Saturday, November 24, 2012

သစ်ထူးလွင် သတင်းစုစည်းမှု (၂၄-၁၁)


သစ်ထူးလွင်


Posted: 24 Nov 2012 06:01 AM PST
နေပြည်တော် ပျဉ်းမနားနှင့် ပုပ္ဗ္ဗသီရိမြို့နယ် အစပ်ကြား ရာဇဌာနီ လမ်းမပေါ်တွင် တီတူးသောင်းဆန်ကားနှင့် မြန်မာနိုင်ငံ မူးယစ် ဆန့်ကျင်ရေး အသင်း (ဗဟို) မှ လိုက်ထရပ်ကားတို့ တိုက်မိရာမှ လိုက်ထရပ်ကားပေါ်ပါ လူနှစ်ဦး မီးလောင်သေဆုံးမှု ယနေ့ ညနေ (၄း၁၅)က ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။      

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

မီးလောင် ပေါက်ကွဲ သွားသည့် လိုက်ထရပ်ကားအား မီးငြှိမ်းသတ်စဉ်



Posted: 24 Nov 2012 05:47 AM PST
စစ်ကိုင်း တောင်ရိုး ရှင်ဖြူရှင်လှ ဘုရားသို့ သွားရာလမ်း အနီး အထက် မင်းဘူးချောင် တောင်ပေါ် ရှိ အောင်တော်မူ မြနန္ဒာ ဘုရား အနောက်ဘက်တောင် ကမ်းပါး ယံတွင် ဆောက်လုပ် ထားသော ရေသိုလှောင်ကန်မှာ နိုဝင်ဘာ ၂၄ ရက်နေ့ နံနက် ၅ နာရီခွဲ အချိန်ခန့်က ရုတ်တရက် ပြိုကျပျက်စီးမှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ





Posted: 24 Nov 2012 05:39 AM PST
အေးရှားဝေါ(လ်) ကုမ္ပဏီမှ တာဝန်ယူ တည်ဆောက်လျှက် ရှိသည့် လှည်းတန်း လမ်းဆုံရှိ လှည်းတန်း စင်တာ (ယခင်ဂိုးရှိုး တိုက်တန်း)အား၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်တွင်မူလ အိမ်ပိုင်ရှင်များ အားပြန် လည် နေရာချထား ပေးသွားမည် ဖြစ်ကြောင်း အဆိုပါကုမ္ပဏီနှင့် အိုးအိမ်ဦးစီး ဌာနမှ တာဝန်ရှိသူ များက အသိပေး ပြောကြားလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

သတင်း  အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ





Posted: 24 Nov 2012 05:16 AM PST








ထိုင်းနိုင်ငံတွင် ဝန်ကြီးချုပ်ယဉ်လတ်အား ရာထူးမှနုတ်ထွက်ရန် တောင်းဆိုသည့် စုရုးဆန္ဒပြမှုများ ဘန်ကောက်မြို့၌ ယနေ့ စတင်ပြုလုပ်ကြသည်။

ဆန္ဒပြပွဲများ ပိုမိုအရှိန်ကောင်း ပြန့်နှံ့လာမည်ကို အာဏာပိုင်များက စိုးရိမ်လျက်ရှိပြီး ရဲတပ်ဖွဲ့ ဆန္ဒပြသူများအား မျက်ရည်ယိုဗုံးများ အသုံးပြုဖြိုခွင်းကြောင်း သိရသည်။

ယနေ့နံနက် ဘန်ကောက်စံတော်ချိန် ၉း၀၀ နာရီအချိန်ခန့်တွင် ဆန္ဒပြသူ ၁၀,၀၀၀ နီးပါး စုရုံးကာ ဆန္ဒပြမှု စတင်ခဲ့ခြင်းဖြစ်သည်။ ဘန်ကောက်တွင် ရဲတပ်ဖွဲ့ဝင် အများအပြားကိုလည်း အသင့်ချထားသည်။

ကုလသမဂ္ဂရုံး အဆောက်အအုံအနီးမှ အတားအဆီးများကို ဖယ်ရှားရန်ကြိုးပမ်းသော ဆန္ဒပြလူအုပ်အတွင်းသို့ ရဲတပ်ဖွဲ့ မျက်ရည်ယိုဗုံးဖြင့် ၁၀ ကြိမ်မျှ ပစ်ခတ်ခဲ့ကြောင်း Bangkok Post သတင်းတွင် ဖော်ပြသည်။ ဆန္ဒပြသူ ဒါဇင်နှင့်ချီ၍ ရဲတပ်ဖွဲ့၏ ဖမ်းဆီး ထိန်းသိမ်းခြင်း ခံရကြောင်းလည်း သိရှိရသည်။

Planet Myanmar Network

Posted: 23 Nov 2012 11:55 PM PST
နိုဝင်ဘာလ (၂၆)ရက်နေ့ ထုတ် The Voice Vol.8 / No.47

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ




Posted: 23 Nov 2012 11:45 PM PST
ရန်ကုန်မြို့ ၃၈ လမ်း အတွင်းရှိ ပန်ဂျာဗလီတွင် Shia Muslim များ၏ Day of Ashura ပွဲတော်ကို ကျင်းပနေပုံကို ည ၁ နာရီခန့်က တွေ့ရစဉ်။ ဓါတ်ပုံ - မြန်မာ့ခေတ်








