Friday, November 16, 2012

သစ်ထူးလွင် သတင်းစုစည်းမှု (၁၆-၁၁)


သစ်ထူးလွင်


Posted: 16 Nov 2012 06:31 AM PST
နေပြည်တော်ရှိ ဖုန်းဆိုင် အချို့တွင် နေပြည်တော် ကျပ်နှစ် သိန်းတန် GSM ဖုန်းများကို ကျပ် (၁) သိန်းခွဲဖြင့် နိုဝင်ဘာလဆန်းမှ စတင်ကာ ရောင်းချ ပေးနေကြောင်း သိရသည်။

“နှစ်သိန်းတန် ဖုန်းတွေကို ကျွန်မတို့ ဆိုင်မှာ နေပြည်တော် - ၄၂၀ တစ်သိန်းခွဲနဲ့ ရောင်းပါတယ်။ လက်ငင်းပေး ချေရပါတယ်။ လိုင်စင်ပုံရယ်၊ မှတ်ပုံတင် ရယ်တော့ ယူလာဖို့လိုတယ်။”ဟု လေဆာဖုန်း ဆိုင်မှပြောသည်။

သီတင်းကျွတ်၊ တန်ဆောင်တိုင် ပွဲတော်များ အတွက် ဖုန်းကတ်များကို အထူးလျော့ဈေးဖြင့် ရောင်းချ ပေးနေခြင်းဖြစ်ကြောင်း သိရသည်။
ရောင်းချရက်ကို အကန့်သတ်ထားခြင်း မရှိကြောင်းကိုလည်း ၎င်းတို့ ဆိုင်က ပြောသည်။ ဖုန်းဝယ်ယူသည့်အခါတွင် အမည်ပေါက် ရရှိမည်ဖြစ်သည်။

ဝယ်ယူသည့်ဆိုင်မှ ဘောင်ချာကို ရယူရမည်ဖြစ်ပြီး ကဒ်များ ပျောက်ဆုံးခြင်း၊ ပျက်စီးခြင်းများ ဖြစ်ပေါ်လာပါက ၀ယ်ယူသည့် ဘောက်ချာဖြင့်သာ လာရောက်၍ အသစ်ပြန်လည် ပြုလုပ်ရန် လျောက်ထား နိုင်ကြောင်း ကိုလည်း သိရသည်။

“ဘောက်ချာတွေကိုတော့ သိမ်းထားဖို့လိုမယ်။ ၀ယ်ယူထားတဲ့ ဘောက်ချာ ကိုပြမှ ကတ်ပျောက် တာတို့ကတ် ပျက်စီးတာတို့ကို ပြန်ပြီး လုပ်ပေးနိုင်မှာပါ။ စာချုပ်က တော့ တစ်နှစ်လောက်နေမှ ရမယ်။ အဲ့ဒီဘောက်ချာနဲ့ပဲ စာချုပ်ကို လာပြီးထုတ်ယူရမှာပါ။” ဟု လေဆာဖုန်းဆိုင်မှ ပြောသည်။

စတင်ရောင်းချသည့်နေ့များတွင် ရောင်းအားကောင်းလျက်ရှိပြီး ယခုနောက်ပိုင်းတွင် လာရောက်ဝယ်ယူသူများ နည်းပါးသွားကြောင်း သိရသည်။

“စစရောင်းတဲ့နေ့က ဆိုရင်လာဝယ်တဲ့သူက တစ်နေ့ကို အယောက် ၃၀ လောက်ရှိတယ်။ နောက်နှစ်ပတ်လောက် နေတော့ တစ်နေ့ကို အယောက် ၂၀ လောက်ပဲ လာဝယ်တော့တယ်။ အရောင်းတော့ နည်းနည်းပါးသွားတယ်။”ဟု လေဆာဖုန်းဆိုင်မှပြောသည်။

ဆက်သွယ်လိုသူများအနေဖြင့် နေပြည်တော်ပျဉ်းမနားရှိ လေဆာဖုန်းဆိုင်များတွင် ၀ယ်ယူနိုင်ခြင်းဖြစ်ပြီး ဖုန်း-၀၆၇-၂၂၉၁၇ သို့ ဆက်သွယ် ၀ယ်ယူ နိုင်ကြောင်း သိရသည်။

နေပြည်တော်ရှိ အခြားဖုန်းဆိုင် အချို့မှာမူ မြန်မာ့ဆက်သွယ်ရေးမှ ချထားပေးသည့် နှုန်းထားဖြစ်သည့် ကျပ်နှစ်သိန်းဖြင့်သာရောင်းချပေး လျက်ရှိကြောင်း သိရသည်။

“ကျွန်မတို့ဆိုင်မှာက ဆက်သွယ်ရေးက ချထားပေးတဲ့နှုန်းအတိုင်းပဲ ရောင်းတာပါ။ ကျွန်မတို့ဆိုင်ကို လာမေးတဲ့ သူတွေလည်းရှိတယ်။ တစ်ချို့ဆိုင်တွေ တစ်သိန်းခွဲနဲ့ ရောင်းတယ်လို့တော့ကြားတယ်။”ဟု
နေပြည်တော် လူကြီးမင်းဖုန်းဆိုင်က ပြောသည်။

ထက်အောင်ခန့် (မြစ်မခ)
Myit Makha Mediagroup




Posted: 16 Nov 2012 06:05 AM PST
၆.၁၁.၂၀၁၂ က ဘောဂသိဒ္ဒိ ရပ်ကွက်ထဲမှာ ရှိတဲ့ အမက ကျောင်းလေးသို့ သွားရောက် စစ်ဆေးခဲ့ပါတယ်။ သူငယ်တန်းကနေ စတုတ္ထတန်းအထိ ငါးတန်းရှိပြီး ကျောင်းအုပ် ဆရာမကြီးအပါအဝင် ဆရာ၊ ဆရာမ စုစုပေါင်း သုံးဦးသာရှိပါတယ်။

 စေတနာ့ဝန်ထမ်း သင်ပေးနေတဲ့ လစာမရရှိတဲ့ ကျောင်းဆရာမ တဦးကို တွေ့ ခဲ့ရတယ်။

ကလေးတွေအတွက် ကျောင်းစာသင်ခုံများ လုံလောက်မှု လုံးဝမရှိဘူး။ ဆရာ၊ ဆရာမအတွက် ထိုင်စရာခုံဆိုတာ ဝေလာဝေးပါပဲ။

သူငယ်တန်းကလေးတွေ အတွက် ကျောင်းစာသင်ခုံအဖြစ် ဘဲဥသေတ္တာအခွံက သစ်သားတွေကို စာသင်ခုံ အဖြစ်ရိုက်ထားတာ တွေ့ရတယ်။

 တနှစ်ပတ်လုံးအတွက် အဲဒီ မူလတန်းကျောင်းလေးအတွက် အစိုးရက ချပေးတဲ့ အသုံးစရိတ်ကတော့ ကျပ်ငွေ ငါးသောင်းတဲ့။

ဟန်ပြအဖြစ်နဲ့တော့ နွားနို့တခါတိုက်တာ သိခဲ့ရတယ်။

ဒါ့ကြောင့် နေပြည်တော်ထဲမှာ ရှိတဲ့ ကျောင်းတွေကို လွှတ်တော် ကိုယ်စားလှယ်တွေ ဝင်ရောက် စစ်ဆေးခွင့် မပြုတာဖြစ်မှာပါ။




သနားစရာကောင်းတဲ့ရွာသားများ

နေပြည်တော် ဒက္ခိဏသီရိမြို့နယ် အတွင်းမှာ တည်ဆောက်ရေးလုပ် ငန်းမှာ ဝင်ရောက် လုပ်ကိုင်နေကြတဲ့ သူတွေ၊ ၎င်းတို့ကို မှီခိုနေတဲ့ မိသားစုတွေ၊ သူတို့တွေရဲ့ ကလေး ကျောင်းသား၊ ကျောင်းသူတွေ နေထိုင်ကြတဲ့ တောင်ကြားဈေးထဲက ရွာတန်းအသေးလေးကို နေပြည်တော် ကောင်စီက စီမံကိန်းလုပ် ဖို့ ကျူးကျော် အိမ်ယာဟုဆိုကာ အတင်းအဓမ္မ ပြောင်းရွှေ့ခဲ့တာ ကြောင့် ဆင်းရဲသား အလုပ်သမား တွေဟာ အိမ်မဲ့ယာမဲ့ဖြစ်ပြီး တောထဲကို ဝင်ရောက်ထွက်ပြေးနေထိုင်ကြရတယ်။

