Wednesday, November 14, 2012

သိက္ခာရှိရှိ အရှုံးပေးသွားသော မစ်တ်ရွန်မ်နေ၏မိန့်ခွန်း ကောက်နုတ်ချက်


by General Knowledge on Tuesday, November 13, 2012 at 7:35pm ·

Written by  တင်အေးကျော် Tuesday, 13 November 2012 06:33


  • သမ္မတ အိုဘားမားအတွက် ဆုမွန်ကောင်းတောင်းပါတယ်

ကျွန်တော် ခုနလေးတင်ပဲ သမ္မတ အိုဘားမားကို ဂုဏ်ယူပါကြောင်း ဖုန်းနဲ့ဆက် ပြောလိုက်ပါတယ်။ သူ့ကို ထောက်ခံသူတွေရော၊ သူ့ရဲ့ရွေးကောက်ပွဲ မဲဆွယ်ပေးတဲ့ အဖွဲ့ကိုရော ဂုဏ်ပြုခံဖို့ ထိုက်တန်သူတွေပါ။ ကျွန်တော်ကတော့ သူတို့အားလုံး အထူးသဖြင့် သမ္မတအိုဘားမားရော၊ သမ္မတကတော်ရော၊ သမ္မတရဲ့ သမီးနှစ်ယောက်အတွက်ပါ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။
အခုချိန်ဟာ အမေရိကန်ပြည်ထောင်စုအတွက် တကယ့် စိန်ခေါ်မှုကြီးနဲ့ ရင်ဆိုင်နေရတဲ့ ကာလကြီးပါ။ သမ္မတ အိုဘားမားအနေနဲ့ ကျွန်တော်တို့ နိုင်ငံကိုလမ်းညွှန်မှုပေးရာ အောင်မြင်ပါစေလို့ ကျွန်တော်ဆုမွန်ကောင်းတောင်းအပ်ပါတယ်။

  • နိုင်ငံရေးထက် ပြည်သူကို ဦးစားပေးဖို့ မျှော်လင့်

အားလုံး သိကြတဲ့အတိုင်းပဲ ကျွန်တော်တို့နိုင်ငံဟာ တကယ့်အရေးကြီးတဲ့ အခြေအနေကို ရောက်နေပါတယ်။ဒီလိုကာလမျိုးမှာ အရေးမပါတဲ့ ပါတီအချင်းချင်းရန်ဖြစ်နေတာတွေ၊ နိုင်ငံရေး ဟန်ပြနေတာမျိုးတွေနဲ့ စွန့်စားရမယ့်အချိန် မဟုတ်ပါဘူး။ ကျွန်တော်တို့ ခေါင်းဆောင်တွေအနေနဲ့က အမေရိကန်ပြည်သူတွေ အကျိုးရှိအောင် အချင်းချင်းကြားမှာရှိတဲ့ စည်းခြားထားမှုတွေကို ကျော်လွှားရမှာဖြစ်သလို အမေရိကန် ပြည်သူတွေအနေနဲ့လည်း အခက်အခဲ စိန်ခေါ်မှုတွေကို ရင်ဆိုင်ကျော်လွှားသွားရမှာဖြစ်ပါတယ်။ နောက်ပြီး ကျွန်တော်တို့ရဲ့ ဆရာတွေ၊ ပါမောက္ခတွေကို အားထားမျှော်လင့်ပါတယ်။ သူတို့ကို အားထားမျှော်လင့်တယ်ဆိုတာက သူတို့ဆီက စာသင်ကြားဖို့အတွက်သာ မဟုတ်ပါဘူး။ သူတို့ရဲ့ လေ့လာ ဆည်းပူးမှုအပေါ်မှာ၊ စူးစမ်းရှာဖွေအားထုတ်မှုတွေ အပေါ်မှာ ကျွန်တော်တို့ရဲ့ သားသမီးတွေ အားကျအတုယူတတ်ဖို့ပဲ ဖြစ်ပါတယ်။
နောက်ပြီး ကျွန်တော်တို့ရဲ့ ခရစ်ယာန် ဘာသာဆိုင်ရာ ဘုန်းတော်ကြီးတွေ၊ အခြားအခြားသော ဘာသာရေးဆိုင်ရာ ခေါင်းဆောင်တွေလည်း အားထားမျှော်လင့်ပါတယ်။ အမေရိကန် လူ့အဖွဲ့အစည်းကို တည်ဆောက်ပေးထားတဲ့ ကာလရှည်ကြာစွာ တည်ရှိနေတဲ့ မူဘောင်တွေကို သူတို့က ထောက်ခံပေးဖို့ အားထားမျှော်လင့်ပါတယ်။ အဲဒီမူတွေကတော့ ရိုးသားမှုတို့၊ လှူဒါန်းပေးကမ်းမှုတို့၊ သိက္ခာသမာဓိ ရှိမှုတို့၊ မိသားစုစိတ်ဓာတ်စတဲ့ မူတွေပါပဲ။

