သော်လည်းကောင်း နှုတ်ပိတ် နေလာခဲ့ရာမှ အစိုးရသစ် လက်ထက်တွင် ၎င်းတို့ နစ်နာခဲ့ရသည့် ကိစ္စရပ်များ အပေါ် နည်းအမျိုးမျိုးဖြင့် ပြန်လည်တောင်းဆို လာကြခြင်းဖြစ်သည်။
လယ်ယာမြေလှုပ်ရှားမှု ကိစ္စများတွင် နစ်နာသူ လယ်သမားများမှာ ဇွဲလုံးလ၀ရိယဖြင့် အပင်ပန်းခံ တောင်းဆို လာကြခြင်းအပေါ် ပြည်သူ့ ဆန္ဒလွှတ်တော် ဆန္ဒ ပြည်သူ့အသံ လွှတ် တော်အသံဟု ကြွေးကြော်ထားသော လွှတ်တော်မှလည်း မြေယာများ သိမ်းဆည်းခံရမှုများ စုံစမ်းရေး ကော်မရှင် ကိုဖွဲ့စည်းခဲ့သည်။ လယ်သမားအရေးများ ထထကြွကြွဖြစ်လာသောအခါ ယခင်က နည်းလမ်းအမျိုးမျိုးဖြင့် မြေယာများ သိမ်းဆည်းရာတွင် ပါဝင်ခဲ့သူများကပင် မြေယာကိစ္စများကိုင်တွယ် ဆောင်ရွက်ရန် အဖွဲ့အစည်း များဖွဲ့စည်းပြန်သည်။ သိမ်းဆည်းခံ လယ်သမားများအရေးနှင့် ပတ်သက်၍ ဇလွန်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဦးတင်ထွတ်မှ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွ ထိုသို့ပေါ်ပေါက်လာခြင်းကို လယ်ယာမြေကိစ္စများ လိုက်ပါဆောင်ရွက်နေသည့် နိုင်ငံရေး အင်အားစုများကလည်း ၀မ်းမြောက်ဝမ်းသာကြိုဆိုခဲ့ကြ ထိုသို့ဖြင့် ပေါ်ပေါက်လာပြီဖြစ်သော စုံစမ်းရေးကော်မရှင်အနေဖြင့် မည်သည့်အတိုင်းအတာအထိ ထိထိရောက်ရောက်ဆောင်ရွက်မည်ကို မျှော်တလင့်လင့်ရှိနေသောငြား မျှော်လင့်သလို ဖြစ်မလာသည့်အပေါ် လယ်သမားများသည် ကြမ်းမြဲကြမ်းပြနေကြရသည်။ လယ်သမားအရေး ဆောင်ရွက်သူများက ပြည်သူ့အကျိုး အမှန်တကယ် ကြည့်မည့်သူဆိုလျှင် မည်သည့်ပါတီ မည်သည့်အဖွဲ့စည်းမှ ဖြစ်နေပါစေ ကြိုဆိုကြောင်း ထောက်ခံကြောင်းဖြင့် ကောင်းချီထောပနာ ပြုခဲ့ကြသော်လည်း ကော်မရှင် တစ်ရပ်အဖြစ်သာ ပေါ်ပေါက်လာ ခဲ့ပြီး လုပ်ငန်းဆောင်တာ ဆောင်ရွက်မှုတွင် နှေးကွေးလေးကန် ထိုင်းမှိုင်းကြောင်းကို သိရှိလာကြသည်။ သို့ဖြစ်၍ အားကိုးအားထားပြုဖွယ်ရာ မရှိဖြစ်နေသော နစ်နာသူပြည်သူများမှာ ပြည်သူ့လက်နက်ကို သာစွဲကိုင်၍ လုပ်ဆောင်သင့်သည်များကို သိသင့်သိထိုက်သူ တာဝန်ရှိပုဂ္ဂိုလ်များ သိရှိနိုင်ရေး အပင်ပန်း အဆင်းရဲခံ ဆန္ဒဖော်ထုတ်မှုများ စဉ်ဆက်မပျက် လုပ်ကိုင်ဆောင်ရွက်နေသော်ငြား တာဝန်ရှိသူများဘက်မှ နှုတ်ဆိတ်မြဲနှုတ်ဆိတ်နေဆဲပင် ဖြစ်သည်။ လယ်သမားအရေး ဆောက်ရွက်သူများအနေဖြင့် ဆက်လက်လေ့လာဖော်ထုတ်ကြရမည်မှာ လယ်ယာ မြေစုံစမ်းရေး ကော်မရှင်တွင် ပါဝင်သူတို့သည် လယ်ယာမြေဥပဒေများကို သိရှိနားလည်သူများ ဖြစ်၏လော့၊ လယ်သိမ်းယာသိမ်း ပုဂ္ဂိုလ်များနှင့် ပါတနာများလော့၊ ၎င်းတို့ကိုယ်တိုင် တစ်နည်းမဟုတ် တစ်နည်း ပတ်သက်မှု များရှိနေခြင်းကြောင့် ထိထိရောက်ရောက် မဆောင်ရွက်ခြင်းလော့ စသဖြင့် လေ့လာဖော်ထုတ်ကြရပေတော့ မည်။ လွှတ်တော်တစ်ရပ်အနေဖြင့် ပေါ်ပေါက်လာပြီး ပြည်သူ့အကျိုးပြု ကော်မတီများ ၊ ကော်မရှင်များ ဖွဲ့စည်း ထားပြီးဖြစ်သော်လည်း အမှုပေါင်း သောင်းခြောက်ထောင်ဖြင့် ဥပဒေမဲ့လုပ်ရပ်များ ၊ လူ့အခွင့်အရေး ချိုးဖောက် ခံရမှုများ ၊ အာဏာအလွဲသုံးစားမှုများကို ပြည်သူပြည်သားတို့မှ စာတစ်တန် ပေတစ်တန် တင်ပြနေသော်လည်း ဖြေရှင်းဆောင်ရွက်ပေးရာတွင် အလွန်နှေးကွေးထိုင်းမိုင်းဆြဲ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပြည်သူတို့နစ်နာဆုံးရှုံးခဲ့ရသော လယ်ယာမြေသိမ်းဆည်းခံရမှုများ စုံစမ်းရေးကော်မရှင်ကိုလည်း ရိုးသားမှု ရှိပါ၏လော့ဟု မေးမြန်းရမည့် အချိန်သို့ရောက်ရှိလာပါပြီ။ ဖြစ်ပေါ်လျှက် ရှိသော မြေသိမ်းခံယာသိမ်းခံကိစ္စများကို မည်မျှသိရှိပါပြီနည်း။ သိရှိပြီးသော်လည်း မည်သည့်အတွက်ကြောင့် ဖြေရှင်းဆောင်ရွက်ပေးရန် လက်နှေးနေရပါသနည်း။ မြေသိမ်းယာသိမ်း ကော်မရှင်နှင့် မြေသိမ်းယာသိမ်း ကုမ္ပဏီများ လက်ဝါးချင်း ရိုက်နေခြင်းလော့။ မြေယာစုံစမ်းရေး ကော်မရှင် ရိုးသားပါ့မလား ဆိုသော မေးခွန်းကို ရိုးသားလျှင်လည်း ရိုးသားပါကြောင်း ၊ မြေသိမ်းယာသိမ်းပုဂ္ဂိုလ်များနှ နောင်တော်လေး by The Season News | ||
Posted: 02 Nov 2012 04:50 AM PDT
၂၇.၁၀.၂၀၁၂ ရက် စနေနေ့က ဒဂုံတက္ကသိုလ်မှ ပထမနှစ် ဒဿနိက ကျောင်းသား မောင်ငြိမ်းဇံဖြိုး(ခ) သဲကြီးသည် နံနက် ၁၀နာရီခွဲခန့်တွင် မင်္ဂလာဒုံရှိသူငယ်ချင်းထံ သွားရောက်ခဲ့ပြီး ထိုနေ့က နေအိမ်သို့ ပြန်လည်ရောက်ရှိခဲ့ခြင်း မရှိဘဲ တနင်္ဂနွေနေ့တွင်လည်း နေအိမ်သို့ ပြန်လည် ရောက်ရှိလာခြင်း မရှိသဖြင့် ဖခင်ဖြစ်သူနှင့် မောင်ငြိမ်းဇံဖြိုး၏ ညီမလေးမှာ ဒဂုံတက္ကသိုလ်ကျောင်းသို့လိုက်လံ
