Sunday, November 25, 2012

သစ်ထူးလွင် သတင်းစုစည်းမှု (၂၅-၁၁)

သစ်ထူးလွင်



Posted: 25 Nov 2012 05:36 AM PST
နိုင်ငံတော် သမ္မတရုံး ပြည်ထောင်စု ၀န်ကြီး ဦးစိုးသိန်းက “ ကျွန်တော်တို့ အရင်က မှားခဲ့ပါတယ် ” ဟု နေပြည်တော်ရှိ မြန်မာ အင်တာ နေရှင်နယ် ကွန်ဗင်းရှင်း စင်တာတွင် ပြုလုပ်သော မြေယာပိုင်ဆိုင် လုပ်ကိုင်ခွင့်နှင့် အသုံးပြုခွင့် ဆိုင်ရာ အမျိုး သားအဆင့် ဆွေးနွေးပွဲ၊ ယနေ့နံနက်ပိုင်းတွင် ပြောကြားသည်။

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 25 Nov 2012 05:06 AM PST
ရန်ကုန်မြို့၊ ဒေါပုံမြို့နယ်၊ ဆိပ်ကမ်းသာလမ်းနှင့် န၀ဒေးလမ်းထောင့်ရှိ သီရိစံဟိုတယ်တွင် အမျိုးသမီးတစ်ဦး အလောင်း တစ်လောင်းအား ယနေ့ နေ့လည်ပိုင်းတွင် တွေ့ရှိရကြောင်း သိရသည်။
အဆိုပါ အမျိုးသမီးမှာ အသက်ခံရသည်ဟုယူဆရပြီး သီရိစံ ဟိုတယ်အား ရဲဝန်ထမ်းများက ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ








Posted: 25 Nov 2012 04:57 AM PST
နိုင်ငံတော် သမ္မတ၏ ငလျင်ဒဏ်သင့် ဒေသများသို့ သွားရောက်သည့် ခရီးစဉ်တွင် ရွှေသံလွင် ကုမ္ပဏီ အပါအ၀င် အလှူရှင် ကုမ္ပဏီများက စုစုပေါင်း အလှူငွေ ကျပ်သိန်းပေါင်း ၁၂၀၀၀ လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် နိုဝင်ဘာလ ၂၄ရက်နေ့က မန္တလေးတိုင်း ဒေသကြီးနှင့် စစ်ကိုင်းတိုင်း ဒေသကြီးတို့ အတွင်းရှိ ငလျင်ဒဏ်သင့် ဒေသများသို့ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

သမ္မတ ဦးသိန်းစိန် သပိတ်ကျင်း မြို့နယ် စမ္ပါယ်နဂိုရ် ကျေးရွာ ယာယီ စာသင် ဆောင်များမှ ကျောင်းသား ကျောင်းသားများကို နှုတ်ဆက်စဉ် (ဓာတ်ပုံ-သတင်းစဉ်)



Posted: 25 Nov 2012 01:28 AM PST
ရန်ကုန်၊ နိုဝင်ဘာ ၂၅။

အမျိုးသမီးများ အကြမ်းဖက်မှု ပပျောက်ရေး ဥပဒေကြမ်းကို ရေးဆွဲလျက် ရှိပြီဖြစ်ကာ ပထမမူကြမ်း
ရေးဆွဲပြီး ဖြစ်ကြောင်း နှင့်  လွှတ်တော်သို့ တင်ပြရန် ပြင်ဆင်လျက် ရှိကြောင်း လူမှုဝန်ထမ်း ဦးစီးဌာန
ဒုတိယ ဦးဆောင် ညွှန်ကြားရေးမှူးချုပ် ဦးအောင်ထွန်းခိုင်မှ ပြောကြားသည်။

"အမျိုးသမီးများ အကြမ်းဖက်မှု ပပျောက်ရေး ဥပဒေကြမ်းကို ရေးဆွဲနေပါပြီ။ ပထမမူကြမ်းတော့ ပြီးသွားပြီ။
အမျိုးသမီး အဖွဲ့အစည်းတွေကို ဒီမူကြမ်းကို ချပြမယ်။ သက်ဆိုင်ရာ ရှေ့နေရုံးချုပ်ကို တင်ပြမယ်။ အဲဒီကနေ
တဆင့် ပြည်သူ့ လွှတ် တော်ကို တင်သွင်းမယ်။  Gender Equality Network ကလူတွေနဲ့ ပူးပေါင်းတိုင်ပင်ပြီး ရေးဆွဲထားတာပါ။ အချိန်ကတော့ ယူရဦးမယ် " ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောကြားသည်။

