Friday, November 23, 2012

ဆယ်ကျော်သက်တို့ အုပ်ထိန်းသူနှင့် ပွင့်ပွင့်လင်းလင်း ဖြစ်စေရန်>>>


November 23, 2012 ရက် ၊ 17:10 တွင် +++mg thet+++ ရေးသားခဲ့သော ဘလော့ဖြစ်ပါသည် ။


ဆယ်ကျော်သက်တို့ အုပ်ထိန်းသူနှင့် ပွင့်ပွင့် လင်းလင်း ဖြစ်စေရန်>>>Ref : မြ၀တီ>>><အရွယ်ရောက် ကာစ ဆယ်ကျော်သက်တွေ အနေနဲ့ အုပ်ထိန်းသူ မိဘတွေနဲ့ စကားပြောဆိုဖို့ ကြောက်ရွံ့နေ တတ်တာမျိုး တွေရှိပါတယ်။ တကယ်တော့ အရာအားလုံးကို ကြောက်နေ တတ်တာဟာ မှားယွင်း တဲ့အပြုအ မူတွေကို ပြုလုပ်မိစေတတ်ပါတယ်။
နွေးထွေမှုရှိတဲ့ မိသားစုဆက်ဆံရေးကြောင့် ကလေးငယ် တွေရဲ့ ဘဝ ပိုမိုတိုးတက်စေဖို့ အကြံပြု ချက်လေးတွေရှိ ပါတယ်။

ကိစ္စသေးသေ
းလေးတွေကအစ မိဘကို ပြောပြပါ

ကျောင်းမှာ ဘောလုံးကစားတာပဲဖြစ်စေ၊ အိမ်မှာ ဂိမ်းကစားတာပဲဖြစ်စေ၊ သင့်သူငယ်ချင်းနဲ့ အချေအတင် စကား ပြောခဲ့တာပဲဖြစ်စေ သင်လုပ်ခဲ့တဲ့ အကြောင်းအရာတချို့ကို ညနေ ထမင်းစားဝိုင်းမှာပဲဖြစ်စေ၊ မိသားစုနဲ့ အတူ ညဘက် တီဗီ ကြည့်မယ့်အချိန်မှာပဲဖြစ်စေ သင့်မိဘတွေကို ပြောပြပါ။


မသိတာကို ချက်ချင်းမေးပါ


ရွယ်တူ သူငယ်ချင်းတွေက ပြောကြတဲ့ စကားတွေ ဥပမာ- လိင်မှုဆိုင်ရာကိစ္စနဲ့ အမျိုးသမီး ရာသီစက်ဝန်း ကိစ္စတွေကို ကြားသိ လာချိန်မျိုးမှာ နားမလည်တာမျိုးတွေရှိရင် မိဘနဲ့တိုင်ပင်သင့်ပါ တယ်။ လူပျိုဖော် ဝင်ချိန်မျိုးမှာ ပြောင်းလဲတတ်တဲ့ အသံပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေကို သင့်မိဘကနေတစ်ဆင့် သိရှိနားလည်ပြီး ပွင့်လင်းတဲ့ ဆက်ဆံရေးကို တည်ဆောက်ပါ။

လိုချင်တာနဲ့ ဖြစ်ချင်တာကို စာနဲ့ ရေးချပါ

" ငါပြောတဲ့အတိုင်းလုပ်ရမယ်၊ ငါပြောတာကို နားထောင်ရမယ်၊ ငါခိုင်းတာကို လုပ်ရမယ်" စတဲ့ စကားသံ တွေကို ဆယ်ကျော်သက်တွေ အရမ်းကို မုန်းတတ်ကြပါတယ်။ ကိုယ့်မိဘ အုပ်ထိန်းသူတွေက ပြောနေတဲ့ အချိန်မျိုးမှာ ပြန်ပြောခွင့်မရှိ လောက်အောင်ကို အခက်တွေ့ကြရတတ်ပါတယ်။ သူတို့ပြောတဲ့ အကြောင်းအရာ တွေကို သင် ဘာကြောင့်လက်မခံနိုင်သလဲဆိုတာ အကြောင်းရင်း တိတိကျကျရှိတယ်ဆိုရင်၊ အဲဒီ့အကြောင်းပြ ချက်တွေကို ဘယ်သူ့ကိုမှ လျှောက်ပြောဖို့ အခွင့်အရေးလည်းမရှိ ဘူးဆိုရင် စာအုပ်တစ်အုပ်ထဲမှာ ရေးချ ထားလိုက်ပါ။ သင့်မိဘ တွေက သင်ရေးထားတာကို တွေ့ပြီး နားလည်ပါလိမ့်မယ်။