Posted: 23 Nov 2012 10:48 PM PST
‘‘လက်ပန်တောင်းတောင် စီမံကိန်းနှင့် ပတ်သက်၍ ပြည်ထောင်စု ၀န်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ဝေလွင်က လွှတ်တော်တွင် အများ မှန်ကန် နေသော်လည်း အများညီလို့ ဤကျွဲဖက်သည် ဆိုသော ပုံစံမျိုးဖြင့် ဒီမိုကရေစီ ကျင့်စဉ်များ မဖြစ်ထွန်းအောင် ဆောင်ရွက်ရန်လိုဟုဆို” ယမန်နေ့ နိုဝင်ဘာ ၂၃ ရက်က ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပုလဲမဲဆန္ဒနယ်မှ ဒေါ်ခင်စန်းလှိုင်က လက်ပန်တောင်းတောင် စီမံကိန်းနှင့်ပတ်သက်၍ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ






Posted: 23 Nov 2012 10:57 PM PST
ပြည်ထောင်စု တိုင်းရင်းသား လူမျိုးများ စွမ်းရည် ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် မန္တလေးမှ ကျောင်းသူကျောင်းသား အချို့မှာ မူလကျောင်းတွင် ပညာသင် ကြားခွင့် ရရေးအတွက် တောင်းဆိုမှုကို ဆက်လက်ပြုလုပ် နေဆဲပင်ဖြစ်သည်။

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ဓာတ်ပုံ-ညီညီဇော် - 7Day News Journal



Posted: 23 Nov 2012 10:23 PM PST
 မန္တလေးမြို့ ၇၁လမ်း ချမ်မြရွှေပြည်ကားကွင်း အနောက်ဖက် မျက်နှာစာရှိ ထိုးမုန့်ဆိုင်ခန်းတွင် စည်ပင်သာယာ ဥပဒေနှင့် ညီညွတ်ခြင်း မရှိပဲ လက်မှတ်အရောင်းဌာန ဖွင့်လှစ်ခွင် ပြုထားသဖြင့် ယင်းကားကွင်းရှိ ကားဂိတ်အသီးသီး မှ တာဝန်ခံများ စုပေါင်း လက်မှတ်ထိုးကာ မြို့တော်ဝန်ထံ ကန့်ကွက်ထား ကြောင်းသိရသည်။




Posted: 23 Nov 2012 11:07 PM PST
ရန်ကုန်မြို့ပေါ်ရှိ ကလေးများနှင့် အနယ်နယ် အရပ်ရပ်မှ မျက်စိလည် လမ်းမှား ရောက်လာကြ ကုန်သော ကလေး (၃)နှစ်မှ (၁၆)နှစ်အရွယ်ရှိ ကလေးများကို မိဘရပ်ထံနှင့် သက်ဆိုင်ရာများသို့ အကြောင်းကြား ဆက်သွယ်ပေးခြင်း မပြုဘဲ စိတ်ပြောင်းလဲမှု ဖြစ်အောင်ဖန်တီးပြီး မွေးစားထားကာ ကိုယ်ကျိုးရှာနေသူများ ရှိနေကြောင်း Myanmar News Now မှ စုံစမ်းသိရှိရပါသည်။

 သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
 



Posted: 23 Nov 2012 11:12 PM PST
မကြာသေးခင် ပြီးဆုံးခဲ့သော ရန်ကုန်တိုင်း ဒေသကြီး ကျောင်းပေါင်းစုံ တင်းနစ် ပြိုင်ပွဲကြီးတွင် ၀င်ရောက် ယှဉ်ပြိုင်ခဲ့သော ကျောင်းသား မိဘများမှ ၀မ်းနည်းစွာ ရင်ဖွင့်လာခြင်းကို ပြည်သူလူထုများ သိစေရန် တင်ပြအပ်ပါသည်။

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 






Posted: 23 Nov 2012 11:18 PM PST
ဂျပန်နိုင်ငံမှ JCB Credit ကတ်များအား ၂၀၁၃ ခုနှစ် မတ်လမှ စတင်၍ ပြည်တွင်း၌ အသုံးပြု နိုင်တော့မည် ဖြစ်ကြောင်း ယနေ့ နေ့လည်ပိုင်းက မြန်မာနိုင်ငံ ဘဏ်လုပ်ငန်းရှင်များ အသင်း၌ ကျင်းပသော Myanmar Payment Union နှင့် JCB International ကုမ္ပဏီတို့၏ သဘောတူ လက်မှတ်ရေးထိုးပွဲမှ သိရသည်။

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 




Posted: 23 Nov 2012 11:22 PM PST
စစ်ကိုင်းတိုင်း ဒေသကြီး ကသာခရိုင် ကသာမြို့နယ် မိုးတား ဘိနယ် နန့်နာကြိုးဝိုင်း အတွင်းတွင်   တရားမ၀င် သစ်လုံးများ၊ သစ်ခွဲ သားများ၊ သစ်ခွဲစက်များကို ကသာ ခရိုင် သစ်တော ဦးစီးဌာနမှ ဖမ်းဆီးမိ ခဲ့ကြောင်း သိရပါသည်။