တောထဲမှာရှိတဲ့ နှမ်းခင်းပိုင်ရှင်တစ်ဦးက လက်ရှိကျောင်းတက်နေတဲ့ ကလေးလေးတွေကို သနားပြီး သူ့ယာခင်းထဲမှာ အဲဒီအိမ်ယာမဲ့ တွေကို တဲထိုးပြီးနေခိုင်းခဲ့တယ်။ အဲဒါကို အုပ်ချုပ် ရေးမှူးက ဧည့်စာရင်းဥပဒေနဲ့ အဲဒီလူတွေကို ဖမ်းဆီးမယ်လို့ ခြိမ်းခြောက်နေတယ်။

အဲဒီကိစ္စကိုဖြေရှင်းဖို့ ကျမနဲ့ကိုမင်းသူ (ဥတ္တရသီရိ) တို့နှစ်ယောက်ဟာ ဒက္ခဏသီရိ အုပ်ချုပ်ရေးမှူးနှင့် သွားရောက်တွေ့ဆုံကာ ညှိနှိုင်းဖြေရှင်းဖို့ ကြိုးစားသော်လည်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးမှ အတွေ့မခံဘဲ အမြဲလိုလိုရှောင်ရှားနေပါတယ်။

 ပြဿနာများကို လည်းဖြေရှင်းပေးခြင်းလည်းမရှိဘူး။ ကျမတို့ကိုယ်စားလှယ်တွေဟာ မိမိတို့မဲဆန္ဒနယ်မြေဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများမှာ အုပ်ချုပ်ရေး အာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်နိုင်ဖို့အတွက်နေပြည် တော်အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံရန်ကြိုးစားပါသော်လည်း အစဉ်အမြဲအကြောင်းအမျိုးမျိုးပြကာ ရှောင်ရှားနေတတ်ကြတယ်။

သူတို့က ကျူးကျော်ဆိုပြီး လူတွေရဲ့အိမ်တွေကိုဖျက်မယ်။ လူတွေကို ဒီဒေသကနေ နှင်ထုတ်မယ်။ နေပြည်တော်ဆိုတဲ့ မြို့ကြီးမှာ ဆင်းရဲသားအလုပ်လက်မဲ့များကို ရှိစေချင်ပုံမရပါဘူး။ နှင်ထုတ်ခံရတဲ့ မိသားစုထဲက ကလေးတွေက တော့ ကျောင်းဆက်တက်ဖို့ မလွယ်ကူတော့ဘူး။

သတင်း-ဓါတ်ပုံ ။  ။ Daw Sandar Min (Shwee) (faceboook)




Posted: 16 Nov 2012 05:46 AM PST
မြန်မာနှင့် အိန္ဒိယ ပရိတ်သတ် ၈ဝဝ ကျော်တို့ကို ဒေါ်အောင်ဆန်းစုကြည်က နယူးဒေလီ ဗီးကပ်စ်ပူရီ အရပ်ရှိ
အောက်စ်ဖို့ဒ် ကျောင်းတွင် နိုဝင်ဘာ ၁၆ ရက်နေ့က မိန့်ခွန်း ပြောကြားနေစဉ်။ ဓာတ်ပုံ- မဇ္ဈိမ။ နာရီဝက်ခန့်ကြာ
ပြောကြားမှုတွင် သူမက မြန်မာနိုင်ငံတွင် ၂ဝဝ၈ အခြေခံ ဥပဒေကို ပြင်ဆင်နိုင်ရေးနှင့် တရားဥပဒေစိုးမိုးရေး တို့အတွက် အတူတကွ လုပ်ဆောင်ကြရန် တိုက်တွန်း လိုက်သည်။ မြန်မာ နိုင်ငံသားများ ပြန်လာချင်ရင်
ပြန်လာလို့ ရအောင် ကြိုးစားနေသည်ဟု ထည့်သွင်း ပြောဆို သွားသည်။
 ၁၉၆ဝ ခုနှစ်များက နိုင်ငံရေး သိပ္ပံပညာ ဆည်းပူးခဲ့သော Lady Shri Ram အမျိုးသမီး ကောလိပ်သို့ နိုဝင်ဘာလ ၁၆ ရက်နေ့ နံနက် ၉ နာရီက ဒေါ်အောင်ဆန်းစုကြည် ပြန်လည် သွားရောက် လည်ပတ်ခဲ့သည်။

ကြိုတင် ရေးသား ထားသော စာရွက်မပါပဲ နာရီဝက်ခန့်ကြာ မိန့်ခွန်းပြောကြားခဲ့ရာတွင် “ဒီစင်မြင့်ဟာ တခါက ကျမ စကားတွေ တက်ပြောခဲ့၊ သီချင်းတွေ တက်ဆိုခဲ့၊ ပြဇာတ်တွေ တက်ကပြခဲ့တဲ့ စင်မြင့်ပါပဲ။ ကျမ ဒီကျောင်းကို ပြန်ရောက် ရတာဟာ အိမ်ကို ပြန်ရောက်လာရုံတင် မကဘဲ ပျော်ရွှင်မှုနဲ့ ချစ်မေတ္တာတွေဆီကို ရောက်ရသလိုပါပဲ” ဟု ခံစားချက်ကို ပြောဆိုသည်။

ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် တဦးဖြစ်သွားသည့် ကျောင်းသူဟောင်းကို မိခင်ကျောင်းတော်ကြီးက ဂုဏ်ပြု ကြိုဆိုကြရာတွင် လက်ရှိ နိုင်ငံရေးသိပ္ပံ ကျောင်းသူလေးများက ‘ဒေါ်အောင်ဆန်းစုကြည်’ မြန်မာသီချင်းကို ဂီတာတလက်ဖြင့် သီဆို၍ ၎င်းတို့၏ ဂုဏ်ထူးဆောင် ကျောင်းသူဟောင်းကြီး ဝင်ရောက် အလာကို ကြိုဆို လိုက်ကြသည်။

ထို့နောက် ကဗျာ့ကဝိကြီး ရာဗိဒြာနသ်တဂိုး၏ စာသားတချို့ဖြင့် ဖွဲ့သီထားသည့် ‘ထီးတည်းလျှောက်’ အမည်ရ သီချင်းကိုလည်း သီဆိုဂုဏ်ပြုခဲ့ကြပြန်သေးသည်။

“ကျမအနေနဲ့ ထီးတည်းလျှောက်ခြင်းထက် အတူလျှောက်ခြင်းကို ပိုလိုလားပါတယ်” လို့လည်း
ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းထဲတွင် ထည့်သွင်းပြောကြားသွားခဲ့သည်။

ပညာရေးဝန်ကြီး Dr Shashi Tharoo ကိုယ်တိုင် တက်ရောက်ဂုဏ်ပြုစကားပြောပြီး ကျောင်းအုပ်ကြီး Dr Meenakshi Gopinath ကိုယ်တိုင် အခမ်းအနားမှူးလုပ်ကာ ကြိုဆိုကြသည်မှာ ဖိတ်ကြားထားသည့် ဧည့်သည်ပေါင်း တထောင်ကျော် တက်ရောက်ခဲ့ကြ၍ ကျောင်းခန်းမကြီး ပြည့်လျှံနေသည်။

ကျောင်းသူမလေးများက ဒေါ်အောင်ဆန်းစုကြည် မတ်တပ်ရပ်လိုက်တိုင်း ထကာထကာ လက်ခုပ်တီး
အော်ဟစ် ပျော်ရွှင်ကြသည်။

“အင်မတန်မှ စိတ်လှုပ်ရှားစရာပဲ။ အမေလည်း အရင်တုန်းက ကလေးလိုပဲ” ဟု မဇ္ဈိမ၏ မေးမြန်းချက်ကို
ဒေါ်စု ပြန်ဖြေသွားသည်။