မြန်မာနိုင်ငံသည် ၁၉၉၇ ခုနှစ်မှစတင်ပြီး အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှုပပျောက်ရေး
သဘောတူ စာချုပ် (စီဒေါ)ကို လက်မှတ်ရေးထိုးထားပြီးဖြစ်ကြောင်းနှင့် အမျိုးသမီးများအား အကြမ်းဖက်မှု
ပပျောက်ရေးအတွက် NGO လုပ်ငန်းများနှင့် ပူးပေါင်းပြီး အသိပညာပေးရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်မည်ဖြစ်ကြောင်း  ဦးအောင် ထွန်းခိုင်မှ ထည့်သွင်းပြောကြားသည။်

စစ်ပွဲများ ဖြစ်ပေါ်နေသောဒေသများတွင် တိုင်းရင်းသားအမျိုးသမီးများအပေါ် အဓမ္မပြုကျင့်မှုများကို ကိုင်တွယ် ဖြေရှင်းမှု များနှင့် စပ်လျဉ်းပြီး " ဒါတွေကဖြစ်ခဲ့တာတွေရှိပါတယ်၊ တပ်မတော်မှာ အက်ဥပဒေနဲ့  နည်းဥပဒေဆိုပြီး ရှိပြီး ဒါမျိုးလုပ်တဲ့ သူတွေကို အရေးယူတာမျိုးတွေရှိပါတယ်၊ မရှိဘူးမဟုတ်ဘူး ရှိခဲ့ဖူးပါတယ်၊ ဖြစ်လာခဲ့ရင်တော့ ပြင်းပြင်းထန်ထန် အရေးယူတာတွေ ရှိပါတယ်" ဟု ဒုတိယ ဦးဆောင်ညွှန်ကြားရေးမှူးက ပြောကြားသည်။

ဆုဝေ (မြန်မာ့ခေတ်)




Posted: 25 Nov 2012 01:18 AM PST
ရန်ကုန်၊နိုဝင်ဘာလ ၂၅။

ရန်ကုန်မြို့၊ သာကေတ မြို့နယ်၊ ဧရာဝဏ် လမ်းမ ကြီးရှိ ရွှေဧည့်သည်(၂) ဂိတ်ရှေ့၌
ခရီး သည်တင် ၅၂ ယာဉ်လိုင်းနှင့် ယာဉ်ငယ် တစ်စီး မျက်နှာချင်း ဆိုင်တိုက် မိရာတွင်
ခရီးသည် တင် ယာဉ်တိမ်းမှောက် သွားကြောင်း သိရသည်။

 အဆိုပါ ယာဉ်တိမ်း မှောက်မှုသည် ယနေ့နံနက် ၁၁ နာရီ ၄၅ ၀န်းကျင်ခန့်တွင်
ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

"ခရီးသည်တင်ယာဉ်က ဂတ်စ်လာဖြည့်တာ မို့လို့လူမပါလာတာ ကံကောင်းတယ်
ဘယ်သူမှတော့ ဓဏ်ရာရတာ မတွေ့ရဘူး၊ဒါပေမယ့် မှားတာက ကားလေးလေ၊
သူက လမ်းကျော်ပြီးဝင်လာတာ" ဟု အနီး ပက်ဝင်းကျင်တွင် နေထိုင်သူတစ်ဦး
ကပြောသည်။

မြန်မာ့ခေတ်



Posted: 25 Nov 2012 01:07 AM PST
မြောက်ကိုရီးယား နိုင်ငံကနေ မြန်မာ နိုင်ငံဆီကို ဒုံးကျည်တွေ ထုတ်လုပ်ရာမှာ သော်၎င်း၊ ယူရေနီယံ သန့်စင် ရာမှာ သော်၎င်း သုံးစွဲလို့ ရနိုင်တဲ့ ပစ္စည်းတွေကို တရုတ်ကနေ တဆင့် တင်ပို့ခဲ့တယ်လို့ ဂျပန်က အဆာဟိ ရှင်ဘွန်း သတင်းစာကြီးမှာ ဖော်ပြလိုက်ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၂၂ ရက်နေ့က တိုကျို ဆိပ်ကမ်းမှာ အမေရိကန် ရဲ့ တောင်းဆိုချက်ကြောင့် ဂျပန် အာဏာပိုင် တွေက ကုန်တင် သင်္ဘောကို ဝင်ရောက် စီးနင်း ခဲ့ရာမှာ အခုလို တွေ့ရှိခဲ့တာ ဖြစ်တယ်လို့ အဆာဟိ ရှင်ဘွန်းက ဆိုပါတယ်။