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ









Posted: 23 Nov 2012 11:27 PM PST
အီဂျစ်နိုင်ငံမှာ သမ္မတ မော်စီရဲ့ ရှိပြီးသား သမ္မတအာဏာထက် ပိုယူတဲ့ ဆုံးဖြတ်ချက်ကို မကျေနပ်တဲ့ လူတွေက ဒေါ်သတကြီး တုံ့ပြန် ဆန္ဒပြ နေကြပါတယ်။ သမ္မတရဲ့ ဆုံးဖြတ်ချက်တွေကို တရားရုံးတွေက မေးခွန်းပြန်ထုတ်လို့ မရဘူးဆိုတဲ့အချက်ကို သမ္မတက ကြာသပတေးနေ့က အတည်ပြု ကြေငြာခဲ့တာ ဖြစ်ပါတယ်။

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

သမ္မတ မိုဟာမက် မော်စီ




Posted: 23 Nov 2012 11:33 PM PST
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်း ပေးဖို့ အတွက် တောင်းဆို ဆန္ဒပြနေကြ သူတွေဆီကို ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်း နဲ့ ဦးလှမောင်ရွှေ တို့ လာရောက် ညှိနှိုင်း ခဲ့ကြ ပါတယ်။
ဘာတွေ ညှိနှိုင်းခဲ့ သလဲ ဆိုတာကို အဲဒီက ဆန္ဒပြနေသူ ဝက်မှေးရွာသူ မသွဲ့သွဲ့ဝင်းကို ဆက်သွယ်မေးကြည့်တော့ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 


လက်ပံတောင်းတောင်က ဆန္ဒပြ ပြည်သူများ



Posted: 23 Nov 2012 07:41 PM PST
 စနေနေ့ ဘန်ကောက် မြို့တော်မှာ  အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြမှုကြီး မစခင် ထိုင်းအစိုးရက  အရေးပေါ် အမိန့်အာဏာကို ထုတ်ပြန်ကြေညာ လိုက်ပါတယ်။ ၂၀၁၀ ပြည့်နှစ် နောက်ပိုင်း အကြီးဆုံး ဆန္ဒပြပွဲ ဖြစ်တဲ့ ဒီလူထု ချီတက်ပွဲမှာ လူဦးရေ ၇ သောင်းလောက် ရှိတယ်လို့ ရဲဘက်က ခန့်မှန်းထားပါတယ်။ ထိုင်းအစိုးရ ကတော့ ဆန္ဒပြသူတွေကြား သွေးထွက်သံယို ပဋိပက္ခတွေ ဖြစ်လာမှာကို စိုးရိမ်တာလို့ ဆိုပါတယ်။ ဗွီအိုအေ သတင်းထောက် Ron Corben ပေးပို့ထားတဲ့ သတင်းကို မသိင်္ဂီထိုက်က တင်ပြထားပါတယ်။

ဆန္ဒပြသူတွေကို အကြမ်းဖက်မှုတွေ ဖြစ်လာမှာ စိုးရိမ်တဲ့ အတွက်  အစိုးရ ဆန့်ကျင်ရေး ချီတက်မှုတွေကို တားမြစ်တဲ့ ISA ခေါ်  နိုင်ငံတွင်း လုံခြုံရေး အက်ဥပဒေကို ချမှတ်ဖို့ ဆုံးဖြတ်လိုက်တယ်လို့ ထိုင်းဝန်ကြီးချုပ် ယင်းလတ် ရှင်နာဝပ်က ကြာသပတေးနေ့ နှောင်းပိုင်းမှာ နိုင်ငံတ၀န်းကို ရုပ်မြင်သံကြားကနေ ပြောကြားသွားပါတယ်။

"အစိုးရ အနေနဲ့ ဆန္ဒပြသူတွေရဲ့ အသံကို နားထောင်ဖို့ အဆင့်သင့်ရှိနေပါတယ်။ အကြမ်းဖက်မှုတွေဟာ အစိုးရရဲ့ ဥပဒေတွေ ၊ ဒီမိုကရေစီ စည်းမျဉ်းစည်းကမ်းတွေ ကို ကျော်လွန်ပြီး ဖြစ်လာနိုင်တာကို အစိုးရ အာဏာပိုင်တွေမှာ အထောက်အထားတွေ ရှိနေပါတယ်လို့ ၀န်ကြီးချုပ် ယင်းလတ်ရှင်နာဝပ်က ပြောပါတယ်။ အစိုးရ အနေနဲ့ ဥပဒေနဲ့ အမိန့်အာဏာကို မယွင်းရအောင် ထိန်းချုပ် လုပ်ဆောင်သွားမှာ ဖြစ်ပြီး အခြေအနေတိုင်းကို ကြိုတင် ကာကွယ်မှုကိုလည်း တိုးမြှင့် လုပ်ဆောင်သွားမယ်" လို့လည်း သူမက ထပ်လောင်းပြောဆိုလိုက်ပါတယ်။

၂၀၀၈ ခုနှစ်မှာ အတည်ပြုခဲ့တဲ့ အင်တာနက် လုံခြုံရေး ဥပဒေဟာ ဆိုရင်လည်း အစိုးရအနေနဲ့ သတ်မှတ်ချိန် အတွင်း အပြင်မထွက်ရ အမိန့်ကို ချမှတ်နိုင်သလို၊ အီလက်ထရောနစ် မီဒီယာနဲ့ ဆက်သွယ်ရေး တို့ကို ဆင်ဆာတည်းဖြတ်နိုင်ခွင့် အာဏာ ၊ လူထု လှုပ်ရှားမှုတွေကို တားဆီးခွင့်၊ ဖမ်းဆီးခွင့် အမိန့်အာဏာလည်း ရရှိထားတာ ဖြစ်ပါတယ်။