မိန်းကလေး အတော်များများမှာ “ချောတဲ့” ဒေါ်စု၏ ခရမ်းနုရောင် ဝတ်စုံကိုလည်း အလွန်နှစ်သက်ကြသည်။

“သူ့ လူမှုအတွေးအခေါ်တွေ၊ သူ့ ပြည်သူတွေအတွက် လုပ်ဆောင်ချက်တွေအပြင် ကျမကတော့ သူ ချောတာကိုပါ အားကျလိုက်တာ။ ကျမသာ အသက် ၆ဝ အရွယ်ရောက်ရင် အဲလိုလေးပဲ ဖြစ်ချင်လိုက်တာ” ဟု နိုင်ငံရေးသိပ္ပံ
ကျောင်းသူ တဦးက စိတ်လှုပ်ရှားစွာပြောသည်။

“ဂုဏ်ယူချက်ကတော့ စကားလုံးနဲ့တောင် မဖော်ပြတတ်တော့ဘူး။ တကယ်။ သူလာလည်တာလေ၊ သူလာနေ
စေချင်တာ။ ဒါပေမယ့် ရှင်တို့တိုင်းပြည်က သူ့ကို ပိုလိုအပ်နေတယ်မဟုတ်လား။ ကျမတို့ နားလည်ပါတယ်” ဟုလည်း ကုန်သွယ်စီးပွား ကျောင်းသူတဦးက မဇ္ဈိမကို ပြောသည်။

၁၉၆၄ ခုနှစ်က ကျောင်းမဂ္ဂဇင်းတစောင်တွင် ဒေါ်အောင်ဆန်းစုကြည် ရေးသားခဲ့သည့် “တောထဲက ငှက်ငယ်လေး” ဝတ္တုတိုအား အရိပ်ပြ သရုပ်ဖော်ဖြင့် နောက်ခံဖတ်ကြားကာ တင်ဆက်မှုတခု လုပ်ခဲ့သေးသည်။

သေသွားသည့် ငှက်ကလေးကို တောထဲ သွားမြှုပ်မည့် အဖိုးကို မြေးက မေးတော့ “ငှက်ဆိုတာ တောထဲမှာ
ပျော်တာ။ သေတော့လည်း တောထဲမှာ သေရမှ သေပျော်မှာပေါ့ကွဲ့” ဟူသော စာသားများ ပါဝင်သည်။

ကျောင်းတော်ဟောင်းကို ပြန်ရောက်ရသည်မှာ “အတိတ်ကို ပြန်သတိရတာမျိုးထက် အနာဂတ်ကိုလည်း
မျှော်လင့်ချက်တွေ ရှိနေတယ်” ဟု မိန့်ခွန်းပြောသည့် နိုင်ငံရေးခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သူ့နိုင်ငံရေးအမြင်ကိုလည်း ထည့်သွင်း ပြောကြားသွားသေးသည်။

“နိုင်ငံရေးအလုပ်ဆိုတာ တကယ်မလွယ်တဲ့အလုပ်ပါ။ မူကို မဆုပ်ကိုင်နိုင်ဘူးဆိုရင် နိုင်ငံရေးဘဝကို စွန့်လွှတ် လိုက်ပါတော့။ …စေ့စပ်ညှိနှိုင်းတယ်ဆိုတာ အခြေခံမူတွေကို လိုချင်လို့ပဲဖြစ်တယ်။ … အလုပ်လုပ်ဖို့က မရှိမဖြစ် လိုအပ်တယ်။… ဒီမှာ ရနေတဲ့ အခွင့်အရေးမျိုးတွေအတွက် ကျမတို့ဆီမှာက တိုက်နေရတုန်းပါ” ဟု ဆိုသည်။

ကျောင်းပရဝုဏ်အတွင်း အမှတ်တရ “တရုတ်စကားပန်းပင်” စိုက်ပျိုးပေးခဲ့ပြီး မြန်မာဒုက္ခသည်များနှင့်တွေ့ဆုံရန် Oxford Senior Secondary School နှင့် Prospect Burma အလွတ်ပညာသင်ကျောင်းသို့ ထွက်ခွာသွားသည် အထိ သတင်းထောက်များ၊ ကင်မရာသမားများ တမြုံတမကြီးနှင့် ရှိတော့သည်။

နယူးဒေလီ (မဇ္ဈိမ)

Posted: 16 Nov 2012 05:42 AM PST
နယူးဒေလီမြို့ အနီးရှိ Gurgaon အထူးစီးရေး ဇုန်တွင် တည်ရှိသော စွမ်းအင်နှင့် ရင်းမြစ်များဌာန (TERI) သို့ ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်နေ့ ညနေ ၄ နာရီက ဒေါ်အောင်ဆန်းစုကြည် သွားရောက် လေ့လာစဉ် အတွင်း TERI ၏ သဘောထားနှင့် လုပ်ဆောင်ချက်များ အပေါ် ထင်မြင်ချက် ပေးနေစဉ်။ (ဓာတ်ပုံ - မဇ္ဈိမ)
အိန္ဒိယ နိုင်ငံတွင်း တတိယနေ့ ခရီးစဉ် အဖြစ် ဒေါ်အောင်ဆန်း စုကြည်သည် နယူးဒေလီမြို့ အနီး စွမ်းအင်နှင့် ရင်းမြစ်များဌာန (TERI) သို့ နိုဝင်ဘာလ ၁၅ ရက်နေ့ ညနေ ၄ နာရီက သွားရောက်လေ့လာခဲ့သည်။

မြန်မာနိုင်ငံ စွမ်းအင်နှင့် ရင်းမြစ်များ အသုံးချရေးတွင် နိုင်ငံရေးနှင့် လူမှုရေးရာများပါ ဆက်စပ် ပါဝင် နေကြောင်း
ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

နှစ်ပေါင်းများစွာ အာဏာရှင် စနစ်အောက်မှ မြန်မာပြည်အား ဗဟိုချုပ်ကိုင်မှုစနစ် လျှော့ချရန်မှာ အလွန်အလွန် မလွယ်ကူ လှကြောင်းလည်း ထည့်သွင်း ပြောဆိုသည်။

“ဒေသန္တရ (ပြည်နယ်)အစိုးရများများကို အားကောင်းလာအောင် လုပ်ပေးရမယ်။ စီးပွားရေးအရ ပရောဂျက်တွေက ဗဟိုကနေ လွတ်လပ်စွာ သတ်မှတ်ချပေးရမယ်” ဟု ဆိုသည်။

လေအားနှင့် နေရောင်ခြည်စွမ်းအင်များ စမ်းသပ်ထုတ်လုပ်နေကြသော်လည်း ရေအားလျှပ်စစ်မှာ မြန်မာနိုင်ငံတွင် အသုံးများပြီး ၎င်းတို့မှာ တိုင်းရင်းသားဒေသများတွင် ထုတ်လုပ်နေရသည်။ ထို့ကိစ္စများတွင် ရင်းနှီးမြှုပ်နှံပါက စွမ်းဆောင်ရည်နှင့် ဝင်ငွေပါ ရဖို့လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

မြန်မာနိုင်ငံမှာ သဘာဝရင်းမြစ်များ ပေါကြွယ်ဝပြီး ၎င်းတို့အား ထိန်းသိမ်းရန် စွမ်းအင်ပေါ်လစီတရပ် လိုအပ်
ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

“ကျမတို့ နိုင်ငံမှာဆို ဝါး အင်မတန်ပေါတယ်။ ဝါးကနေ အဆင့်မြင့် ထွက်ကုန်တွေ ထုတ်သင့်တယ်။ ဂျပန်တို့၊ ကိုရီးယားတို့ဆို သိပ်ကောင်းတယ်။ ဒါ့အပြင် အိန္ဒိယလိုပဲ သစ်ခွကို စီးပွားဖြစ် စိုက်ပျိုးရောင်းချနိုင်တယ်” ဟုလည်း ပြောသည်။

ထို့နောက် အဆိုပါဌာန၏ သုတေသနဆိုက်များကို TERI ညွန်ကြားရေးမှူးချုပ် Dr R K Pachauri နှင့် တာဝန်ရှိသူများက လိုက်လံပြသခဲ့သည်။