ထိုသို့ကြားသိခဲ့ရသည့်အပေါ် အမဖြစ်သူ မခိုင်သဇင်မိုးမှ တံတားလေးဘူတာရုံပိုင်ထံ သွားရောက်မေးမြန်းခဲ့သည်။တံတားေ
ထိုသို့ ဖြစ်ပွားသွားခြင်း နှင့် ပတ်သက်ပြီး မှုခင်းမှတ်တမ်း လာရောက်ရယူသွားသော ရဲစခန်းအား မေးမြန်းကြည့်ရာ မြောက်က္ကလာ မြရတနာ ရဲစခန်းမှ ဓာတ်ပုံမှတ်တမ်း လာရောက်ရယူသွားသည်ဟု သိရှိရသဖြင့် သွားရောက်မေးမြန်းရာ သူ့ထံတွင် ပါလာသော ဓာတ်ပုံနှင့် ရဲစခန်းမှ မှတ်တမ်းဓာတ်ပုံကို ဖခင်ဖြစ်သူမှ တိုက်ဆိုင်ကြည့်ရာ မှန်ကန်နေကြောင်း တွေ့ရှိရပြီး မည်သို့ စီမံဆောင်ရွက်ထားပုံကို မေးမြန်းရာ ပိုင်ရှင်မဲ့ အနေဖြင့် ရေဝေးသုဿာန်သို့ ပို့ဆောင်ထားကြောင်း သိခဲ့ရှိခဲ့ရခြင်း ဖြစ်သည်။
ထိုသို့ ဖြစ်ပွားခဲ့ပုံကြောင်းအရာနှင့် ပတ်သက်၍ သေဆုံးသူ၏ အမဖြစ်သူ မခိုင်သဇင်မိုးမှ ရှင်းလင်း သူ၏ မောင်လေး၏ လွယ်အိတ်အတွင်း ဆက်သွယ်ရန် လိပ်စာများ ပါရှိသော်လည်း ပိုင်ရှင်မဲ့အနေဖြင့် သုဿာန်သို့ ပို့ဆောင်လိုက်ခြင်းကြောင်း မိသားစုအနေဖြင့် မည်မျှခံစားရပုံကို ` မောင်လေးက ၂၇ ရက် စနေနေ့ ၁၀နာရီခွဲလောက်ကတည်းက ထွက်သွားလိုက်ကတည်း ကအိမ်ကို ပြန်မရောက်လာတာပါ။ မင်္ဂလာဒုံက သူ့သူငယ်ချင်းအိမ်ကို စာသွားလုပ်မယ်လို့ ပြောတယ်။ အဲဒီနေ့ညကတော့ ကျွန်မတို့က လိုက်မရှာသေးဘူး။ မောင်လေးက တစ်ခါတစ်လေ အိမ်ပြန်နောက်ကျတတ်တယ်။ အသက် ၂၀ ကျော် အရွယ်ဆိုတော့လည်း သူငယ်ချင်းတွေနဲ့ သွားတာလာတာရှိတယ်။ ဘယ်ကိုမှတော့ ဟိုဟိုဒီဒီမသွားဘူး။ ညအိပ်ညနေလည်း မနေဘူး။ တနင်္ဂနွေနေ့ ပြန်လာလို ပြန်လာငြား စောင့်သေးပေမယ့် ပြန်မလာတော့ အဖေနဲ့ ညီမလေး က ကျောင်းကိုလိုက်သွားပြီး စာမေးပွဲဖြေနေတဲ့ သူ့သူငယ်ချင်း နှစ်ယောက်ကိုမေးတယ်။ စနေနေ့ ကတည်းက မင်္ဂလာဒုံကနေ ရန်ကုန်ဘက်သွားတဲ့ ၃ နာရီ ရထားနဲ့ တင်ပေးလိုက်တယ်တဲ့။ သူတို့ဆီကတော့ အဲဒီလောက်ပဲ သိရတော့တယ်။ အဲဒီနေ့မှာတော့ သူသွားတတ်၊ လာတတ်တဲ့ အိမ်လေးတွေကိုပဲ သွားစုံစမ်းတယ်။ အင်္ဂါနေ့မှာတော့ ကျွန်မသူငယ်ချင်းတစ်ယောက်ကို ခေါ်ပြီး တံတားလေး နေ့ဈေး ဘူတာဘက်သွားစုံစမ်းမိတယ်။ အဲဒါကလည်း စနေ့နေ့က ယဉ်တိုက်မှု ဖြစ်တယ်ဆိုတဲ့ အသံလေး ကြားလို့။ ကျွန်မမောင်လေးကလည်း အဲဒီနေ့က ပျောက်သွားတယ်ဆိုတော့ ဖြစ်လို့ဖြစ်ငြား