အစိုးရက လူထုချီတက်ပွဲကို ထိန်းချုပ်နိုင်ဖို့အတွက် ခရိုင်အတွင်းက ရဲတပ်သားနဲ့ တခြား လုံခြုံရေး အရာရှိတွေ အပါအ၀င် ထောင်ပေါင်းများစွာသော ရဲတပ်သားနဲ့ တခြား လုံခြုံရေး အရာရှိ တွေကို အင်အား စုဆောင်းထားပါတယ်။ Pitak Siam လို့ သိကြတဲ့ ဆန္ဒပြအဖွဲ့ရဲ့ ပြောရေးဆိုခွင့် ရှိသူကတော့ အစိုးရရဲ့ လာဘ်ပေးလာဘ်ယူမှုတွေကို စွပ်စွဲ ပြောဆိုထားပြီး အစိုးရက စိုးရိမ်နေသလို လူထု ချီတက်မှုတွေက အကြမ်းဖက်မှုတွေ ဖြစ်လာအောင် ဆွပေးလိမ့်မယ်ဆိုတာကို ငြင်းပါတယ်။

Pitak Siam အဖွဲ့ရဲ့ ဒုတိယအကြိမ် လူထု ချီတက်ပွဲကို ဦးဆောင်တဲ့ အငြိမ်းစား စစ်တပ် ဗိုလ်ချုပ်ကြီး ကတော့ ဒီချီတက်ပွဲမှာ လူ ၁ သိန်း ပါဝင်လာမယ်လို့ ခန့်မှန်းထားပါတယ်။ ဗိုလ်ချုပ် Boonlert Kaewprasit ကလည်း စစ်တပ်က အာဏာသိမ်းစေချင်တယ်ဆိုတဲ့ မူလက သတင်းတွေမှာ သူ မှတ်ချက်ပေး ပြောဆိုထားတာကို ငြင်းပါတယ်။

နယူးယောက် အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ ပြောခွင့်ရ Sunai Pasuk ကတော့ ၀န်ကြီးချုပ် ယင်းလတ် ထည့်သွင်းပြောဆိုသွားတဲ့ ဒီမိုကရေစီစနစ်ကို  Pitak Siam က ဆန့်ကျင်သလို ဖြစ်နေတယ်ဆိုပြီး သူက ပြောပါတယ်။


Pitak Siam ဟာ ဒီမိုကရေစီ စနစ်ကို တင်မြှောက်မှုကို ဆန့်ကျင်တဲ့ မူရှိနေပါတယ်။ ဒီ လှုပ်ရှားမှုက ရွေးကောက်ခံ နိုင်ငံရေး သမားတွေ လွှတ်တော်ထဲမှာ လူထု ကိုယ်စားပြုနေတာကို ဆန့်ကျင်နေတယ်ဆိုတာ သိပ်ရှင်းပါတယ်။ အစိုးရဘက်ကလည်း ဒီကိစ္စကို အသုံးချပြီး  ၀န်ကြီးချုပ် ယင်းလတ်က  ရှင်းရှင်းလင်းလင်း ပြောသွားတဲ့ အထဲမှာဆိုရင် Pitak Siam ဟာ နိုင်ငံရဲ့ လုံခြုံရေးနဲ့ ပြည်သူ လူထု ဘ၀ လုံခြုံရေးကို ခြိမ်းခြောက်မှု ရှိလာတယ်လို့ ထည့်ပြောသွားပါတယ်။


အခု လူထု ချီတက်ပွဲဟာ ၂၀၁၀ ကတည်းကဆိုရင် အကြီးဆုံး လူထု ချီတက်ဆန္ဒပြမှု ဖြစ်ပါတယ်။ လက်ရှိ ၀န်ကြီးချုပ် ယင်းလတ် ရှင်နာဝပ်ရဲ့ အကိုဖြစ်သူ လက်ရှိ ပြည်ပမှာ ထွက်ပြေးတိမ်းရှောင် နေရသူ  မစ္စတာ သက်ဆင်ရှင်နာဝပ် ၂၀၀၆ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်မှာ သူ့ကို ထောက်ခံသူတွေ အဘီဆစ် အစိုးရကို နုတ်ထွက်ပေးရေး ချီတက် တောင်းဆိုမှု နောက်ပိုင်း အကြီးဆုံး ဆန္ဒပြပွဲ ဖြစ်ပါတယ်။


မစ္စတာ အဘီဆစ်က ရွေးကောက်ပွဲကို စောပြီး ကျင်းပဖို့ ကမ်းလှမ်းခဲ့တာကို သက်ဆင် ထောက်ခံသူတွေက ပယ်ချလိုက်ပြီးတဲ့နောက် ၂၀၁၀ ပြည့်နှစ်တုန်းက သတင်း ၆ ပတ် ကြာမြင့်တဲ့ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြမှုမှာ ဆိုရင် လုံခြုံရေး တပ်ဖွဲ့တွေနဲ့ ဆန္ဒပြသူတွေကြား သွေးထွက်သံယို ပဋိပက္ခတွေ ဖြစ်ပေါ်ခဲ့ရပါတယ်။ ဆန္ဒပြသူတွေ ဘက်ကရော လုံခြုံရေး တပ်ဖွဲ့ဝင်တွေဘက်ကပါ စုစုပေါင်း လူ ၉၀ ကျော် သေဆုံးခဲ့ရပြီး ရာနဲ့ချီ ဒဏ်ရာ ရခဲ့ပါတယ်။