ထိုအထဲတွင် သစ်သားတုံး လောင်စာသုံး မီးအပူဖြင့် လျှပ်စစ်ဓါတ် ထုတ်လုပ်ရာတွင် မိုဘိုင်းဖုန်း အားဖြည့်နိုင်
ခြင်းနှင့် အခြား လျှပ်စစ်အားဖြည့်စွမ်းပေးနိုင်ပုံကို ဒေါ်အောင်ဆန်းစုကြည် က အထူးစိတ်ဝင်တစား ကြည့်ရှုခဲ့သည်။

ထို့အပြင် ဇီဝနည်းပညာဌာန၊ အနုစိတ် မျိုးပွားဥယျာဉ် အပါအဝင် သဘာဝ ပတ်ဝန်းကျင်နှင့် စွမ်းအင်ထိရောက်မှု အစီအစဉ်များကို လှည့်လည်ကြည့်ရှုခဲ့သည်။

ထို့နောက် အမှတ်တရ ‘ရေတမာပင်’ စိုက်ပျိုးပေးခဲ့သည်။

TERI တွင် စွမ်းအင်ဆိုင်ရာ အထူးကျွမ်းကျင်သည့် ပညာရှင်များပါဝင်ပြီး လူသားရင်းမြစ် ဖွံ့ဖြိုးတိုးတက်ရေး သင်တန်းများပေးခြင်း နှင့် အိန္ဒိယနိုင်ငံမှ ပါရမီရှိ လူငယ် ပညာတတ်များအား အနာဂါတ်တွင် စက်မှုအခန်း ကဏ္ဍ၌ ခေါင်းဆောင် ဖြစ်လာစေရန် ရည်ရွယ်ဖွဲ့စည်းထားသည့် ဌာနဖြစ်သည်။ 

TERA ဌာန သုတေသနဝင်းသည် ၉၉ ဧက ကျယ်ဝန်းကာ စိုက်ခင်းများ၊ ပရောဂျက်များ၊ သုတေသနများ အများအပြား ရှိသည့် သိပ္ပံဌာနကြီး တခုဖြစ်သည်။

နေမျိုး (မဇ္ဈိမ)




Posted: 16 Nov 2012 05:31 AM PST
နိုဝင်ဘာလ (၁၅)ရက်နေ့ ထုတ် Venus News Weekly အတွဲ ၄ အမှတ် ၁၇

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ





Posted: 16 Nov 2012 05:22 AM PST
နိုဝင်ဘာလ (၁၅)ရက်နေ့ ထုတ် ပြည်မြန်မာ သတင်း ဂျာနယ် အမှတ် (၈၄၅)

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ





Posted: 16 Nov 2012 05:19 AM PST
နိုဝင်ဘာလ (၁၄)ရက်နေ့ ထုတ် Good Health ကျန်းမာရေးနှင့် အလှအပ ဂျာနယ်

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ










Posted: 16 Nov 2012 05:08 AM PST
လာမယ့် ရက်ပိုင်း ကစပြီး ထိုင်းနိုင်ငံ မဲဆောက်-မြ၀တီ ကုန်သွယ် လမ်းကြောင်း ကုန်သွယ်မှု လမ်းတလျှောက် ကုန်စည်တွေကို အခွန် ဆောင်မဆောင် စစ်ဆေး ဖမ်းဆီးတော့မှာ ဖြစ်ပါတယ်။

လာမယ့် နိုဝင်ဘာ ၂၀ ရက်နေ့ကစပြီး ထိုင်းနိုင်ငံ မဲဆောက်၊ မြန်မာနိုင်ငံ မြ၀တီ နယ်စပ် ၀င်ပေါက် တွေကနေ ၀င်လာတဲ့ ကုန်စည်တွေမှာ အကောက်ခွန်မဲ့နဲ့ တားမြစ်ထားတဲ့ ကုန်ပစ္စည်းတွေ ပါမပါ စီးပွား- ကူးသန်း ၀န်ကြီးဌာန ဦးဆောင်တဲ့ လှုပ်ရှားရှာဖွေ တားဆီး စစ်ဆေးရေးအဖွဲ့ (mobile team) တွေနဲ့ စစ်ဆေးတော့မှာဖြစ်ကြောင်း နယ်စပ်ကုန်သွယ်ရေး ညွှန်ကြားရေးမှူးချုပ် ရုံးက ဦးစီးအရာရှိ ဦးဇော်ဝမ်းက ပြောပါတယ်။

“နိုဝင်ဘာလ ၂၀ ရက်နေ့ စမှာပါ။ မြ၀တီနဲ့ ရန်ကုန်လမ်းကြောင်းပေါ့။ နိုင်ငံတော်အခွန်ရရှိရေးအတွက် တရားမ၀င် ၀င်ရောက်နေတဲ့ ကုန်စည်တွေကို တားဆီးနိုင်မှာဖြစ်ပြီးတော့ ဒီလိုဆောင်ရွက်ခြင်းအားဖြင့် ကျနော်တို့ဆီက တရားမ၀င် ကုန်သည်တွေကလည်း တရားဝင်လမ်းကြောင်းပေါ် ရောက်လာမယ်လို့ ထင်ပါတယ်။”

စားသုံးသူအကာအကွယ်ပေးရေးနဲ့ ကုန်သွယ်မှုမြှင့်တင်ရေးအတွက် တရားမ၀င် ကုန်သွယ်မှုတွေကို တားဆီးထိန်းချုပ်နိုင်ဖို့ အတွက် ဆောင်ရွက်တာဖြစ်ပါတယ်။

ဒီလို ပညာပေးကာလ အရေးယူဆောင်ရွက်နိုင်ဖို့ မွန်ပြည်နယ် မော်လမြိုင်မြို့၊ ကရင်ပြည်နယ် ဘားအံမြို့နဲ့ ရန်ကုန်မြို့တွေမှာလည်း ဌာနဆိုင်ရာတွေ၊ အဝေးပြေးကုန်စည်ပို့ဆောင်ရေးအသင်းတွေ၊ မှန်လုံယာဉ်အသင်းတွေ၊ ဂိတ်ပိုင်တွေ၊ ဂိတ်မှူးတွေ၊ ကားသမားတွေ၊ ကုန်သည်အသင်း ကုန်စည်ဒိုင်တွေ၊ ကုမ္ပဏီပိုင်ရှင်တွေကိုဖိတ်ခေါ်ပြီး  ရှင်းလင်းဆွေးနွေးခဲ့ပါတယ်။

ထိုင်းနိုင်ငံ မြ၀တီနယ်စပ်ဂိတ်ကနေ ထိုင်းဘက်ခြမ်းက အချိုရည်။ ဘီယာ။ လျပ်စစ်ပစ္စည်းစတာတွေကို ကုန်သည်တွေက တရားမ၀င်ယူဆောင်ပြီး လမ်းမှာ ဂိတ်တွေကို လာဘ်ငွေထိုးပြီး သယ်ဆောင်နေကြတယ်လို့ ကုန်ကားသမားတဦးက ပြောပါတယ်။ အခုလို အခွန်ကောက်ခံတာ တင်းတင်းကျပ်ကျပ်လုပ်မယ်ဆိုရင်တော့ ကုန်စည်တွေ ဈေးကြီးမြင့်လာလိမ့်မယ်လို့ ကုန်သည်တွေနဲ့ ကားသမားတွေက တွက်ပါတယ်။

ဒီတွက်ဆချက်နဲ့ပတ်သက်လို့ ဦးစီးအရာရှိ ဦးဇော်ဝမ်းကို မေးကြ့ည့်ရာမှာ ရေတိုမှာ ဖြစ်နိုင်ပေမယ့် ရေရည်မှာ အကျိုးရှိလိမ့်မယ်လို့ ဖြေဆိုပါတယ်။

“ကုန်ဈေးနှုန်းတက်တယ်ဆိုတာ အခိုက်အတန့်ပါ။ တကယ်ကျတော့ တရားမ၀င်ဆောင်ရွက်နေလို့သာ ကုန်ဈေးနှုန်းတွေက ပုံမှန်မဖြစ်သေးတာ။ တရားဝင်လမ်းကြောင်းပေါ် ရောက်သွားရင်တော့ ကုန်ဈေးနှုန်းတက်တာကလည်း ရေရှည်ဖြစ်လာစရာမရှိပါဘူး။”