အဲဒီ ဖမ်းမိခဲ့တဲ့ ပစ္စည်း တွေထဲမှာ သတ္တု ပိုက် ၅၀၊ အဆင့်မြင့် အလူမီနီယံ သတ္တုချောင်း ၁၅ ချောင်း တို့လည်း ပါဝင်ပြီး အဲဒီထဲက တခိျု့ဟာ နျူကလီးယား လက်နက်တွေ ထုတ်လုပ်ရာမှာ သုံးစွဲ နိုင်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ လတုန်းကလည်း တရုတ်ပြည်ကနေ ရန်ကုန် ဆိပ်ကမ်း ကို ရောက်လာတဲ့ သင်္ဘောတစင်း ထဲမှာ ပါလာတဲ့ ကုန်ပစ္စည်း တွေထဲမှာ မြန်မာ စစ်ဘက်နဲ့ နီးစပ်တဲ့ အဖွဲ့အစည်း တခုကနေ မှာယူလို့ မြောက်ကိုရီးယား နိုင်ငံ က နမ်ပို ဆိပ်ကမ်းကနေ တင်ပို့လိုက်တဲ့ ကုန်တွေ ပါလာတယ်လို့ လည်း ဖော်ပြထားပါတယ်။

သမ္မတ အိုဘားမား မြန်မာ နိုင်ငံကို လာရောက် ခဲ့တဲ့ နောက်ပိုင်း ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၁ ရက်နေ့ကတော့ မြန်မာ နိုင်ငံက နျူကလီးယား အစီအစဉ် တွေနဲ့ ပတ်သက်လို့ ပိုင်ဆိုင် ထားသမျှ စုံစမ်း စစ်ဆေး မှုတွေ အလုပ်ခံ နိုင်တဲ့ နိုင်ငံတကာ သဘောတူ ညီချက် ကိုလက်မှတ်ထိုး ပေးဖို့ အသင့်ရှိ နေတယ်လို့ ကြေညာ ခဲ့ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

နေပြည်တော်မှာ နျူကလီးယား စီမံကိန်း ပြုလုပ်ဖို့ စီစဉ်လို့ စွပ်စွဲခဲ့ကြဖူးပါတယ်။



Posted: 25 Nov 2012 12:49 AM PST
အီဂျစ်မှာ သမ္မတကို ဆန္ဒပြနေကြ
အီဂျစ် သမ္မတ မိုဟာမက် မော်စီရဲ့ သမ္မတ အာဏာ တိုးချဲ့ ယူဖို့ ဆုံးဖြတ်ချက်ကို ကန့်ကွက်တဲ့ အနေနဲ့ အီဂျစ် တရားရုံးတွေကို ရပ်နား ထားပါတယ်။

ဒီလို သပိတ်မှောက်ဖို့ တရားသူကြီးများ သမဂ္ဂ အရေးပေါ် အစည်းအဝေးမှာ ဆုံးဖြတ် ခဲ့ကြတာ ဖြစ်ပါတယ်။

တရားသူကြီး အာမက် ရှာနွန်က သူတို့ ရာထူး အတွက် ရည်ရွယ် တောင်းဆို နေတာ မဟုတ်ပါဘူး၊ အီဂျစ် ပြည် ကောင်းစားရေး အတွက် ကြိုးပမ်း နေကြတာပါ၊ ဒီအမိန့်ကို ပြောင်းလဲ ပစ်နိုင်မှ ရှေ့ဆက် သွားလို့ ရမှာလို့ ပြောကြား ခဲ့ပါတယ်။