မစ္စတာ သက်ဆင်ကတော့ ထိုင်းနိုင်ငံရေး ပေါ်မှာ သြဇာညောင်းဆဲ ဖြစ်ပြီး ညီမဖြစ်သူ လက်ရှိ ၀န်ကြီးချုပ် ယင်းလတ် ရှင်နာဝပ်ကို နောက်ကွယ်က ကြိုးကိုင်သူနေသူလည်း ဖြစ်ပါတယ်။

မစ္စ ယင်းလတ်ဟာ အထူးသဖြင့် ကျေးလက်နဲ့ မြို့ပြ ဒေသက အလုပ်သမား အလွှာက ထောက်ခံမဲ အများစုနဲ့ ရွေးကောက် တင်မြှောက်ခံခဲ့ရပေမယ့်လည်း ထိုင်းနိုင်ငံရေး ရာသီဥတုက သိပ်တော့ မကြည်လင်လှသေးဘဲ အခက်အခဲတွေ ရှိနေဆဲဘဲ ဖြစ်တယ်လို့ Sunai က ပြောပါတယ်။

အတိတ်ကာလတုန်းက နိုင်ငံရေး ပဋိပက္ခတွေကို အပြစ်မပေးဘဲ ခွင့်ပြုထားတာတွေကြောင့် ထိုင်းနိုင်ငံရဲ့ နိုင်ငံရေး အခြေအနေဟာ မတည်ငြိမ်မှုတွေ အတော်များများ ကျန်ရှိနေစေတာ ဖြစ်ပါတယ်။ ဘယ်ဘက်ကဘဲ ဖြစ်ဖြစ်  နိုင်ငံရေး ပဋိပက္ခ ကျူးလွန်သူတွေကို  တရားစွဲဆိုမှုဆိုတာ မရှိပါဘူး။ ဒါက ထိုင်းနိုင်ငံရဲ့ နိုင်ငံရေး လှုပ်ရှားမှုတိုင်းမှာ ခေါင်းဆောင်တွေနဲ့ ထောက်ခံသူတွေကြား ခွဲဝေ ကျင့်သုံးနေတဲ့ ပြစ်ဒဏ်ကင်းလွတ်ခွင့်လည်း ဖြစ်ပါတယ်။

လာဘ်ပေးလာဘ်ယူမှု တိုက်ဖျက်ရေး လက်ရှိ ၀န်ကြီးချုပ် ယင်းလတ် ရှင်နာဝပ် အစိုးရရဲက လုပ်ဆောင်ချက်တွေပေါ်မှာ အယုံအကြည် မရှိကြောင်း လွှတ်တော်မှာ ဆွေးနွေးငြင်းခုံမှုကနေ ဒီ ချီတက်လှုပ်ရှားမှုကလည်း ပေါ်ထွက်လာတာ ဖြစ်ပါတယ်။

ဒီလို ထိုင်းနိုင်ငံရဲ့ နိုင်ငံရေး တင်းမာမှုတွေဟာ အခွင့်ထူးခံတွေ၊ အစိုးရအရာရှိတွေနဲ့ စီးပွားရေး လုပ်ငန်းရှင်တွေ အကြား ၀န်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ် အစိုးရလက်ထက်က နိုင်ငံရေး အရ ပိုပြီး သြဇာကြီးလာတဲ့ အရင်းရှင် လူတန်းစားသစ်ကို ဆန့်ကျင်မှုဟာ မပြီးဆုံးသေးဘဲ ဆက်ပြီး ဖြစ်ပွားနေတာသာ ဖြစ်တယ်လို့လည်း သုံးသပ်သူတွေက ပြောဆိုကြပါတယ်ရှင်။

 မသိင်္ဂီထိုက် (ဗွီအိုအေ မြန်မာဌာန)

ဘန်ကောက်မြို့အစိုးရအိမ်တော်ကို ရဲလုံခြုံရေးများ အပြည့်ချထားသည်ကိုတွေ့ရစဉ်



Posted: 23 Nov 2012 07:35 PM PST
ဖခင်ဖြစ်သူ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း မျှော်မှန်း ခဲ့တဲ့  ပြည်ထောင်စု မြန်မာ နိုင်ငံတော် ဒီနေ့ချိန် အထိ မတည်ဆောက် နိုင်သေးတဲ့ အပေါ်မှာ စိတ်မကောင်း ဖြစ်ရတယ်လို့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်က ပြောပါတယ်။ မနေ့က လွှတ်တော် ပုံမှန် စည်းဝေးပွဲတွေ အပြီး တိုင်းရင်းသား နိုင်ငံရေးပါတီတွေက လွှတ်တော် အမတ်တွေကို ဖိတ်ကြား ဧည့်ခံခဲ့တဲ့ ညစာစားပွဲအတွင်း ဒေါ်အောင်ဆန်းစုကြည် က ပြောခဲ့တာပါ။ အပြည့်အစုံကို မခင်ဖြူထွေးက တင်ပြပေးထားပါတယ်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့က လွှတ်တော် ပုံမှန် အစည်းအဝေးတွေ အပြီး နှုတ်ဆက် ညစား စားပွဲမှာ တိုင်းရင်းသား နိုင်ငံရေးပါတီတွေက ပုဂ္ဂိုလ်တွေကို ဖိတ်ကြား ဧည့်ခံခဲ့တာပါ။ ဖခင်ဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်းက မြန်မာနိုင်ငံ လွတ်လပ်ရေး ရယူပြီးရင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို တည်ဆောက်နိုင်လိမ့်မယ်လို့ အခိုင်အမာ ယုံကြည်ခဲ့သလို ဒီကနေ့ သူ မျှော်လင့်တဲ့ နိုင်ငံတော်တရပ် ဖြစ်မလာသေးတဲ့အပေါ်မှာတော့ စိတ်မကောင်းဖြစ်ရတဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသွားခဲ့တယ်လို့ ဒီ ညစာစားပွဲကို တက်ရောက်ခဲ့တဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က ပြောပါတယ်။