မဲဆောက်-မြ၀တီ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းဟာ ၂၀၁၂ ပထမသုံးလပတ်မှာ အမေရိကန်ဒေါ်လာ ၂၇၇ သန်းဖိုးထိ ကုန်သွယ်မှု ဖြစ်ခဲ့ပါတယ်။ လက်ရှိနယ်စပ်ကို တံတားတခုနဲ့ ဖြတ်သန်းနေရာက ထိုင်းအစိုးရက မဲဆောက်နဲ့ မြန်မာနိုင်ငံဘက်ခြမ်း မြ၀တီနဲ့ ကော့ကရိတ်ကို ဆက်သွယ်မယ့် နောက်တံတားတစင်းကို ငွေကြေးစိုက်ထုတ်ဆောက်လုပ်ဖို့ သဘောတူထားပါတယ်။

အဲဒီတံတားဟာ ထိုင်းအတွက် မြန်မာပြည်ကို ဖြတ်ပြီး တရုတ်နိုင်ငံနဲ့ ဆက်သွယ်မှာဖြစ်ပါတယ်။

စီးပွား-ကူးသန်း ၀န်ကြီးဌာနဟာ ဌာနဆိုင်ရာ အဖွဲ့စုံနဲ့ နယ်မြေခံ အာဏာပိုင်တွေ ပါဝင်တဲ့ mobile team တွေ ဖွဲ့စည်းထားပြီး တရုတ်နိုင်ငံ ကျယ်ခေါင်- မြန်မာနိုင်ငံ မူဆယ် နယ်စပ် ၀င်ပေါက်က ကုန်စည်တွေကို စစ်ဆေးနေခဲ့ပြီဖြစ်ပါတယ်။

လာမယ့်ဒီဇင်ဘာလကုန်အထိ ပညာပေးကာလ အနေနဲ့ တရားမ၀င် ကုန်စည်တွေကို အခွန်ဆောင်ခိုင်းပြီး အေးခဲကြက်သား အပါအ၀င် မွေးမြူရေးထွက် ကုန်ပစ္စည်းတွေကိုတော့ အားလုံး သိမ်းဆည်း မီးရှို့ဖျက်ဆီးပစ်ခဲ့ပါတယ်။

by ဒီဗွီဘီ




Posted: 16 Nov 2012 04:52 AM PST
အိန္ဒိယနိုင်ငံ ရောက်ရှိနေတဲ့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ဟာ ဒီနေ့ မြန်မာ မိသားစုတွေနဲ့ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ တွေ့ဆုံခဲ့ပြီး မိန့်ခွန်း ပြောကြား ခဲ့ပါတယ်။

“ကျမ အိန္ဒိယ နိုင်ငံကို လာတဲ့အခါ သမိုင်း အစဉ်အလာအရ မိတ်ဆွေနိုင်ငံတခုကို လာတယ်လို့ ဒီလိုပဲ စိတ်ထားပါတယ်။ အိန္ဒိယနိုင်ငံမှာ ရောက်နေတဲ့ မြန်မာနိုင်ငံက ကျမတို့ရဲ့ မိသားစုသဖွယ်၊ ညီအကို မောင်နှမတွေသဖွယ်၊ တူ၊ တူမတွေ၊ သား၊ သမီးတွေဖြစ်တဲ့ အားလုံးဟာလည်း မိသားစုတခုပဲလို့ စိတ်ထားစေချင်ပါတယ်။ ကျမတို့နိုင်ငံဟာ ပြည်ထောင်စု ဖြစ်တယ်ဆိုတာ အထူးအလေးထားပြောချင်တယ်။ ဘာလို့လဲဆိုတော့ အိန္ဒိယနိုင်ငံရောက်နေတဲ့ မြန်မာနိုင်ငံကလာတဲ့ ပုဂ္ဂိုလ်အတော်များများဟာ တိုင်းရင်းသား အသီးသီး အသိုင်းအ၀ိုင်းအသီးသီးက ဖြစ်တယ်။ မြန်မာလူများစုက ဒီထဲမှာ လူနည်းစုဖြစ်နေတာ ကောင်းကိုကောင်းတယ်လို့ ထင်ပါတယ်။ တခါတလေ လူများစုဆိုတာဟာ လူနည်းစုမျက်စိနဲ့ မြင်တတ်ဖို့လိုတယ်။ လူနည်းစုဖြစ်ရတာ ဘယ်လိုနေသလဲလို့ နားလည်ဖို့လိုတယ်။ အိန္ဒိယမှာရောက်နေတဲ့ မြန်မာနိုင်ငံသူနိုင်ငံသား အသိုင်းအ၀ိုင်းအများစုဟာ တိုင်းရင်းသားညီအစ်ကိုမောင်နှမတွေထဲက ဖြစ်တယ်ဆိုတာ ကျမ အင်မတန်မှ ဂုဏ်လည်းဂုဏ်ယူတယ်။ အားလည်းအားတက်တယ်။ ဒါပေမယ့်လည်း နောက်ဆုံးကျတော့ ကျမတို့နိုင်ငံဟာ အားလုံးအတွက် လုံခြုံစရာ၊ ခိုလှုံစရာ ပြည်ထောင်စုကြီး ဖြစ်စေချင်တယ်။ အဲလို ပြည်ထောင်စုဖြစ်ဖို့ဟာ အားလုံး ၀ိုင်းကြိုးစားဖို့လိုပါတယ်။ တိုင်းရင်းသားများအကြားမှာ ယဉ်ကျေးမှုမတူတာ ရှိတယ်၊ မျှော်မှန်းချက် မတူတာရှိတယ်၊ ဘာသာစကားမတူတာရှိတယ်။ ကိုးကွယ်တဲ့ ဘာသာမတူတာရှိတယ်။ ဒီလို မတူကွဲပြားတဲ့အထဲက ကျမတို့ဟာ ညီညွတ်မှုကို တည်ဆောက်ရမှာပါ။ ဒီလိုညီညွတ်မှုတည်ဆောက်ဖို့ ဆိုတာဟာ တယောက်နဲ့တယောက် နားလည်မှုယူဖို့လိုတယ်။ တဦးနဲ့တဦး အပြန်အလှန်လေးစားဖို့လိုတယ်။ နားလည်မှုရဖို့ အပြန်အလှန်လေးစားနိုင်ဖို့ ဆိုတာဟာ တယောက်နဲ့တယောက်ပြောတာကို နားထောင်ဖို့ လိုတယ်။ ကိုယ်တဖတ်သက် ကိုယ်ပြောချင်တာပဲ၊ ကိုယ်ဖြစ်ချင်တာပဲ မီးမောင်းထိုးနေလို့ မရဘူး။ ဟိုဘက်ကအသံလည်း နားထောင်ရမယ်၊ ဒီဘက်ကလည်း အသံလည်း နားထောင်ရတယ်။ ကျမတို့ဟာ တိုင်းရင်းသား အမျိုးသားပြည်လည်စည်းလုံးညီညွတ်ရေးအတွက်၊ ပြန်လည်ပြီး သွေးစည်းညီညွတ်ရေးအတွက် လုပ်မယ်ဆိုပြီး ဒီမိုကရေစီလှုပ်ရှားမှုထဲ ၀င်လာတာပါ။ ဒီလိုလုပ်တဲ့အခါမှာ တဦးနဲ့တဦး နားလည်မှုယူဖို့ဆိုတာဟာ တဖတ်သက်ကြည့်လို့မရပါဘူး။ ဟိုဘက် ဒီဘက်လည်း ကြည့်ရတယ်။ ပြည်ထောင်စုတခုလုံးရဲ့ အခြေအနေလည်းကြည့်ရတယ်။ ကျမတို့ ပြည်ထောင်စုထဲမှာ တနေရာမှာဖြစ်နေတဲ့ ကိစ္စတွေ ပြဿနာတွေဟာ တခြားတနေရာနဲ့ မဆိုင်ဘူးလို့ မြင်လို့မဖြစ်ပါဘူး။ တိုင်းပြည်တပြည်လုံးနဲ့ ဆိုင်ပါတယ်။ ဘယ်နေရာမှာပဲ ဘယ်လိုဖြစ်နေဖြစ်နေ ကျမတို့ ပြည်ထောင်စုတစုလုံးနဲ့ ဆိုင်တယ်ဆိုတဲ့ စိတ်ဓာတ်ထားဖို့ လိုပါတယ်။  ဒါကြောင့် တနေရာမှာဖြစ်နေတဲ့ ပြဿနာတွေကို ကြည့်ရင် ပြည်ထောင်စုအမြင်နဲ့ ကြည့်ဖို့လိုပါတယ်။ ဒါကြောင့် ကျမတို့ဟာ ဒုတိယ ပင်လုံကဲ့သို့သော တိုင်းရင်းသားများစည်းလုံးညီညွတ်မှု၊ တကယ့် နှလုံးသားထဲက လာတဲ့ စည်းလုံးညီညွတ်မှုဖြစ်စေမယ့် ညီလာခံမျိုး လိုတယ်လို့ ကျမတို့ပြောတာပါ။ ပင်လုံစိတ်ဓာတ်ကို ပိုပြီး ရှင်သန်စေမယ့် ညီလာခံမျိုး ကျမတို့ပြောတာပါ။ ၁၉၄၇ ခုနှစ်တုန်းက ကျင်းပခဲ့တဲ့ ပင်လုံညီလာခံဟာဆိုရင် တိုင်းရင်းသားတွေအစုံပါတာမဟုတ်ပါဘူး။ ဒါလည်း ကျမတို့က အသိအမှတ်ပြုပါတယ်။ ဒါပေမယ့် အဲညီလာခံဟာ ပြည်ထောင်စုစိတ်ဓာတ်အမြစ်တွယ်အောင် အစပျိုးလိုက်တဲ့ ညီလာခံဖြစ်ပါတယ်။ အမြစ်တွယ်ပြီဆိုပေမယ့် အမြစ်တွယ်ရုံနဲ့ အပင်ကြီးက ရှင်သန်လာတာ မဟုတ်ပါဘူး။ ဟိုတုန်းက ၁၉၄၇ ခုနှစ်က တွယ်ခဲ့တဲ့ အမြစ်ကလေးဟာ ရှင်သန်ပိုင်ခွင့်မရှိတဲ့အခါ အခုကျမတို့ ပြည်ထောင်စုဟာ အင်မတန်မှ သန်မာပြီး အသီးအပွင့်တွေဝေဆာနေတဲ့ အပင်ကြီးဖြစ်လာတယ်လို့ မပြောနိုင်သေးပါဘူး။ ဒီလိုဖြစ်လာဖို့ ပြည်ထောင်စုစိတ်ဓာတ်ကို ဆက်ပြီး အားပေးမွေးမြူရမယ်။ တွယ်စဖြစ်ခဲ့တဲ့ အမြစ်ကလေးတွေကို ရေလောင်းပေးရမယ်၊ မြေဖို့ပေးရမယ်။ ဒါဟာ ကျမတို့ခေတ်က အခုလက်ရှိ ရှိနေတဲ့ နိုင်ငံသူ နိုင်ငံသားတွေ အားလုံးလုပ်ဖို့ပါ။”