သွားစုံစမ်းတာပါ။ ရုံပိုင် ကြီးကို မေးကြည့်တော့ ဖြစ်တာတော့ ဟုတ်တယ်။ သူ့မှာ သက်သေဘာမှ မရှိဘူး။ သေသေချာချာ မမှတ်မိလိုက်ဘူး။ လွယ်အိတ်လေးတစ်လုံးပါတာကိုတော့ သူပြောတယ်။ အမှုပိုင်းဆိုင်ရာ လုပ်တဲ့သူရှိလားလို့ မေးတော့ ရဲစခန်းက ဓာတ်ပုံလာရိုက်သွားတယ်တဲ့။ မြောက်ဥက္ကလာ မြရတာရဲစခန်းက မှုခင်းမှုရာ အကုန်ယူသွားတယ်ဆိုလို့ လိုက်သွားတယ်။ စခန်းမှူးမရှိဘူးဆိုလို့ ဒုရဲအုပ်နဲ့ တွေ့ခွင့်ရတယ်။ ဘာဖြစ်လို့လဲလို့ မေးတော့ သမီးကို တစ်ခုလောက် အကူအညီပေးပါဆိုပြီး အကူအညီတောင်းကြည့်တယ်။ ၂၇ ရက် စနေနေ့က တံတားလေး မှာတိုက်သွားတဲ့ ယာဉ်တိုက်မှုမှာ အတိုက်ခံရသူဟာ ကျွန်မမောင်လေးကလည်း ပျောက်နေတဲ့အတွက် တူလို့ တူငြား ပြပေးပါဆိုတော့ သမီးမှာ ပါလာတဲ့ပုံနဲ့ သူတို့ Photo စွဲထားတာကို ပြတယ်။ ကျွန်မက မယုံကြည်သေးဘူး။ အဖေ့ကို လှမ်းခေါ်တော့ အဖေက သူ့သားဆိုတာကို ပြောတာ။ မောင်လေးမှာ လွယ်အိတ် ပါတယ်လို့။ သူတို့က ဗကဗ ဘာညာလျှောက်ပြောတော့ ကျွန်မက မဟုတ်ဘူးလို့ ဂျင်းသားအညိုရောင်လေးလို့။ အဲဒီအိတ်ကို အဲဒီဒုရဲအုပ်ကိုယ်တိုင် ထုတ်ပြတယ်။ အဲဒီအထဲမှာ ကျောင်းသားကဒ် ပါတယ်။ ကဒ်မှာ အိမ်လိပ်စာ အပြည့်အစုံလည်း ပါတယ်။ စာအုပ်က မဟာစာအုပ်။ ကျွန်မတို့ရုံးက ထုတ်ပေးထားတဲ့ စာအုပ်လေးလဲ ပါတယ်။ နောက်ကျောမှာ လင်းအောင် ဖုန်းနံပါတ်ရယ် ။ တခြားသူငယ်ချင်း တစ်ယောက်ရဲ့ ဖုန်းနံပါတ်ရယ် ကျွန်မဖုန်းနံပါတ်ပါ ရေးထားတယ်။ အဲဒါတွေကို မဆက်သွယ်ဘဲနဲ့ ကျွန်မတို့တွေ့မှ ဒါဟုတ်လား။ ဟုတ်ရင် ရင်ခွဲရုံမှာ ဆိုတော့ ဖေကြီးက သွားကြည့်တယ်။ မောင်လေးဟုတ်တယ်။ ပိုင်ရှင်မဲ့ဆိုပြီး သူတို့က လုပ်ထားတယ်။´ လို့ ပြောပါတယ်။ ဒီလိုဆက်သွယ်လို့ ရတဲ့ဖုန်းနံပတ်တွေ လိပ်စာတွေ ပါတာကို ပိုင်ရှင်မဲ့ပုံစံ လုပ်ထားရခြင်းနဲ့ ပတ်သက်ပြီး မေးမြန်းကြည့်ပါသလားလို့ မခိုင်သဇင်မိုးအား ထပ်မံမေးမြန်းမိရာ `အမှုအခင်းဖြစ်တဲ့ နေရာမှာ စခန်းမှူးကိုယ်တိုင် စစ်ဆေးပါတယ်လို့ ပြောတယ်။ လွယ်အိတ်ကို သွန်ချတဲ့အခါမှာ ကျောင်းသားကဒ်က ပထနှစ်က ကဒ်နဲ့ ဒီနှစ်ကဒ် နှစ်ကဒ်ရှိတယ်။ ဒါတောင် စခန်းမှူးက မသိဘူးလား။ စခန်းမှူးဆိုတာ ကျွန်မတို့ သိသလောက်တော့ စခန်းမှာ အကြီးဆုံးပဲလေ။ထိုနေ့က ရှာဖွေတွေ့ရှိခြင်းမရှိဘူးလို့ေ ၎င်းတို့၏ မောင်လေးကို သေဆုံးပြီး ၄ ရက်အကြာ ၃၀.