တက်ဘုန်းကြီး
“တကာသိန်းဖေ”
“ဘုရား”
“တက်ဘုန်းကြီးဝတ္ထု ထပ်မထုတ်တော့ဘူးလား”
“တပည့်တော် ထပ်ထပ်ထုတ်ဖို့  သိပ်စိတ်မ၀င်စားပါဘုရား”
“အို၊ ဘာ့ကြောင့်လဲ တကာလေးရဲ့ ”
“တပည့်တော်က နိုင်ငံရေးကိစ္စ၊ ကမ္ဘာ့ ငြိမ်းချမ်းရေးကိစ္စ၊ စာပေကိစ္စတွေမှာသာ
စူးစိုက်လုပ်လိုပါတော့တယ်။ ဘာသာရေးကိစ္စမှာ ၀င်မပါချင်တော့ပါဘူးဘုရား”
“ဒါဖြင့် တက်ဘုန်းကြီးဝတ္ထုထုတ်စတုန်းကလို တို့ ဘာသာကိုစင်ကြယ်အောင်
ဆိုတဲ့စေတနာတွေ လျော့ကုန်ပြီလား”
“ဒီလိုလည်းမဆိုအပ်ပါဘူးဘုရား။ တပည့်တော် နေရာတကာမှာ စင်ကြယ်ရေးကို
အလိုရှိပါတယ်။ သို့ ပေမယ့် သာသနာစင်ကြယ်ရေးကို ဘယ်သူမပြုမိမိမှု
ဆိုတာလို အရှင်ဘုရားတို့ သံဃာတော်တွေကသာ အရင်းခံထားပြီး
ဆောင်ရွက်ကြမယ်လို့ ယူဆပါတယ်ဘုရား”
“တကာသိန်းဖေရဲ့ ၊ မင်းဝတ္ထုပြန်ထုတ်ရ ကောင်းမယ်ကွဲ့ ”
“တပည့်တော်ကိုယ်တိုင်တော့ ခုနင်ကလျှောက်ထားသလိုဘဲ၊ စိတ်မ၀င်စားပါ
ဘုရား။ အရှင်ဘုရားတို့ ဘာသာ ကိုယ်အရေးကိုယ် ဆောင်ရွက်ကြလျှင်
ကောင်းပါလိမ့်မယ်ဘုရား”
“ဒါဖြင့် တကာရဲ့ တက်ဘုန်းကြီးစာအုပ်ကို ဘုန်းကြီးတို့ ကိုလှူမလား”
“လှူပါတယ်ဘုရား၊ အရှင်ဘုရားများကြိုက်သလို စီမံတော်မူပါဘုရား”
“အိမ်းကောင်းပြီ၊ ငါတို့ ကဘဲထုတ်ဝေတော့မယ်”
“တခုတော့ရှိပါတယ်ဘုရား၊ တပည့်တော်ဟာ အဲဒီဝတ္ထုကိုရေးစဉ်က
အသက်နှစ်ဆယ်ကျော်၊ နှစ်ဆယ့်တနှစ်၊ နှစ်နှစ်ဆိုတော့ စိတ်သန်ရာကို
တဘက်သတ်လုပ်တတ်ပါတယ်။ သာသနာကိုပြုပြင်ချင်တဲ့စိတ်ကများပြီး
မတော်မတည့် သီလကြောင်တွေကို ဖော်ထုတ်ရှုံ့ ချရာမှာသာ အားသန်ပြီး
တဘက်ကသန့် ရှင်းတဲ့ဘုန်းကြီးများ၊ တကယ်ကြည်ညိုစရာကောင်းတဲ့
ရဟန်းသံဃာများ ရှိသေးတာကို မဖော်ပြခဲ့မိဘူးဘုရား။ ဒါ တပည့်တော်ရဲ့ 
ချို့ ယွင်းချက်ပါဘဲ”
“အေး၊ ဒါကတော့၊ တကယ့်သူတော်ကောင်း သီလ၀န္တသံဃာတော်တို့ က
ဟိုအရင်တုန်းကတည်းက တကာလေးရဲ့ စေတနာသိပြီး ခွင့်လွှတ်ခဲ့ကြပြီး
သားပါ။ တကယ်ဆိုတော့ တကာလေးရဲ့ စာအုပ်ကို သာဓုခေါ်ခဲ့ကြတဲ့
ဆရာတော်သံဃာတော်တွေ အများကြီးရှိခဲ့ကြတယ်။ ခုလည်း သီလ
သမာဓိ ပညာနဲ့ ပြည့်စုံတဲ့ ရဟန်းသံဃာတော်အများအပြားရှိပါတယ်။
အဲဒီ ဆရာတော်သံဃာတော်တွေ များသည်ထက်များလာအောင်
မစင်ကြယ်တဲ့ ခြစားတဲ့အပိုင်းကို တိုက်ထုတ်ရမှာဘဲကွဲ့ ။ ဒီနေရာမှာ တို့ က
တက်ဘုန်းကြီးကို အသုံးချရမှာဘဲ”
“ကောင်းပါပြီဘုရား၊ အရှင်ဘုရားတို့  တော်မည်ထင်သလို တပည့်တော်ရဲ့ 
တက်ဘုန်းကြီး ကို ကြည့်သုံးပါတော့ဘုရား”
အရှင်ပညာဇောတ
အရှင်အာဒိစ္စ၀သံကျောင်းတိုက်၊ ရန်ကုန်မြို့ 
၁၃၁၆ ခု၊ ၀ါဆိုလ

0 comments:
Post a Comment