ရှောင်ရမယ့် စကားအသုံးအနှုန်း ၅၀ - အပိုင်း ၁
Posted by Language Republic on November 9, 2012 at 10:26 in
စကားပြောရာမှာ စကားလုံးတွေ ပွယောင်းနေတာ၊ ပြောပြီးသားကို ထပ်ပြီး ပြောတာတွေ ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ စာရေးသားရာမှာတော့ ရေးပြီးသားကို ထပ်ရေးတ

ာမျိုး သိပ်လက်မခံနိုင်ဘူး။ သို့သော် ပြင်ရလွယ်ပါတယ်။ အောက်ဖော်ပြပါ မှားတတ်တဲ့ အမှားတွေကို သတိပြုလိုက်ပါ။
၁။ Absolutely certain or sure/essential/guaranteed
Absolutely လုံးဝဥဿုံ ဆိုကတည်းက - certain/sure သေချာတယ်၊ သံသယဖြစ်စရာ မလိုဘူး ဆိုတဲ့ အဓိပ္ပာယ် ဖြစ်နေပြီ။ essential မရှိမဖြစ်လိုအပ်တယ်ဆိုရင် absolutely ခြွင်းချက် မရှိပါဘူး။ guaranteed အာမခံတယ် ဆိုကတည်းက သဘောအားဖြင့် absolutely လုံးဝဖြစ်တယ်၊ ဒါမှမဟုတ် ဖြစ်သင့်တယ်။ ဒါကြောင့် အဲဒီစကားလုံးတွေနဲ့ absolutely ကို တွဲမသုံးပါနဲ့။
၂။ Actual experience/fact
Experience အတွေ့အကြုံ ဆိုတာ actual တကယ်ဖြစ်ပွားခဲ့တယ်လို့ ဆိုလိုတယ်။ (မဖြစ်ပွားခဲ့ဘူးလို့ ဖော်ပြမထားရင်ပေါ့လေ။) fact အမှန်တကယ် အချက်အလက် ဆိုတာလည်း actual အတည်ပြုနိုင်တာကို ဆိုလိုတယ်။ ဒါကြောင့် experience/fact လိုမျိုး စကားလုံးတွေနဲ့ actual ကို တွဲသုံးဖို့ မလိုအပ်ဘူး။
၃။ Add an additional - နောက်ထပ် ပေါင်းထည့်
Add ပေါင်းထည့်တယ်ဆိုကတည်းက နောက်ထပ်ဘဲ ဖြစ်ရမယ်။ ဒါကြောင့် additional နောက်ထပ် ဆိုတဲ့ စကားလုံး မလိုတော့ဘူး။
၎။ Added bonus - ထပ်ပေါင်းအပိုကြေး
Bonus အပိုကြေးဆိုတာ ထပ်ပေါင်းထားတာဖြစ်တယ်။ added ထပ်ပေါင်း ဆိုတဲ့ စကားလုံး ပိုနေတယ်။
၅။ Advance notice/planning/reservations/warning - ကြိုတင် အသိပေးအစီအစဉ်ရေးဆွဲမှာထား သတိပေး
Notice အသိပေးအကြောင်းကြားချက်တွေ၊ planning အစီအစဉ်ရေးဆွဲတာတွေ၊ reservations ကြိုတင်မှာထားတာတွေ၊ warning သတိပေးချက်တွေဟာ သဘောသဘာဝအားဖြင့် ကြိုတင်ပြီး လုပ်ရတာတွေဘဲ။ ဒါကြောင့် ဒီစကားလုံးတွေကို advance ကြိုတင်ဆိုတဲ့ စကားလုံးနဲ့ တွဲသုံးစရာ မလိုဘူး။
၆။ As for example - ဥပမာအနေနဲ့ ဖော်ပြရလျှင်
As တစ်လုံးတည်းနဲ့ ဥပမာအဓိပ္ပာယ် ဖြစ်တဲ့အတွက် for example ဥပမာဆိုတဲ့ စကားစုမလိုတော့ဘူး။
၇။ Ask a question - မေးခွန်းမေးမြန်း
Ask မေးမြန်းတယ်ဆိုရင် မေးခွန်းဘဲဖြစ်ရမယ်။ a question ထည့်ဖို့ မလိုဘူး။
၈။ At the present time - ယခုအချိန်အခါတွင်
“At present” ဒါမှမဟုတ် “at this time” ယခုအခါ ဆိုရင် လုံလောက်နေပြီ၊ စကားလုံးအပိုတွေ မပါရင်ကောင်းတယ်။
၉။ Basic fundamentals/essentials
Fundamentals အခြေခံတွေ၊ essentials မရှိမဖြစ် လိုအပ်တာတွေ ရှေ့မှာ basic အခြေခံ ထည့်သုံးခြင်း။ အဓိပ္ပာယ်တူတွေ ထပ်မနေအောင် fundamentals/essentials လို့ဘဲ basic မပါဘဲ သုံးသင့်တယ်။
၁၀။ Filled to capacity - ဆန့်သလောက်အပြည့်ဖြည့်ပြီး
Filled အပြည့်ဖြည့်တယ်ဆိုရင် ဆန့်သလောက်ဘဲ ဖြစ်ရမှာမို့ to capacity မလိုအပ်ဘူး။
ဆက်ပါဦးမည် ........
Read more: ရှောင်ရမယ့် စကားအသုံးအနှုန်း ၅၀ - အပိုင်း ၁ - Myanmar Network http://www.myanmar-network.net/forum/topics/3423487:Topic:748052#ixzz2BhUAyvM

0 comments:
Post a Comment