သက်သောင့် သက်သာဖြစ်စေဖို့ တစ်ဦးတည်းကို အရင်မေးပါ

အထူးသဖြင့် မျိုးပွားနည်းဆိုင်ရာကိစ္စတွေနဲ့ လိင်မှုဆိုင်ရာ ကိစ္စတွေကို အိမ်မှာ သင်နဲ့ အရင်းနှီးဆုံးလို့ ထင်တဲ့ အဖေ၊ ဒါမှမဟုတ် အမေတစ်ဦးတည်းနဲ့ တိုင်ပင်တာက ပိုပြီး သက်သောင့် သက်သာဖြစ်စေနိုင်ပါတယ်။

မျက်နှာချင်းဆိုင် ဖြေရှင်းပါ

ကိုယ်ဖြစ်စေချင်တဲ့ဆန္ဒတွေကို စာထဲမှာချရေးထားရင်း သင့်ထင်မြင်ချက်တွေဟာ သင့်အတွက် မှန်ကန်တဲ့ နည်းလမ်းတွေ ဖြစ်တယ်ဆိုရင် သင့်မိဘတွေ ကလည်း နားလည်လာနိုင်တာကြောင့် ကြာရင် လူကြီးမိဘတွေရဲ့ ယုံကြည်မှုကို လည်းရရှိစေနိုင်ပါတယ်။ ဒီတော့ သင်ပြောတာတွေကို လက်ခံ လာပါ လိမ့်မယ်။

အချိန်အခါနဲ့ အခြေအနေကို နားလည်ပါ

မိဘတွေ စကားများရန်ဖြစ်နေလား၊ မိဘတွေမျက်နှာကြည် လင် ရွှင်ပျမှုရှိရဲ့လားဆိုတာမျိုးကိုတော့ နားလည် သဘောပေါက် တတ်ဖို့လိုပါတယ်။ သူတို့စိတ်ဆိုးနေချိန်မှာ သင်ကပြန်ပြောရင် ပိုပြီး စိတ်ဆိုးဒေါသထွက် စေနိုင်တာကြောင့် တစ်ယောက်တည်းပဲ အခန်းထဲမှာ ငိုချင်ရင် ငိုချလိုက်ပါ။ ဒေါသထွက်ရင် သင့်ခေါင်းအုံး ကို ထုရိုက်လိုက်ပါ။

ပြောစကားကို နားထောင်ပါ

ဘာပြောပြော မှန်တယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ သင့်ကို တစ်ခုခုခိုင်းတာပဲဖြစ်စေ၊ မှာတာပဲဖြစ်စေ သေချာ ဂရုစိုက်နား ထောင်ပေးဖို့ပါ။ သင်သိပြီးသားကိစ္စဆိုရင်တောင် ငါးမိနစ်လောက် တော့ သေချာနားထောင်ပြီး၊ မိဘတွေ ပြောတဲ့စကားဆုံးတော့မှ ဖြစ်နိုင်၊ မဖြစ်နိုင်ဆိုတာမျိုးကို ပြန်ပြောပါ။ ဘာမှ မပြော၊ မခိုင်းရ သေးခင် မလုပ်နိုင်ဘူးဆိုတာမျိုး မဖြစ်ပါစေနဲ့။

တခြားချစ်ခင်သူကို ရှာဖွေပါ

သင့်မိဘကိုပြောဖို့ ခက်ခဲတယ်လို့ သင့်စိတ်ထဲမှာခံစားရရင်၊ ဒါမှမဟုတ် သင့်အမေကိုပြောလို့ လက်မခံ တာကြောင့်၊ သင့်အ ဖေကိုလည်းမပြောချင် ဘူးဆိုရင်တော့ သင့်ကိုချစ်တဲ့ တခြား အဒေါ်၊ အဘွား၊ ဦးလေး စတာတွေနဲ့ တိုင်ပင်ပြောဆိုဖို့ ရွေးချယ် လိုက်ပါ။ 

>Ref : မြ၀တီ>>>
http://www.edinooyin.com/profiles/blogs/4347155:BlogPost:6049159 မှ ....

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...