၁၀.၂၀၁၂ ရက်နေ့ကမှ သိရှိခွင့်ရခဲ့ပြီး ၃၁.၁၀.၂၀၁၂ ရက်နေ့တွင် ရေဝေးသုဿာန်တွင် မီးသဂြိုလ်လိုက်ကြောင်း သိရသည်။ ထိုနေ့က သေဆုံးသူ၏ ရုပ်ကလပ်ကို မိသားစုနှင့် ရင်းနှီးကျွမ်းဝင်သူ တစ်ဦးမှ ဓာတ်ပုံမှတ်တမ်း ရိုက်ယူထားရာ နဖူးတွင် ရိုက်နှက်ဒဏ်ရာဟု ယူဆရသော ဒဏ်ရာကို အထင်အရှားတွေ့မြင်ရသည်။ ထိုသို့မိသားစုမှ စုံစမ်းသိရှိပြီးကာမှ သက်ဆိုင်ရာ ရဲတပ်ဖွဲ့မှ ကြော်ငြာပုံသဏ္ဍာန်ဖြင့် ဘူတာရုံတွင် လာကပ်သော ဓာတ်ပုံမှတ်တမ်းတွင် နဖူးပေါ်တွင် ဒဏ်ရာဒဏ်ချက်မပေါ်ဘဲ ဖြစ်နေသည့်အပေါ် သေဆုံးသူကျောင်းသား၏ ဖခင်မှ ၎င်း၏ သား သေဆုံးမှုမှာ ရိုးရိုးသားသား မဖြစ်နိုင်ကြောင်း သံသယဖြစ်ဖွယ်ယူဆမိသည်။ သေဆုံးပြီး တိုက်ရိုက်ဆက်သွယ်ပြောကြားခြင်း မရှိသည့်အပြင် ဓာတ်ပုံမှတ်တမ်း နှစ်ခုမှာ ကွဲလွဲနေသည့်အပေါ် ၎င်းတို့အနေဖြင့် ဆုံးရှုံးခဲ့ပြီးဖြစ်သော သား/မောင်အတွက် မည်သို့မျှ တတ်နိုင်တော့မည် မဟုတ်သော်လည်း ဖြစ်စဉ်နှင့်ပတ်သက်၍ သေသေချာချာ သိရှိရခြင်းမရှိဘဲ အမျိုးမျိုးပြောဆိုနေခြင်းအပေါ် သံသယဖြစ်နေကြရခြင်း ဖြစ်သည်။ ထိုကိစ္စနှင့်ပတ်သက်၍ `သဂြိုလ်တဲ့နေရကဒုရဲအုပ်အောင်ြ လက်စွပ်မှာ မောင်းကွင်းလေးသာ ဖြစ်ပြီး တန်ဖိုးမများလှကြောင်း တပ်မတော် အငြိမ်းစား ဖခင်ဖြစ်သူ ကရှင်းပြပါတယ်။ အမှုဖြစ်စဉ်နှင့် ပတ်သက်၍ ရတပ်ဖွဲ့ဝင်များက မည်သို့ရှင်းပြကြောင်း မေးမြန်းကြည့်ရာ ` တမျိုးစီပြောကြတယ်။ ဘူတာပိုင်က ပြောတော့ သေသွားသူက ခြေထောက်ကြီး နှစ်ချောင်းက ထောင်နေတာတဲ့။ ရဲစခန်းရောက်သွားတော့ စခန်းမှူးက ပြောတော့ ရထားမောင်းတဲ့သူက ပြေးသွားတာကို မြင်တယ်တဲ့။ အမျိုးမျိုးပြောကြပါတယ်။ အခုချိန်အထိတော့ အမှန်တရားမသိသေးပါဘူး။´လို့ ရှင်းပြပါတယ်။ ဒီလိုကိစ္စမျိုးမှာ သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ ကူညီပါရစေဟု ပြောဆိုထားချက်နှင့်အညီ သေဆုံးသူတွင် ဆက်သွယ်ရန် လိပ်စာများ ၊ ဖုန်းနံပါတ်များ ပါရှိနေသည်ကို မဆက်သွယ်ဘဲ ပိုင်ရှင်မဲ့ ဆောင်ရွက်ခဲ့ခြင်း အပေါ်လည်း ၎င်းတို့၏ သားအနေဖြင့် ဆုံးရှုံးခဲ့ရပြီးဖြစ်တဲ့အပေါ်မှာ မည်သူ့ကိုမှ ၀န်ထုပ်ဝန်ပိုးမဖြစ်စေချင်သော် The Season News | ||