"ပင်လုံစာချုပ် ချုပ်တဲ့ကာလမှာ ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေ နဲ့ ပါတ်သက်လို့ ရေးတဲ့ အခါမှာ ဆယ်နှစ်ကျတဲ့အခါမှာ ခွဲထွက်ခွင့်ဆိုတာကို အခန်း ၁၀ မှာရေးဆွဲခဲ့တာဖြစ်တယ်။ သူယုံကြည်ချက်အပြည့်နဲ့ ရေးခဲ့တာဖြစ်တယ်။ တိုင်းရင်းသားတွေကလည်း ဗိုလ်ချုပ်ကိုချစ်တယ်။ မြတ်နိုးတယ်။ ဗိုလ်ချုပ်ရဲ့ ကတိ အပေါ်မှာလည်း လေးစားမြတ်နိုး တန်ဖိုးထားတယ်။ ဆယ်နှစ်အကြာ တိုင်းပြည်ကိုပြန်လည် တည်ဆောက်တဲ့ ကာလမှာ အောင်မြင်နိုင်မယ်လို့ သူယုံကြည်လို့ အဲဒီအပိုဒ်လေးကို ဖြည့်တာ။ သူကိုယ်တိုင် မတည်ဆောက်နိုင်ခဲ့တာ၊ သူ့အဖေမျှော်မှန်းခဲ့တဲ့အတိုင်းဖြစ်မလာခဲ့တာတွေကို စိတ်မကောင်းဘူး။ ဒါပေမယ့် ကျမတို့အခု ကျနော်တို့အခု တည်ဆောက်ကြရမယ်။  ဒီလောက်များပြားတဲ့ တိုင်းရင်းသားတွေနေတဲ့ နိုင်ငံတော်ကြီးမှာ တိုင်းရင်းသားတွေ အချင်းချင်းချစ်ကြည် တစ်ဦးအပေါ်တစ်ဦးလေးစား ယုံကြည်ပြီးကာမှ တိုင်းပြည်ကို ကိုယ့်လုပ်ပိုင်ခွင့်နဲ့ကိုယ်ထားနိုင်မှ ပြည်ထောင်စုကြီးဟာ သာယာမယ် ငြိမ်းချမ်းမယ် ဆိုတာကို သူ့ရဲ့အတွေ့အကြုံတွေနဲ့ ရှင်းပြသွားတာဖြစ်ပါတယ်"

ရခိုင်အရေးကိစ္စနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်က ဘာမှမပြောဘဲ နှုတ်ဆိတ်နေတယ် ဆိုတဲ့ ဝေဖန်မှုတွေ သူ့ရဲ့ နိုင်ငံတကာ ခရီးစဉ်တွေအတွင်း ကြုံခဲ့ရတာနဲ့ ပတ်သက်လို့လည်း သူ့အနေနဲ့ကတော့ ဘယ် ဘက်ကိုမှ ရပ်တည်ပြီး ပြောဆိုသွားမှာ မဟုတ်တဲ့အကြောင်း ထပ်ပြီး ပြောသွားခဲ့တယ်လို့  ဒေါက်တာ အေးမောင် ကပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်တွင်းမှာ စတင် ပါဝင်လာချိန်ကတည်းက ခုလို တိုင်းရင်းသား နိုင်ငံရေးပါတီတွေက ပုဂ္ဂိုလ်တွေနဲ့ မကြာခဏ ဆိုသလို တွေ့ဆုံလေ့ရှိတာဖြစ်ပါတယ်။ ဒီလို တွေ့ဆုံမှုတွေက တိုင်းရင်းသားတွေအကြား နွေးထွေးမှုကို ရရှိစေပြီး ဒေါ်အောင်ဆန်းစုကြည် အပေါ်မှာလည်း ယုံကြည်မှု ပို တိုးလာစေတယ်လို့လည်း ဒေါက်တာ အေးမောင် က ပြောပါတယ်။

"ကျနော်အပါအဝင် တိုင်းရင်းသားအားလုံးရဲ့ မျက်နှာမှာ မျှော်မှန်းချက်တွေ ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကို မြင်တိုင်း ပြောတိုင်း တွေ့တိုင်းမှာ ကျနော်တို့ဗိုလ်ချုပ်ကို သတိရကြပါတယ်။  ဗိုလ်ချုပ်ကိုယ်ပွါး ဒေါ်အောင်ဆန်းစုကြည် ဟာ ၁၉၉၀ ကတည်းက ရပ်တည်လာတယ်။ နောက် သူ့ခဗျာ နှစ်ပေါင်းများစွာ အကျဉ်းချခံပြီးကာ ဒီမိုကရေစီ ရဖို့ကြိုးစားတယ်။ အခုတစ်ခါ လွှတ်တော်ထဲရောက်အောင် တိုင်းရင်းသားတွေကပဲ မေတ္တာရပ်ခံပန်ကြားပြီး ဖိတ်ခေါ်လာတယ်။