မစ္စတာ မော်စီရဲ့ ကြေညာချက်ကို ပြန်ရုပ်သိမ်းပြီး ဖယ်ရှား ခံရတဲ့ ရှေ့နေချုပ်ဟောင်း အဘ်ဒဲလ် မာဂွတ် မာမွတ် ကို ပြန်ခန့်ဖို့ တရားသူကြီး တွေက တောင်းဆို နေကြ ပါတယ်။

သမ္မတ ဂိုဏ်းသား များက တရားသူကြီးများ အစည်းအဝေးကို ပျက်ပြားအောင် ကြိုးစား ခဲ့ကြ ပါသေးတယ်။

သမ္မတဟောင်း မူဘာရက် ခေတ်က ခန့်ခဲ့တဲ့ ဒီ တရားသူကြီး တွေကို တခြား ဆန္ဒပြ နေ သူတွေက ထောက်ခံ ကြပါတယ်။

သမ္မတ အမိန့်ကို ပြန်လည် ရုပ်သိမ်း တဲ့ အထိ ငြိမ်းချမ်းစွာ ဆန္ဒပြ ကြဖို့ ထင်ရှားတဲ့ အတိုက်အခံ ခေါင်းဆောင် မာမွတ် အယ်လ် ဘရားဒေးက နှိုးဆော် ထားပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)


Posted: 25 Nov 2012 12:31 AM PST
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ယိုင်သည်ရွာ တိုက်ခိုက်မှုနဲ့ ဆက်စပ်ပြီး ဖမ်းထားတဲ့ ရခိုင် အမျိုးသား (၆) ဦးကို စစ်တွေပို့ပြီး ရမန်ယူ စစ်ဆေး နေတယ်လို့ သိရပါတယ်။

အောက်တိုဘာ ၂၃ နဲ့ ၂၄ ရက်တွေက ယိုင်သည် မွတ်ဆလင် ရွာ မီးရှို့ တိုက်ခိုက်မှုနဲ့ ယိုင်သည် ရွာက ဦးဇော်မိုးနိုင်၊ ဦးဇော်မိုးထွန်း၊ လေးမြို့သား ရွာက ဦးတင်လှ၊ သံရွှင်ပြင်ရွာက ဦးပြေသိန်းအောင်၊ ဦးဦး မောင်ကျော်လှိုင်နဲ့ ဦးမောင်သိန်းတို့ ကို ဖမ်းထားတာပါ။

အခု ရမန် ယူထားဆဲ ကာလမို့ အမှုစွဲတင် တာတော့ မရှိသေးဘူးလို့ စစ်တွေက ရှေ့နေ တဦးက ပြောပါတယ်။

ပုဒ်မ ၄၃၂ ၊ ပုဒ်မ ၃ဝ၂ (၂) နဲ့ ရမန် ၆ ရက် ယူထားပြီး စစ်တွေ မြို့မ ရဲစခန်းမှာ စစ်ဆေးနေပါတယ်။

သူတို့ကို ရမန် ယူပြီးရင် နောက်လဆန်း လောက်မှာ စတရားစွဲ နိုင်တယ်လို့ သိရပါတယ်။

ယိုင်သည် ရွာ တိုက်ခိုက်မှုနဲ့ လူအများအပြား ဖမ်းဆီး ထားပြီး အဲဒီ အထဲက ၆ ဦးကို စစ်တွေ ခေါ်လာပြီး တရားစွဲဖို့ အာဏာပိုင် တွေက စီစဉ်နေတာ ဖြစ်ပါတယ်။

ယိုင်သည်ရွာ မီးရှို့ တိုက်ခိုက်မှုဟာ ရခိုင်ပြည်နယ် အောက်တိုဘာ လ တိုက်ခိုက်မှု တွေထဲမှာ အကြီးကျယ်ဆုံး ဖြစ်ပြီး လူ ၅ဝ နီးပါး သေဆုံးတယ်လို့ သိရပါတယ် ။

ဘီဘီစီ (မြန်မာပိုင်း)

အောက်တိုဘာ လမှာ အဓိကရုဏ်း ပြန်ဖြစ်



Posted: 25 Nov 2012 12:26 AM PST
တိုင်းရင်းသား ဖွံ့ဖြိုးရေး ကောလိပ် ကျောင်းသား တွေ မန္တလေးကျောင်းမှာ ပြန်နေဖို့ ပြည်ထောင်စု ဝန်ကြီး က သဘောတူလိုက်ပြီ လို့ သိရပါတယ်။