Posted: 02 Nov 2012 04:15 AM PDT
ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ဆန်မြို့ပေါ်မှာ ဒီနေ့မနက် ၁၀ နာရီကနေ မွန်းလွဲ ၁ နာရီထိ မီးလောင်မှုဖြစ်ပွားခဲ့ပြီး အိမ်ခြေ ၅၀ ကျော် မီးထဲပါသွားခဲ့ပါတယ်။ မီးလောင်ရတဲ့အကြောင်းကို မသိရသေးပေမယ့်လည်း မြို့လယ်ရပ်ကွက်မှာရှိတဲ့ သံထည်ပစ္စည်းရောင်းချသူ ဦးချန်ဒ္ဒရာရဲ့ အိမ်နောက်ဖေးက စလောင်တာဖြစ်ပြီး နှစ် ၅၀ အတွင်းမှာ အကြီးဆုံး မီးလောင်မှုဖြစ်တယ်လို့---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
Posted: 02 Nov 2012 03:24 AM PDT
ဘဏ်များတွင် ဟောင်းနွမ်း နိုင်ငံခြားငွေ လဲလှယ်ပေး နေသော်လည်း ဆူးလေ အနီး တစ်ဝိုက်တွင် တရားမဝင် နိုင်ငံခြားငွေ လဲလှယ်သည့် မှောင်ခို ဈေးကွက် ရှိနေဆဲ ဖြစ်ကြောင်း သိရှိရသည်။ အဆိုပါ မှောင်ခို ဈေးကွက်၌ အုပ်စုဖွဲ့ လှုပ်ရှား နေကြပြီး နိုင်ငံခြားငွေ လဲလှယ် သူများ အပေါ် လိမ်လည် လှည့်ဖြား အနိုင်ကျင့် ခေါင်းပုံဖြတ်မှုများ ရှိကြောင်း သိရသည်။
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
Posted: 02 Nov 2012 03:40 AM PDT
ရန်ကုန်တိုင်း ဒေသကြီး၊ ဒဂုံမြို့ သစ် (အရှေ့ ပိုင်း) မြို့ နယ်၊ (၁၃၃) ရပ်ကွက်၊ (၁၂၅) ရပ်ကွက်များနှင့် စိတ်ကျန်းမာရေး ဆေးရုံ (ရွာသာကြီး) ဘက်သို့ သွားသည့် ဘတ်စ် ကားလိုင်းများ လုံးဝ (လုံးဝ) မရှိတော့ပါ..။ လိုင်းကားများ မရှိတော့သည်မှာ (၃) လလောက်ပင် ရှိသွားပြီ ဖြစ်ပါသည်။
ကျွန်တော်သည် ရန်ကုန်တိုင်း ဒေသကြီး၊ ၁၃၃ ရပ်ကွက်၊ ဒဂုံမြို့ သစ် (အရှေ့ ပိုင်း) တွင် နေထိုင်ပါသည်။ ကျွန်တောသည် ကုမ္ပဏီ ၀န်ထမ်းတစ်ဦးလည်းဖြစ်ပြီး နေ့စဉ် တနင်္လာမှ စနေအထိ ကျွန်တော်၏ ကုမ္ပဏီရုံးဖြစ်သော လမ်းမတော်မြို့ နယ် (ဗဟိုစည်) အိမ်ရာသို့ လာရောက်ရသူလည်း ဖြစ်ပါသည်။ ကျွန်တော်နေထိုင်ရာ ၁၃၃ မှ ယခင်အချိန်များတွင် ၃၆ အဖြူဗိုက်ပူဘတ်စ်ကားကြီးများ၊ ၃၆ အနီ ဒိုင်နာ၊ ၃၆ အစိမ်း ဒိုင်နာ ကားများဖြင့် ဘုန်းကြီးကျောင်းကွေ့ မှတ်တိုင်သို့တစ်ဆင့်စီးရပါသည်။ ထို့နောက် ဒဂုံတက္ကသိုလ်မှထွက်သော ၂၁၃ အထူး၊ အဓိပတိ အ၀ါ၊ ၂၀၅ ကားများစီးပြီး ရုံးသို့လာရပါသည်။ ကားခမှာလည်း ပထမတစ်ဆင့် ၁၀၀ိ/-၊ နောက် မြို့ထဲရုံးရှိရာဗဟိုစည်သို့ ၂၀၀ိ/- ပေးရပါသည်။ သွား/ပြန် ၃၀၀ိ/- ကျပါသည်။ ၂၀၁၂ ခုနှစ်၊ သြဂုတ်လမှ စပြီး ယင်းလိုင်းကားများအားမတွေ့ ရတော့ပါ...