တိုင်းရင်းသားတွေနဲ့ တွေ့တယ်ဆွေးနွေးတယ် လွှတ်တော်ကိစ္စတွေတင်မကဘူး တိုင်းရင်းသားရေးရာ ပြည်ထောင်စုရေးရာ ပြည်တွင်းရေးရာ ပြည်ပရေးရာတွေ နှီးနှောဆွေးနွေးကြတယ် ဆိုတော့ ရင်းရင်းနှီးနှီးဖြစ်တာပေါ့။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မပြီးဆုံးသေးတဲ့ ပြည်ထောင်စု ကဏ္ဍတွေကို ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်ပြီး ကာမှ ဆောင်ရွက်ပေးနိုင်မယ်လို့ ကျနော်တို့အားလုံးယုံကြည်ပါတယ်။  အဲလို ယုံကြည်ချက် ကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့တိုင်းမှာ ခိုင်ခိုင်မာမာ ဖြစ်ပွါးစေတာပါပဲ"

နေပြည်တော် စည်ပင်ရိပ်သာမှာ ပြုလုပ်ခဲ့တဲ့ ဒီ ညစာ စားပွဲကို ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ ဦးတီခွန်မြတ်နဲ့ ဥပဒေကြမ်း ကော်မတီ အတွင်းရေးမှူး ဦးစောလှထွန်းတို့လည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖိတ်ကြားချက်နဲ့ တက်ရောက်လာခဲ့ကြပြီး တိုင်းရင်းသား ကိုယ်စားလှယ်တွေရဲ့ ကိုယ်စား ဦးတီခွန်မြတ်က အမှာစကား ပြောကြားခဲ့တယ်လို့လည်း ဒေါက်တာ အေးမောင်က ပြောပါတယ်။ ဒီညစား စားပွဲကို တိုင်းရင်းသား ပါတီတွေက လွှတ်တော်အမတ် ၁၀၀ လောက် တက်ရောက်ခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒီဆွေးနွေးပွဲ မတိုင်ခင်ကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ နယူးဇီလန် ၀န်ကြီးချုပ် နဲ့လည်း နေပြည်တော်မှာ ရှိတဲ့ သင်္ဂဟာ ဟော်တယ်တခုမှာ မနေ့က ညနေပိုင်း က တွေ့ဆုံခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေး ကြိုးပမ်းမှုတွေမှာ အကူအညီပေးခဲ့တဲ့ နယူးဇီလန် နိုင်ငံကို ကျေးဇူးတင်ကြောင်းနဲ့ သိပ်မကြာခင် ကာလတခုမှာ နယူးဇီလန်နိုင်ငံကို သူ သွားရောက် လည်ပတ်ချင်တဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။ နယူးဇီလန်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံကို ဒေါ်လာ ၇ သန်း ကူညီထောက်ပံ့မယ့်အကြောင်း နယူးဇီလန် ၀န်ကြီးချုပ်က အခုခရီးစဉ် အတွင်း ပြောကြားခဲ့သလို ခုလို မြန်မာနိုင်ငံကို ပေးတဲ့အကူအညီတွေ လူထုကို တိုက်ရိုက် အကျိုးပြုနိုင်တဲ့ အကူအညီတွေ ဖြစ်ဖို့ လိုအပ်တဲ့ အကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ လက်ရှိ ပြုပြင် ပြောင်းလဲမှုတွေကို ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေကို ပြင်ဆင်ခြင်းမရှိဘဲနဲ့တော့ ဒီမိုကရေစီ နည်းကျ တယ်လို့ အပြည့်အဝ မဆိုနိုင်ကြောင်းနဲ့ မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲမှုတွေ ဖြစ်လာအောင် နယူးဇီလန် နိုင်ငံအနေနဲ့ တွန်အားပေး ဆောင်ရွက်ဖို့ကိုလည်း နယူးဇီလန်ဝန်ကြီးချုပ်နဲ့ တွေ့ဆုံမှုအပြီး ပြုလုပ်တဲ့ ပူးတွဲ သတင်းစာ ရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားခဲ့ပါသေးတယ်။

 မခင်ဖြူထွေး (ဗွီဒီယို မြန်မာဌာန)

ဒေါ်အောင်ဆန်းစုကြည်ဟာ တိုင်းရင်းသား ပါတီအမတ်တွေနဲ့ တွေ့ဆုံတဲ့ ညစာစားပွဲ မတိုင်ခင် နယူးဇီလန် ဝန်ကြီးချုပ်နဲ့ လည်း အခုလို တွေ့ဆုံခဲ့ ပါသေးတယ်။ (နိုဝင်ဘာ ၂၂၊ ၂၀၁၂။)



Posted: 23 Nov 2012 07:55 AM PST
လက်ပန်းတောင် ဒေသခံတွေ ဆန္ဒပြနေတာ လအတန်ကြာ လာပြီဖြစ်တဲ့ လက်ပန်းတောင်း တောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး တောင်းဆိုနေတဲ့ ကိစ္စကို ကွင်းဆင်း စစ်ဆေးပေးဖို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လွှတ်တော် အမတ်တဦး ပြည်သူ့ လွှတ်တော်ထဲမှာ  တင်သွင်းခဲ့တဲ့ အရေးတကြီး အဆိုတရပ်ကို ပြည်သူ့လွှတ်တော်က ဒီကနေ့ အတည်ပြု လိုက်ပါတယ်။ အသေးစိတ်ကို ဆက်သွယ် စုံစမ်းထားတဲ့ မဆုမွန်က ဆက်ပြောပြပေးပါမယ်။