“ကျမ အခု နိုင်ငံသူနိုင်ငံသားလို့ ပြောလိုက်တဲ့အတွက် တချို့ကထင်ပါလိမ့်မယ်။ ကျမတို့ကတော့ အိန္ဒိယနိုင်ငံသူ နိုင်ငံသား ခံယူထားပြီးပြီဆိုတော့ မြန်မာနိုင်ငံသူ နိုင်ငံသားထဲ မပါတော့ဘူးလားလို့ စဉ်းစားရင် စဉ်းစားနေကြပါလိမ့်မယ်။ ကျမ ဒီလိုစိတ်ထဲမရှိပါဘူး။ မြန်မာနိုင်ငံကနေ ဆင်းသက်ပေါက်ဖွားလာသူတွေအားလုံးဟာ ကျမတို့နိုင်ငံရဲ့ ရင်သွေးတွေ တသက်လုံးဖြစ်သွားမှာပါ။ မိဘအိမ်လိုပေါ့၊ မိဘအိမ်ကနေ ထွက်သွားပြီး ကိုယ့်အိမ်ထောင်ကိုယ်ထူပေမယ့် မိဘကတော့ ကိုယ့်ကလေးတွေလို့ စိတ်ထဲထားမှာပဲ။ သားသမီးတွေက အရွယ်ရောက်လာလို့ ကိုယ့်ဘ၀နဲ့ကိုယ် နေချင်ရင်လည်း နေပိုင်ခွင့်ရှိရမယ်။ သို့သော်လည်း အချိန်မရွေး မိဘမေတ္တာကို ခိုလှုံချင်ရင်လည်း ခိုလှုံနိုင်ခွင့်ကိုလည်း အပြည့်အ၀ ပေးထားရမယ်။ ဒီလိုပဲ ကျမတို့ရဲ့ ပြည်ထောင်စုကို ဖြစ်စေချင်တယ်။ ကိုယ့်ရဲ့ အကြောင်းကြောင်းကြောင့်မို့ အလုပ်ကိစ္စနဲ့ ပတ်သက်လို့ပဲဖြစ်ဖြစ်၊ ယဉ်ကျေးမှုနဲ့ ပတ်သက်လို့ပဲဖြစ်ဖြစ်၊ ကိုယ်ရေးကိုယ်တာကိစ္စနဲ့ဖြစ်ဖြစ်၊ ဘယ်လိုပဲဖြစ်ဖြစ် မိဘအိမ်က ဘယ်လိုပဲခွာသွားခွာသွား ပြန်လာချင်တဲ့အခါမှာ တံခါးတွေအမြဲပဲ ပွင့်နေတယ်။ မိဘအိမ်လို ကျမတို့ ပြည်ထောင်စုကိုဖြစ်စေချင်ပါတယ်။

“ဒါကြောင့်မို့ တနေ့တချိန်မှာ တကမ္ဘာလုံးမှာ ရောက်နေကြတဲ့ မြန်မာပြည်ကထွက်လာတဲ့ ကျမတို့ မိသားစုဝင်တွေ အားလုံးဟာ အချိန်မရွေးကိုယ့်နိုင်ငံကို၊ ကိုယ့်ရဲ့ အမိနိုင်ငံကို၊ ကိုယ့်ရဲ့ အဖနိုင်ငံကို လုံလုံခြုံခြုံနဲ့ အေးအေးဆေးဆေးနဲ့ လွတ်လွတ်လပ်လပ် ပြန်ချင်တဲ့အခါ ပြန်နိုင်တဲ့ အခြေအနေမျိုးဖြစ်အောင် ကျမတို့ကြိုးစားပြီး လုပ်သွားပါမယ်။ အဲလို ကြိုးစားပြီးလုပ်တဲ့အခါမှာ ကျမတို့ အကူအညီတွေ လိုပါတယ်။ ဒါဟာ လူတယောက်တည်း လုပ်လို့ ရတဲ့ ကိစ္စလည်းမဟုတ်ဘူး။ အဖွဲ့အစည်းတခုတည်းလုပ်လို့ရတဲ့ ကိစ္စလည်း မဟုတ်ပါဘူး။ အားလုံးဝိုင်းပြီးလုပ်မှ အောင်မြင်မှာပါ။ တခါတလေ ကျမတို့ရဲ့ မူတွေ၊ မူဝါဒတွေ၊ ကျမတို့ရဲ့ အနေအထားတွေ၊ ကျမတို့ရဲ့ ရပ်တည်ချက်တွေနဲ့ ပတ်သက်ပြီး အားလုံးကနေပြီး သဘောတူချင်မှ သဘောတူမှာပါ။ ဒီလို သဘောတူမှုတွေ မရှိတာကလည်း သဘာဝကျပါတယ်။ ဒီလိုပဲ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် ဒီလို သဘောတူညီမှုတွေ မရှိတာကြောင့်မို့လို့ ကျမတို့ ညီညွတ်မှုကို မရှာနိုင်ဘူးဆိုတာလည်း မဟုတ်ပါဘူး။ ဒီမတူကွဲပြားတာတွေကို လက်ခံပြီးတော့ မတူကွဲပြားမှုတွေကို အင်အားတခုလိုဖြစ်အောင် ကျမတို့ လက်တွဲသွားမယ်ဆိုရင် ပိုပြီးတော့ ခိုင်မာတဲ့ ပြည်ထောင်စု၊ ပိုပြီးတော့ ကျယ်ဝန်းတဲ့ ပြည်ထောင်စု၊ ပိုပြီးတော့ အများကို နေရာပေးနိုင်တဲ့ ပြည်ထောင်စုမျိုး ဖြစ်သွားမယ်လို့ ကျမ မျှော်လင့်ပါတယ်။”