။ ကားနံပါတ် ၃၆ အနီ၊ ၃၆ ဘတ်အဖြူ (ဗိုက်ပူ) ကားကြီးများကို နံပါတ်ပြားများဖြုတ်ပြီး ဘုန်းကြီးကျောင်းကွေ့ ဟု အော်ပြီး ဆွဲကြပါသည်။ ညဘက်အပြန်တွင်လည်း ရုံးမှ ၇-၈ လမ်းဆုံ ၂၀၀ိ/-၊ ၇-၈ လမ်းဆုံ မှ ၁၃၃ သို့ ၁၀၀ိ/- ပေးပြန်ရပါသည်။ ယခုအခါ ၇-၈လမ်းဆုံမှ ၁၃၃ သို့ ၂၀၀ိ/- ပေးစီးနေရပါသည် (ယင်းကားခမှာ မြို့ ထဲသို့သွားရသော ကားခဖြစ်နေပါသည်)။ ၁၃၃ ရပ်ကွက်တွင် လက်လုပ်လက်စားသမားများ၊ အစိုးရ၀န်ထမ်းများအများစု နေထိုင်ပါသည်။ သတင်းစာများမှလည်း ထည့်သွင်းထားပါသည်။ မေတ္တာလှိုင်း ၁၊ ဟုခေါ်သော ပုဂ္ဂလိက ယာဉ်လိုင်းအား စက်တင်ဘာလကုန်တွင် ပြေးဆွဲမည်ဟုသိရသည်။ အောက်တိုဘာ ၂၉ တွင် ဖွင့်ပွဲလုပ်ကာ ပြေးဆွဲမည်...စသည့် အသံများကိုသာ ကြားနေရပါသည်။ မေတ္တာလှိုင်း ၁ မော်တော်ယာဉ်လိုင်းမှာစိတ်ကျန်းမာရေးဆေးရုံမှ မင်္ဂလာဈေးသို့ ပြေးဆွဲမည် ဟုလည်း သိရသည်။ ယင်းကားကြီးများကိုလည်း ကျွန်တော်တို့ဘက်တွင် တွေ့ ရသည်။ ထိုကားကြီးများမှာ ယခု နိုဝင်ဘာလအထိ ပြေးဆွဲခြင်းမရှိသေးဘဲ အောက်ဆိုက်ကားအနေဖြင့်သာ ညဘက် ၂၀၀ိ/- ဟုအော်ကာ ပြေးဆွဲပါသည်။ ထို့ကြောင်း ကျွန်တော်တို့ နေထိုင်သော ဒဂုံမြို့သစ် (အရှေ့ ပိုင်း) မြို့  နယ် ၁၃၃ ရပ်ကွက်၊ စိတ်ကျန်းမာရေးဆေးရုံဘက်သို့ ယာဉ်လိုင်းသစ်များ တိုးချဲ့ ပြေးဆွဲပေးခြင်းနှင့် ပုံမှန်လမ်းကြောင်း သတ်မှတ်ပေးပါရန် ၁၃၃၊ ၁၂၅၊ ၁၂၂၊ ၁၂၄၊ ၁၅၆၊ ရပ်ကွက် ပြည်သူများကိုယ်စား ကျွန်တော်မှ ယခုကဲ့သို့ တင်ပြရခြင်းဖြစ်ပါသည်။ ကုမ္ပဏီ ၀န်ထမ်းတစ်ဦး | ||
Posted: 02 Nov 2012 02:20 AM PDT
ရခိုင်ပြည်နယ် အရေးကို အစိုးရက ကူညီစောင့်ရှောက်ပေးဖို့ လုံလောက်တဲ့ အင်အားမရှိဘူး အင်အားနည်းနေ တယ်လို့ မဆိုနိုင်ပါဘူး။ လုံခြုံရေး အဖွဲ့ တွေက လုံခြုံရေး တာဝန်တွေကို ပြည့်ပြည့်၀၀ ထမ်းဆောင်ခွင့် မရလို့  အခြေအနေတွေက မအုပ်မိ မထိန်းမိ တာလို့ ပဲ ကျနော် မြင်တယ်။ သမ္မတကြီးက စိတ်ကောင်း စေတနာကောင်းနဲ့ ဆောင်ရွက် ပေးနေတာတွေကို သိပါတယ်။ ဒါပေမဲ့ လက်တွေ့ မြေပြင်မှာ အကျိုးသက်ရောက်မှု မရှိဘူး။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်ပင်ပြီး ပြည်နယ် အစိုးရသစ် ပြန်ဖွဲ့ ဖို့ တိုက်တွန်းသူ ရခိုင်ပြည်နယ် ပဋိပက္ခ စုံစမ်း စစ်ဆေးရေး ကော်မရှင် အဖွဲ့ ဝင် ဦးတင်မောင်သန်း | ||
