7 Examples of Valid Passive Construction (Passive ၀ါကျ မှန်ကန်စွာ ရေးသားပုံ ဥပမာ ၇ခု)
Posted by Win Mya Swe on November 21, 2012 at 17:21 in
သဒ္ဒာစည်းမျဉ်းတွေထဲမှာ မှတ်လို့ အလွယ်ဆုံးကတော့ Passive Voice ဒါမှမဟုတ် Passive ၀ါကျကို ရှောင်ရှားသင့်တယ်ဆိုတဲ့ စည်းမျဉ်းဘဲဖြစ်ပါတယ်။ ဒါပေမယ့် ဒီစည်းမျဉ်းမှာ ခြွင်းချက်တွေ ရှိနေတယ်။
Passive Voice ကို သူ့နေရာနဲ့သူ သုံးရမယ့် အခြေအနေတွေ ရှိတယ်။ Passive Voice သုံးသင့်တဲ့ အနေအထားတွေကို ဖော်ပြလိုက်ပါတယ်။
Passive Vocie ဆိုတာ ပြုလုပ်သူ မဟုတ်ဘဲ ပြုလုပ်ခံ နာမ် Noun ကို ကတ္တား နေရာမှာ subject ထားပြီး တည်ဆောက်ထားတဲ့ ၀ါကျတွေကို ခေါ်တယ်။ ဥပမာ Appropriate uses are described below. သင့်တော်တဲ့ အသုံးပြုပုံတွေကို အောက်မှာ ဖော်ပြထားပါတယ် လို့ ရေးမယ်ဆိုရင် Passive Voice ဖြစ်ပါတယ်။
Passive Voice ကို သုံးတာ မကောင်းဘူးလို့ အယူအစွဲ ရှိနေတာက ခိုင်လုံတဲ့ အကြောင်းတော့လည်း ရှိပါတယ်။ Passive Voice နဲ့ တည်ဆောက်တဲ့ ၀ါကျတွေက Active Voice နဲ့ တည်ဆောက်တဲ့ ၀ါကျတွေလောက် ကျစ်ကျစ်လစ်လစ် မရှိတတ်ဘူး။ ပြုလုပ်သူ ဘယ်သူလည်း ဆိုတာလည်း မပေါ်လွင်တော့ဘူး။ ပုံမှန် အင်္ဂလိပ်ဘာသာ ၀ါကျ ဖွဲ့စည်းတည်ဆောက်ပုံနဲ့လည်း ပြောင်းပြန် ဖြစ်နေတယ်။
ဒါပေမယ့် အောက်ဖော်ပြပါ အခြေအနေတွေမှာတော့ Passive Voice သုံးလို့ အဆင်ပြေတယ်။
၁။ ပြုသူကို အဓိကမထားလိုဘဲ အပြုခံကို အဓိကထားချင်တဲ့အခါ Passive Voice ကို သုံးနိုင်တယ်။ " The message was conveyed by the courier." စာကို ပစ္စည်းပို့သူက လာပေးသွားတယ်။
၂။ ပြုသူက မသက်ဆိုင်တဲ့အခါ ဒါမှမဟုတ် အဓိပ္ပာယ်သက်ရောက်ပြီး ဖြစ်နေတဲ့အခါ Passive voice ကို သုံးနိုင်တယ်။
" The defendent was found not guilty. " တရားခံကို အပြစ်မရှိဟု စီရင်ချက်ချသည်။
၃။ ပြုသူကို မဖော်ထုတ်နိုင်သောအခါ Passive Voice ကို သုံးနိုင်တယ်။
" The dog was poisoned" ခွေး အဆိပ်ခတ်ခံရတယ်။
၎။ ပြုသူကို မဖော်ထုတ်သင့်တဲ့အခါ (ဒါမှမဟုတ် မဖော်ထုတ်လိုတဲ့အခါ) Passive Voice ကို သုံးနိုင်တယ်။
" Mistakes were made" အမှားတွေ လုပ်ခဲ့တယ်။
၅။ ပြုသူကို ဖော်ပြပြီးနောက်မှာ သရုပ်ဖော်တဲ့ စကားစုတွေ အရှည်ကြီး ပါနေတဲ့အခါ Passive Voice ကို သုံးနိုင်တယ်။
" The alternative was suggested by John Smithk, the consultant hired to analyse the problem and recommend solutions. " အခြားရွေးချယ်နိုင်သော နည်းလမ်းကို ဂျွန်စမစ်က အကြံပြုပါသည်။ ဂျွန်စမစ်မှာ ပြဿနာကို ဆန်းစစ်လေ့လာပြီး ဖြေရှင်းချက်များ အကြံပြုရန် ခန့်အပ်ထားသော အတိုင်ပင်ခံဖြစ်ပါသည်။
(Active Voice နဲ့ ရေးမယ်ဆိုရင် " John Smith, the consultant hired to analyse the problem and recommend solutions, suggested the alternative " လို့ ဖြစ်ပါမယ်၊ အဲဒါဆိုရင် alternative အခြားရွေးချယ်နိုင်သော နည်းလမ်း ထက် ဂျွန်စမစ်ကို ပိုပြီး အလေးအနက်ပြုရာ ရောက်ပါတယ်။)
၆။ ပြုသူမည်သူဖြစ်ကြောင်း မဖော်ပြသေးဘဲ ရွှေ့ဆိုင်းချင်တဲ့အခါ Passive Voice ကို သုံးနိုင်တယ်။ " The candelabra was moved by the only guest who had the opportunity during that time — the professor! " ဖယောင်းတိုင်တင်တဲ့ စင်ကို ရွှေ့တာကတော့ အဲဒီအချိန်အတွင်းမှာ ရွှေ့ဖို့ အခွင့်အရေး ရှိခဲ့တဲ့ တစ်ဦးတည်းသော ဧည့်သည်ဖြစ်တဲ့ ပါမောက္ခကြီးဘဲ ဖြစ်ပါတယ်။
၇။ Passive Voice နဲ့ ၀ါကျတည်ဆောက်ခြင်းအားဖြင့် ပိုပြီး ဂုဏ်မြောက်နိုင်တဲ့အခါ Passive Voice ကို သုံးနိုင်တယ်။
" Never in the field of human conflict was so much owed by so many to so few. " လူသားများအကြား ပဋိပက္ခဖြစ်မှု နယ်ပယ်မှာ ဒီလောက်နည်းတဲ့လူတစ်စုကို ဒီလောက်များတဲ့ လူထုက ဒီလောက်များများ ကျေးဇူးတင်ရတဲ့အဖြစ် မရှိခဲ့ပါဘူ်း။
Read more: 7 Examples of Valid Passive Construction (Passive ၀ါကျ မှန်ကန်စွာ ရေးသားပုံ ဥပမာ ၇ခု) - Myanmar Network http://www.myanmar-network.net/forum/topic/show?id=3423487%3ATopic%3A756613&xgs=1&xg_source=msg_share_topic#ixzz2Cv7WtdG2
0 comments:
Post a Comment