ဒီကနေ့ သောကြာနေ့မှာကျင်းပတဲ့ ပြည်သူ့လွှတ်တော်မှာ လက်ပန်းတောင်ကြေး နီစီမံကိန်းနဲ့ပတ်သက်ပြီး ကွင်းဆင်းစစ်ဆေးရေးအဖွဲ့ဖွဲ့ဖို့ အရေးတကြီးအဆိုကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပုလဲမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က တင်သွင်းခဲ့တဲ့အဆိုကို လွှတ်တော်က ဒီကနေ့ အတည်ပြုလိုက်ပါတယ်။ ဒေါ်ခင်စန်းလှိုင်တင်သွင်းခဲ့တဲ့ အဆိုထဲမှာ လက်ပန်းတောင်ကြေးနီစီမံကိန်းနဲ့ ပတ်သက်ပြီးတော့ အသေးစိတ်အချက်အလက်တွေကို စုဆောင်းပြီး တာဝန်ရှိသူတွေအနေနဲ့ ကျွမ်းကျင်သူပညာရှင်တွေ၊ လူထုလက်ခံနို်င်တဲ့ လူမှုအခြေပြုခေါင်းဆောင်တွေနဲ့ ဖွဲ့စည်းထားတဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့ပြီးတော့  လက်ပန်းတောင် ကြေးနီစီမံကိန်းအထိ ကွင်းဆင်းစစ်ဆေးမှုတွေ ပြုလုပ်ဖို့ အဆိုကို တင်သွင်းခဲ့တာဖြစ်တယ်လို့ လွှတ်တော်ကို တက်ရောက်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။

“လက်ပန်းတောင်ကိစ္စကို လွှတ်တော်မှာ တင်တော့ ဝန်ကြီးဌာနတွေက ပြန်ရှင်းတော့ ဝန်ကြီးဌာနတွေက လက်မခံချင်ဘူး။ သူတင်တဲ့အဆိုကလည်း တကယ့်ကို ထိထိရောက်ရောက်နဲ့ ကော်မတီဖွဲ့ပြီးတော့ စိစစ်ပြီးတော့ ဆက်လုပ်သင့်၊ မလုပ်သင့်ဆိုတာကို သမ္မတကို တိုက်တွန်းတဲ့အဆိုကို တင်တာ။ အဲ့တာကို ဝန်ကြီးဌာနတွေက သူတို့ ဘယ်လိုလုပ်ကိုင်ထားခဲ့တယ်ဆိုတာကို ရှင်းပြတာပေါ့နော်။ ဒါပေမဲ့ အဲ့ဒီ့အဆိုက နိုင်သွားခဲ့တယ်။”

လက်ပန်းတောင် ကြေးနီစီမံကိန်းနဲ့ပတ်သက်ပြီးတော့ စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် လက်ပန်းတောင်ဒေသခံပြည်သူတွေနဲ့ အစိုးရဦးပိုင်လုပ်ငန်း နောက် ကြေးနီစီမံကိန်းလုပ်ကိုင်နေတဲ့ တရုတ်ဝမ်ပေါင်ကုမဏီတို့ကြား လနဲ့ချီပြီး ကန့်ကွက်ဆန္ဒပြမှုတွေဖြစ်နေခဲ့တာပါ။ ဒေသခံတွေဟာ လယ်သိမ်းမြေသိမ်းကိစ္စတွေအပြင် ကျမ်းမာရေးဆိုင်ရာ ထိခိုက်မှုတွေကြောင့် ဒေသခံတွေကြား မကျေနပ်မှုတွေဖြစ်ပွားနေခဲ့တဲ့ လက်ပန်းတောင်ကြေးနီစီမံကိန်းနဲ့ ပတ်သက်ပြီးတော့ သမ္မတဦးသိန်းစိန်အစိုးရ ဆီကို အနေနဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့ဖို့အဆိုကို NLDပုလဲအမတ်ဒေါ်ခင်စန်းလှိုင်က အရေးတကြီးအဆိုအဖြစ်နဲ့တင်သွင်းခဲ့ပါတယ်။ တင်သွင်းလာတဲ့အဆိုနဲ့ပတ်သက်ပြီး တက်ရောက်လာတဲ့ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်တွေဆီက ဆန္ဒခံယူခဲ့တာ အားလုံးက ထောက်ခံခဲ့တဲ့အတွက် ပြည်သူ့လွှတ်တော်ထဲမှာ အဲ့ဒီ့အရေးတကြီးအဆိုကို ဆွေးနွေးကြဖို့အတွက် လွှတ်တော်က အတည်ပြုလိုက်တယ်လို့ ဒေါ်ဖြူဖြူသင်းကပြောပါတယ်။

“ လက်ပန်းတောင်က လက်ရှိဖြစ်နေတဲ့ ကိစ္စတွေလေ၊ အခုလုပ်တဲ့ လုပ်ရပ်တွေကြောင့်မို့လို့ ကျမ်းမာရေး၊ ပညာရေးဘယ်လိုထိခိုက်တယ်။ နောက် သာသနာရေးအဆောက်အအုံတွေ ပျက်စီးတယ်။ နောက် တော
...

[Message clipped]  View entire message

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...