Posted: 02 Nov 2012 02:05 AM PDT
| ||
Posted: 01 Nov 2012 07:01 PM PDT
ဂရိ နိုင်ငံမှာ အခွန် ရှောင်သူ တွေလို့ သသံယ ရှိသူ စာရင်းကို မဂ္ဂဇင်း တစောင် ကနေ ထုတ်ပြန် လိုက်ရာ အဲဒီ မဂ္ဂဇင်းး အယ်ဒီတာကို အခုတော့ အေသင်မြို့ မှာ တရားစွဲ လိုက်ပြီ ဖြစ်ပါတယ်။
အရင် အစိုးရ ဝန်ကြီးဟောင်း တဦးနဲ့ တခြား သြဇာ ရှိတဲ့ ခေါင်းဆောင်တွေ အပါ အဝင် ဂရိ နိုင်ငံသား နှစ်ထောင်ရဲ့ ဆွစ်ဇာလန် ဘဏ် စာရင်းတွေကို အဲဒီ မဂ္ဂဇင်းက ထုတ်ဖေါ် လိုက်တာ ဟာ အဲဒီ သူတွေရဲ့ ကိုယ်ရေး ကိုယ်တာ အခွင့် အရေးကို ချိုးဖေါက်ရာ ရောက်တဲ့ အတွက် မဂ္ဂဇင်း အယ်ဒီတာ ကိုးတက်စ် ဗက်စီဗန်းနစ်ကို တရားစွဲ လိုက်တာ ဖြစ်ပါတယ်။ အယ်ဒီတာရဲ့ ရှေ့နေ ကတော့ ပုဂ္ဂလိက အခွင့် အရေးကို ချိုးဖေါက် တာမျိုး မရှိဘူးလို့ ပြောကြား လိုက်ပြီး၊ အခုလို စွပ်စွဲမှုတွေ ဟာ ရွံရှာ မုန်တီး စရာ ကောင်းတယ်လို့ ပြောပါ တယ်။ မစ္စတာ ဗက်စီ ဗန်းနစ် ကတော့ တကယ်တမ်း ထောင်ချ သင့်တဲ့ သူတွေဟာ အခွန်ရှောင် ထားကြတာကို ဖုံးဖိ ထားတဲ့ နိုင်ငံရေး သမားတွေသာ ဖြစ်တယ်လို့ ပြောပါတယ်။သူ့ အနေနဲ့ ကတော့ သတင်းစာ ဆရာ တဦး ဖြစ်တာကြောင့် လူထုကို အမှန် အတိုင်း ပြောဖို့ တာဝန် ရှိတယ်လို့ ဆိုပါတယ်။ ဘီဘီစီ (မြန်မာပိုင်း) | ||
Posted: 02 Nov 2012 04:20 AM PDT
အမေရိကန်နိုင်ငံတွင် ဝင်ရောက် တိုက်ခတ်သွားသည့် ဆန်ဒီမုန်တိုင်းကြောင့် အနည်းဆုံး လူပေါင်း (၇၂)ဦးထိ အသေအပျောက် ရှိလာကြောင်း သိရသည်။ အလွန်အင်အား ပြင်းထန်သော ဟာရီကိန်း အဆင့် မုန်တိုင်းကြီးကြောင့် နယူးယော့ခ်မြို့တော် အပါအဝင် အမေရိကန် ပြည်နယ်အချို့တွင် ဆိုးရွားသော ပျက်စီးမှုများ ပေါ်ပေါက်လာခဲ့သည်။-----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 01 Nov 2012 06:49 PM PDT
|
[Message clipped] View entire message
0 comments:
Post a Comment