“ဒါကြောင့်မို့ ကျမတို့ရဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်လို့ မကျေနပ်တာရှိရင် ပွင့်ပွင့်လင်းလင်းပြောပါ၊ ကျမတို့ လက်ခံပါတယ်။ ကျမတို့ရဲ့ အနေအထား၊ ကျမတို့ရဲ့ အမြင်ကိုလည်း ပွင့်ပွင့်လင်းလင်းပဲ ပြောမယ်။ ကျမတို့ရဲ့ အနေအထား၊ ကျမတို့ရဲ့ မူဝါဒတွေ ဘာဖြစ်လို့ ရပ်တည်သွားတယ်ဆိုတာလည်း ရှင်းပြနိုင်ပါတယ်။ အဲဒါကြောင့် တယောက်နဲ့တယောက်အကြားမှာ နားလည်မှု လွဲတာရှိရင်၊ နားမလည်တာရှိရင်၊ မကျေနပ်တာရှိရင် ပိုပြီးတော့ ဆွေးနွေးဖို့၊ ညှိနှိုင်းဖို့၊ တိုင်ပင်ဖို့ လိုတယ်လို့ပဲ ကျမအနေနဲ့ စိတ်ထဲမှာ ထားပါတယ်။”

“မြန်မာနိုင်ငံကနေ ထွက်လာပြီးတော့     ဒီမှာရောက်နေတဲ့ တိုင်းရင်းသားမျိုးစုံ၊ မြန်မာနိုင်ငံကို ချစ်မြတ်နိုးတဲ့ အိန္ဒိယနိုင်ငံသူ နိုင်ငံသားအားလုံး အတူလက်တွဲပြီး ကျမတို့နိုင်ငံဟာ အားလုံးအတွက် လုံခြုံရာ၊ ခိုလှုံရာနိုင်ငံဖြစ်အောင် ၀ိုင်းပြီးတော့ လုပ်ပေးကြပါလို့ ကျမ မေတ္တာရပ်ခံချင်ပါတယ်။”

“ဒီခရီးရာ ရှည်လည်းရှည်ခဲ့ပါပြီ။ အနှစ် ၂၀ ကျော် ကျမတို့ ဒီမိုကရေစီ ခရီးလမ်းကို လျှောက်ခဲ့တယ်။ ဒီ အနှစ် ၂၀ ကျော်ထဲမှာ အများကြီး အခက်အခဲတွေနဲ့ ကြုံခဲ့ရတယ်။ တချို့က ဒီအခက်အခဲတွေ အားလုံးပပျောက်သွားပြီလို့ ထင်ကြတယ်။ ဒါဟာမဟုတ်ပါဘူး။ အခက်အခဲတွေက ဆက်ပြီးတော့ ရှိတုန်းပါပဲ။ တနည်းအားဖြင့်ပြောရရင် ဒီနောက်ဆုံးအပိုင်းဟာ အခက်အခဲဆုံးအပိုင်းပဲ။ ဒီအပိုင်းကို ကျမတို့ မှန်မှန်ကန်ကန် မကျော်ဖြတ်နိုင်ရင် ကိုယ်လိုချင်တဲ့ ပန်းတိုင်ကို မရောက်ဘဲနဲ့ လမ်းလွဲသွားနိုင်ပါတယ်။ ဒါကြောင့်မို့ အခုအချိန်ဟာ အင်မတန်မှ သတိနဲ့၊ ၀ီရိယနဲ့၊ ပညာနဲ့ ဆက်ပြီးတော့ လျှောက်သွားရမယ့် အချိန်ပါ။ ဒီအချိန်ဟာ အင်မတန်မှ တဦးပေါ်တဦး နားလည်မှုနဲ့ တဦးပေါ်တဦး ယုံကြည်မှုနဲ့ လက်တွဲပြီးတော့ ညီညီညွတ်ညွတ်နဲ့ ဆက်ပြီးလုပ်သွားရမယ့်အချိန်ပါ။ အဲဒါကိုပဲ ကျမ သတိပေးချင်ပါတယ်။ အားလုံးဟာ ဒီလိုခက်ခဲတဲ့အချိန်မှာ အတူ တဦးနဲ့တဦး ကူညီဖို့ ကြိုးစားကြပါလို့ ကျမ မေတ္တာ ရပ်ခံချင်ပါတယ်။ စစ်မှန်တဲ့ မိတ်ဆွေများ၊ စစ်မှန်တဲ့ မေတ္တာထားသူများဆိုတာဟာ အခက်ခဲဆုံးအချိန် ကူညီဖို့၊ ထောက်ခံဖို့၊ ညီညွတ်ဖို့၊ လက်တွဲဖို့ အခက်ခဲဆုံးအချိန်မှာကို ဒီအခက်ခဲတွေကို ကျော်လွှားပြီးတော့ အများကောင်းကျိုးအတွက် ကိုယ့်ရဲ့ ခံစားချက်တွေ၊ ကိုယ့်ရဲ့ တဦးချင်းအရ မကျေနပ်မှုတွေကို ဘေးဖယ်ပြီး လက်တွဲလုပ်ကြပါလို့ ကျမအနေနဲ့ မေတ္တာရပ်ခံချင်ပါတယ်။”

“ကျမတို့ ဒီနောက်ဆုံးခရီးအပိုင်းကို အောင်အောင်မြင်မြင် ကျော်လွှားနိုင်တယ်ဆိုရင် နောင်လာမယ့် မျိုးဆက်သစ်တွေအတွက် ကျမတို့နိုင်ငံဟာ တကယ့်ကို တန်ဖိုးရှိတဲ့၊ တကယ့်ကို လုံခြုံတဲ့၊ တကယ့်ကို လွတ်လပ်တဲ့၊ တကယ့်ကို တိုးတက်တဲ့ ပြည်ထောင်စုကြီး ဖြစ်ပါလိမ့်မယ်လို့ ကျမ တထစ်ချယုံကြည်ပါတယ်လို့ ပြောကြားရင်းနဲ့ နိဂုံးချုပ်ပါတယ်။”

by ဒီဗွီဘီ

Posted: 16 Nov 2012 04:49 AM PST
စပိန် ထိပ်သီးကလပ် ရီးရဲလ် မက်ဒရစ် ဘောလုံးအသင်းရဲ့ လူငယ်အသင်း နည်းပြတွေဟာ  မြန်မာ့လူငယ် ကစား သမားများနဲ့ နည်းပြ ၂၀၀ ကို ရက်တို သင်တန်းတွေ ပို့ချသွားမှာ ဖြစ်ပါတယ်။

ဘောလုံးပညာ ဖွံ့ဖြိုး တိုးတက်ရေး အတွက် ရီးရဲလ်မက်ဒရစ် ဖောင်ဒေးရှင်းက နည်းပြအဖွဲ့ဝင် ၄ ဦးဟာ ရန်ကုန်ကို ရောက်ရှိပြီးတော့ နိုဝင်ဘာ ၁၆ ရက်နေ့ကနေ ၂၅ ရက်နေ့ အထိ ရန်ကုန် သုဝဏ္ဏ အားကစားကွင်းမှာ ရက်တို သင်တန်းပေးမှာ ဖြစ်ပါတယ်။

ရီးရဲလ်နည်းပြတွေကို မြန်မာ နိုင်ငံဘောလုံး အဖွဲ့ချုပ်ကို စပွန်ဆာပေးနေတဲ့ Digicel ကနေ တာဝန်ယူ ခေါ်ဆောင်ပေးတာ ဖြစ်ပေမယ့် နေထိုင် စားသောက်စရိတ်ကို မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်က ကျခံရတာ ဖြစ်တယ်လို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ရဲ့ Media Officer လုပ်နေတဲ့ ဦးစိုးမိုး (IBC) က ပြောပါတယ်။