နောက်ဆုံး လေ့လာသုံးသပ်ရမယ်ဆိုရင်တော့ အရာအားလုံးဟာ မိသားစုတိုင်း၊ အိမ်တိုင်းရဲ့ အောင်မြင်မှုအပေါ်မှာ တည်မှီနေပါတယ်။ နောက်ပြီး နယ်ပယ်ပေါင်းစုံက အလုပ်အကိုင်ဖန်တီးသူတွေကိုလည်း အားထားမျှော်လင့်ပါတယ်။ သူတို့ရဲ့ ရင်းနှီး မြှုပ်နှံမှုတွေ၊ အလုပ်အကိုင်ခန့်ထားမှုတွေ၊ ရှေ့ဆက်တိုးတက်အောင် ဆောင်ရွက်မှုတွေကို အားထားမျှော်လင့်ပါတယ်။ နောက်ပြီး နေရာအဆင့်အသီးသီးမှာရှိကြတဲ့ ဒီမိုကရက်တစ်ပါတီ ကရော၊ ရီပတ်ဘလီကန်က လူတွေအနေနဲ့ပါ နိုင်ငံရေးထက် ပြည်သူတွေကို ဦးစားပေးဖို့ အားထားမျှော်လင့်ပါတယ်။


  • နိုင်ငံကိုတည်ဆောက် ပေးထားတဲ့နှုန်းစံဆက်လက်တည်တံ့နေမှာပါ

ကျွန်တော် အမေရိကန်ပြည်ထောင်စုကို ယုံကြည်ပါတယ်။ အမေရိကန် ပြည်သူတွေကို ယုံကြည်ပါတယ်။ ကျွန်တော် သမ္မတပြိုင်ပွဲ ဝင်ခဲ့ရတာက အမေရိကန်ပြည်ထောင်စုကို စိုးရိမ်ပူပန်တဲ့အတွက်ပါ။ အခု ရွေးကောက်ပွဲတော့ ပြီးသွားပြီဆိုပေမယ့် ကျွန်တော်တို့ရဲ့ နှုန်းစံမူဘောင်တွေကတော့ ဆက်လက်တည်တံ့နေပါတယ်။ ကျွန်တော်တို့ နိုင်ငံကိုအခြေခံ တည်ဆောက်ပေးထားတဲ့ အဲဒီနှုန်းစံမူဘောင်တွေဟာ ကျွန်တော်တို့ စီးပွားရေး ပြန်လည်ခိုင်မာတောင့်တင်းလာစေဖို့၊ ကြီးကျယ်မြင့်မြတ်မှုတွေ ပြန်လည်အသစ်ဖြစ်ထွန်းလာဖို့ ခိုင်မာသေချာတဲ့ လမ်းညွှန်မှုတွေဆိုတာကို ကျွန်တော် ယုံကြည်ပါတယ်။ ကျွန်တော့်အနေနဲ့ အမေရိကန် ပြည်သူတွေရဲ့ မျှော်လင့်ချက်တွေ ပြည့်ဝစေဖို့ နိုင်ငံကို မတူညီခြားနားတဲ့ ဦးတည်ချက်နဲ့ သွားချင်ခဲ့တာပါ။

ဒါပေမဲ့ အမေရိကန် ပြည်ထောင်စုက တခြားတစ်ယောက်ကိုပဲ သမ္မတအဖြစ် ရွေးချယ်ပေးလိုက်ပါတယ်။ ဒီတော့ ကျွန်တော်နဲ့ ကျွန်တော့်ဇနီး အန်းတို့က ခင်ဗျားတို့နဲ့အတူ သမ္မတအိုဘားမားကိုရော၊ ဒီကြီးမြတ်တဲ့ နိုင်ငံကြီးကိုရော ဆုမွန်ကောင်းတောင်းအပ်ပါတယ်။ ကျေးဇူးတင်ပါတယ်။ အမေရိကန်ကို ဘုရားသခင် ကောင်းချီးပေးပါစေ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...