စစ်ကိုင်း ရွာသစ်ကြီး ကို ပြောင်းရွှေ့ ခဲ့ရတဲ့ ဖွံ့ဖြိုးရေး ကောလိပ် ကျောင်းသား ၆ဝဝ က ရွာသစ်ကြီး မှာ မနေချင်လို့ မန္တလေး ကျောင်းကို ချီတက် ဆန္ဒပြလို့ စနေနေ့ နေ့ခင်းက နယ်စပ် ဖွံ့ဖြိုးရေး ဝန်ကြီး ဦးသိန်းဌေးက လာတွေ့ပြီး မန္ဒလေးကျောင်း ပြန်ပြောင်း နိုင်ကြောင်း ကတိပေးတယ် လို့ ဆန္ဒပြ ကျောင်းသားတွေ က ပြောပါတယ်။

အရင်က ဆန္ဒပြ ကျောင်းသား တွေရဲ့ မိဘ တွေ ကို ကျောင်းသား တွေ ကို ပြန်ခေါ်ဖို့ ဖိအားပေးတာ တွေ ရှိခဲ့ပါတယ်။

အခုတော့ မကြာခင် ကာလ အတွင်း ကျောင်းပြန်ပြောင်း ဖို့ ဖြေရှင်း ပေးမယ် လို့ ၀န်ကြီးက ပြောခဲ့ပြီး ကျောင်းသား တွေ အရင်နေခဲ့တဲ့ မန္တလေး က တိုင်းရင်းသား ဖွံ့ဖြိုးရေး ကောလိပ် ကျောင်းဆောင် တွေ မှာ နေလို့ ရသွားပါတယ်။

ကျောင်းသားတွေ ဘက်ကလည်း ကျောင်းဆောင် ကနေ ဘယ်မှ မသွားဘဲ ငြိမ်းချမ်းစွာ နေဖို့ ကတိပေး ခဲ့တယ် လို့ သိရပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

စစ်ကိုင်း ကနေ မန္တလေး ကို ပြန်လမ်းလျှောက် ဆန္ဒပြ နေတဲ့ ကျောင်းသားတွေ




Posted: 24 Nov 2012 04:56 PM PST
ရခိုင် ပြည်နယ်တွင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခ အတွင်း အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသူတွေ အတွက် ကုလသမဂ္ဂ ဒုက္ခသည်များ ကူညီ စောင့်ရှောက်ရေး အေဂျင်စီရဲ့ ကူညီ ပံ့ပိုးရေး အစီအစဉ်တွေ စတင် ပေးပို့နေပြီ ဖြစ်ပါတယ်။ ရခိုင် ပြည်နယ်တွင်း ဒုက္ခ ရောက်နေသူတွေ အတွက် ရွက်ဖျင် တဲတွေ တင်ဆောင် သွားတဲ့ လေယာဉ်ဟာ ဒူဘိုင်း လေဆိပ်ကနေ ထွက်ခွာ သွားပြီ ဖြစ်ကြောင်း ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

စစ်တွေ့မြို့ ဒုက္ခသည် စခန်းတခုက မူစလင် ဒုက္ခသည် တချို့။ (အောက်တိုဘာလ ၂၈ ရက်၊ ၂၀၁၂)။



Posted: 24 Nov 2012 10:00 AM PST
အဲဒီထဲမှာ နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေး ကောင်စီ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ဒုတိယ သမ္မတ ဦးတင်အောင်မြင့်ဦးတို့ အပါအဝင် အငြိမ်းစား အရာရှိ ၆၉ယောက်နဲ့ လက်ရှိ ပြည်ထောင်စုအဆင့် အရာရှိ ၁၀၄ယောက်၊ နေပြည်တော် ကောင်စီဝင် ၁၀ ယောက်တို့အတွက် အသုံးစရိတ်တွေ ပါဝင်တယ်လို့ ဖေါ်ပြထားပါတယ်။

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ရာထူးကနေ အနားယူသွားပေမယ့် ဗိုလ်ချုပ် မှူးကြီး သန်းရွှေနဲ့ ပင်စင်စား ပုဂ္ဂိုလ်ကြီးတွေ အကျိုးခံစားခွင့်တွေ ဆက်ရနေဆဲ


0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...