နိုင်ငံတ၀န်းလုံးကနေ ရွေးချယ်ထားတဲ့ ဘောလုံး အကယ်ဒမီ သင်တန်းကျောင်းက လူငယ် ဘောလုံးသမားတွေ၊ အခြေခံပညာ ယူ ၁၂ နှစ်အောက် ဘောလုံး သမား ၁၆၀ နဲ့ နည်းပြ ၄၀ လောက် ဒီသင်တန်းမှာ ပါဝင်ကြမှာ ဖြစ်ပါတယ်။

ဒီအဖွဲ့ မြန်မာကို လာရောက်တာနဲ့ ပတ်သက်ပြီးတော့ ဦးစိုးမိုးက မြန်မာဘောလုံးလောက အပေါ် အကျိုးသက်ရောက်နိုင်ပုံကို အခုလို ပြောပါတယ်။

“ရီးရဲလ်မက်ဒရစ် မြန်မာနိုင်ငံကိုလာတာ ကောင်းတာပေါ့။ ရီးရဲလ်မက်ဒရစ်က ကမ္ဘာကျော်ဘောလုံးကလပ်အသင်းကြီးလေ။ အဲအသင်းက ဘောလုံးအကယ်ဒမီနည်းပြတွေက ဒီမှာလာပြီး မြန်မာကလေးတွေကို ဘောလုံးလေ့ကျင့်ပေးတာ အင်မတန် ကောင်းတယ်လေ၊ အနည်းဆုံး ရီးရဲလ်ကနည်းပြတွေကို အရှင်လတ်လတ် မြင်ရတယ်၊ မြန်မာနည်းပြတွေလည်း ရီးရဲလ်အသင်းက နည်းပြတွေနဲ့ အတူတွဲလေ့ကျင့်ခွင့် ပညာတွေ အများကြီးရတယ်။ ကျနော်တို့ နိုင်ငံကို ရီးရဲလ်မက်ဒရစ်အသင်းကြီးလာတဲ့အတွက် ဘောလုံးလောကအတွက်ရော နိုင်ငံအတွက်ရော image တက်တာပေါ့။ အင်မတန်အကျိုးရှိတယ်။”

ဒီအဖွဲ့ဟာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အစည်းအဝေးခန်းမမှာ မီဒီယာတွေကို နိုဝင်ဘာ ၁၆ ရက်နေ့မှာ တွေ့ဆုံပြီးတော့ သတင်းစာရှင်းလင်းပွဲ လုပ်ဆောင်ခဲ့ပါတယ်။

ဒီအဖွဲ့က နည်းပြချုပ်ဟာ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်နိုင်ငံတွေမှာလည်း ဘောလုံး သင်တန်းများ ပို့ချပေးခဲ့ပါတယ်။

by ကို​ထွေး​ (ဒီဗွီဘီ)

(ဓာတ်ပုံ- မြန်မာနေရှင်နယ်လိဂ်)



Posted: 16 Nov 2012 04:43 AM PST

နေပြည်တော် နိုဝင်ဘာ ၁၆

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် ယနေ့ မွန်းလွဲ  (၂) နာရီတွင် နိုင်ငံတော် ဗဟိုသံဃာ့ ဝန်ဆောင် ဆရာတော်ကြီး အမှူးပြုသော ဆရာတော် ကြီးများ၊ အစ္စလာမ် ဘာသာဝင် အကြီးအကဲများနှင့် တွေ့ဆုံ၍ ရခိုင်ပြည်နယ် တည်ငြိမ် ရေး၊ အေးချမ်း သာယာရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုး တက်ရေးအတွက် ညှိနှိုင်း ဆွေးနွေးကြသည်။

ယင်းသို့  တွေ့ဆုံရာတွင် ရခိုင်ပြည်နယ် ဖြစ်စဉ် အခြေအနေဆိုင်ရာများနှင့် စပ်လျဉ်း၍ နိုင်ငံတော် သမ္မတ၏ ရှင်းလင်းပြောကြားချက်မှာ အောက်ပါအတိုင်းဖြစ်သည်-

အမျိုးဘာသာ သာသနာကို စောင့်ရှောက်ကြကုန်သော ဗုဒ္ဓဘာသာနွယ်ဝင် သူတော်စင် ဆရာတော်ဘုရားများနှင့်တကွ အစ္စလာမ်ဘာသာကို ယုံကြည်ကိုးကွယ်ကြသော အစ္စလာမ် ဘာသာဝင် အကြီးအကဲများအား ယခုကဲ့သို့ ပင့်ဖိတ်ရခြင်းသည် ရခိုင်ပြည်နယ် အတွင်း ဖြစ်ပွားခဲ့သော ဖြစ်စဉ်များအပေါ် သင်ခန်းစာများ ရယူပြီး နောင်တွင် အလားတူ ဖြစ်စဉ်မျိုး ထပ်မံ မဖြစ်ပွားစေရန် နိုင်ငံတော် အစိုးရမှ ဥပဒေနှင့်အညီ ဆောင်ရွက်နေမှုများနှင့် ကြွရောက်လာကြသော ရဟန်းပုဂ္ဂိုလ်၊ လူပုဂ္ဂိုလ်များထံမှလည်း အကြံဥာဏ်ကောင်းများ ရယူရန် ယခုကဲ့သို့ ဖိတ်ကြား တွေ့ဆုံ ရခြင်း ဖြစ်ပါတယ်။

၂၀၁၂ ခုနှစ် အတွင်း ရခိုင်ပြည်နယ်တွင် အတူတကွ နေထိုင်ကြသည့် သူများ အချင်းချင်း အကြမ်းဖက်တိုက်ခိုက်မှုများ၊ အကြမ်းဖက် သတ်ဖြတ်မှုများနှင့် နေအိမ်များကို အကြမ်းဖက် မီးရှို့ဖျက်ဆီးမှု ဖြစ်စဉ် (၂) ကြိမ် ဖြစ်ပွားခဲ့ပြီး ထိုပြည်နယ်အတွင်း စုစုပေါင်း သေဆုံးသူ ယောင်္ကျား မိန်းမ (၁၆၇ ) ဦး၊ ဒဏ်ရာရသူ ယောင်္ကျား မိန်းမ (၂၂၃)ဦး ရှိခဲ့ပြီး မီးရှို့ ဖျက်ဆီးခံရသည့် အိုးအိမ်နှင့် အခြား အဆောက်အဦ ပေါင်း (၁၀၁၀၀) လုံး ရှိခဲ့ပါတယ်။ ထိုသို့အိုးအိမ်များ မီးရှို့ဖျက်ဆီး ခံရမှုကြောင့် အိမ်ထောင်စုပေါင်း (၁၆၉၈၀)၊ လူဦးရေ (၁၁၁၀၀၀) တို့သည် အိုးမဲ့၊ အိမ်မဲ့ ဖြစ်ပြီး အတိဒုက္ခများစွာ ရောက်ခဲ့ကြရသဖြင့် နိုင်ငံတော် အစိုးရနှင့်အတူ စေတနာရှင် ပြည်သူများ ကမ္ဘာ့ကုလသဂ္ဂဌာနေ အဖွဲ့အစည်းများ၊ နိုင်ငံအချို့နှင့် အသင်းအဖွဲ့ အချို့တို့မှ အကူအညီများ ရယူပြီး လတ်တလော အဆင်ပြေစေရန်အတွက် ကျွေးမွေး စောင့်ရှောက်ထားရပါတယ်။

ဤကဲ့သို့ ဖြစ်ပွားရခြင်း၏ အဓိကအကြောင်းအရင်းမှာ ရာဇဝတ်မှု ကျူးလွန်ဖြစ်ပွားခဲ့သည့် ဖြစ်ပွားမှု တစ်ခုအပေါ် မကျေမနပ်ဖြစ်ပြီး ဥပဒေကြောင်းအရ အရေ
...

[Message clipped]  View entire message

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...